အသားအရည် ရေဓါတ်ဖြည့်တင်းရာမှာ မသိမဖြစ်အချက်ကလေးတွေ

မိန်းမကောင်းတို့ရဲ့ အင်္ဂ ါရပ်တွေထဲမှာပါဝင်တဲ့ အသားအရေ၏ကောင်းခြင်းကို မတ်မတ်တို့လိုချင်ကြမှာမလွဲပါ၊၊

အသားအရည်ကာင်းခြင်းလို့ဆိုရာမှာ ဖြူနေမှ ဆွတ်နေမှ မဟုတ်ပါ။

ကျန်းမာသန်စွမ်းပြီး စိုစိုပြေပြေ တင်းတင်းရင်းရင်းနဲ့ ကြည့်ကောင်းသောအသားအရည်လေးသာဖြစ်ပါတယ်၊ဖြူခြင်းညိုခြင်းက အဓိကမကျပါ။

 

ဒီလိုကျန်းမာစိုပြေပြီး ရေဓါတ်ပြည့်ဝတဲ့ စွဲမက်ဖွယ်အရေပြားအလှလေးကို ပိုင်ဆိုင်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာ ကြည့်ရအောင်-

၁။အိုမင်းရင့်ရော်ခြင်းကိုဖုံးကွယ်နိုင်ခြင်း-အိုမင်းခြင်းဟာ လူတိုင်းလွန်ဆန်နိုင်တဲ့အရာမဟုတ်ပါဘူး။ဒီမှာပြောချင်တာလေးက ရေဓါတ်ပြည့်ဝတဲ့အသားအရေလေးဟာ တင်းရင်းစိုပြေနေပြီး အရေးအကြောင်းတွေကိုလျှော့ချပေးနိုင်လို့ ရှိရင်းစွဲအသက်ထက် ပိုနုနေတာကိုပြောချင်တာပါ၊၊

၂။အရေပြားအလှကိုပေါ်လွင်စေခြင်း-ရေဓါတ်မပြည့်ဝတဲ့အသားအရေဟာ ခြောက်သွေ့သွေ့ ကြမ်းရှရှနဲ့ ကြည့်မကောင်းတာအမှန်ပါပဲ။ရေဓါတ်ပြည့်ဝခြင်းဟာ ချောမွတ်စိုပြေစေရုံသာမကပဲ ကြည့်ကောင်းတဲ့အသားအရေလေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

၃။အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ခြင်း-ရေဓါတ်ပြည့်ဝနေတဲ့ အရေပြားဆဲလ်လေးတွေဟာ ၎င်းတို့ကိုဒုက္ခပေးမယ့် အဆိပ်အတောက်တွေစုပုံခြင်းကို ဖယ်ရှားပေးနိုင်ရုံမက ဆဲလဲအသေတွေကိုလဲ ရှင်းလင်းပေးနိုင်ပါတယ်။

၄။အဆီပြန်ခြင်းနဲ့ ဝက်ခြံထွက်ခြင်းကိုသက်သာစေခြင်း-ခြောက်သွေ့တဲ့အရေပြားဟာ သူ့ကိုယ်သူစိုစွတ်စေဖို့ရာ အဆီဂလင်းတွေကနေပြီးအဆီတွေပိုထုတ်ပေးဖို့ လှုံ့ဆော်တာကြောင့် အဆီပိုပြန်ပြီးဝက်ခြံတွေကိုပိုဆိုးစေနိုင်ပါတယ်။ရေဓါတ်ပြည့်ဝတဲ့အရေပြားကတော့ အဆီပြန်မှုကိုနည်းစေရုံမက ဝက်ခြံထွက်ခြင်းကိုပါ သက်သာစေပါတယ်။

အကျိုးကျေးဇူးတွေအကြောင်း အပြီးမှာတော့ အသားအရေ ရေဓါတ်ဖြည့်တင်းဖို့လုပ်ဆောင်ရမယ့် အချက်ကလေးတွေကို ဆက်ပြောပြသွားပါမယ်။

၁။ထုံးစံအတိုင်းပါပဲ ရေများများသောက်ဖို့ပါ။ကြားရဖန်များလို့ ရိုးနေပေမယ့်လဲ လူအတော်များများဟာ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏပြည့်အောင်မသောက်ကြပါဘူး။အကြံပေးချင်တာကတော့ ကိုယ်သွားလေရာသယ်သွားလို့ရမယ့်ရေဘူးလေးတစ်ဘူးတော့ ကိုယ့်အိတ်ထဲပါပါစေ။ဘယ်လိုသောက်ရမလဲဆိုတော့ ရေဆာမှဂွပ်ခနဲတစ်ခွက်လုံးမော့ချတာမျိုးမဟုတ်ဘဲ သတိရတိုင်း တစ်ငုံတစ်ငုံစီ သောက်ပေးဖို့ပါပဲ။

၂။ရေဓါတ်များတဲ့ အသီးအနံှတွေစားပါ။ဘယ်လိုဟာတွေလဲဆိုတော့ ဖရဲသီး၊ပန်းသီး၊သခွားသီး၊သစ်တော်သီး၊လိမ္မော်သီး စတဲ့အရည်ရွှမ်းတဲ့အသီးအနံှတွေပါ။ဘယ်ချိန်စားမလဲဆိုတော့ snacks လိုသဘောမျိုးစားပေးတာကောင်းပါတယ်။နေ့လယ်နေ့ခင်းဖြစ်ဖြစ် အဆာပြေလေးဖြစ်ဖြစ် အိပ်ချင်ပြေလေးဖြစ်ဖြစ်ပေါ့။

၃။Omega-3 သောက်သုံးပေးပါ။ Omega-3 ဟာ လူ့ခန္ဓာကိုယ်ကိုအကျိုးများစွာပြုပြီး လူ့ခန္ဓာကိုယ်မှ မထုတ်ပေးနိုင်တဲ့ Essential fatty acid ဖြစ်ပါတယ်။၎င်းက အရေပြားရဲ့အစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်ပြီး အရေပြားခြောက်သွေ့ခြင်းကို သက်သာစေနိုင်ပါတယ်။

၄။အရည်အသွေးပြည့်မှီသော အသားဓါတ်စားပါ။ဟုတ်ပါတယ် ကျွန်တော်တို့အရေပြားရဲ့အပေါ်ယံအလွှာမှာ ရေဓါတ်ကိုထိန်းသိမ်းထားပေးတဲ့ မော်လီကျူးလေးတွေရှိပါတယ်။အဲ့ထဲမှာ အမိုင်နိုအက်ဆစ်လေးတွေပါပါတယ်။အမိုင်နိုအက်ဆစ်ဟာ အသားဓါတ်ကလာတာမို့ ကောင်းမွန်သောအသားငါး၊ပဲများ စားခြင်းဖြင့်လည်း အရေပြားကိုထိန်းသိမ်းနိုင်ပါသေးတယ်။

၅။အရက်၊ကော်ဖီ အလွန်အကြူးသောက်ခြင်းကိုရှောင်ပါ။အယ်လ်ကိုဟောရယ် ကဖင်းဓါတ်ရယ်ဟာ ဆီးသွားဖို့အားပေးပြီး ခန္ဓာကိုယ်က ရေဓါတ်ကို ဆုံးရှုံးစေနိုင်တာမို့ပါ။

၆။ရေငွေ့ထိန်းစက်(Humidifier)သုံးပါ။သုံးရမယ် မဟုတ်ပေမယ့်သုံးနိုင်ရင်ကောင်းပါတယ်။အထူးသဖြင့်ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမျိုးမှာဆိုရင် ၎င်းကလေထုစိုထိုင်းမှုကို ထိန်းသိမ်းပေးပြီး အရေပြားကိုပါစိုစွတ်အေးမြစေပါတယ်။

၇။ရေနွေးဖြင့်မျက်နှာသစ်ခြင်းကိုရှောင်ပါ။ရေနွေးပူဟာ သင့်မျက်နှာရဲ့သဘာဝအတိုင်းရှိနေတဲ့အစိုဓါတ်ထိန်းပေးတဲ့အဆီလေးတွေကိုပျော်သွားစေလို့အရေပြားခြောက်သွေ့စေရုံမက Micro tears လေးတွေပါရစေနိုင်ပါတယ်။

၈။Humectants and occlusives moisturizers တွေသုံးပါ။Humectants တွေရဲ့အလုပ်ဟာ လေထုထဲမှာရှိတဲ့ရေဓါတ်ကိုသင့်အရေပြားဆီဆွဲယူပေးတာပါ။သဘာဝအတိုင်းရတဲ့ Humectants တွေကတော့ ရှားစောင်းလက်ပတ်တို့ Glycerinတို့ဖြစ်ပါတယ်။

Occlusives ဆိုတာကတော့ အရေပြားအပေါ်မှာအလွှာလေးလုပ်နေပြီး ရေဓါတ်ကိုအပြင်စိမ့်မထွက်ရအောင် ကာကွယ်ပေးတဲ့အရာပါ။သံလွင်ဆီလိုမျိုး အသီးအရွက်မှရတဲ့ အဆီတွေမှာပါဝင်ပါတယ်။

၉။Moisturizer အလွှာအဆင့်ဆင့်ဖြင့် ရေဓါတ်ထိန်းသိမ်းမှု။Moisturizer လိမ်းပုံလေးပြောပြပါမယ်။ပထမဦးစွာပြောချင်တာက ရေနဲ့အဆီဟာရောလို့မရပါဘူး။ရေဟာအဆီကိုဖောက်ပြီး မဝင်ရောက်နိုင်သလို ထွက်လဲမထွက်နိုင်ပါဘူး။ဒါကြောင့် moisturizer လိမ်းမယ်ဆိုရင် အရေပြားပေါ်မှာ water-based ဖြစ်တဲ့ Humectantsကိုအရင်လိမ်းပါ၊ပြီးမှ သူ့အပေါ်မှာ oil-based ဖြစ်တဲ့ Occlusives ကိုလိမ်းပါ။ဒါဆိုရင် အရေပြားနဲ့ကပ်ရပ်မှာ Humectantsက တောက်လျှောက်အစိုဓါတ်ပေးနေပြီး အပေါ်ကနေလဲ Occlusives အလွှာက ကာပေးထားတာမို့ ရေဓါတ်ဟာအပြင်ကိုလဲမဆုံးရှုံးနိုင်တော့ပါဘူး။

ဒီလောက်ဆိုရင်တော့ အသားအရည် ရေဓါတ်ဖြည့်တင်းတာနဲ့ပါတ်သက်ပြီး အတန်အသင့်သိကြပြီလို့ထင်ပါတယ်။

အပေါ်က အချက်လေးတွေလိုက်လုပ်ကြည့်ပြီး မတ်မတ်တို့အားလုံး အလိုရှိသမျှ အသားအရေလှလှလေး ရနိုင်ကြပါစေ။

Dr Yelwin

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…