ဒိုင်ပါလောင်ရသည့် အကြောင်းရင်းများ
ဒီခေတ်မှာတော့ သေးခံဒိုင်ပါနဲ့ ကင်းတဲ့ ကလေးဆိုတာ ခပ်ရှားရှား။ ဒိုင်ပါကြောင့် မိဘတွေအတွက် လျှော်ရဖွတ်ရ အတော်သက်သာသွားပေမဲ့ သတိမထားဘဲ ပေါ့ပေါ့ဆဆသုံးမိရင်တော့ ကလေးတွေအတွက် ဒိုင်ပါလောင် အနာဖြစ် ပိုးဝင်တဲ့ အန္တရာယ်ရှိတာမို့ သတိထားဖို့ လိုပါတယ်။
?ဘာကြောင့် ဒိုင်ပါလောင်ကြလဲ ??
▪ အဓိက အကြောင်းရင်းကတော့ ဒိုင်ပါတစ်ခုရဲ့ ခံနိုင်ရည် အတိုင်းအတာကျော်ပြီး အချိန်ကြာကြာဝတ်ထားမိရင် ဖြစ်ပါတယ်။
▪ ဒိုင်ပါကို ကြာကြာဝတ်ထားမိတဲ့ အခါ အချိန်ကြာမြင့်စွာစိုစွတ်မှု၊ ပွတ်တိုက်မှုနဲ့ ဆီးကနေထွက်လာတဲ့ အမိုးနီးယားဓာတ်တွေက ကလေးရဲ့ နုနယ်လှတဲ့ အသားအရေကို ပျက်စီးထိခိုက်စေပါတယ်။ နေရခက်ယားယံခြင်းကနေ နောက်ဆက်တွဲ ဒိုင်ပါလောင်တယ်ဆိုတဲ့ အဆင့်အထိ ဂရုမစိုက်မိရင် ဆက်ဖြစ်သွားတတ်ပါတယ်။
▪ဒိုင်ပါကို သိပ်ကျပ်ကျပ်ဝတ်မိတဲ့ အခါမျိုးမှာလည်း ဒိုင်ပါလောင်ခြင်းကို ပိုဆိုးစေပါတယ်။
▪ပလတ်စတစ်အသားပါဝင်တဲ့ ဘောင်းဘီတွေကလည်း လေဝင်လေထွက် မကောင်းစေလို့ ဒိုင်ပါလောင်ခြင်းကို ပိုအားပေးပါတယ်။
▪လျှော်ပြီးပြန်သုံးရတဲ့ တစ်ခါသုံးမဟုတ်တဲ့ အဝတ်ဒိုင်ပါတွေကလည်း ဆပ်ပြာမစင်တဲ့အခါ ဒိုင်ပါလောင်တာ ပိုဖြစ်စေတတ်ပါတယ်။
▪ကလေးမှာ နှင်းခူ၊ psoriasis၊ မှိုရောဂါတွေ သို့မဟုတ် တခြားအရေပြားရောဂါတစ်ခုခု အခံရှိနေခဲ့ရင်လည်း ဒိုင်ပါလောင်ဖို့ ပိုလွယ်တတ်သလို ပိုလည်းဆိုးသွားတတ်ပါတယ်။
✔ဒိုင်ပါကို အချိန်မှန်လဲပေးဖို့လိုပါတယ်။
ဒိုင်ပါလောင်ဖို့ အစပြုချိန်မှာ သတိထားမိဖို့ လိုပြီး စောစောစီးစီးကုသဖို့ အရေးကြီးပါတယ်။ ကလေးတွေ အပြင် ဒိုင်ပါဝတ်ပေးထားရတဲ့ သက်ကြီးရွယ်အိုတွေမှာလည်း ဒိုင်ပါလောင်တတ်တာမို့ သတိထားဖို့လိုပါတယ်။
ဒိုင်ပါလောင်ခြင်း ကင်းကြပါစေ..
Dr ဖြိုးဝေလင်း
(12.8.19)