All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

သိလည်းသိချင်တယ်…..မေးလည်းမမေးရဲဘူး

1 Mins read

“ သိလည်းသိချင်တယ်…..မေးလည်းမမေးရဲဘူး “

လိင်မှုရေးရာကိစ္စများနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုမရှိသလို အတန်ငယ်အကဲဆတ်တဲ့ပတ်ဝန်းကျင်ကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာတွေ တွေ့ကြုံရလေ့ရှိပါတယ်…..အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့……

မိမိချစ်သူနဲ့ လက်မထပ်ခင်အတူနေတာတွေ …. ခုလို နိုက်ကလပ်တွေ ပေါများလာပြီး မိန်းကလေးတွေပါ အသောက်အစားရှိလာတဲ့ခေတ်မှာ One Night Stand (တစ်ညတာအတူကုန်ဆုံးခြင်း) တွေလည်း များလာပါတယ်…..

ပြသနာက…. အကြောင်းကြောင်းကြောင့်….ချစ်သူနဲ့ဖြစ်ဖြစ်….ချစ်သူမဟုတ်တဲ့သူစိမ်းယောကျ်ားတစ်ဦးနဲ့ပဲဖြစ်ဖြစ်…..အကာအကွယ်(ကွန်ဒုံး)မသုံးဘဲအတူနေလိုက် ပြီးရင်….. ဘာဆက်လုပ်ရမယ်….ဘာဆက်လုပ်သင့်တယ်ဆိုတာ မသိကြတာပါပဲ…….

img

သိလည်းမသိသလို…..သိချင်ရင်တောင် မေးမြန်းဖို့ ရှက်ရွံ့တာ မဝံမရဲဖစ်တာမျိုးတွေကြောင့် ဘဝပျက်လောက်တဲ့ထိ ကျန်းမာရေးအန္တရာယ်ဆိုး တွေ ကြုံတွေ့သွားရတဲ့ မိန်းကလေးတွေလည်းမနည်းပါဘူး။

ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးရင် ဘာတွေလုပ်သင့်တယ် ဘာတွေမလုပ်သင့်ဘူးဆိုတာမျိုးလေးတွေ ဘေးလူကိုမေးစရာမလိုဘဲ သိထားစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

-> အိမ်သာထဲတန်းပြေးပါ ။

ဘာလို့လဲ? ကိုယ်ဝန်ရတာ မရတာနောက်မှ….ပထမဆုံးအနေနဲ့ အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းပိုးဝင်လွယ်တာမို့လို့် သင့်အဖော်ဆီက ပိုးတွေ ဆီးလမ်းကြောင်းထဲမဝင်နိုင်အောင် လိင်ဆက်ဆံပြီးတာနဲ့ အိမ်သာထဲသွားပြီး ရှူးရှူးပေါက်လိုက်ပါ။ ဆီးနဲ့အတူ ရောဂါပိုးများပါသွားအောင်လို့ပါ။ ပြီးရင် သန့်ရှင်းအောင်သေချာဆေးကြောပါ။

-> အရေးပေါ်တားဆေးကို စောနိုင်သမျှစောစောသောက်ပါ။

အရေးပေါ်တားဆေးဟာ အတူနေပြီး 72နာရီ (3ရက်အတွင်း) သောက်ရတာမှန်ပေမယ့် စောစောသောက်နိုင်လေ ကိုယ်ဝန်တားနိုင်တဲ့အာနိသင်ပိုရှိလေဖြစ်လို့ တတ်နိုင်သမျှအချိန်မဆွဲဘဲစောစောသောက်ပါ။ (အရေးပေါ်တားဆေးနဲ့ပတ်သက်ပြီး အသေးစိတ်ကို My Doctor Page နဲ့ My Doctor Website မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။)

img

-> ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

* သင်နဲ့အတူနေခဲ့တဲ့အဖော်မှာ HIV ပိုးရှိတယ် / HIV ပိုးရှိတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်တိုင်ပင်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှုအမြန်ဆုံးခံယူပါ။ * အခြားလိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများအတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုခံယူပါ။

-> မိမိကိုယ်ကို စိတ်ဖိစီးမှုမပေးပါနဲ့။

မိမိလုပ်ရပ်အပေါ် အလွန်အမင်းရှက်ရွံ့ခြင်း၊အပြစ်ရှိသလိုခံစားရခြင်း၊ အလွန်အမင်းစိတ်ဖိစီးခြင်း မဖြစ်ပါနဲ့။ မိမိရဲ့ယုံကြည်စိတ်ချရသော သူငယ်ချင်း၊မိသားစုဝင် (သို့မဟုတ်) ဆရာဝန်တစ်ဦးထံ ပြောပြတိုင်ပင်နိုင်ပါတယ်။

->နောက်အကြိမ်တွေအတွက် စိတ်ချရမယ့်ကိုယ်ဝန်တားနည်းကို ရွေးချယ်ပါ။

အကြောင်းကြောင်းကြောင့် ပထမအကြိမ် (သို့) တစ်ကြိမ်တစ်ခါ အကာအကွယ်မဲ့လိင်ဆက်ဆံမိနိုင်ပေမယ့်….နောက်တစ်ကြိမ် လိင်ဆက်ဆံဖို့ ရှိလာခဲ့မယ်ဆိုရင်တော့ သင်ရော သင့်အဖော်အတွက်ပါ စိတ်ချရမယ့် လိင်ဆက်ဆံနည်းနဲ့ကိုယ်ဝန်တားနည်းကို ကြိုတင်လေ့လာထားသင့်ပါတယ်။ ဆရာဝန်နဲ့တိုက်ရိုက်တိုင်ပင်နိုင်သလို My Doctor Page နဲ့ My Doctor Website မှာလည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

-> ရာသီလာရမယ့်အချိန်မလာဘူးဆိုရင် ဆီးစစ်ကြည့်ပါ။

ရာသီရက်ကျော်ကျော်ခြင်း ဆီးစစ်လို့ကိုယ်ဝနိမရှိကြောင်းပြနေတယ်ဆိုရင် နောက်တစ်ပတ်ထပ်စောင့်ကြည့်ပြီး ရာသီမလာသေးလျှင် ဆီးထပ်စစ်ကြည့်ပါ။

-> အဖြူဆင်းခြင်း၊ အနံ့နံခြင်း၊မိန်းမကိုယ်နဲ့အနီးတစ်ဝိုက်မှာ အနာပေါက်ခြင်းများဖြစ်ပေါ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

အထက်ပါလက္ခဏာရပ်တွေဟာ လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများရဲ့ရှေ့ပြေးလက္ခဏာများဖြစ်နိုင်တာမို့ ဆရာဝန်နဲ့စောစီးစွာ ပြသပြီးကုသမှုခံယူပါ။

img

-> ၆လအကြာမှာ ဆရာဝန်ထံ ထပ်မံသွားရောက်ပြီး

HIV/AIDS အပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများရှိ/မရှိ ထပ်မံစစ်ဆေးမှုပြုလုပ်ပါ။ အချို့ရောဂါများဟာ လိင်ဆက်ဆံပြီးပြီးချင်း လက္ခဏာမပြ၊စစ်ဆေးမတွေ့ရှိနိုင်တာမို့ ၆လအကြာမှာ ထပ်မံစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

အခြားထပ်သိချင်တဲ့ ကျန်းမာရေးအကြံဉာဏ်များကိုလည်း My Doctor Chat Box မှတစ်ဆင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။

ဒေါက်တာမျိုး (UM 1)

“ သိလည္းသိခ်င္တယ္…..ေမးလည္းမေမးရဲဘူး “

လိင္မႈေရးရာကိစၥမ်ားနဲ႔ပတ္သက္ရင္ ပြင့္လင္းျမင္သာမႈမ႐ွိသလို အတန္ငယ္အကဲဆတ္တဲ့ပတ္ဝန္းက်င္ေၾကာင့္ မလိုလားအပ္တဲ့ က်န္းမာေရးျပသနာေတြ ေတြ႔ၾကံဳရေလ့႐ွိပါတယ္…..အထူးသျဖင့္ အမ်ိဳးသမီးေတြမွာေပါ့……

မိမိခ်စ္သူနဲ႔ လက္မထပ္ခင္အတူေနတာေတြ …. ခုလို နိုက္ကလပ္ေတြ ေပါမ်ားလာၿပီး မိန္းကေလးေတြပါ အေသာက္အစား႐ွိလာတဲ့ေခတ္မွာ One Night Stand (တစ္ညတာအတူကုန္ဆံုးျခင္း) ေတြလည္း မ်ားလာပါတယ္…..

