သွားပိုးစားခြင်းအဖြစ်အများဆုံးသော သွားမျက်နှာပြင်များ
သွားတစ်ချောင်းမှာ မျက်နှာပြင်နေရာ အမျိုးမျိုးရှိတဲ့အနက် တစ်ချို့မျက်နှာပြင်တွေဟာ သွားပိုးစားရောဂါအဖြစ်အများဆုံးနေရာတွေ ဖြစ်ကြပါတယ်။ အမှန်တကယ်တော့ အဆိုပါနေရာတွေဟာ အစားအစာအများဆုံး တွယ်ကပ်နေတတ်ကြတဲ့ မျက်နှာပြင်တွေဖြစ်ပြီး သွားသန့်ရှင်းရေးအားနည်းတဲ့အတွက် အဆိုပါမျက်နှာပြင်တွေမှာ သွားပိုးစားရောဂါတွေအဖြစ်များသွားတာပါ။ ဘယ်နေရာတွေလဲဆိုရင်..
အစားအစာဝါးစားရာမှာ အဓိကအသုံးပြုတဲ့ အံသွားများရဲ့အပေါ်ဘက်မျက်နှာပြင် (Occlusal Surfaces of Molars)
အံသွားတွေနဲ့ရှေ့အံသွားတွေဟာ အစားအစာကိုဝါးစာရာမှာ အဓိကအသုံးပြုတဲ့သွားတွေဖြစ်ပါတယ်။ သူတို့ရဲ့အဓိက လုပ်ဆောင်ချက်က အစားအစာတွေကို အပေါ်မျက်နှာပြင်တွေနဲ့ ကြိတ်ဝါးပေးတာပါ။ အဆိုပါ အပေါ်ဘက်မျက်နှာပြင်တွေမှာ သွားရဲ့သဘာ၀ ချိုင့်ကလေးတွေ မြောင်းကလေးတွေရှိပါတယ်။ အဆိုပါချိုင့်ထဲ မြောင်းထဲမှာကျရောက်နေတတ်တဲ့ အစာအကြွင်းအကျန်တွေဟာ ပလုပ်ကျင်းရုံ သွားကိုဖြစ်သလိုတိုက်ရုံနဲ့ မပြောင်တတ်တာမို့ အချိန်ကာလကြာတဲ့အခါ သွားသန့်ရှင်းရေးအားနည်းသူတွေမှာ အဆိုပါမျက်နှာပြင်တွေမှာ သွားပိုးစားရောဂါတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့်မို့လို့ သွားတိုက်တံရောက်ရခက်တဲ့ အနောက်ဘက်ရောက်နေတဲ့ မိမိရဲ့အံသွားတွေကို သေချာဂရုတစိုက်သွားတိုက်သန့်ရှင်းပေးပြီး အမည်းစက်အမဲကြောင်းလေးတွေ ပေါ်နေပြီလားဆိုတာကို အမြဲတစေ စစ်ဆေးကြည့်ရှုနေသင့်ပါတယ်။ သွားပိုးစားရောဂါဟာ အလိုအလျောက်ပြန်ကောင်းနိုင်တဲ့ ရောဂါမဟုတ်တာမို့ သွားပိုးစားရောဂါစတင်တဲ့ လက္ခဏာဖြစ်တဲ့ အမည်းစက် အမည်းကြောင်းတွေပေါ်လာပြီဆိုရင် နီးစပ်ရာ သွားဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။
သွားပိုးစားရောဂါအဖြစ်များတဲ့ နောက်မျက်နှာပြင်တစ်ခုကတော့ သွားနှစ်ချောင်းကြား (Interproximal surfaces) တွေပါ။ အဆိုပါသွားနှစ်ချောင်းကြားနေရာတွေဟာ အစာတွေ အသားမျှင်တွေညှပ်ရင် နေရခက်လို့ အများစုက ညှပ်တဲ့အစာကို မရရအောင် ထုတ်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အစာသေးသေးလေးတွေဟာ သွားကို နေရခက်လောက်အောင် မသိသာစေဘဲ သွားနှစ်ချောင်းကြားမှာ တိတ်တဆိတ် ခိုအောင်းနေတတ်ကြပါတယ်။ သွားနှစ်ချောင်းကြားနေရာဟာ အရှေ့ဘက်သွားတွေကြားဖြစ်ဖြစ် အနောက်ဘက်သွားတွေကြားဖြစ်ဖြစ် သွားတိုက်တံအမျှင်တွေရောက်လွယ်တဲ့နေရာ မဟုတ်လို့ သွားကြားပွတ်ကြိုး (Dental Floss) ကိုအသုံးပြုမှသာ သန့်ရှင်းနိုင်မှာပါ။ ဒါကြောင့်မို့လို့ သွားတိုက်တံနဲ့သွားကို တစ်နေ့နှစ်ကြိမ်သွားတိုက်သန့်ရှင်းရင် သွားကြားပွတ်ကြိုးနဲ့တစ်နေ့တစ်ကြိမ် သွားနှစ်ချောင်းကြားတွေကို ညအိပ်ရာဝင်ခါနီးမှာ သန့်ရှင်းသင့်ပါတယ်။ သွားနှစ်ချောင်းကြားနေရာဟာ သွားပိုးစားရင်တောင်မှ အလွယ်တကူမြင်ရတဲ့နေရာမဟုတ်လို့ အထူးဂရုစိုက်ပြီး ခြောက်လတစ်ကြိမ် သွားဘက်ဆိုင်ရာ ဆရာဝန်ထံမှာ ပြသစစ်ဆေးသင့်ပါတယ်။
Dr.သုဈာန်
သြားပိုးစားျခင္းအျဖစ္အမ်ားဆုံးေသာ သြားမ်က္ႏွာျပင္မ်ား
သြားတစ္ေခ်ာင္းမွာ မ်က္ႏွာျပင္ေနရာ အမ်ိဳးမ်ိဳးရွိတဲ့အနက္ တစ္ခ်ိဳ႕မ်က္ႏွာျပင္ေတြဟာ သြားပိုးစားေရာဂါအျဖစ္အမ်ားဆုံးေနရာေတြ ျဖစ္ၾကပါတယ္။ အမွန္တကယ္ေတာ့ အဆိုပါေနရာေတြဟာ အစားအစာအမ်ားဆုံး တြယ္ကပ္ေနတတ္ၾကတဲ့ မ်က္ႏွာျပင္ေတြျဖစ္ၿပီး သြားသန႔္ရွင္းေရးအားနည္းတဲ့အတြက္ အဆိုပါမ်က္ႏွာျပင္ေတြမွာ သြားပိုးစားေရာဂါေတြအျဖစ္မ်ားသြားတာပါ။ ဘယ္ေနရာေတြလဲဆိုရင္..
အစားအစာဝါးစားရာမွာ အဓိကအသုံးျပဳတဲ့ အံသြားမ်ားရဲ႕အေပၚဘက္မ်က္ႏွာျပင္ (Occlusal Surfaces of Molars)
အံသြားေတြနဲ႔ေရွ႕အံသြားေတြဟာ အစားအစာကိုဝါးစာရာမွာ အဓိကအသုံးျပဳတဲ့သြားေတြျဖစ္ပါတယ္။ သူတို႔ရဲ႕အဓိက လုပ္ေဆာင္ခ်က္က အစားအစာေတြကို အေပၚမ်က္ႏွာျပင္ေတြနဲ႔ ႀကိတ္ဝါးေပးတာပါ။ အဆိုပါ အေပၚဘက္မ်က္ႏွာျပင္ေတြမွာ သြားရဲ႕သဘာ၀ ခ်ိဳင့္ကေလးေတြ ေျမာင္းကေလးေတြရွိပါတယ္။ အဆိုပါခ်ိဳင့္ထဲ ေျမာင္းထဲမွာက်ေရာက္ေနတတ္တဲ့ အစာအႂကြင္းအက်န္ေတြဟာ ပလုပ္က်င္း႐ုံ သြားကိုျဖစ္သလိုတိုက္႐ုံနဲ႔ မေျပာင္တတ္တာမို႔ အခ်ိန္ကာလၾကာတဲ့အခါ သြားသန႔္ရွင္းေရးအားနည္းသူေတြမွာ အဆိုပါမ်က္ႏွာျပင္ေတြမွာ သြားပိုးစားေရာဂါေတြ ျဖစ္လာၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ သြားတိုက္တံေရာက္ရခက္တဲ့ အေနာက္ဘက္ေရာက္ေနတဲ့ မိမိရဲ႕အံသြားေတြကို ေသခ်ာဂ႐ုတစိုက္သြားတိုက္သန႔္ရွင္းေပးၿပီး အမည္းစက္အမဲေၾကာင္းေလးေတြ ေပၚေနၿပီလားဆိုတာကို အၿမဲတေစ စစ္ေဆးၾကည့္ရႈေနသင့္ပါတယ္။ သြားပိုးစားေရာဂါဟာ အလိုအေလ်ာက္ျပန္ေကာင္းႏိုင္တဲ့ ေရာဂါမဟုတ္တာမို႔ သြားပိုးစားေရာဂါစတင္တဲ့ လကၡဏာျဖစ္တဲ့ အမည္းစက္ အမည္းေၾကာင္းေတြေပၚလာၿပီဆိုရင္ နီးစပ္ရာ သြားဆရာဝန္ထံ အျမန္ဆုံးသြားေရာက္ၿပီး ကုသမႈ ခံယူသင့္ပါတယ္။
သြားပိုးစားေရာဂါအျဖစ္မ်ားတဲ့ ေနာက္မ်က္ႏွာျပင္တစ္ခုကေတာ့ သြားႏွစ္ေခ်ာင္းၾကား (Interproximal surfaces) ေတြပါ။ အဆိုပါသြားႏွစ္ေခ်ာင္းၾကားေနရာေတြဟာ အစာေတြ အသားမွ်င္ေတြညႇပ္ရင္ ေနရခက္လို႔ အမ်ားစုက ညႇပ္တဲ့အစာကို မရရေအာင္ ထုတ္ပစ္တတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အစာေသးေသးေလးေတြဟာ သြားကို ေနရခက္ေလာက္ေအာင္ မသိသာေစဘဲ သြားႏွစ္ေခ်ာင္းၾကားမွာ တိတ္တဆိတ္ ခိုေအာင္းေနတတ္ၾကပါတယ္။ သြားႏွစ္ေခ်ာင္းၾကားေနရာဟာ အေရွ႕ဘက္သြားေတြၾကားျဖစ္ျဖစ္ အေနာက္ဘက္သြားေတြၾကားျဖစ္ျဖစ္ သြားတိုက္တံအမွ်င္ေတြေရာက္လြယ္တဲ့ေနရာ မဟုတ္လို႔ သြားၾကားပြတ္ႀကိဳး (Dental Floss) ကိုအသုံးျပဳမွသာ သန႔္ရွင္းႏိုင္မွာပါ။ ဒါေၾကာင့္မို႔လို႔ သြားတိုက္တံနဲ႔သြားကို တစ္ေန႔ႏွစ္ႀကိမ္သြားတိုက္သန႔္ရွင္းရင္ သြားၾကားပြတ္ႀကိဳးနဲ႔တစ္ေန႔တစ္ႀကိမ္ သြားႏွစ္ေခ်ာင္းၾကားေတြကို ညအိပ္ရာဝင္ခါနီးမွာ သန႔္ရွင္းသင့္ပါတယ္။ သြားႏွစ္ေခ်ာင္းၾကားေနရာဟာ သြားပိုးစားရင္ေတာင္မွ အလြယ္တကူျမင္ရတဲ့ေနရာမဟုတ္လို႔ အထူးဂ႐ုစိုက္ၿပီး ေျခာက္လတစ္ႀကိမ္ သြားဘက္ဆိုင္ရာ ဆရာဝန္ထံမွာ ျပသစစ္ေဆးသင့္ပါတယ္။
Dr.သုဈာန္