“လူငယ်များနဲ့ HIV အန္တရာယ်”

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁)ရက်နေ့ဆိုရင် ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ကျင်းပလေ့ ရှိကြပါတယ်။ လူထုကြားထဲမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး အသိပညာ ကြွယ်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြတာပါ။ ဒီနှစ်မှာလည်း My Health, My Right ဆိုပြီး လူတစ်ယောက်အတွက် ကျန်းမာရေးဟာ အခြေခံအကျဆုံး လူအခွင့်အရေးတစ်ရပ် ဖြစ်တယ် ဆိုတဲ့အသိကို လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့် သိသွားအောင်လို့ ဆောင်ပုဒ်သတ်မှတ်ထားပါတယ်။

HIV ပိုးဟာ အရင်နှစ်တွေကဆို တော်တော်လေး လူပြောသူပြောများတယ်။ စိုးရိမ်တကြီး ရှိကြတယ်။ ခုချိန်မှာတော့ ဒီရောဂါကို လူတိုင်းလည်း သိနေပြီ။ ကြားဖူးနေကြပြီ။ ဆိုတော့ ဖြစ်နှုန်းတွေပဲ ကျကုန်တာလား၊ လူတွေအကုန်လုံးဟာ ဒီရောဂါကို ကာကွယ်နိုင်နေကြပြီလား စဉ်းစားမိတယ်။ အချက်အလက်တွေအရတော့ ဒီလိုမဟုတ်ပါဘူး။ ခုချိန်ထိ HIV ပိုးဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုအဖြစ် ရှိနေပါသေးတယ်။ နောက်ပြီး လူအများစုကလည်း HIV ဆိုတာကို ကြားသာကြားဖူးနေတာပါ။ ဘယ်လိုကာကွယ်ရမယ်၊ ဘာတွေလုပ်သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ကောင်းကောင်းမသိကြသေးပါဘူး။

ဒီဆောင်းပါးမှာတော့ လူငယ်တွေအတွက် ရည်ရွယ်လို့ ရေးပြချင်ပါတယ်။

၁။ တစ်ခါတည်းနဲ့လည်း ကူးနိုင်ပါတယ်

ခုခေတ်မှာ လူငယ်တွေကြားထဲ လိင်မှုပုံစံတွေက ပြောင်းလဲလာနေပါပြီ။ အရင်လို အိမ်ထောင်ကျမှ အတူနေကြမယ် ဆိုတာမျိုးက သိပ်ရှားနေပြီး ရည်းစားဘဝမှာကတည်းက အတူနေကြတယ်။ နောက်ပိုင်းမှာဆို One night stand လို့ခေါ်တဲ့ ယဉ်ကျေးမှုတွေတောင် ရှိလာပြီ။ အဲဒါ ဘာလဲဆိုတော့ ရည်းစားလည်းမဟုတ်၊ စေ့စပ်ထားသူလည်းမဟုတ်ဘဲ ကလပ်တွေ၊ ဘားတွေသွားရင်း တစ်ယောက်ကိုတစ်ယောက် သဘောကျမိလို့ ဒီတစ်ညတည်း နှစ်ဦးသဘောတူ အတူနေကြတာမျိုး။ ပြီးရင် သူလည်း သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွား။ ဒါမျိုးပုံစံ။ မှန်တယ်မှားတယ်ပြောနေတာထက် ဒီလိုပတ်သက်မှုတွေကနေ နောက်ဆက်တွဲအနေနဲ့ ပိုးကူးစက်မခံရအောင်တော့ သတိထားဖို့လိုပါတယ်။

