Obesity

အဝလွန်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်တွင် လိုအပ်သည်ထက် ပို၍အဆီများရှိနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့နေစဉ် လှုပ်ရှားသွားလာ အလုပ်လုပ်နိုင်ရန် စွမ်းအင် လိုအပ်ပါသည်။တစ်နေ့လျှင် လူတစ်ယောက်သည် နေ့စဉ်
• အမျိုးသားဖြစ်လျှင် ကယ်လိုရီ (၂,၄၀၀)
• အမျိုးသမီးဖြစ်လျှင် ကယ်လိုရီ (၂,၀၀၀) ခန့် လိုအပ်ပါသည်။
• ကာယလုပ်သားများတွင် ပို၍လိုအပ်တတ်ပါသည်။ ကယ်လိုရီဆိုသည်မှာ စွမ်းအင်ပမာဏကို ဆိုလိုပါသည်။ ထိုစွမ်းအင်ကို အစာအာဟာရမှ ရရှိပါသည်။
📌အဝလွန်ခြင်းကို မည်သို့ တိုင်းတာနိုင်ပါသနည်း ❓
(၁) ဘီအမ်အိုင်ဟု ခေါ်သော ခန္ဓာကိုယ် အချိုးအစားတိုင်းခြင်း
(၂) ခါးအရွယ်အစားကို တိုင်းတာခြင်း

📌ဘီအမ်အိုင်ကို မည်သို့ တွက်ရပါသနည်း ❓
မိမိကိုယ် အလေးချိန်(ကီလိုဂရမ်) ကို မိမိအရပ်အမြင့်(မီတာ) ဖြင့်နှစ်ခါ စား၍ရလာသောအဖြေမှာ မိမိ၏ ဘီအမ်အိုင် ဖြစ်ပါသည်။
ဥပမာ။ ။မိမိကိုယ် အလေးချိန်=၆၀ကီလိုဂရမ်
အရပ်=၁.၅ မီတာဘီအမ်အိုင်=၆၀/၁.၅*၁.၅=၂၆.၆(၀သော ခန္ဓာကိုယ်)ဘီအမ်အိုင်
ခန္ဓာကိုယ်အမျိုးအစား၁၈.၅-၂၄.၉ ပုံမှန် အလေးချိန်၂၅-၂၉.၉ ၀သော ခန္ဓာကိုယ် (၃၀) ကျော်လျှင် အဝလွန်သော ခန္ဓာကိုယ် ခါးအရွယ်အစားကို တိုင်းတာရခြင်းသည် အဝလွန်သော ပုံစံကို ခွဲရန် ဖြစ်ပါသည်။

ချက်ပတ်ပတ်လည်ရှိ ခါးအရွယ်အစားကို တိုင်းတာရပါမည်။
• အမျိုးသားဖြစ်လျှင် ၁၀၂ စင်တီမီတာ ကျော်ပါက
• အမျိုးသမီးဖြစ်လျှင် ၈၈ စင်တီမီတာ ကျော်ပါက အဝလွန်ခြင်းကြောင့်ဖြစ်သော ဆီးချိုနှင့် နှလုံး ရောဂါများကို ပိုမိုခံစားရတတ်ပါသည်။

အဝလွန်ခြင်း အကြောင်းများသို့သော် နေ့စဉ်လိုအပ်သည်ထက် ပို၍စားသုံးပါက ပိုနေသောအာဟာရဓာတ်တို့ကို ခန္ဓာကိုယ်တွင် အဆီအဖြစ်ဖြင့် သိမ်းဆည်းထားပါသည်။ ကြာလာသောအခါ အဝလွန်လာသည်။သို့သော် အဝလွန်ခြင်းကို ဖြစ်စေသော အခြားသော အကြောင်းများလည်းရှိပါသည်။
• လိုအပ်သည်ထက် အစားပို၍စားသုံးခြင်း
• ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
• ရောဂါကြောင့် ၀ခြင်း
• သောက်သုံးနေသော ဆေးများကြောင့် ၀ခြင်း
• မျိုးရိုးလိုက်၍ ၀ခြင်း

ထို့အပြင် အဝလွန်သောလူများတွင် ပုံစံ (၂) မျိုးရှိပါသည်။
(၁) ပန်းသီးပုံကဲ့သို့ ဝမ်းဗိုက်ပတ်ပတ်လည်တွင် အဆီများစုနေသူ နှင့်
(၂) ပန်းသစ်တော်ကဲ့သို့ ကိုယ်ခန္ဓာ အနှံ့ အဆီစုနေသူ တို့ဖြစ်ပါသည်။
အဝလွန်ခြင်းသည် ဆိုးကျိုးများစွာ ပေးနိုင်ပါသည်။ နံပတ် (၁) ပုံစံ သည် ဆီးချိုကဲ့သို့သော ရောဂါများကို ပို၍ ဖြစ်စေနိုင်ပါသည်။

👉အဝလွန်ခြင်းကြောင့် မည်သည့်ဆိုးကျိုးများ ခံစားရနိုင်ပါသနည်း ❓
အဝလွန်သူများသည် သာမန်သူတစ်ယောက်ထက် (၇) နှစ်မှ (၁၃) နှစ် အထိ အသက် ပိုတိုတတ်ပါသည်။ အဓိကသေဆုံးရသော အကြောင်းရင်းများမှာ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါများကြောင့် ဖြစ်ပါသည်။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ တို့ကိုလည်း ဖြစ်စေရန် အားပေးပါသည်။ အဝလွန်ခြင်းကြောင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်း ကိုလက်စတောများခြင်း စသော ကိုယ်တွင်းဓာတ်ဖြစ်စဉ်များ ကမောက်ကမဖြစ်စေသော ရောဂါများ ဖြစ်လာသည်။ ထိုအခါ နောက်ဆက်တွဲ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ ရင်ဆိုင်ရပေသည်။ အသည်းတွင် အဆီများစုလာခြင်းကြောင့် အသဲအဆီဖုံးခြင်း၊ အသဲခြောက်ခြင်းများ ဖြစ်စေပါသည်။ထို့အပြင်
• အသက်ရူရခက်ခြင်း၊
• အမောမခံနိုင်ခြင်း၊
• ညအိပ်ပျော်စဉ် အသက်ရူရပ်တတ်ခြင်း
• ကလေးမရခြင်း
• ကိုယ်အလေးချိန်များသောကြောင့် ဒူးနာခြင်း၊ သွေးကြောထုံးခြင်း၊ ဆီးမထိန်းနိုင်ခြင်း
• ပတ်ဝန်းကျင်၏ လှောင်ပြောင်ခံရသောကြောင့် စိတ်ဓာတ်ကျခြင်း၊ လူများနှင့်ရင်မဆိုင်ရဲခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစဉ်ခြင်း
• ဝင်ငွေနည်းပါးခြင်း
• အရေပြားရောဂါများ
• ထိခိုက် ဒဏ်ရာရလွယ်ခြင်း (ချော်လဲခြင်း) စသည်တို့ကိုလည်း ဖြစ်စေနိုင်ပါသည်။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

#အဝလွန်ခြင်း #myDoctor #ဒေါက်တာချို(ဆေး ၁)  

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…