ျပသနာက…. အေျကာင္းေျကာင္းေျကာင့္….ခ်စ္သူနဲ႔ျဖစ္ျဖစ္….ခ်စ္သူမဟုတ္တဲ့သူစိမ္းေယာက်္ားတစ္ဦးနဲ႔ပဲျဖစ္ျဖစ္…..အကာအကြယ္(ကြန္ဒံုး)မသံုးဘဲအတူေနလိုက္ ၿပီးရင္….. ဘာဆက္လုပ္ရမယ္….ဘာဆက္လုပ္သင့္တယ္ဆိုတာ မသိၾကတာပါပဲ…….

img

သိလည္းမသိသလို…..သိခ်င္ရင္ေတာင္ ေမးျမန္းဖို႔ ႐ွက္ရြံ႔တာ မဝံမရဲဖစ္တာမ်ိဳးေတြေၾကာင့္ ဘဝပ်က္ေလာက္တဲ့ထိ က်န္းမာေရးအႏၱရာယ္ဆိုး ေတြ ၾကံဳေတြ႔သြားရတဲ့ မိန္းကေလးေတြလည္းမနည္းပါဘူး။

ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ အကာအကြယ္မဲ့လိင္ဆက္ဆံၿပီးရင္ ဘာေတြလုပ္သင့္တယ္ ဘာေတြမလုပ္သင့္ဘူးဆိုတာမ်ိဳးေလးေတြ ေဘးလူကိုေမးစရာမလိုဘဲ သိထားေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

-> အိမ္သာထဲတန္းေျပးပါ ။

ဘာလို႔လဲ? ကိုယ္ဝန္ရတာ မရတာေနာက္မွ….ပထမဆံုးအေနနဲ႔ အမ်ိဳးသမီးေတြဟာ ဆီးလမ္းေၾကာင္းပိုးဝင္လြယ္တာမို႔လို္႔ သင့္အေဖာ္ဆီက ပိုးေတြ ဆီးလမ္းေၾကာင္းထဲမဝင္ႏိုင္ေအာင္ လိင္ဆက္ဆံၿပီးတာနဲ႔ အိမ္သာထဲသြားၿပီး ႐ွဴး႐ွဴးေပါက္လိုက္ပါ။ ဆီးနဲ႔အတူ ေရာဂါပိုးမ်ားပါသြားေအာင္လို႔ပါ။ ၿပီးရင္ သန္႔႐ွင္းေအာင္ေသခ်ာေဆးေၾကာပါ။

-> အေရးေပၚတားေဆးကို ေစာႏိုင္သမ်ွေစာေစာေသာက္ပါ။

အေရးေပၚတားေဆးဟာ အတူေနၿပီး 72နာရီ (3ရက္အတြင္း) ေသာက္ရတာမွန္ေပမယ့္ ေစာေစာေသာက္ႏိုင္ေလ ကိုယ္ဝန္တားနိုင္တဲ႔အာနိသင္ပို႐ွိေလျဖစ္လို႔ တတ္ႏိုင္သမ်ွအခ်ိန္မဆြဲဘဲေစာေစာေသာက္ပါ။ (အေရးေပၚတားေဆးနဲ႔ပတ္သက္ၿပီး အေသးစိတ္ကို My Doctor Page နဲ႔ My Doctor Website မွာ ေလ့လာဖတ္႐ႈႏိုင္ပါတယ္။)

img

-> ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးပါ။

* သင္နဲ႔အတူေနခဲ့တဲ့အေဖာ္မွာ HIV ပိုး႐ွိတယ္ / HIV ပိုး႐ွိတယ္လို႔ သံသယ႐ွိရင္ ဆရာဝန္နဲ႔အျမန္ဆံုးသြားေရာက္တိုင္ပင္ၿပီး လိုအပ္တဲ့ေဆးဝါးကုသမႈအျမန္ဆံုးခံယူပါ။ * အျခားလိင္မွတစ္ဆင့္ကူးစက္ႏိုင္ေသာေရာဂါမ်ားအတြက္ လိုအပ္ေသာ စမ္းသပ္စစ္ေဆးမႈခံယူပါ။

-> မိမိကိုယ္ကို စိတ္ဖိစီးမႈမေပးပါနဲ႔။

မိမိလုပ္ရပ္အေပၚ အလြန္အမင္းရွက္ရြံ့ျခင္း၊အျပစ္႐ွိသလိုခံစားရျခင္း၊ အလြန္အမင္းစိတ္ဖိစီးျခင္း မျဖစ္ပါနဲ႔။ မိမိရဲ႕ယံုၾကည္စိတ္ခ်ရေသာ သူငယ္ခ်င္း၊မိသားစုဝင္ (သို႔မဟုတ္) ဆရာဝန္တစ္ဦးထံ ေျပာျပတိုင္ပင္ႏိုင္ပါတယ္။

->ေနာက္အႀကိမ္ေတြအတြက္ စိတ္ခ်ရမယ့္ကိုယ္ဝန္တားနည္းကို ေရြးခ်ယ္ပါ။

အေၾကာင္းေၾကာင္းေၾကာင့္ ပထမအႀကိမ္ (သို႔) တစ္ႀကိမ္တစ္ခါ အကာအကြယ္မဲ့လိင္ဆက္ဆံမိႏိုင္ေပမယ့္….ေနာက္တစ္ႀကိမ္ လိင္ဆက္ဆံဖို႔ ႐ွိလာခဲ့မယ္ဆိုရင္ေတာ့ သင္ေရာ သင့္အေဖာ္အတြက္ပါ စိတ္ခ်ရမယ့္ လိင္ဆက္ဆံနည္းနဲ႔ကိုယ္ဝန္တားနည္းကို ႀကိဳတင္ေလ့လာထားသင့္ပါတယ္။ ဆရာဝန္နဲ႔တိုက္႐ိုက္တိုင္ပင္ႏိုင္သလို My Doctor Page နဲ႔ My Doctor Website မွာလည္း ဝင္ေရာက္ဖတ္႐ႈေလ့လာႏိုင္ပါတယ္။

-> ရာသီလာရမယ့္အခ်ိန္မလာဘူးဆိုရင္ ဆီးစစ္ၾကည့္ပါ။

ရာသီရက္ေက်ာ္ေက်ာ္ျခင္း ဆီးစစ္လို႔ကိုယ္ဝနိမ႐ွိေၾကာင္းျပေနတယ္ဆိုရင္ ေနာက္တစ္ပတ္ထပ္ေစာင့္ၾကည့္ၿပီး ရာသီမလာေသးလ်ွင္ ဆီးထပ္စစ္ၾကည့္ပါ။

-> အျဖဴဆင္းျခင္း၊ အနံ႔နံျခင္း၊မိန္းမကိုယ္နဲ႔အနီးတစ္ဝိုက္မွာ အနာေပါက္ျခင္းမ်ားျဖစ္ေပၚပါက ဆရာဝန္ႏွင့္တိုင္ပင္ပါ။

အထက္ပါလကၡဏာရပ္ေတြဟာ လိင္မွတစ္ဆင့္ကူးစက္တတ္ေသာ ေရာဂါမ်ားရဲ႕ေ႐ွ႕ေျပးလကၡဏာမ်ားျဖစ္ႏိုင္တာမို႔ ဆရာဝန္နဲ႔ေစာစီးစြာ ျပသၿပီးကုသမႈခံယူပါ။

img

-> ၆လအၾကာမွာ ဆရာဝန္ထံ ထပ္မံသြားေရာက္ၿပီး

HIV/AIDS အပါအဝင္ လိင္မွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါမ်ား႐ွိ/မ႐ွိ ထပ္မံစစ္ေဆးမႈျပဳလုပ္ပါ။ အခ်ိဳ႕ေရာဂါမ်ားဟာ လိင္ဆက္ဆံၿပီးၿပီးခ်င္း လကၡဏာမျပ၊စစ္ေဆးမေတြ႔႐ွိႏိုင္တာမို႔ ၆လအၾကာမွာ ထပ္မံစစ္ေဆးမႈျပဳလုပ္သင့္ပါတယ္။

အျခားထပ္သိခ်င္တဲ့ က်န္းမာေရးအၾကံဥာဏ္မ်ားကိုလည္း My Doctor Chat Box မွတစ္ဆင့္ ေမးျမန္းေဆြးေႏြးႏိုင္ပါသည္။

ေဒါက္တာမ်ိဳး (UM 1)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *