” ကလေးများအရှေ့မှာ မပြုလုပ်သင့်တဲ့ အပြုအမူ (5)ရပ် “
ဒီတစ်ခါမှာတော့ သားသားမီးမီးတွေနဲ့ပတ်သက်ပြီး မေမေတို့သာမက ဖေဖေတို့ပါသိထားသင့်တဲ့ အကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးလိုပါတယ်။ ဒါကတော့ မေမေဖေဖေတို့အနေနဲ့ မိမိတို့ရဲ့ကလေးငယ်တွေရှေ့မှောက်မှာ မပြုလုပ်သင့်တဲ့ အဓိက အချက် (၅)ချက်ပဲ ဖြစ်ပါတယ်:
(1) ရန်ဖြစ်ခြင်း
ကလေး၏ရှေ့မှောက် (သို့) ကလေးမြင်နိုင်ကြားနိုင်လောက် သောနေရာတွင် မိဘချင်း (သို့) မိသားစုဝင်အချင်းချင်း (သို့) အပြင်လူတစ်ဦးဦးနဲ့ စကားများရန်ဖြစ်ခြင်း၊ ခပ်ထန်ကြမ်းတမ်းသော စကားလုံးများဖြင့် အချင်းပွားခြင်းကိုတတ်နိုင်သမျှ ရှောင်ရှားပါ။
(2) ဖုန်း၊ ကွန်ပျူတာ၊ တီဗွီမျက်နှာပြင်များပေါ်တွင် အချိန်ပြည့်အာရုံစိုက်နေခြင်း
ဆိုရှယ်မီဒီယာနှင့် အခြားဖျော်ဖြေရေးများ၊ ခေတ်မှီလျှပ်စစ်ပစ္စည်းများအပေါ်တွင် အချိန်ပြည့် အာရုံစိုက်နေခြင်းဖြင့် မိမိနဲ့ ကလေးအကြား ရင်းနှီးမှုလျော့ကျစေပြီး ကလေးဖြစ်သူ၏ ခံစားချက်များကို လစ်လျူှ ရှုမိခြင်းမဖြစ်သေရန် အစဉ်သတိချပ်ပါ။
(3)အရက် ၊ဆေးလိပ်၊ကွမ်း
ယနေ့ခေတ်မှာ ဆေးလိပ်နဲ့အရက်သုံးစွဲခြင်းကို ယောကျ်ားသားများသာမက မိန်းမသားများပါပြုလုပ်လာတာကိုတွေ့ရပါတယ်။ ဒီလိုအလေ့အထမျိုးကို သင့်ကလေးရှေ့မှောက်မှာ ပြုလုပ်မိမယ်ဆိုလျှင်တော့ဖြင့် ” အတုမြင် အတတ်သင် ” ဆိုသည့်အတိုင်း ကလေးများ အရွယ်ရောက်လာသည်နှင့်အမျှ ထိုအကျငိ့ဆိုးများကို လက်ဆင့်ကမ်းလာနိုင်ပါတယ်။ဒါ့အပြင် မိဘတို့ရဲ့ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရိုက်ရတဲ့ ကလေးများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာများဖြစ်ပွားနိုင်ချေမြင့်မားပါတယ်။
(4)အသင့်စားအစားအစာများ မကြာခဏစားသုံးခြင်း
အိမ်ထမင်း အိမ်ဟင်း အိမ်မှာပြုလုပ်သည့် အစားအစာများဟာ ပြင်ပက အသင့်စားအစားအစာ (Junk food) တွေထက် အာဝဟာရတန်ဖိုးပိုမြင့်မားပြီး မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက်ပိုမိုသင့်လျော်ပါတယ်။ကလေးရှေ့မှာ ပီဇာ၊ဘာဂါ၊ဟော့ပေါ့ စသဖြင့်အသင့်စားအစားအစာများမကြာခဏစားသုံးခြင်း၊ကလေးကို အမြဲလိုလို စားသောက်ဆိုင်များခေါ်သွားပြီး စားစေခြင်းဟာ ကလေးရဲ့ ကျနိးမာရေးဆိုင်ရာ အသိဉာဏ်အလေ့အကျင့်ကို လမ်းလွဲစေနိုင်ပါတယ်။
(5)လူအများရှေ့တွင် ကလေးကို စနောက်ခြင်း
လူကြီးတွေအကြား စနောက်ခြင်းဟာ ရင်းနှီးမှုကိုဖော်ပြခြင်းတစ်မျိုးဖြစ်သော်လည်း ကလေးများအတွက်တော့ ရှက်ရွံခြင်း၊အားငယ်ခြင်းနဲ့ စိတ်ဒဏ်ရာအထိပင်ဖြစ်နိုင်တာကြောင့် မိမိကလေးကိုသော်လည်းကောင်း၊ တစ်ပါးသူ၏ကလေးများကိုသော်လည်းကောင်း အလွန်အမင်းစနောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
မေ (ဆေး ၂)
” ကေလးမ်ားအေ႐ွ႕မွာ မျပဳလုပ္သင့္တဲ့ အျပဳအမူ (5)ရပ္ “
ဒီတစ္ခါမွာေတာ့ သားသားမီးမီးေတြနဲ႔ပတ္သက္ၿပီး ေမေမတို႔သာမက ေဖေဖတို႔ပါသိထားသင့္တဲ့ အေၾကာင္းအရာေလးတစ္ခုကို ေဖာ္ျပေပးလိုပါတယ္။ ဒါကေတာ့ ေမေမေဖေဖတို႔အေနနဲ႔ မိမိတို႔ရဲ႕ကေလးငယ္ေတြေ႐ွ႕ေမွာက္မွာ မျပဳလုပ္သင့္တဲ့ အဓိက အခ်က္ (၅)ခ်က္ပဲ ျဖစ္ပါတယ္:
(1) ရန္္ျဖစ္ျခင္း
ကေလး၏ေ႐ွ႕ေမွာက္ (သို႔) ကေလးျမင္ႏိုင္ၾကားႏိုင္ေလာက္ ေသာေနရာတြင္ မိဘခ်င္း (သို႔) မိသားစုဝင္အခ်င္းခ်င္း (သို႔) အျပင္လူတစ္ဦးဦးနဲ႔ စကားမ်ားရန္ျဖစ္ျခင္း၊ ခပ္ထန္ၾကမ္းတမ္းေသာ စကားလံုးမ်ားျဖင့္ အခ်င္းပြားျခင္းကိုတတ္ႏိုင္သမ်ွ ေ႐ွာင္႐ွားပါ။
(2) ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗီြမ်က္ႏွာျပင္မ်ားေပၚတြင္ အခ်ိန္ျပည့္အာရံုစိုက္ေနျခင္း
ဆို႐ွယ္မီဒီယာႏွင့္ အျခားေဖ်ာ္ေျဖေရးမ်ား၊ ေခတ္မွီလ်ွပ္စစ္ပစၥည္းမ်ားအေပၚတြင္ အခ်ိန္ျပည့္ အာရံုစိုက္ေနျခင္းျဖင့္ မိမိနဲ႔ ကေလးအၾကား ရင္းႏွီးမႈေလ်ာ့က်ေစၿပီး ကေလးျဖစ္သူ၏ ခံစားခ်က္မ်ားကို လစ္လ်ဴွ ႐ႈမိျခင္းမျဖစ္ေသရန္ အစဥ္သတိခ်ပ္ပါ။
(3)အရက္ ၊ေဆးလိပ္၊ကြမ္း
ယေန႔ေခတ္မွာ ေဆးလိပ္နဲ႔အရက္သံုးစြဲျခင္းကို ေယာက်္ားသားမ်ားသာမက မိန္းမသားမ်ားပါျပဳလုပ္လာတာကိုေတြ႔ရပါတယ္။ ဒီလိုအေလ့အထမ်ိဳးကို သင့္ကေလးေ႐ွ႕ေမွာက္မွာ ျပဳလုပ္မိမယ္ဆိုလ်ွင္ေတာ့ျဖင့္ ” အတုျမင္ အတတ္သင္ ” ဆိုသည့္အတိုင္း ကေလးမ်ား အရြယ္ေရာက္လာသည္ႏွင့္အမ်ွ ထိုအက်ငိ့ဆိုးမ်ားကို လက္ဆင့္ကမ္းလာႏိုင္ပါတယ္။ဒါ့အျပင္ မိဘတို႔ရဲ႕ေဆးလိပ္ေငြ႔ကို တစ္ဆင့္ခံ႐ွဴ႐ိုက္ရတဲ့ ကေလးမ်ားမွာ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပသနာမ်ားျဖစ္ပြားႏိုင္ေခ်ျမင့္မားပါတယ္။
(4)အသင့္စားအစားအစာမ်ား မၾကာခဏစားသံုးျခင္း
အိမ္ထမင္း အိမ္ဟင္း အိမ္မွာျပဳလုပ္သည့္ အစားအစာမ်ားဟာ ျပင္ပက အသင့္စားအစားအစာ (Junk food) ေတြထက္ အာဝဟာရတန္ဖိုးပိုျမင့္မားၿပီး မိသားစုဝင္ေတြရဲ႕ က်န္းမာေရးအတြက္ပိုမိုသင့္ေလ်ာ္ပါတယ္။ကေလးေ႐ွ႕မွာ ပီဇာ၊ဘာဂါ၊ေဟာ့ေပါ့ စသျဖင့္အသင့္စားအစားအစာမ်ားမၾကာခဏစားသံုးျခင္း၊ကေလးကို အျမဲလိုလို စားေသာက္ဆိုင္မ်ားေခၚသြားၿပီး စားေစျခင္းဟာ ကေလးရဲ႕ က်နိးမာေရးဆိုင္ရာ အသိဥာဏ္အေလ့အက်င့္ကို လမ္းလြဲေစႏိုင္ပါတယ္။
(5)လူအမ်ားေ႐ွ႕တြင္ ကေလးကို စေနာက္ျခင္း
လူႀကီးေတြအၾကား စေနာက္ျခင္းဟာ ရင္းႏွီးမႈကိုေဖာ္ျပျခင္းတစ္မ်ိဳးျဖစ္ေသာ္လည္း ကေလးမ်ားအတြက္ေတာ့ ႐ွက္ရြံျခင္း၊အားငယ္ျခင္းနဲ႔ စိတ္ဒဏ္ရာအထိပင္ျဖစ္ႏိုင္တာေၾကာင့္ မိမိကေလးကိုေသာ္လည္းေကာင္း၊ တစ္ပါးသူ၏ကေလးမ်ားကိုေသာ္လည္းေကာင္း အလြန္အမင္းစေနာက္ျခင္းကို ေ႐ွာင္႐ွားသင့္ပါတယ္။
ေမ (ေဆး ၂)