HIV ပိုးမှာက ထူးခြားတဲ့သဘာ၀ ရှိပါတယ်။ ဘာလဲဆိုတော့ ပိုးဝင်ဝင်ချင်း လက္ခဏာ မပြတတ်ဘူး။ ပိုးဝင်ပြီး နှစ်တွေကြာလာမှ သိတာ။ ဒါကြောင့်မို့ ကြည့်လိုက်ရုံနဲ့ ပိုးရှိမရှိ ဘယ်လိုမှမသိနိုင်ဘူး။ နောက်ပြီး ဒီရောဂါမျိုးက လူရဲ့အဆင့်အတန်းနဲ့လည်း မဆိုင်ဘူး။ ချမ်းသာတဲ့ အသိုင်းအဝိုင်းမို့ မရှိလောက်ပါဘူးလို့ ယတိပြတ် ပြောမရပါဘူး။ ဒါကြောင့် ဒါကို သတိထားဖို့လိုပါမယ်။ One night stand လို ခေတ်လွန်ယဉ်ကျေးမှုမျိုးအထိ မဟုတ်တောင် တစ်ကြိမ်တစ်ခါတော့လည်း မှားနိုင်တာပဲ။ လူငယ်ဆိုတာက လက်တည့်စမ်းချင်တာကိုး။ အိမ်ထောင်သည်တွေကိုလည်း အမြဲသစ္စာရှိနေမယ် တွက်ထားလို့ မရပါဘူး။

ဒါကြောင့် သတိထားစေလိုတာက ဘယ်သူနဲ့ပဲဆက်ဆံဆက်ဆံ၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကွန်ဒုံးအမြဲသုံးဖို့ လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတွေအနေနဲ့လည်း ကွန်ဒုံးပါမလာဘူးဆို လက်မခံပါနဲ့။ ခုခေတ်မှာ ဒါတွေက လွယ်လွယ်ကူကူလည်း ဝယ်လို့ရနေပါပြီ။ ရှက်စရာကိစ္စတစ်ခုလို မြင်နေမယ့်အစား ကိုယ့်အတွက် ရောဂါကာကွယ်ပေးမယ့်ပစ္စည်းတစ်ခုလို သဘောထားစေချင်တယ် ကွန်ဒုံးသုံးရင် ခံစားမှုကို လျော့စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသုံးဘဲနေလိုက်ရင် အကြီးအကျယ် ဒုက္ခဖြစ်သွားနိုင်လို့ပါပဲ။

၂။ မိန်းကလေးတွေ သတိထားဖို့

လေ့လာချက်တွေအရ HIV ပိုး အသစ်ကူးစက်ခံရသူ အိမ်ထောင်သည်အမျိုးသမီးတွေထဲမှာ တော်တော်များများက ကိုယ့်ယောကျာ်းဆီကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ အဲဒီယောကျာ်းတွေကရော ဘယ်ကနေ ရပါသလဲ။ အပျော်အပါး လိုက်စားခြင်းကနေ အများဆုံးရပါတယ်။ ပြည့်တန်ဆာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတယ်၊ နောက်ပြီး ခုနောက်ပိုင်းမှာဆို အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာတွေပါ ရှိလာတယ်။

အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူနဲ့ Gay (မိန်းမလျာ)နဲ့ကို မရောထွေးစေလိုပါဘူး။ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတိုင်းကို Man who have sex with man (MSM) လို့ ခေါ်ပါတယ်။ အဲဒါက မိန်းမလျာလည်း ဖြစ်နိုင်တယ်၊ သူနဲ့ဆက်ဆံဖက်ဟာလည်း MSM ပါပဲ။ ဆိုလိုတာက မိန်းမလိုဝတ်စားထားမှ မဟုတ်ဘူး။ ယောကျာ်းရင့်မာကြီးလည်း ဖြစ်နိုင်တယ်၊ မှုန်နေအောင်ချောတဲ့သူကလည်း MSM ဖြစ်နိုင်တယ်။ ဒါကြောင့် ငါ့ယောကျာ်းက ကျားကျားလျားလျားကြီး၊ ဒါမျိုးမဟုတ်ဘူး လို့ သတ်မှတ်လို့မရဘူး။ ဒါသည် အပြင်ပန်းသဏ္ဍန်နဲ့ မဆိုင်ဘူး။ သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှု (Sexual orientation) နဲ့ပဲ ဆိုင်တယ်။ အဲဒါကို သဘောပေါက်မထားဘဲ အမှုမဲ့အမှတ်မဲ့နေလိုက်လို့ မရဘူး။

တစ်ခါတုန်းက ကျွန်တော့်ဆီကို အိမ်ထောင်သည်စုံတွဲတစ်တွဲ ဆေးခန်းလာပြပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်က သွေးစစ်ဆေးပြီးသားပါ။ နှစ်ယောက်လုံးမှာ HIV ပိုးရှိနေပါတယ်။ အဲဒါကို ဘာဆက်လုပ်သင့်သလဲလို့ လာတိုင်ပင်တာပါ။ ဘယ်က ဘယ်လိုကူးတာလဲဆိုတော့ သူတို့ပြောပုံအရ အမျိုးသားဖြစ်သူက သူငယ်ချင်းတွေနဲ့ ဆုံကြတုန်း တစ်နေရာမှာ မိန်းမလျာတွေကို တွေ့တော့ တစ်ခါတစ်လေ စမ်းကြည့်ကြမယ်ဆိုပြီး လိင်ဆက်ဆံလိုက်တယ်။ ပြီးတော့ ဒီအတိုင်းပဲ အမှုမဲ့အမှတ်မဲ့ နေလိုက်တာပေါ့။ အဲဒီမှာတင် သူ့ဆီကူးသွားတဲ့ ပိုးက သူ့မိန်းမဆီကိုလည်း ထပ်ကူးတယ်။ မိန်းမက အစပိုင်းတော့ သွေးပျက်သွားပေမယ့် နောက်တော့ တစ်ခါတစ်လေ မှားသွားတဲ့ သူ့ယောကျာ်းကို ခွင့်လွှတ်လိုက်တယ်။ တစ်ခါတစ်လေ ဆိုပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်လုံးမှာတော့ ဒီပိုးဟာ ကူးစက်ခံလိုက်ရပြီ။

ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့လိင်မှုကိစ္စကို ဆင်ခြင်နိုင်ကြဖို့ လိုတယ်။ မဆင်ခြင်နိုင်လည်း အကာအကွယ်သုံးဖို့ လိုပါတယ်။ မတော်တဆများ အကာအကွယ်မဲ့ ဆက်ဆံမိခဲ့ရင်လည်း ရိုးရိုးသားသား ဖွင့်ပြောပါ။ သွေးစစ်ဆေးပါ။ ကိုယ့်ဆီကနေ ကိုယ့်မိန်းကလေး၊ ကိုယ့်အိမ်ထောင်ဖက်ဆီ မကူးအောင် တာဝန်ယူပေးပါ။

မိန်းကလေးတွေအနေနဲ့လည်း ဒါဟာ တစ်ကြိမ်တစ်ခါတည်းနဲ့ ကူးစက်သွားနိုင်တဲ့ ရောဂါမို့ မမျှော်လင့်ဘဲ ကိုယ့်ချစ်သူဆီမှာ ဒီပိုးက ရှိနေနိုင်တယ်လို့ သတိရှိပေးပါ။ လက်မထပ်ခင် သွေးစစ်ဆေးကြည့်ပါ။ ဒါဟာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်လို့မဟုတ်ဘဲ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခု အဖြစ် မြင်ပေးပါ။ သစ္စာရှိပါတယ်ဆိုပေမယ့်လည်း တစ်ကြိမ်တစ်ခါလောက် မှားသွားတယ်ဆိုတာမျိုးက ရှိနိုင်တာမို့ ဒါဟာ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနဲ့ မသက်ဆိုင်ဘဲ ကိုယ့်မိသားစုနောင်ရေး၊ ကိုယ့်ဆီရောက်လာမယ့် သားသမီးတွေနောင်ရေးအတွက် အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ နောက်ပြီး အရေးကြီးဆုံးကတော့ ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်ကြား လိင်မှုကိစ္စတွေ၊ ဒီလိုကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုနိုင်ကြဖို့ပါပဲ။

ဒေါက်တာဖြိုးသီဟ

“လူငယ္မ်ားနဲ႕ HIV အႏၱရာယ္”

ႏွစ္စဥ္ႏွစ္တုိင္း ဒီဇင္ဘာလ (၁)ရက္ေန႕ဆုိရင္ ကမာၻ႕ ခုခံအားက်ဆင္းမႈေရာဂါ တုိက္ဖ်က္ေရးေန႕ (World AIDS Day) ကို က်င္းပေလ့ ရွိၾကပါတယ္။ လူထုၾကားထဲမွာ ဒီေရာဂါနဲ႕ ပတ္သက္ျပီး အသိပညာ ၾကြယ္ေစဖို႕ ရည္ရြယ္ခ်က္နဲ႕ လုပ္ေဆာင္ၾကတာပါ။ ဒီႏွစ္မွာလည္း My Health, My Right ဆိုျပီး လူတစ္ေယာက္အတြက္ က်န္းမာေရးဟာ အေျခခံအက်ဆံုး လူအခြင့္အေရးတစ္ရပ္ ျဖစ္တယ္ ဆုိတဲ့အသိကုိ လူထုၾကားထဲ က်ယ္က်ယ္ျပန္႕ျပန္႕ သိသြားေအာင္လို႕ ေဆာင္ပုဒ္သတ္မွတ္ထားပါတယ္။

HIV ပိုးဟာ အရင္ႏွစ္ေတြကဆုိ ေတာ္ေတာ္ေလး လူေျပာသူေျပာမ်ားတယ္။ စိုးရိမ္တၾကီး ရွိၾကတယ္။ ခုခ်ိန္မွာေတာ့ ဒီေရာဂါကို လူတုိင္းလည္း သိေနျပီ။ ၾကားဖူးေနၾကျပီ။ ဆုိေတာ့ ျဖစ္ႏႈန္းေတြပဲ က်ကုန္တာလား၊ လူေတြအကုန္လံုးဟာ ဒီေရာဂါကို ကာကြယ္ႏုိင္ေနၾကျပီလား စဥ္းစားမိတယ္။ အခ်က္အလက္ေတြအရေတာ့ ဒီလိုမဟုတ္ပါဘူး။ ခုခ်ိန္ထိ HIV ပုိးဟာ ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ခုအျဖစ္ ရွိေနပါေသးတယ္။ ေနာက္ျပီး လူအမ်ားစုကလည္း HIV ဆိုတာကို ၾကားသာၾကားဖူးေနတာပါ။ ဘယ္လိုကာကြယ္ရမယ္၊ ဘာေတြလုပ္သင့္တယ္ ဆုိတာေတြနဲ႕ ပတ္သက္လို႕ ေကာင္းေကာင္းမသိၾကေသးပါဘူး။

ဒီေဆာင္းပါးမွာေတာ့ လူငယ္ေတြအတြက္ ရည္ရြယ္လို႕ ေရးျပခ်င္ပါတယ္။

၁။ တစ္ခါတည္းနဲ႕လည္း ကူးႏုိင္ပါတယ္

ခုေခတ္မွာ လူငယ္ေတြၾကားထဲ လိင္မႈပံုစံေတြက ေျပာင္းလဲလာေနပါျပီ။ အရင္လို အိမ္ေထာင္က်မွ အတူေနၾကမယ္ ဆုိတာမ်ိဳးက သိပ္ရွားေနျပီး ရည္းစားဘ၀မွာကတည္းက အတူေနၾကတယ္။ ေနာက္ပုိင္းမွာဆုိ One night stand လို႕ေခၚတဲ့ ယဥ္ေက်းမႈေတြေတာင္ ရွိလာျပီ။ အဲဒါ ဘာလဲဆုိေတာ့ ရည္းစားလည္းမဟုတ္၊ ေစ့စပ္ထားသူလည္းမဟုတ္ဘဲ ကလပ္ေတြ၊ ဘားေတြသြားရင္း တစ္ေယာက္ကုိတစ္ေယာက္ သေဘာက်မိလို႕ ဒီတစ္ညတည္း ႏွစ္ဦးသေဘာတူ အတူေနၾကတာမ်ိဳး။ ျပီးရင္ သူလည္း သူ႕လမ္းသူသြား၊ ကုိယ္လည္း ကုိယ့္လမ္းကုိယ္သြား။ ဒါမ်ိဳးပံုစံ။ မွန္တယ္မွားတယ္ေျပာေနတာထက္ ဒီလိုပတ္သက္မႈေတြကေန ေနာက္ဆက္တြဲအေနနဲ႕ ပုိးကူးစက္မခံရေအာင္ေတာ့ သတိထားဖို႕လိုပါတယ္။

HIV ပုိးမွာက ထူးျခားတဲ့သဘာ၀ ရွိပါတယ္။ ဘာလဲဆုိေတာ့ ပုိး၀င္၀င္ခ်င္း လကၡဏာ မျပတတ္ဘူး။ ပုိး၀င္ျပီး ႏွစ္ေတြၾကာလာမွ သိတာ။ ဒါေၾကာင့္မို႕ ၾကည္႕လုိက္ရံုနဲ႕ ပုိးရွိမရွိ ဘယ္လိုမွမသိႏုိင္ဘူး။ ေနာက္ျပီး ဒီေရာဂါမ်ိဳးက လူရဲ႕အဆင့္အတန္းနဲ႕လည္း မဆုိင္ဘူး။ ခ်မ္းသာတဲ့ အသိုင္းအ၀ိုင္းမို႕ မရွိေလာက္ပါဘူးလို႕ ယတိျပတ္ ေျပာမရပါဘူး။ ဒါေၾကာင့္ ဒါကုိ သတိထားဖို႕လိုပါမယ္။ One night stand လို ေခတ္လြန္ယဥ္ေက်းမႈမ်ိဳးအထိ မဟုတ္ေတာင္ တစ္ၾကိမ္တစ္ခါေတာ့လည္း မွားႏုိင္တာပဲ။ လူငယ္ဆုိတာက လက္တည္႔စမ္းခ်င္တာကိုး။ အိမ္ေထာင္သည္ေတြကိုလည္း အၿမဲသစၥာရွိေနမယ္ တြက္ထားလုိ႔ မရပါဘူး။

ဒါေၾကာင့္ သတိထားေစလုိတာက ဘယ္သူနဲ႔ပဲဆက္ဆံဆက္ဆံ၊ ဘယ္လုိအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ ကြန္ဒံုးအၿမဲသံုးဖုိ႔ လိုမယ္ဆုိတာပါပဲ။ မိန္းကေလးေတြအေနနဲ႔လည္း ကြန္ဒံုးပါမလာဘူးဆုိ လက္မခံပါနဲ႔။ ခုေခတ္မွာ ဒါေတြက လြယ္လြယ္ကူကူလည္း ၀ယ္လို႕ရေနပါျပီ။ ရွက္စရာကိစၥတစ္ခုလို ျမင္ေနမယ့္အစား ကုိယ့္အတြက္ ေရာဂါကာကြယ္ေပးမယ့္ပစၥည္းတစ္ခုလုိ သေဘာထားေစခ်င္တယ္ ကြန္ဒံုးသံုးရင္ ခံစားမႈကို ေလ်ာ့ေစတယ္ဆိုတဲ့ အေၾကာင္းၿပခ်က္နဲ႔ မသံုးဘဲေနလုိက္ရင္ အၾကီးအက်ယ္ ဒုကၡျဖစ္သြားႏုိင္လို႕ပါပဲ။

၂။ မိန္းကေလးေတြ သတိထားဖုိ႕

ေလ့လာခ်က္ေတြအရ HIV ပုိး အသစ္ကူးစက္ခံရသူ အိမ္ေထာင္သည္အမ်ိဳးသမီးေတြထဲမွာ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ေယာက်ာ္းဆီကေန ကူးစက္ခံရတာ ျဖစ္ပါတယ္။ အဲဒီေယာက်ာ္းေတြကေရာ ဘယ္ကေန ရပါသလဲ။ အေပ်ာ္အပါး လုိက္စားျခင္းကေန အမ်ားဆံုးရပါတယ္။ ျပည္႔တန္ဆာနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံတယ္၊ ေနာက္ၿပီး ခုေနာက္ပို္င္းမွာဆုိ အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံတာေတြပါ ရွိလာတယ္။

အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံသူနဲ႔ Gay (မိန္းမလ်ာ)နဲ႔ကို မေရာေထြးေစလိုပါဘူး။ အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံသူတုိင္းကုိ Man who have sex with man (MSM) လို႔ ေခၚပါတယ္။ အဲဒါက မိန္းမလ်ာလည္း ျဖစ္ႏိုင္တယ္၊ သူနဲ႔ဆက္ဆံဖက္ဟာလည္း MSM ပါပဲ။ ဆုိလိုတာက မိန္းမလို၀တ္စားထားမွ မဟုတ္ဘူး။ ေယာက်ာ္းရင့္မာၾကီးလည္း ျဖစ္ႏုိင္တယ္၊ မႈန္ေနေအာင္ေခ်ာတဲ့သူကလည္း MSM ၿဖစ္ႏုိင္တယ္။ ဒါေၾကာင့္ ငါ့ေယာက်ာ္းက က်ားက်ားလ်ားလ်ားၾကီး၊ ဒါမ်ိဳးမဟုတ္ဘူး လို႔ သတ္မွတ္လို႔မရဘူး။ ဒါသည္ အျပင္ပန္းသ႑န္နဲ႔ မဆုိင္ဘူး။ သူ႔ရဲ႕ လိင္စိတ္တိမ္းညႊတ္မႈ (Sexual orientation) နဲ႔ပဲ ဆုိင္တယ္။ အဲဒါကို သေဘာေပါက္မထားဘဲ အမႈမဲ့အမွတ္မဲ့ေနလိုက္လို႔ မရဘူး။

တစ္ခါတုန္းက ကၽြန္ေတာ့္ဆီကုိ အိမ္ေထာင္သည္စံုတြဲတစ္တြဲ ေဆးခန္းလာျပပါတယ္။ တကယ္ေတာ့ သူတုိ႕ႏွစ္ေယာက္က ေသြးစစ္ေဆးျပီးသားပါ။ ႏွစ္ေယာက္လံုးမွာ HIV ပုိးရွိေနပါတယ္။ အဲဒါကို ဘာဆက္လုပ္သင့္သလဲလို႕ လာတုိင္ပင္တာပါ။ ဘယ္က ဘယ္လုိကူးတာလဲဆုိေတာ့ သူတို႕ေျပာပံုအရ အမ်ိဳးသားျဖစ္သူက သူငယ္ခ်င္းေတြနဲ႕ ဆံုၾကတုန္း တစ္ေနရာမွာ မိန္းမလ်ာေတြကို ေတြ႕ေတာ့ တစ္ခါတစ္ေလ စမ္းၾကည္႕ၾကမယ္ဆုိျပီး လိင္ဆက္ဆံလိုက္တယ္။ ျပီးေတာ့ ဒီအတုိင္းပဲ အမႈမဲ့အမွတ္မဲ့ ေနလိုက္တာေပါ့။ အဲဒီမွာတင္ သူ႕ဆီကူးသြားတဲ့ ပုိးက သူ႕မိန္းမဆီကိုလည္း ထပ္ကူးတယ္။ မိန္းမက အစပုိင္းေတာ့ ေသြးပ်က္သြားေပမယ့္ ေနာက္ေတာ့ တစ္ခါတစ္ေလ မွားသြားတဲ့ သူ႕ေယာက်ာ္းကို ခြင့္လႊတ္လိုက္တယ္။ တစ္ခါတစ္ေလ ဆုိေပမယ့္လည္း ဘယ္လုိပဲျဖစ္ျဖစ္ ႏွစ္ေယာက္လံုးမွာေတာ့ ဒီပုိးဟာ ကူးစက္ခံလုိက္ရျပီ။

ဒါေၾကာင့္မို႕ အမ်ိဳးသားေတြအေနနဲ႕ ကုိယ့္ရဲ႕လိင္မႈကိစၥကို ဆင္ျခင္ႏုိင္ၾကဖုိ႕ လုိတယ္။ မဆင္ျခင္ႏုိင္လည္း အကာအကြယ္သံုးဖုိ႕ လိုပါတယ္။ မေတာ္တဆမ်ား အကာအကြယ္မဲ့ ဆက္ဆံမိခဲ့ရင္လည္း ရုိးရုိးသားသား ဖြင့္ေျပာပါ။ ေသြးစစ္ေဆးပါ။ ကုိယ့္ဆီကေန ကုိယ့္မိန္းကေလး၊ ကုိယ့္အိမ္ေထာင္ဖက္ဆီ မကူးေအာင္ တာ၀န္ယူေပးပါ။

မိန္းကေလးေတြအေနနဲ႕လည္း ဒါဟာ တစ္ၾကိမ္တစ္ခါတည္းနဲ႕ ကူးစက္သြားႏုိင္တဲ့ ေရာဂါမို႔ မေမွ်ာ္လင့္ဘဲ ကုိယ့္ခ်စ္သူဆီမွာ ဒီပိုးက ရွိေနႏုိင္တယ္လို႕ သတိရွိေပးပါ။ လက္မထပ္ခင္ ေသြးစစ္ေဆးၾကည္႔ပါ။ ဒါဟာ တစ္ေယာက္ကုိတစ္ေယာက္ မယံုၾကည္လုိ႔မဟုတ္ဘဲ က်န္းမာေရးအတြက္ လုပ္သင့္လုပ္ထုိက္တဲ့အလုပ္တစ္ခု အျဖစ္ ျမင္ေပးပါ။ သစၥာရွိပါတယ္ဆုိေပမယ့္လည္း တစ္ၾကိမ္တစ္ခါေလာက္ မွားသြားတယ္ဆုိတာမ်ိဳးက ရွိႏုိင္တာမို႔ ဒါဟာ ယံုၾကည္ျခင္း၊ မယံုၾကည္ျခင္းနဲ႔ မသက္ဆုိင္ဘဲ ကုိယ့္မိသားစုေနာင္ေရး၊ ကိုယ့္ဆီေရာက္လာမယ့္ သားသမီးေတြေနာင္ေရးအတြက္ အေရးၾကီးတဲ့ကိစၥ တစ္ခုျဖစ္ပါတယ္။ ေနာက္ျပီး အေရးၾကီးဆံုးကေတာ့ ကုိယ္နဲ႕ ကုိယ့္အိမ္ေထာင္ဖက္ၾကား လိင္မႈကိစၥေတြ၊ ဒီလိုကူးစက္ေရာဂါေတြနဲ႕ ပတ္သက္ျပီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေျပာဆုိႏုိင္ၾကဖုိ႕ပါပဲ။

ေဒါက္တာၿဖိဳးသီဟ

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *