?ဝက်ခြံပျောက်ဆေးများအကြောင်း သိကောင်းစရာ?
ဆဲလ်ဖီကင်မရာတွေ ၊ ဓာတ်ပုံ effects တွေ ဘယ်လောက်ကောင်းလာပြီပဲဆိုဆို လူဆိုတာ ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ နေရတာမှ မဟုတ်တာ။ ပြင်ပကမ္ဘာကြီးနဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ အမြဲပြရမဲ့ မျက်နှာလေး မှာ အဖုအပိမ့်ကင်း ဝက်ခြံရှင်းပြီး လှပသန့်ပြန့်နေဖို့ လိုတာပေါ့။
ဝက်ခြံဖုတွေရဲ့ စိတ်ညစ်အောင်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကျအောင် လုပ်နိုင်စွမ်းကို လျှော့တွက်လို့မရပါဘူး။
ဒီတော့ ဝက်ခြံပျောက်ဆေးတွေအကြောင်းကို နည်းနည်းလေ့လာကြည့်ဖို့လိုပါလိမ့်မယ်။
?ဝက်ခြံဘာကြောင့်ဖြစ်လဲ ??
သိပ်အရေးကြီးပါတယ်။
ဒါသိမှ ဝက်ခြံပျောက်ဖို့နဲ့ မဖြစ်အောင်ကာကွယ်ဖို့ အဆင်ပြေမှာပါ။
မျက်နှာအရေပြားက သဘာဝအတိုင်းကြွေကျတဲ့ ဆဲလ်အသေတွေ၊ ချေးညှော်တွေ နဲ့ အရေပြားကထွက်တဲ့ အဆီတွေ ပေါင်းမိတဲ့အခါမှာ ချွေးပေါက်တွေကို သွားပိတ်စေပါတယ်။
အဲ့ဒီ့အခါ ဝက်ခြံဆိုတဲ့ အဖုလေးတွေဖြစ်လာပါတယ်။
ဒီ အဖုလေးတွေကို လက်နဲ့ကိုင်မိ ညှစ်မိရင်ဖြစ်စေ..ကိုယ်ခံအားနည်းရင်ဖြစ်စေ ဘက်တီးရီးယားပိုးတွေ ဝင်သွားတတ်ပါတယ်။ ဒီအခါမှာတော့ ပိုဆိုးတဲ့ ရောင်ကိုင်း နာကျင်နေတဲ့ ဝက်ခြံဖုတွေ ဖြစ်ပြီပေါ့။
ဝက်ခြံပျောက်ဆေးတွေကို လိမ်းဆေး၊ သောက်ဆေး နဲ့ ထိုးဆေး ရယ်လို့ အုပ်စုခွဲကြည့်ပါမယ်။
?လိမ်းဆေးများ
အသုံးအများဆုံးကုသနည်းဖြစ်ပါတယ်။ Gel ၊ Cream၊ Ointment စတဲ့ လိမ်းဆေးပုံစံမျိုးစုံဖြစ်နိုင်ပါတယ်။
လိမ်းဆေးတွေမှာတော့-
– ချွေးပေါက်ပွင့်ဖို့ Glycolic Acid
– ချွေးပေါက်ပွင့်ဖို့နဲ့အဆီပြန်တာလျော့စေဖို့ Retinoids
– ဘက်တီးရီးယားပိုးတွေသေစေဖို့ Benzoyl Peroxideနဲ့ တခြားပဋိဇီဝဆေးတွေ
– အရောင်ကျစေဖို့ Salicylic Acid နဲ့ Azelaic acid
စတာတွေ ပါဝင်တတ်ပါတယ်။
?သောက်ဆေးများ
တော်ရုံဝက်ခြံလောက်နဲ့တော့ ညွှန်လေ့မရှိပါဘူး။
ရောင်ကိုင်း၊နာကျင် ပိုးဝင်နေမှ သောက်ရတတ်ပါတယ်။
သောက်ဆေးတွေမှာ-
-ဘက်တီးရီးယားပိုးတွေသေစေဖို့ ပဋိဇီဝဆေး(ပိုးသတ်ဆေး)တွေ
– ကျားဟော်မုန်း အင်ဒရိုဂျင်မြင့်တက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေအတွက် Spironolactone နဲ့ ဟော်မုန်းဆေး(သန္ဓေတားဆေး)တွေ
– ချွေးပေါက်ပွင့်စေဖို့၊ အဆီပြန်တာ လျော့စေဖို့ Isoretinoin
စတာတွေ ပါဝင်တတ်ပါတယ်။
?ထိုးဆေးများ
မသုံးသလောက်ပါပဲ။
အရေးတကြီး အမြန်ပျောက်စေဖို့ Cortisoneထိုးတာကလွဲရင် ထိုးဆေးတွေ သုံးလေ့မရှိပါဘူး။
ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။
ဘယ်လိုကုသနည်းပဲဖြစ်ဖြစ် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးမှ ကုသတာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် ဖြစ်ကြပါစေ..
Dr ဖြိုးဝေလင်း
(20.9.19)
?ဝက္ၿခံေပ်ာက္ေဆးမ်ားအေၾကာင္း သိေကာင္းစရာ?
ဆဲလ္ဖီကင္မရာေတြ ၊ ဓာတ္ပုံ effects ေတြ ဘယ္ေလာက္ေကာင္းလာၿပီပဲဆိုဆို လူဆိုတာ ပုံရိပ္ေယာင္ကမာၻထဲမွာပဲ ေနရတာမွ မဟုတ္တာ။ ျပင္ပကမာၻႀကီးနဲ႔ လူမႈအသိုင္းအဝိုင္းထဲမွာ အၿမဲျပရမဲ့ မ်က္ႏွာေလး မွာ အဖုအပိမ့္ကင္း ဝက္ၿခံရွင္းၿပီး လွပသန႔္ျပန႔္ေနဖို႔ လိုတာေပါ့။
ဝက္ၿခံဖုေတြရဲ႕ စိတ္ညစ္ေအာင္နဲ႔ ကိုယ့္ကိုယ္ကိုယုံၾကည္မႈက်ေအာင္ လုပ္ႏိုင္စြမ္းကို ေလွ်ာ့တြက္လို႔မရပါဘူး။
ဒီေတာ့ ဝက္ၿခံေပ်ာက္ေဆးေတြအေၾကာင္းကို နည္းနည္းေလ့လာၾကည့္ဖို႔လိုပါလိမ့္မယ္။
?ဝက္ၿခံဘာေၾကာင့္ျဖစ္လဲ ??
သိပ္အေရးႀကီးပါတယ္။
ဒါသိမွ ဝက္ၿခံေပ်ာက္ဖို႔နဲ႔ မျဖစ္ေအာင္ကာကြယ္ဖို႔ အဆင္ေျပမွာပါ။
မ်က္ႏွာအေရျပားက သဘာဝအတိုင္းေႂကြက်တဲ့ ဆဲလ္အေသေတြ၊ ေခ်းေညႇာ္ေတြ နဲ႔ အေရျပားကထြက္တဲ့ အဆီေတြ ေပါင္းမိတဲ့အခါမွာ ေခြၽးေပါက္ေတြကို သြားပိတ္ေစပါတယ္။
အဲ့ဒီ့အခါ ဝက္ၿခံဆိုတဲ့ အဖုေလးေတြျဖစ္လာပါတယ္။
ဒီ အဖုေလးေတြကို လက္နဲ႔ကိုင္မိ ညႇစ္မိရင္ျဖစ္ေစ..ကိုယ္ခံအားနည္းရင္ျဖစ္ေစ ဘက္တီးရီးယားပိုးေတြ ဝင္သြားတတ္ပါတယ္။ ဒီအခါမွာေတာ့ ပိုဆိုးတဲ့ ေရာင္ကိုင္း နာက်င္ေနတဲ့ ဝက္ၿခံဖုေတြ ျဖစ္ၿပီေပါ့။
ဝက္ၿခံေပ်ာက္ေဆးေတြကို လိမ္းေဆး၊ ေသာက္ေဆး နဲ႔ ထိုးေဆး ရယ္လို႔ အုပ္စုခြဲၾကည့္ပါမယ္။
?လိမ္းေဆးမ်ား
အသုံးအမ်ားဆုံးကုသနည္းျဖစ္ပါတယ္။ Gel ၊ Cream၊ Ointment စတဲ့ လိမ္းေဆးပုံစံမ်ိဳးစုံျဖစ္ႏိုင္ပါတယ္။
လိမ္းေဆးေတြမွာေတာ့-
– ေခြၽးေပါက္ပြင့္ဖို႔ Glycolic Acid
– ေခြၽးေပါက္ပြင့္ဖို႔နဲ႔အဆီျပန္တာေလ်ာ့ေစဖို႔ Retinoids
– ဘက္တီးရီးယားပိုးေတြေသေစဖို႔ Benzoyl Peroxideနဲ႔ တျခားပဋိဇီဝေဆးေတြ
– အေရာင္က်ေစဖို႔ Salicylic Acid နဲ႔ Azelaic acid
စတာေတြ ပါဝင္တတ္ပါတယ္။
?ေသာက္ေဆးမ်ား
ေတာ္႐ုံဝက္ၿခံေလာက္နဲ႔ေတာ့ ၫႊန္ေလ့မရွိပါဘူး။
ေရာင္ကိုင္း၊နာက်င္ ပိုးဝင္ေနမွ ေသာက္ရတတ္ပါတယ္။
ေသာက္ေဆးေတြမွာ-
-ဘက္တီးရီးယားပိုးေတြေသေစဖို႔ ပဋိဇီဝေဆး(ပိုးသတ္ေဆး)ေတြ
– က်ားေဟာ္မုန္း အင္ဒ႐ိုဂ်င္ျမင့္တက္ျခင္းေၾကာင့္ျဖစ္တဲ့ ဝက္ၿခံေတြအတြက္ Spironolactone နဲ႔ ေဟာ္မုန္းေဆး(သေႏၶတားေဆး)ေတြ
– ေခြၽးေပါက္ပြင့္ေစဖို႔၊ အဆီျပန္တာ ေလ်ာ့ေစဖို႔ Isoretinoin
စတာေတြ ပါဝင္တတ္ပါတယ္။
?ထိုးေဆးမ်ား
မသုံးသေလာက္ပါပဲ။
အေရးတႀကီး အျမန္ေပ်ာက္ေစဖို႔ Cortisoneထိုးတာကလြဲရင္ ထိုးေဆးေတြ သုံးေလ့မရွိပါဘူး။
ေဘးထြက္ဆိုးက်ိဳးလည္းမ်ားပါတယ္။
ဘယ္လိုကုသနည္းပဲျဖစ္ျဖစ္ ဆရာဝန္နဲ႔ေဆြးေႏြးတိုင္ပင္ၿပီးမွ ကုသတာေတာ့ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။
ဝက္ၿခံကင္းစင္ ၿပဳံးေပ်ာ္႐ႊင္ ျဖစ္ၾကပါေစ..
Dr ၿဖိဳးေဝလင္း
(20.9.19)