နဂိုရှိရင်းစွဲထက်ပိုပြီး ဉာဏ်ကောင်းစေလာဖို့ ဦးနှောက်အတွက်လိုအပ်သော လေ့ကျင်းခန်း(၁၀)မျိုး
လူအများစုပြောကြတဲ့ ဦးနှောက်ကမစဉ်းစားဘဲနေရင်တုံးသွာတယ်ဆိုသလိုမျိုးဘဲဦးနှောက်ကိုထက်မြတ်စေဖို့
အတွက် နေ့စဉ် ဦးနှောက်ကိုအသစ်သော လုပ်ဆောင်မူတွေလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ဘယ်လိုမျိုးလုပ်ဆောင်မူတွေ
လုပ်ဆောင်ပေးရမယ်ဆိုတာကတော့ အောက်မှာတစ်ချက်စီဖော်ပြပေးထားတာမို့ဆက်လက်ဖက်ရှူပေးကြပါနော်……..
—ကိုယ်ပုံမှန်သွားတိုက်နေကျပုံစံမျိုးမဟုတ်ဘဲပုံစံပြောင်းပြီးတိုက်ကြည့်ပါ။နဂိုကညာဘက်လက်နဲ့တိုက်တယ်ဆိုရင် အခု
ဘယ်ဘက်လက်နဲ့ပြောင်းတိုက်ကြည့်ပါ။
–မနက်ခင်းမှာကိုယ်ပုံမှန်လုပ်နေကြအရာမဟုတ်ဘဲအခြားမတူသော်အရာများကိုလုပ်ဆောင်ကြည့်ပါ။ဥပမာအနေနဲ့ ပြောရ
မယ်ဆိုရင် အရင်ကကြည့်နေကျTVလိုင်းမျိုးမဟုတ်ဘဲလိုင်းပြောင်းကြည့်တာမျိုး၊အရင်ကမနက်စာစားပြီးမှ အပြင်ထွက်ဖို့
အင်္ကျီလဲတယ်ဆိုရင် အခုအကျီၤလဲပြီးမှ မနက်စာစားပါ။
—ကိုယ်စားပွဲပေါ်မှာတင်ထားတဲ့(ပြက္ခဒိန်၊နာရီ)အစရှိသောပစ္စည်းတွေကိုအပေါ်အောက်ပြောင်းပြန်ထားကြည့်ပါ။
—နှာခေါင်းနှင့် မရင်းနှီးသော အနံံ့အသစ်များကိုရှူကြည့်ပါ။ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် အခန်းအမွှေးဖြန်းဆေးကို နဂိုသုံးနေကျ အနံ့မျိုးမဟုတ်ဘဲ အနံ့ပြောင်းပြီးသုံးကြည့်ပါ။
—ကိုယ်ထိုင်နေကျနေရာမျိုးမဟုတ်ဘဲနေရာအပြောင်းအလဲမှာထိုင်ကြည့်ပါ။
—စားနေကျမဟုတ်သော အသစ်သောအရသာများကိုစားကြည့်ပါ။
—ကားပြတင်းပေါက်မှန်ကိုဖွင့်ပြီး မောင်းကြည့်ပါ။
—ဖတ်နေကျမဟုတ်တဲ့ မတူညီသောစာများကိုဖတ်ကြည့်ပါ။
—ဈေးဝယ်ထွက်ရာတွင် ဝယ်နေကျပစ္စည်းကိုတ်းရွေးတာမျိုးမလုပ်ဘဲ အခြားပစ္စည်းအသစ်များရဲ့ ingredients ကိုဖတ်ကြည့်
ပါ။
အခုပြောပြခဲ့တဲ့အချက်(၁၀)ချက်က ခက်ခက်ခဲခဲ လုပ်ဆောင်ရာတာမျိုးမဟုတ်ဘဲ ကိုယ်နေ့စဉ်လုပ်ဆောင်နေကျအရာ
များကိုအသွင်ပြောင်းလုပ်ဆောင်ပေးရတာဖြစ်တာကြောင့် နဂိုရှိရင်းစွဲထက်ပိုပြီးဉာဏ်ကောင်းစေလာဖို့ ထိုနည်းလေးတွေ
ကို လုပ်ဆောင်ကြဖို့ တိုက်တွန်းပါရစေ။အားလုံးဘဲ အနာရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ။