All Articlesအခြားရောဂါများအထွေထွေရောဂါများ

Things to Check up after 40years of Age

1 Mins read

ဘဝစတဲ့အရွယ်ရောက်ရင်

ကျွန်မတို့ပတ်ဝန်းကျင်မှာ အသက်လေးဆယ်မှ ဘဝစတယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒီတော့ ဘဝစတဲ့ အသက်လေးဆယ်အရွယ်ကနေစလို့ ရှေ့လျောက်ဘဝမှာ ကျန်းမာနေဖို့ ပိုလိုအပ်လာပါတယ်။ ယေဘုယျအားဖြင့် ကျန်းမာနေတယ်ဆိုရင်တောင်မှ မိမိရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးမှု(check up )ပုံမှန်လုပ်ဖို့အရေးကြီးပါတယ်။အသက် ၄၀ ရောက်လာတဲ့အခါ ပြုလုပ်ဖို့လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို ပြောပြချင်ပါတယ်။

(၁)သွေးတိုးရောဂါ

သွေးပေါင်ချိန်ကိုစစ်ဆေးသင့်ပါတယ်။ တကယ်လို့ Systolic blood pressure (အရပ်အခေါ် အပေါ်သွေး)ဟာ ၁၂၀ ကနေ ၁၃၉ ကြားရှိရင် Diastolic blood pressure (အရပ်အခေါ် အောက်သွေး)ဟာ ၈၀ကနေ ၈၉ကြားရှိရင် စိုးရိမ်စရာမရှိပါဘူး။ တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ်လောက်ပုံမှန်ပြန်လည်စစ်ဆေးရင်ရပါပြီ။တကယ်လို့ အပေါ်သွေးဟာ ၁၄၀ ကျော်ပြီး အောက်သွေးက ၉၀ ကျော်နေရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါအခံရှိရင် သွေးပေါင်ချိန်ကို မကြာခဏစစ်ဆေးသင့်ပါတယ်။

(၂)Cholesterol (သွေးတွင်းကိုလက်စရော)စစ်ဆေးခြင်းနှင့် နှလုံးရောဂါကာကွယ်ခြင်း

သွေးတွင်းမှာရှိတဲ့ Cholesterol ကို ငါးနှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။ အခြားကျန်းမာရေးပြဿနာများ၊ နှလုံးရောဂါ၊ကျောက်ကပ်ရောဂါများရှိရင်တော့ သွေးတွင်း Cholesterol ကို ဆရာဝန်ညွှန်ကြားမှုအတိုင်း ပုံမှန်စစ်ဆေးသင့်ပါတယ်။

(၃)ဆီးချိုရောဂါ

အသက်လေးဆယ့်ငါးနှစ်နဲ့အထက်မှာ ဆီးချိုရောဂါစစ်ဆေးမှုကို သုံးနှစ်တစ်ကြိမ်လုပ်ရပါတယ်။ တကယ်လို့သင်ဟာ ဆီးချိုရောဂါဖြစ်နိုင်ချေရှိတဲ့လူတစ်ယောက်လို့ သင့်ရဲ့ဆရာဝန်ကသတ်မှတ်တဲ့အခါ၊ သွေးပေါင်ချိန်ဟာ ၁၃၅/၈၀ ကျော်တဲ့အခါမျိုးတွေမှာ ဆီးချိုရှိမရှိကို စစ်ဆေးပါလိမ့်မယ်။

(၄)အူမကြီးကင်ဆာရောဂါ

အသက်လေးဆယ်ကျော်နဲ့ အသက်ငါးဆယ်အောက်ဆိုရင်တော့ အူမကြီးကင်ဆာရောဂါအတွက် မိသားစုထဲမှာ ရောဂါရာဇဝင်ရှိမရှိကနေစပြီး စစ်ဆေးရပါတယ်။ ဝမ်းစစ်ခြင်း၊ စအိုမှတစ်ဆင့် အူမကြီးကိုမှန်ပြောင်းကြည့်ခြင်း (Colonoscopy) ၊ Flexible sigmoidoscopy စသည်တို့နဲ့ စစ်ဆေးလို့ရပါတယ်။

(၅) သွားကျန်းမာရေး

တစ်နှစ်ကို တစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ် သွားကျန်းမာရေးအတွက် သွားဆရာဝန်နဲ့ပြသသင့်ပါတယ်။

(၆)မျက်စိရောဂါ

တစ်နှစ်တစ်ကြိမ် (သို့မဟုတ်) နှစ်နှစ်တစ်ကြိမ် မျက်စိဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ ရေတိမ်ရောဂါဖြစ်နိုင်တယ်လို့ ဆရာဝန်က စိုးရိမ်စရာအချက်များရှိခဲ့ရင် သို့မဟုတ် ဆီးချိုရောဂါဝေဒနာရှင်ဖြစ်ခဲ့ရင် မျက်စိဆရာဝန်ရဲ့ညွန်ကြားမှုတွေအတိုင်း သွားရောက်စစ်ဆေးကုသမှု ပုံမှန်ခံယူရမှာပါ။

(၇)အရိုးပွရောဂါ (osteoporosis)

steroid ဆေးတွေသောက်ခဲ့ရင်၊ အရက်နဲ့ဆေးလိပ်သောက်တတ်တဲ့လူဖြစ်ရင်၊ ကိုယ်အလေးချိန်နည်းတဲ့သူဖြစ်ရင်၊ အသက်ငါးဆယ်ကျော်မှအရိုးကျိုးဖူးရင်၊ မိသားစုထဲမှာ အရိုးပွရောဂါ ရာဇဝင်ရှိခဲ့ရင် အရိုးပွရောဂါဖြစ်နိုင်ချေများပြီး စစ်ဆေးမှုခံယူဖို့လိုပါတယ်။

(၈)အဆုတ်ကင်ဆာနှင့် ဆီးကျိတ်ရောဂါ

လက်ရှိမှာ ဆေးလိပ်ဖြတ်လိုက်သော်လည်း ယခင်က ဆေးလိပ်စွဲသောက်ခဲ့တဲ့အမျိုးသားတွေကို အဆုတ်ရောဂါတွေရှိမရှိသိဖို့ Low dose computed tomography (LDCT)နဲ့စစ်ဆေးဖို့လိုပါတယ်။

အသက်ငါးဆယ်နဲ့အထက်အမျိုးသားတွေမှာလည်း ဆီးကျိတ်ကင်ဆာစစ်ဆေးဖို့ PSA blood test လုပ်ဖို့လိုအပ်ပါတယ်။ လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးမှု(check up )ပုံမှန်လုပ်ဖို့က အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့အသက် ၄၀ ရောက်လာတဲ့အခါ ပြုလုပ်ဖို့လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို အဓိကရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ဘဝစတဲ့အရြယ္ေရာက္ရင္

ကြ်န္မတို႔ပတ္ဝန္းက်င္မွာ အသက္ေလးဆယ္မွ ဘဝစတယ္လို႔ ေျပာေလ့ရွိၾကပါတယ္။ ဒီေတာ့ ဘဝစတဲ့ အသက္ေလးဆယ္အရြယ္ကေနစလို႔ ေရွ႕ေလ်ာက္ဘဝမွာ က်န္းမာေနဖို႔ ပိုလိုအပ္လာပါတယ္။ ေယဘုယ်အားျဖင့္ က်န္းမာေနတယ္ဆိုရင္ေတာင္မွ မိမိရဲ႕က်န္းမာေရးအေျခအေနကို စစ္ေဆးမႈ(check up )ပံုမွန္လုပ္ဖို႔အေရးႀကီးပါတယ္။အသက္ ၄၀ ေရာက္လာတဲ့အခါ ျပဳလုပ္ဖို႔လိုအပ္တဲ့ က်န္းမာေရး စစ္ေဆးမႈေတြကို ေျပာျပခ်င္ပါတယ္။

(၁)ေသြးတိုးေရာဂါ

ေသြးေပါင္ခ်ိန္ကိုစစ္ေဆးသင့္ပါတယ္။ တကယ္လို႔ Systolic blood pressure (အရပ္အေခၚ အေပၚေသြး)ဟာ ၁၂၀ ကေန ၁၃၉ ၾကားရွိရင္ Diastolic blood pressure (အရပ္အေခၚ ေအာက္ေသြး)ဟာ ၈၀ကေန ၈၉ၾကားရွိရင္ စိုးရိမ္စရာမရွိပါဘူး။ တစ္ႏွစ္ကို တစ္ႀကိမ္ သို႔မဟုတ္ ေျခာက္လတစ္ႀကိမ္ေလာက္ပံုမွန္ျပန္လည္စစ္ေဆးရင္ရပါၿပီ။တကယ္လို႔ အေပၚေသြးဟာ ၁၄၀ ေက်ာ္ၿပီး ေအာက္ေသြးက ၉၀ ေက်ာ္ေနရင္ေတာ့ ဆရာဝန္နဲ႔ျပသင့္ပါတယ္။ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါနဲ႔ ေက်ာက္ကပ္ေရာဂါအခံရွိရင္ ေသြးေပါင္ခ်ိန္ကို မၾကာခဏစစ္ေဆးသင့္ပါတယ္။

(၂)Cholesterol (ေသြးတြင္းကိုလက္စေရာ)စစ္ေဆးျခင္းႏွင့္ ႏွလံုးေရာဂါကာကြယ္ျခင္း

ေသြးတြင္းမွာရွိတဲ့ Cholesterol ကို ငါးႏွစ္တစ္ႀကိမ္ ပံုမွန္စစ္ေဆးသင့္ပါတယ္။ အျခားက်န္းမာေရးျပႆနာမ်ား၊ ႏွလံုးေရာဂါ၊ေက်ာက္ကပ္ေရာဂါမ်ားရွိရင္ေတာ့ ေသြးတြင္း Cholesterol ကို ဆရာဝန္ၫႊန္ၾကားမႈအတိုင္း ပံုမွန္စစ္ေဆးသင့္ပါတယ္။

(၃)ဆီးခ်ိဳေရာဂါ

အသက္ေလးဆယ့္ငါးႏွစ္နဲ႔အထက္မွာ ဆီးခ်ိဳေရာဂါစစ္ေဆးမႈကို သံုးႏွစ္တစ္ႀကိမ္လုပ္ရပါတယ္။ တကယ္လို႔သင္ဟာ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်ရွိတဲ့လူတစ္ေယာက္လို႔ သင့္ရဲ႕ဆရာဝန္ကသတ္မွတ္တဲ့အခါ၊ ေသြးေပါင္ခ်ိန္ဟာ ၁၃၅/၈၀ ေက်ာ္တဲ့အခါမ်ိဳးေတြမွာ ဆီးခ်ိဳရွိမရွိကို စစ္ေဆးပါလိမ့္မယ္။

(၄)အူမႀကီးကင္ဆာေရာဂါ

အသက္ေလးဆယ္ေက်ာ္နဲ႔ အသက္ငါးဆယ္ေအာက္ဆိုရင္ေတာ့ အူမႀကီးကင္ဆာေရာဂါအတြက္ မိသားစုထဲမွာ ေရာဂါရာဇဝင္ရွိမရွိကေနစၿပီး စစ္ေဆးရပါတယ္။ ဝမ္းစစ္ျခင္း၊ စအိုမွတစ္ဆင့္ အူမႀကီးကိုမွန္ေျပာင္းၾကည့္ျခင္း (Colonoscopy) ၊ Flexible sigmoidoscopy စသည္တို႔နဲ႔ စစ္ေဆးလို႔ရပါတယ္။

(၅) သြားက်န္းမာေရး

တစ္ႏွစ္ကို တစ္ႀကိမ္(သို႔မဟုတ္)ႏွစ္ႀကိမ္ သြားက်န္းမာေရးအတြက္ သြားဆရာဝန္နဲ႔ျပသသင့္ပါတယ္။

(၆)မ်က္စိေရာဂါ

တစ္ႏွစ္တစ္ႀကိမ္ (သို႔မဟုတ္) ႏွစ္ႏွစ္တစ္ႀကိမ္ မ်က္စိဆရာဝန္နဲ႔ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္။ တကယ္လို႔ သင္ဟာ ေရတိမ္ေရာဂါျဖစ္ႏိုင္တယ္လို႔ ဆရာဝန္က စိုးရိမ္စရာအခ်က္မ်ားရွိခဲ့ရင္ သို႔မဟုတ္ ဆီးခ်ိဳေရာဂါေဝဒနာရွင္ျဖစ္ခဲ့ရင္ မ်က္စိဆရာဝန္ရဲ႕ၫြန္ၾကားမႈေတြအတိုင္း သြားေရာက္စစ္ေဆးကုသမႈ ပံုမွန္ခံယူရမွာပါ။

(၇)အ႐ိုးပြေရာဂါ (osteoporosis)

steroid ေဆးေတြေသာက္ခဲ့ရင္၊ အရက္နဲ႔ေဆးလိပ္ေသာက္တတ္တဲ့လူျဖစ္ရင္၊ ကိုယ္အေလးခ်ိန္နည္းတဲ့သူျဖစ္ရင္၊ အသက္ငါးဆယ္ေက်ာ္မွအ႐ိုးက်ိဳးဖူးရင္၊ မိသားစုထဲမွာ အ႐ိုးပြေရာဂါ ရာဇဝင္ရွိခဲ့ရင္ အ႐ိုးပြေရာဂါျဖစ္ႏိုင္ေခ်မ်ားၿပီး စစ္ေဆးမႈခံယူဖို႔လိုပါတယ္။

(၈)အဆုတ္ကင္ဆာႏွင့္ ဆီးက်ိတ္ေရာဂါ

လက္ရွိမွာ ေဆးလိပ္ျဖတ္လိုက္ေသာ္လည္း ယခင္က ေဆးလိပ္စြဲေသာက္ခဲ့တဲ့အမ်ိဳးသားေတြကို အဆုတ္ေရာဂါေတြရွိမရွိသိဖို႔ Low dose computed tomography (LDCT)နဲ႔စစ္ေဆးဖို႔လိုပါတယ္။

အသက္ငါးဆယ္နဲ႔အထက္အမ်ိဳးသားေတြမွာလည္း ဆီးက်ိတ္ကင္ဆာစစ္ေဆးဖို႔ PSA blood test လုပ္ဖို႔လိုအပ္ပါတယ္။ လူတိုင္းဟာ မိမိရဲ႕ က်န္းမာေရးအေျခအေနကို စစ္ေဆးမႈ(check up )ပံုမွန္လုပ္ဖို႔က အေရးႀကီးပါတယ္။ ဒီေဆာင္းပါးမွာေတာ့အသက္ ၄၀ ေရာက္လာတဲ့အခါ ျပဳလုပ္ဖို႔လိုအပ္တဲ့ က်န္းမာေရး စစ္ေဆးမႈေတြကို အဓိကေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *