All Articlesသွားကျန်းမာရေး

The sterilized dental instruments

1 Mins read

သွားဆေးခန်းကပစ္စည်းတွေပိုးသတ်ထားတဲ့အကြောင်း

သွားဆေးခန်းကို လာကြတဲ့သူတွေရဲ့ မေးခွန်းတွေထဲက တစ်ခုက ပစ္စည်းတွေ ပိုးသတ်ထားလား ဆိုတာပါပဲ။ နိုင်ငံသားလူနာတွေ သာမက နိုင်ငံခြားသားလူနာတွေပါ ဆေးခန်းလာရင် အဲ့လိုမေးကြတော့ တကယ်ပဲသိချင်လို့လား ဒီနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို မယုံတာလားတော့ ဝေခွဲရခက်ပါတယ်။

သွားဆေးခန်းမှာ သုံးတဲ့ပစ္စည်းတွေကို ပိုးသတ်မသတ် သိချင်ကြတဲ့ လူနာတွေအတွက် သေချာပေါက်ပြောနိုင်တာက ဆေးခန်းတိုင်းမှာ သုံးတဲ့ သွားဘက်ဆိုင်ရာဆေးကုပစ္စည်းတွေအကုန်လုံးကို သေချာစနစ်တကျ ပိုးသတ်ပြီးမှ သုံးတယ် ဆိုတာပါပဲ။ လူနာတစ်ယောက်ကိုပစ္စည်းသုံးပြီးသွားတိုင်း ပစ္စည်းတွေကို စနစ်တကျဆေးကြောပြီး သေချာပိုးသတ်လို့ ပြန်လည်အသုံးပြုပေးကြပါတယ်။ တစ်ခါသုံးပစ္စည်းတွေ မသုံးဘူးလားလို့ မေးရင်တော့ လက်အိတ်တွေ တစ်ခါသုံးရေခွက်တွေနဲ့ တစ်ခါသုံး examination set တွေလောက်ပဲ disposable (တစ်ခါသုံး) သုံးပြီး ကျန်တဲ့ သွားဘက်ဆိုင်ရာဆေးကုပစ္စည်းတွေကို ပိုးသတ်ပြီး ပြန်သုံးကြပါတယ်။ အဲ့လိုပစ္စည်းတွေကလဲ ဈေးကြီးတာမို့ တစ်ခါသုံးအနေနဲ့သာ အသုံးပြုရင် လက်ရှိပေးနေရတဲ့ charge တွေထက် ငါးဆ ဆယ်ဆလောက် ဈေးပိုများသွားပါလိမ့်မယ်။

သွားဆေးခန်းကိုလာတဲ့လူနာတွေအနေနဲ့ ယောက်တိုင်းစေ့ကို အသုံးပြုနေတဲ့ ဒီပစ္စည်းတွေကနေတဆင့် ရောဂါကူးမှာကိုကြောက်တာ နားလည်ပါတယ်။ အဲ့လိုသာကြောက်ကြေးဆိုရင် လမ်းဘေးဆိုင်က ယောက်တိုင်းစေ့စားနေတဲ့ ဆေး ရုံသာဆေးတဲ့ ပန်းကန်ခွက်ယောက်တွေကို မြင်ကြည့်ပါ။ ပါးစပ်ထဲ ထည့်တာချင်းအတူတူ ဆေးရုံသာဆေးထားတဲ့ ပစ္စည်းတွေနဲ့ ဆေးကြောပြီး သေချာပိုးသတ်ထားတဲ့ ပစ္စည်းတွေ ဘယ်ဟာက ပိုစိတ်ချရမလဲ ဆိုတာပါ။

ပြောချင်တာက ရောဂါကူးမှာကြောက်လို့ သွားဆေးခန်းမလာရဲတာ ဆိုတဲ့ တလွဲအကြောက်တရားကို စွန့်လွှတ်ပြီး မိမိရဲ့သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားဆေးခန်းကို ရဲရဲဝံ့ဝ့သွားရောက်ပြသပြီး သင့်တော်တဲ့ စစ်ဆေးမှု သင့်တော်တဲ့ကုသမှုကို ခံယူကြပါလို့ တိုက်တွန်းပါရစေ။

မေတ္တာဖြင့်
သုဈာန်

သြားေဆးခန္းကပစၥည္းေတြပိုးသတ္ထားတဲ့အေၾကာင္း

သြားေဆးခန္းကို လာၾကတဲ့သူေတြရဲ႕ ေမးခြန္းေတြထဲက တစ္ခုက ပစၥည္းေတြ ပိုးသတ္ထားလား ဆိုတာပါပဲ။ ႏိုင္ငံသားလူနာေတြ သာမက ႏိုင္ငံျခားသားလူနာေတြပါ ေဆးခန္းလာရင္ အဲ့လိုေမးၾကေတာ့ တကယ္ပဲသိခ်င္လို႔လား ဒီႏိုင္ငံရဲ႕ က်န္းမာေရးစနစ္ကို မယုံတာလားေတာ့ ေဝခြဲရခက္ပါတယ္။

သြားေဆးခန္းမွာ သုံးတဲ့ပစၥည္းေတြကို ပိုးသတ္မသတ္ သိခ်င္ၾကတဲ့ လူနာေတြအတြက္ ေသခ်ာေပါက္ေျပာႏိုင္တာက ေဆးခန္းတိုင္းမွာ သုံးတဲ့ သြားဘက္ဆိုင္ရာေဆးကုပစၥည္းေတြအကုန္လုံးကို ေသခ်ာစနစ္တက် ပိုးသတ္ၿပီးမွ သုံးတယ္ ဆိုတာပါပဲ။ လူနာတစ္ေယာက္ကိုပစၥည္းသုံးၿပီးသြားတိုင္း ပစၥည္းေတြကို စနစ္တက်ေဆးေၾကာၿပီး ေသခ်ာပိုးသတ္လို႔ ျပန္လည္အသုံးျပဳေပးၾကပါတယ္။ တစ္ခါသုံးပစၥည္းေတြ မသုံးဘူးလားလို႔ ေမးရင္ေတာ့ လက္အိတ္ေတြ တစ္ခါသုံးေရခြက္ေတြနဲ႔ တစ္ခါသုံး examination set ေတြေလာက္ပဲ disposable (တစ္ခါသုံး) သုံးၿပီး က်န္တဲ့ သြားဘက္ဆိုင္ရာေဆးကုပစၥည္းေတြကို ပိုးသတ္ၿပီး ျပန္သုံးၾကပါတယ္။ အဲ့လိုပစၥည္းေတြကလဲ ေဈးႀကီးတာမို႔ တစ္ခါသုံးအေနနဲ႔သာ အသုံးျပဳရင္ လက္ရွိေပးေနရတဲ့ charge ေတြထက္ ငါးဆ ဆယ္ဆေလာက္ ေဈးပိုမ်ားသြားပါလိမ့္မယ္။

သြားေဆးခန္းကိုလာတဲ့လူနာေတြအေနနဲ႔ ေယာက္တိုင္းေစ့ကို အသုံးျပဳေနတဲ့ ဒီပစၥည္းေတြကေနတဆင့္ ေရာဂါကူးမွာကိုေၾကာက္တာ နားလည္ပါတယ္။ အဲ့လိုသာေၾကာက္ေၾကးဆိုရင္ လမ္းေဘးဆိုင္က ေယာက္တိုင္းေစ့စားေနတဲ့ ေဆး ႐ုံသာေဆးတဲ့ ပန္းကန္ခြက္ေယာက္ေတြကို ျမင္ၾကည့္ပါ။ ပါးစပ္ထဲ ထည့္တာခ်င္းအတူတူ ေဆး႐ုံသာေဆးထားတဲ့ ပစၥည္းေတြနဲ႔ ေဆးေၾကာၿပီး ေသခ်ာပိုးသတ္ထားတဲ့ ပစၥည္းေတြ ဘယ္ဟာက ပိုစိတ္ခ်ရမလဲ ဆိုတာပါ။

ေျပာခ်င္တာက ေရာဂါကူးမွာေၾကာက္လို႔ သြားေဆးခန္းမလာရဲတာ ဆိုတဲ့ တလြဲအေၾကာက္တရားကို စြန႔္လႊတ္ၿပီး မိမိရဲ႕သြားႏွင့္ခံတြင္းက်န္းမာေရးအတြက္ သြားေဆးခန္းကို ရဲရဲဝံ့ဝ့သြားေရာက္ျပသၿပီး သင့္ေတာ္တဲ့ စစ္ေဆးမႈ သင့္ေတာ္တဲ့ကုသမႈကို ခံယူၾကပါလို႔ တိုက္တြန္းပါရေစ။

ေမတၱာျဖင့္
သုဈာန္

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *