အတူမနေမီနှင့် အိမ်ထောင်မပြုမီ ဘယ်လိုကျန်းမာရေးစစ်ဆေးမှုတွေလုပ်သင့်သလဲ?
အမျိုးသားနဲ့အမျိုးသမီး အတူနေတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုဖြစ်ပါတယ်။ အရင့်အရင်ခေတ်တွေကတော့ အိမ်ထောင်ကျပြီး လက်ထပ်ပြီးမှအတူနေကြတာဖြစ်ပါတယ်။ အိမိထောင်မကျမီအတူနေဖူးတဲ့အတွေ့အကြုံမရှိကြသလို အပျော်အပါးလိုက်စားခြင်းလည်းနည်းပါးတာကြောင့် ကူးက်ရောဂါတွေဖြစ်တာနည်းပါပါတယ်။ နောက်ပိုင်းမှာ နေထိုင်မှုပုံစံတွေ၊ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လက်မထပ်ပဲအတူနေတာတွေများလာသလို အတူနေတဲ့ကိစ္စတွေ၊ အတူနေခဲ့တဲ့သူတွေ စသဖြင့်များပြားလာသလို ကူးစက်ရောဂါတွေလည်းများပြားလာပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ တစ်လင်တစ်မယားစနစ်ကျင့်သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။
အိမ်ထောင်သည်ဖြစ်ဖြစ်၊ လက်မထပ်ပဲအတူနေကြသူတွေဖြစ်ဖြစ် အနည်းဆုံးတော့ မိမိလက်တွဲဖော်ရဲ့ကျန်းမာရေးအခြေအနေကိုသိထားသင့်ပါတယ်။ ကူးစက်ရောဂါရှိနေလား၊ ကိုယ်ခံအားကောင်းလား၊ ကျန်းမာရေးချို့တဲ့တာရှိနေသလား၊ စသဖြင့်သိရှိထားရပါမယ်။ အဲဒီလိုရှိထားရင် အနည်းဆုံးတော့ မိမိကိုယ်မိမိကာကွယ်နိုင်ပါတယ်။ နောက်ထပ်ပြောရရင် အခြားသူတွေကိုထပ်မကူးအောင်လည်းကာကွယ်နိုင်ပါတယ်။ မိမိလက်တွဲဖော်ရဲ့အခြေအနေကိုသိရှိပြီး ကုသမှုတွေခံယူနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
အတူမနေမီအရင်ဆုံးစစ်ဆေးထားသင့်တာကတော့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိနေလားဆိုတာ စစ်သင့်ပါတယ်။ အသည်းရောင်အသားဝါ B, C၊ခုခံအားကျဆင်းမှုရောဂါ (AIDS) စတာတွေကိုတော့ မဖြစ်မနေစစ်ဆေးသင့်ပါတယ်။ ကူးစက်လိုက်ပြီဆိုတာနဲ့ကုသမှုကို အကြာကြီးယူဖို့လိုအပ်သလို မိမိအတွက်ကောအခြားသူများအတွက်ပါ အန္တရာယ်ရှိနိုင်လို့ သေသေချာချာစစ်ဆေးသင့်ပါတယ်။
အဆိုပါရောဂါတွေအပြင် ကာလသားရောဂါ၊ဆီးပူညောင်းကျရောဂါစတာတွေကိုလည်း အဆင်ပြေရင်စစ်ဆေးသင့်ပါတယ်။ အဆိုပါရောဂါတွေရှိနေရင်တော့ ကုသမှုခံယူတာ၊ ကုသမှုမပြီးဆုံးခင်အတူနေတော့မယ်ဆိုရင်လည်း လိုအပ်တဲ့အကာအကွယ်အတားအဆီးတွေသုံးတာ၊စတဲ့နည်းတွေနဲ့ကာကွယ်သင့်ပါတယ်။ ဆေးစစ်တယ်ဆိုရာမှာလည်း မိမိကော၊ အတူနေအဖော်ပါစစ်သင့်ပါ
ါတယ်။ ဒါမှတစ်ဦးမှတစ်ဦးကူးစက်တာတွေကို ရှောင်ရှားနိုင်မှာပါ။
အတူနေတဲ့အဆင့်ကိုကျော်လွန်ပြီးလက်ထပ်ကြမယ်၊ ကလေးယူကြတော့မယ်ဆိုရင်တော့ ဒီထက်ပိုမိုတဲ့စစ်ဆေးမှုတွေပြုလုပ်ရပါတယ်။
နောက်ထပ် စစ်ထားသင့်တာကတော့ မျိုးအောင်နိုင်မှုရှိမရှိဖြစ်ပါတယ်။ အမျိုးသားဘက်ကော၊ အမျိုးသမီးဘက်ကောစစ်ရမှာပါ။ အတူနေရုံဆိုမလိုပေမယ့် အိမ်ထောင်ပြုပြီးကလေးယူမယ်ဆိုရင် လိုနိုင်တဲ့စစ်ဆေးမှုဖြစ်ပါတယ်။ နှစ်ယောက်စလုံးမှာ ကလေးရနိုင်ဖို့ လိုအပ်တာတွေပြည့်စုံရဲ့လား၊ ကိုယ်ဝန်ဆောင်နိုင်ရဲ့လားစတာတွေကို စစ်ဆေးထားပြီး ကလေးရနိုင်ရင်တစ်မျိူး၊ မရနိုင်ရင်တစ်မျိူး လိုအပ်တြဲ့ပင်ဆင်မှုတွေလုပ်ထားရမှာပါ။ ဒါ့အပြင် မျိုးမအောင်နိုင်ရင်လည်း ကလေးရနိုင်မယ့် အခြားနည်းလမ်းတွေကြိုတင်စဉ်းစားထားရပါမယ်။
နောက်ထပ်စစ်သင့်တာကတော့ မျိုးရိုးဗီဇစစ်ဆေးမှုတွေဖြစ်ပါတယ်။ မျိုးရိုးလိုက်တဲ့ရောရှိနေသလား၊ နှစ်ဖက်မိသားစုထဲမှာကောရှိနေသလား၊ ရှိနေရင်ကော မိမိကလေးမှာဖြစ်နိုင်လား၊ ရောဂါရဲ့ဗီဇကို အမေကနေသားကိုရောက်တာလား၊ အဖေကနေသမီးကိုရောက်တာလား၊ သားဖြစ်ဖြစ်သမီး ဖြစ်ဖြစ်ကူးနိုင်တာလား၊ ဗီဇပါတာနဲ့ ရောဂါဖြစ်ပြီလားစတဲ့စတဲ့ မေးခွန်းပေါင်းများစွာအတွက် အဖြေတွေကိုမျိုးဗီဇစစ်ဆေးတာ၊ တတ်ကျွမ်းသူတွေနဲ့တိုင်ပင်တာတွေလုပ်သင့်ပါတယ်။ သို့သော် စရိတ်ကြီးတာမို့ မတွင်ကျယ်သေးတဲ့နည်းဖြစ်ပါတယ်။
အတူမနေမီ စစ်ဆေးသင့်တာတွေကိုစစ်ဆေးထားမှစိတ်ချရမှာဖြစ်ပါတယ်။ လက်ထပ်တော့မယ်၊ ကလေးယူတော့မယ်ဆိုရင်လည်း ထပ်မံစစ်ဆေးရမှာတွေရှိပါတယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ထားမှသာ ထိထိရောက်ရောက်ကာကွယ်ကုသမှုတွေပြုလုပ်နိုင်ပြီး သာယာတဲ့ဘဝတွေကိုတည်ဆောက်နိုင်မှာပါ။
အတူမေနမီႏွင့္ အိမ္ေထာင္မျပဳမီ ဘယ္လိုက်န္းမာေရးစစ္ေဆးမႈေတြလုပ္သင့္သလဲ?
