?ဒိုင်ပါလောင်တဲ့အခါ မဖြစ်မနေလုပ်ရမည့်အချက်များ?
ကလေးသေးခံ ဒိုင်ပါနဲ့ ထားလေ့ရှိတဲ့ ကလေးတွေမှာ ဒိုင်ပါလောင်တဲ့ ပြဿနာက ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ဒီတော့ ဒိုင်ပါလောင်ရင် အမြန်သက်သာပျောက်ကင်းဖို့ ဒီအချက်လေးတွေကို သတိထား လိုက်နာဖို့လိုပါတယ်။
✔ဒိုင်ပါ မကြာခဏလဲပေးပါ။
ဒိုင်ပါ သိပ်မစိုစွတ်ခင် ကြိုလဲပေးခြင်းက အနာကို မြန်မြန်ခြောက်သွေ့ အနာကျက်မြန်စေပါတယ်။ တစ်နာရီတစ်ခါ ဒိုင်ပါကို စစ်ပါ။ ဆီး/ဝမ်း စိုနေရင် ချက်ချင်းလဲပါ။ စိုစွတ်မှုကို စုပ်ယူနိုင်စွမ်းပိုကောင်းတဲ့အတွက် ဒီအခြေအနေမှာ တစ်ခါသုံးဒိုင်ပါတွေက ပိုသင့်တော်ပါတယ်။
✔ကလေးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။
ဒိုင်ပါလဲပေးချိန်တိုင်း ချက်ချင်းပြန်မဝတ်ဘဲ ခါးအောက်ပိုင်းဗလာကျင်းပြီး ခဏထားပေးပါ။ ကြာကြာထားလေ အနာမြန်မြန်ခြောက်သွေ့သက်သာလေ ဖြစ်ပါတယ်။
အအေးမမိစေဖို့တော့ ဂရုစိုက်ပါ။
✔ဒိုင်ပါကို သိပ်မကြပ်ပါစေနဲ့။
တိပ်ကပ်ရတဲ့ ဒိုင်ပါဆိုရင်တော့ ခပ်လျော့လျော့ ကပ်ပါ။ လေဝင်လေထွက်ကောင်းဖို့အပြင် ပွတ်တိုက်မှု သိပ်မများစေဖို့ အရေးကြီးပါတယ်။ စိုစွတ်မှု၊ ပွတ်တိုက်မှုနဲ့ ဆီးထဲက အမိုးနီးယားဓာတ်တွေကြောင့် ဒိုင်ပါလောင်စေတာမို့ပါ။
✔ဒိုင်ပါလဲတိုင်း ဂွမ်းနုနုသန့်သန့်လေးကို ရေခပ်နွေးနွေးလေးစွတ်ပြီး အနာကိုသန့်ရှင်းရေးလုပ်ပေးပါ။
✔တစ်ခါသုံး တစ်ရှူးအစို(disposable wipes/wet tissues)တွေကို alcoholနဲ့ တခြား ဓာတုပစ္စည်းပါတာတွေ လုံးဝမသုံးမိဖို့ အရေးကြီးပါတယ်။
ဖြစ်နိုင်ရင် မသုံးပါနဲ့။
✔ကလေးရေချိုးချိန်မှာလည်း ဆပ်ပြာမသုံးပါနဲ့ဦး။
ဆပ်ပြာတွေ bubble bath တွေကြောင့် အနာပိုဆိုးသွားတတ်ပါတယ်။
✔အရေးအကြီးဆုံး အချက်ကတော့ ဒိုင်ပါလဲတိုင်း ဒိုင်ပါလောင်တဲ့နေရာတွေကို ဒိုင်ပါကရင်မ် တစ်ခုခုလိမ်းဖို့လိုပါတယ်။
Zinc, ကြက်ဆူဆီ စတာတွေ ပါဝင်တဲ့ diaper cream တွေက ပိုမြန်မြန်သက်သာစေမှာပါ။ ဒါတွေဝယ်လိမ်းဖို့အတွက် ဆရာဝန်ညွှန်ကြားချက်မလိုပါဘူး။ ဆီးနဲ့ ဝမ်းတွေ အရေပြားကို မထိတွေ့စေဖို့ လိုအပ်တဲ့ ပမာဏပြည့်အောင် ခပ်ထူထူလိမ်းပေးဖို့တော့ လိုပါတယ်။
?တစ်ပါတ်ကျော်တဲ့ အထိမပျောက်သေးရင်၊ ဒါမှမဟုတ် ကလေးအရမ်းနေရခက်ရင်၊ အနာသိပ်ဆိုးရင်၊ ပြည်တည်နာပါဖြစ်လာရင်တော့ ဆရာဝန်မြန်မြန်ပြဖို့ လိုအပ်ပါပြီ။
▪ဒိုင်ပါဝတ်ပေးထားရတဲ့ သက်ကြီးရွယ်အိုတွေ အိပ်ရာကမထနိုင်သူတွေမှာလည်း ဒိုင်ပါလောင်ရင် ဒီအချက်တွေ ဂရုစိုက်လိုက်နာဖို့ လိုအပ်ပါတယ်။
▪ဖြစ်မှကုသတာထက် ဒိုင်ပါမလောင်ခင် ကြိုကာကွယ်ဖို့ကတော့ ပိုအရေးကြီးပါတယ်။
ဒိုင်ပါရဲ့ ခံနိုင်ရည် ပမာဏနဲ့ အချိန်ကို ဘယ်တော့မှ မကျော်ပါစေနဲ့။
ဒိုင်ပါမပြည့်ခင် အမြဲ ကြိုလဲပါ။
ဒိုင်ပါလောင်ခြင်းကင်းကြပါစေ။
Dr ဖြိုးဝေလင်း
(13.8.19)