အမ်ဳိးသားနဲ႔အမ်ဳိးသမီး အတူေနတယ္ဆိုတာ ျဖစ္႐ိုးျဖစ္စဥ္ကိစၥတစ္ခုျဖစ္ပါတယ္။ အရင့္အရင္ေခတ္ေတြကေတာ့ အိမ္ေထာင္က်ၿပီး လက္ထပ္ၿပီးမွအတူေနၾကတာျဖစ္ပါတယ္။ အိမိေထာင္မက်မီအတူေနဖူးတဲ့အေတြ႕အႀကံဳမရိွၾကသလို အေပ်ာ္အပါးလိုက္စားျခင္းလည္းနည္းပါးတာေၾကာင့္ ကူးက္ေရာဂါေတြျဖစ္တာနည္းပါပါတယ္။ ေနာက္ပိုင္းမွာ ေနထိုင္မႈပံုစံေတြ၊ ေခတ္ေတြေျပာင္းလဲလာတာနဲ႔အမွ် လက္မထပ္ပဲအတူေနတာေတြမ်ားလာသလို အတူေနတဲ့ကိစၥေတြ၊ အတူေနခဲ့တဲ့သူေတြ စသျဖင့္မ်ားျပားလာသလို ကူးစက္ေရာဂါေတြလည္းမ်ားျပားလာပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ တစ္လင္တစ္မယားစနစ္က်င့္သံုးတာ အေကာင္းဆံုးျဖစ္ပါတယ္။
အိမ္ေထာင္သည္ျဖစ္ျဖစ္၊ လက္မထပ္ပဲအတူေနၾကသူေတြျဖစ္ျဖစ္ အနည္းဆံုးေတာ့ မိမိလက္တြဲေဖာ္ရဲ႕က်န္းမာေရးအေျခအေနကိုသိထားသင့္ပါတယ္။ ကူးစက္ေရာဂါရိွေနလား၊ ကိုယ္ခံအားေကာင္းလား၊ က်န္းမာေရးခ်ဳိ႕တဲ့တာရိွေနသလား၊ စသျဖင့္သိရိွထားရပါမယ္။ အဲဒီလိုရိွထားရင္ အနည္းဆံုးေတာ့ မိမိကိုယ္မိမိကာကြယ္ႏိုင္ပါတယ္။ ေနာက္ထပ္ေျပာရရင္ အျခားသူေတြကိုထပ္မကူးေအာင္လည္းကာကြယ္ႏိုင္ပါတယ္။ မိမိလက္တြဲေဖာ္ရဲ႕အေျခအေနကိုသိရိွၿပီး ကုသမႈေတြခံယူႏိုင္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။
အတူမေနမီအရင္ဆံုးစစ္ေဆးထားသင့္တာကေတာ့ လိင္ကတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါေတြရိွေနလားဆိုတာ စစ္သင့္ပါတယ္။ အသည္းေရာင္အသားဝါ B, C၊ခုခံအားက်ဆင္းမွုေရာဂါ (AIDS) စတာေတြကိုေတာ့ မျဖစ္မေနစစ္ေဆးသင့္ပါတယ္။ ကူးစက္လိုက္ၿပီဆိုတာနဲ႔ကုသမႈကို အၾကာႀကီးယူဖို႔လိုအပ္သလို မိမိအတြက္ေကာအျခားသူမ်ားအတြက္ပါ အႏၲရာယ္ရိွႏိုင္လို႔ ေသေသခ်ာခ်ာစစ္ေဆးသင့္ပါတယ္။
အဆိုပါေရာဂါေတြအျပင္ ကာလသားေရာဂါ၊ဆီးပူေညာင္းက်ေရာဂါစတာေတြကိုလည္း အဆင္ေျပရင္စစ္ေဆးသင့္ပါတယ္။ အဆိုပါေရာဂါေတြရိွေနရင္ေတာ့ ကုသမႈခံယူတာ၊ ကုသမႈမၿပီးဆံုးခင္အတူေနေတာ့မယ္ဆိုရင္လည္း လိုအပ္တဲ့အကာအကြယ္အတားအဆီးေတြသံုးတာ၊စတဲ့နည္းေတြနဲ႔ကာကြယ္သင့္ပါတယ္။ ေဆးစစ္တယ္ဆိုရာမွာလည္း မိမိေကာ၊ အတူေနအေဖာ္ပါစစ္သင့္ပါ
ါတယ္။ ဒါမွတစ္ဦးမွတစ္ဦးကူးစက္တာေတြကုိ ေရွာင္ရွားႏိုင္မွာပါ။
အတူေနတဲ့အဆင့္ကိုေက်ာ္လြန္ၿပီးလက္ထပ္ၾကမယ္၊ ကေလးယူၾကေတာ့မယ္ဆိုရင္ေတာ့ ဒီထက္ပိုမိုတဲ့စစ္ေဆးမႈေတြျပဳလုပ္ရပါတယ္။
ေနာက္ထပ္ စစ္ထားသင့္တာကေတာ့ မ်ဳိးေအာင္ႏိုင္မႈရိွမရိွျဖစ္ပါတယ္။ အမ်ဳိးသားဘက္ေကာ၊ အမ်ဳိးသမီးဘက္ေကာစစ္ရမွာပါ။ အတူေန႐ံုဆိုမလိုေပမယ့္ အိမ္ေထာင္ျပဳၿပီးကေလးယူမယ္ဆိုရင္ လိုႏိုင္တဲ့စစ္ေဆးမႈျဖစ္ပါတယ္။ ႏွစ္ေယာက္စလံုးမွာ ကေလးရႏိုင္ဖို႔ လိုအပ္တာေတြျပည့္စံုရဲ႕လား၊ ကိုယ္ဝန္ေဆာင္ႏိုင္ရဲ႕လားစတာေတြကို စစ္ေဆးထားၿပီး ကေလးရႏိုင္ရင္တစ္မ်ဴိး၊ မရႏိုင္ရင္တစ္မ်ဴိး လိုအပ္တျဲ့ပင္ဆင္မႈေတြလုပ္ထားရမွာပါ။ ဒါ့အျပင္ မ်ဳိးမေအာင္ႏိုင္ရင္လည္း ကေလးရႏိုင္မယ့္ အျခားနည္းလမ္းေတြႀကိဳတင္စဥ္းစားထားရပါမယ္။
ေနာက္ထပ္စစ္သင့္တာကေတာ့ မ်ဳိး႐ိုးဗီဇစစ္ေဆးမႈေတြျဖစ္ပါတယ္။ မ်ဳိး႐ိုးလိုက္တဲ့ေရာရိွေနသလား၊ ႏွစ္ဖက္မိသားစုထဲမွာေကာရိွေနသလား၊ ရိွေနရင္ေကာ မိမိကေလးမွာျဖစ္ႏိုင္လား၊ ေရာဂါရဲ႕ဗီဇကို အေမကေနသားကိုေရာက္တာလား၊ အေဖကေနသမီးကိုေရာက္တာလား၊ သားျဖစ္ျဖစ္သမီး ျဖစ္ျဖစ္ကူးႏိုင္တာလား၊ ဗီဇပါတာနဲ႔ ေရာဂါျဖစ္ၿပီလားစတဲ့စတဲ့ ေမးခြန္းေပါင္းမ်ားစြာအတြက္ အေျဖေတြကိုမ်ဳိးဗီဇစစ္ေဆးတာ၊ တတ္ကြၽမ္းသူေတြနဲ႔တိုင္ပင္တာေတြလုပ္သင့္ပါတယ္။ သို႔ေသာ္ စရိတ္ႀကီးတာမို႔ မတြင္က်ယ္ေသးတဲ့နည္းျဖစ္ပါတယ္။
အတူမေနမီ စစ္ေဆးသင့္တာေတြကိုစစ္ေဆးထားမွစိတ္ခ်ရမွာျဖစ္ပါတယ္။ လက္ထပ္ေတာ့မယ္၊ ကေလးယူေတာ့မယ္ဆိုရင္လည္း ထပ္မံစစ္ေဆးရမွာေတြရိွပါတယ္။ လိုအပ္တဲ့စစ္ေဆးမႈေတြလုပ္ထားမွသာ ထိထိေရာက္ေရာက္ကာကြယ္ကုသမႈေတြျပဳလုပ္ႏိုင္ၿပီး သာယာတဲ့ဘဝေတြကိုတည္ေဆာက္ႏိုင္မွာပါ။