All Articlesသွားကျန်းမာရေး

The must-to-do Art of Tooth Brushing

1 Mins read

သွားတိုက်ခြင်းအနုပညာ

အခုတလော အနုပညာတွေ ခေတ်စားနေတော့ ကျွန်တော်ဟာလည်း အနုပညာတစ်ခုခု အကြောင်း ရေးချင်လာမိတယ်။ ဘာရေးရမလဲ စဉ်းစားလိုက်တဲ့အခါမှာ သွားဘက်ဆိုင်ရာဆရာဝန်တစ်ယောက်ပီပီ အခြေခံအကျဆုံးနဲ့ လွဲမှားသိရှိမှုအများဆုံး လိုက်နာမှုအားအနည်းဆုံးဖြစ်တဲ့ သွားတိုက်ခြင်းအကြောင်းကို ရေးဦးမှပါလေလို့ စိတ်ကူးရတဲ့အတွက်…

The must-to-do Art of Tooth Brushing
အနုပညာအလုပ်ဆိုတာ အနုစိတ်အသေးစိတ်အရာတစ်ခုကို စိတ်ပါလက်ပါလုပ်ရတဲ့ ပညာတစ်ခုဖြစ်ပါတယ်။ သွားတိုက်ခြင်းဟာလည်း အနုပညာအလုပ်တစ်ခုဖြစ်တယ်ဆိုရင် လက်ခံချင်မှ လက်ခံကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါဟာ အမှန်တရားတစ်ခုပါပဲ။ လူအတော်များများဟာ မျက်နှာပေါ်မှာ အနုစိတ်အသေးစိတ် စိတ်ပါလက်ပါခြယ်မှုန်းနိုင်ကြသလောက် ပါးစပ်ထဲမှာကျတော့ အနုစိတ်ခြယ်မှုန်းနိုင်မှု မတရားအားနည်းကြပါတယ်။ လုပ်ရိုးလုပ်စဉ်မို့သာ တော်ရိလျော်ရိလုပ်ဆောင်ကြတဲ့ အလုပ်တစ်ခုဖြစ်နေတာကို ဝမ်းနည်းစဖွယ် တွေ့ရပါတယ်။ အဆိုပါအကျိုးဆက်တွေဟာ အသက်ငယ်စဉ်မှာ သိသာချင်မှသိသာမှာ ဖြစ်ပေမယ့် အသက်အရွယ်ကြီးရင့်တဲ့အခါ သွားကျန်းမာရေးပြဿနာတွေကို သေချာပေါက်ခံစားကြရပါတယ်။ တစ်ချို့ဆို ငယ်ရွယ်စဉ်မှာကတည်းက သွားပိုးစားနေတဲ့သွားတွေ၊ သွားချေးကျောက်အထပ်ထပ်နဲ့သွားတွေ၊ ငုတ်တိုဖြစ်နေတဲ့ သွားတွေနဲ့ ခံတွင်းကျန်းမာရေး အင်မတန်ညံ့ဖျင်းကြတာကို တွေ့ရပါတယ်။ သူတို့ကိုမေးလိုက်ရင် သွားမတိုက်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။

သူတို့တွေ သွားအမြဲတမ်းတိုက်ရဲ့သားနဲ့ ဘာလို့ သွားတွေစုတ်ပြတ်သတ်နေရပါသလဲ။ အဖြေကတော့ အနုပညာဆန်စွာ သွားမတိုက်လို့ပါပဲ…။ ဒီတော့ သွားကို ဘယ်လို အနုပညာဆန်ဆန်တိုက်ရမလဲ ကြည့်ကြရအောင်။

ပထမအချက်အနေနဲ့ တစ်နေ့နှစ်ကြိမ်သွားတိုက်ရပါမယ်။ နှစ်ကြိမ်ဟာလည်း မနက်စာစားပြီးအချိန်နဲ့ ညအိပ်ရာမဝင်ခင် ဖြစ်ရပါမယ်။ အတော်များများက မနက်ထလာရင် သွားတိုက်ကြပါရဲ့။ ညဆို အပျင်းကြီးပြီး သွားမတိုက်ကြတာများပါတယ်။ အမှန်က တစ်နေ့လုံးစားသမျှအစားအစာတွေရဲ့ အကြွင်းအကျန်တွေက ပါးစပ်ထဲခိုအောင်းနေတဲ့အတွက် ညဘက်သွားမတိုက်ဘဲ အိပ်တာဟာ အလွန်မှကို အန္တရာယ်များလှပါတယ်။ ညဘက်ခံတွင်းသန့်ရှင်းစွာနဲ့အိပ်စက်ထားတဲ့အခါ မနက်ရောက်ရင် ပါးလုတ်ကျင်းရုံနဲ့လုံလောက်ပြီး မနက်စာစားပြီးအချိန်မှသာ တစ်ကြိမ်သွားတိုက်သင့်ပါတယ်။ အဲ့လိုဆိုရင် သွားနှင့်ခံတွင်းသန့်ရှင်းနေတဲ့ အာနိသင်ဟာ ညရယ် နောက်တစ်နေ့ နေ့လည်အထိရယ်ပါ တည်ရှိနေမှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ငယ်ကတည်းကသင်ခဲ့ရတဲ့ စောစောထ သွားတိုက်…blah blah… အစာစား..ဆိုတဲ့ ဆောင်ပုဒ်ဟာ လွဲမှားတဲ့ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးမှုတစ်ခုပါ။ ဆိုလိုတာက မှန်ကန်တဲ့အချိန်မှာ အနုပညာဆန်စွာနဲ့ သွားတိုက်တတ်ကြဖို့ပါ။

ဒုတိယအချက်အနေနဲ့ သွားတစ်ခါတိုက်ရင် အနည်းဆုံးသုံးမိနစ်ထိ စိတ်ပါလက်ပါသွားတိုက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တကယ့်ကို အနုပညာဆန်ဆန် သွားတွေရဲ့မျက်နှာပြင်အားလုံးကို အသေးစိတ်သွားတိုက်သန့်ရှင်းရပါတော့မယ်။ သွားရဲ့မြင်နေရတဲ့ အရှေ့မျက်နှာပြင်တွေ၊ အံသွားရဲ့ ဝါးတဲ့ မျက်နှာပြင်တွေ၊ သွားတိုင်းရဲ့ မမြင်ရတဲ့ အတွင်းဘက်ရောက်နေတဲ့ မျက်နှာပြင်တွေ (ဥပမာ-အောက်သွားရဲ့ လျှာနဲ့မျက်နှာခြင်းဆိုင်ရှိနေတဲ့ မျက်နှာပြင်တွေပါ။ အဆိုပါမျက်နှာပြင်ဟာ သွားတိုက်တံရောက်ဖို့ အလွယ်တကူမကြိုးစားကြဘဲ တော်ရိလျော်ရိသွားတိုက်နေကြတဲ့အပြင် လျှာအောက် တံတွေးအကျိတ်နဲ့အရမ်းနီးကပ်တဲ့အတွက် သွားကျောက်အတည်အများဆုံးနေရာလဲဖြစ်ပါတယ်။) ရှိသမျှမျက်နှာပြင်တိုင်းကို သွားတစ်ချောင်းကိုဆယ်ကြိမ်ခန့်စိတ်ပါလက်ပါ ပွတ်ဆွဲသွားတိုက်ကြရမှာ ဖြစ်ပါတယ်။

အပေါ်သွားဆိုရင် သွားတိုက်တံအမျှင်ကို သွားဖုံးသားပေါ်တင်ပြီး အောက်ကိုဆွဲချတိုက်ရမှာ ဖြစ်ပြီး အောက်သွားဆိုရင်လဲ သွားတိုက်တံအမျှင်ကို သွားဖုံးသားပေါ်တင်ပြီး အောက်ကနေအပေါ်ကို ဆွဲတင်တိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ သွားဖုံးသားကိုလဲ တစ်ခါတည်းနှိပ်နယ်ပေးပြီးသားဖြစ်ပြီး သွားဖုံးသား သွေးလည်ပတ်မှု ကောင်းစေမှာပါ။ တစ်ခုရှိတာက လုံးဝကန့်လန့်ဖြတ်သွားမတိုက်ကြဖို့ပါ။ ကန့်လန့်ဖြစ်သွားတိုက်တဲ့အခါ အချိန်ကြာလာရင် သွားအခြေမှာ တိုက်စားပွန်းပဲ့ကုန်ပြီး ကျင်လာတတ်ပါတယ်။ မကုသဘဲထားရင် သွားတွေ ခါးပြတ်ပြီး ကျိုးပဲ့သွားနိုင်ပါတယ်။ နောက်တစ်ခုက လျှာမျက်နှာပြင်ရော တိုက်ပေးဖို့ပါ။ လျှာမှာလည်း မမြင်ရတဲ့ စားကြွင်းစားကျန်နဲ့ ပိုးမွှားလေးတွေ ကပ်ငြိနေတတ်တာမို့ သွားတိုက်ရင် လျှာကိုပါ တစ်ပါတည်း တိုက်ပေးပြီး သန့်ရှင်းပေးသင့်ပါတယ်။

တကယ်တမ်းသာ သွားကို စိတ်ပါလက်ပါ အနုပညာဆန်စွာနဲ့ ဖော်ပြခဲ့သလို စနစ်မှန်သွားတိုက်နည်းနဲ့ တစ်ချောင်းချင်းသေချာ သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သုံးမိနစ်ဟာ အချိန်ကုန်မှန်းမသိကုန်သွားမှာပါ။ မျက်နှာမှာ မိတ်ကပ်တွေကို တစ်နာရီလောက်မပျင်းမရိခြယ်သနေသလို၊ ခေါင်းပေါ်မှာ Gel တွေကို နာရီဝက်လောက် စိတ်ပါလက်ပါ လိမ်းပြီးသနေသလို သွားကိုသာ မနက်သုံးမိနစ် ညသုံးမိနစ်လောက်ပဲ သေချာသန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သွားနှင့်ခံတွင်းကျန်းမာရေးပြဿနာတွေကနေ ကင်းဝေးနေမှာပါ။ မဟုတ်ရင်တော့ သွားကိုက် သွားနာ သွားကျောက်တည်ပြီး ခံတွင်းအနံ့ဆိုး သွားဖုံးသွေးထွက်တာတွေနဲ့ မိတ်ဆွေဖွဲ့နေကြရမှာပါ။

မျက်နှာဘယ်လောက်ပဲလှပပါစေ ခံတွင်းထဲစုတ်ပြတ်သတ်နေရင် အထင်သေးကြတာ ဒီနိုင်ငံမှာ သွားဆရာဝန်တွေနဲ့ လူအနည်းစုပဲရှိပေမယ့် နိုင်ငံရပ်ခြားမှာတော့ အကုန်လုံးနီးပါး နှာခေါင်းရှုံ့ကြပါတယ်။ ဆိုတော့ ရုပ်လှတာထက် စိတ်လှဖို့က ပိုအရေးကြီးတယ် ပြောကြသလို သွားနှင့်ခံတွင်း လှပသန့်ရှင်းဖို့ကလည်း ထပ်တူအရေးကြီးပါကြောင်း။

သုဈာန်

သြားတိုက္ျခင္းအႏုပညာ

အခုတေလာ အႏုပညာေတြ ေခတ္စားေနေတာ့ ကြၽန္ေတာ္ဟာလည္း အႏုပညာတစ္ခုခု အေၾကာင္း ေရးခ်င္လာမိတယ္။ ဘာေရးရမလဲ စဥ္းစားလိုက္တဲ့အခါမွာ သြားဘက္ဆိုင္ရာဆရာဝန္တစ္ေယာက္ပီပီ အေျခခံအက်ဆုံးနဲ႔ လြဲမွားသိရွိမႈအမ်ားဆုံး လိုက္နာမႈအားအနည္းဆုံးျဖစ္တဲ့ သြားတိုက္ျခင္းအေၾကာင္းကို ေရးဦးမွပါေလလို႔ စိတ္ကူးရတဲ့အတြက္…

The must-to-do Art of Tooth Brushing
အႏုပညာအလုပ္ဆိုတာ အႏုစိတ္အေသးစိတ္အရာတစ္ခုကို စိတ္ပါလက္ပါလုပ္ရတဲ့ ပညာတစ္ခုျဖစ္ပါတယ္။ သြားတိုက္ျခင္းဟာလည္း အႏုပညာအလုပ္တစ္ခုျဖစ္တယ္ဆိုရင္ လက္ခံခ်င္မွ လက္ခံၾကပါလိမ့္မယ္။ ဒါေပမယ့္ အဲ့ဒါဟာ အမွန္တရားတစ္ခုပါပဲ။ လူအေတာ္မ်ားမ်ားဟာ မ်က္ႏွာေပၚမွာ အႏုစိတ္အေသးစိတ္ စိတ္ပါလက္ပါျခယ္မႈန္းႏိုင္ၾကသေလာက္ ပါးစပ္ထဲမွာက်ေတာ့ အႏုစိတ္ျခယ္မႈန္းႏိုင္မႈ မတရားအားနည္းၾကပါတယ္။ လုပ္႐ိုးလုပ္စဥ္မို႔သာ ေတာ္ရိေလ်ာ္ရိလုပ္ေဆာင္ၾကတဲ့ အလုပ္တစ္ခုျဖစ္ေနတာကို ဝမ္းနည္းစဖြယ္ ေတြ႕ရပါတယ္။ အဆိုပါအက်ိဳးဆက္ေတြဟာ အသက္ငယ္စဥ္မွာ သိသာခ်င္မွသိသာမွာ ျဖစ္ေပမယ့္ အသက္အ႐ြယ္ႀကီးရင့္တဲ့အခါ သြားက်န္းမာေရးျပႆနာေတြကို ေသခ်ာေပါက္ခံစားၾကရပါတယ္။ တစ္ခ်ိဳ႕ဆို ငယ္႐ြယ္စဥ္မွာကတည္းက သြားပိုးစားေနတဲ့သြားေတြ၊ သြားေခ်းေက်ာက္အထပ္ထပ္နဲ႔သြားေတြ၊ ငုတ္တိုျဖစ္ေနတဲ့ သြားေတြနဲ႔ ခံတြင္းက်န္းမာေရး အင္မတန္ညံ့ဖ်င္းၾကတာကို ေတြ႕ရပါတယ္။ သူတို႔ကိုေမးလိုက္ရင္ သြားမတိုက္တဲ့သူ တစ္ေယာက္မွ မရွိပါဘူး။

သူတို႔ေတြ သြားအၿမဲတမ္းတိုက္ရဲ႕သားနဲ႔ ဘာလို႔ သြားေတြစုတ္ျပတ္သတ္ေနရပါသလဲ။ အေျဖကေတာ့ အႏုပညာဆန္စြာ သြားမတိုက္လို႔ပါပဲ…။ ဒီေတာ့ သြားကို ဘယ္လို အႏုပညာဆန္ဆန္တိုက္ရမလဲ ၾကည့္ၾကရေအာင္။

ပထမအခ်က္အေနနဲ႔ တစ္ေန႔ႏွစ္ႀကိမ္သြားတိုက္ရပါမယ္။ ႏွစ္ႀကိမ္ဟာလည္း မနက္စာစားၿပီးအခ်ိန္နဲ႔ ညအိပ္ရာမဝင္ခင္ ျဖစ္ရပါမယ္။ အေတာ္မ်ားမ်ားက မနက္ထလာရင္ သြားတိုက္ၾကပါရဲ႕။ ညဆို အပ်င္းႀကီးၿပီး သြားမတိုက္ၾကတာမ်ားပါတယ္။ အမွန္က တစ္ေန႔လုံးစားသမွ်အစားအစာေတြရဲ႕ အႂကြင္းအက်န္ေတြက ပါးစပ္ထဲခိုေအာင္းေနတဲ့အတြက္ ညဘက္သြားမတိုက္ဘဲ အိပ္တာဟာ အလြန္မွကို အႏၲရာယ္မ်ားလွပါတယ္။ ညဘက္ခံတြင္းသန႔္ရွင္းစြာနဲ႔အိပ္စက္ထားတဲ့အခါ မနက္ေရာက္ရင္ ပါးလုတ္က်င္း႐ုံနဲ႔လုံေလာက္ၿပီး မနက္စာစားၿပီးအခ်ိန္မွသာ တစ္ႀကိမ္သြားတိုက္သင့္ပါတယ္။ အဲ့လိုဆိုရင္ သြားႏွင့္ခံတြင္းသန႔္ရွင္းေနတဲ့ အာနိသင္ဟာ ညရယ္ ေနာက္တစ္ေန႔ ေန႔လည္အထိရယ္ပါ တည္ရွိေနမွာ ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ ငယ္ကတည္းကသင္ခဲ့ရတဲ့ ေစာေစာထ သြားတိုက္…blah blah… အစာစား..ဆိုတဲ့ ေဆာင္ပုဒ္ဟာ လြဲမွားတဲ့ သြားႏွင့္ခံတြင္းက်န္းမာေရး အသိပညာေပးမႈတစ္ခုပါ။ ဆိုလိုတာက မွန္ကန္တဲ့အခ်ိန္မွာ အႏုပညာဆန္စြာနဲ႔ သြားတိုက္တတ္ၾကဖို႔ပါ။

ဒုတိယအခ်က္အေနနဲ႔ သြားတစ္ခါတိုက္ရင္ အနည္းဆုံးသုံးမိနစ္ထိ စိတ္ပါလက္ပါသြားတိုက္ရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ တကယ့္ကို အႏုပညာဆန္ဆန္ သြားေတြရဲ႕မ်က္ႏွာျပင္အားလုံးကို အေသးစိတ္သြားတိုက္သန႔္ရွင္းရပါေတာ့မယ္။ သြားရဲ႕ျမင္ေနရတဲ့ အေရွ႕မ်က္ႏွာျပင္ေတြ၊ အံသြားရဲ႕ ဝါးတဲ့ မ်က္ႏွာျပင္ေတြ၊ သြားတိုင္းရဲ႕ မျမင္ရတဲ့ အတြင္းဘက္ေရာက္ေနတဲ့ မ်က္ႏွာျပင္ေတြ (ဥပမာ-ေအာက္သြားရဲ႕ လွ်ာနဲ႔မ်က္ႏွာျခင္းဆိုင္ရွိေနတဲ့ မ်က္ႏွာျပင္ေတြပါ။ အဆိုပါမ်က္ႏွာျပင္ဟာ သြားတိုက္တံေရာက္ဖို႔ အလြယ္တကူမႀကိဳးစားၾကဘဲ ေတာ္ရိေလ်ာ္ရိသြားတိုက္ေနၾကတဲ့အျပင္ လွ်ာေအာက္ တံေတြးအက်ိတ္နဲ႔အရမ္းနီးကပ္တဲ့အတြက္ သြားေက်ာက္အတည္အမ်ားဆုံးေနရာလဲျဖစ္ပါတယ္။) ရွိသမွ်မ်က္ႏွာျပင္တိုင္းကို သြားတစ္ေခ်ာင္းကိုဆယ္ႀကိမ္ခန႔္စိတ္ပါလက္ပါ ပြတ္ဆြဲသြားတိုက္ၾကရမွာ ျဖစ္ပါတယ္။

အေပၚသြားဆိုရင္ သြားတိုက္တံအမွ်င္ကို သြားဖုံးသားေပၚတင္ၿပီး ေအာက္ကိုဆြဲခ်တိုက္ရမွာ ျဖစ္ၿပီး ေအာက္သြားဆိုရင္လဲ သြားတိုက္တံအမွ်င္ကို သြားဖုံးသားေပၚတင္ၿပီး ေအာက္ကေနအေပၚကို ဆြဲတင္တိုက္ရမွာ ျဖစ္ပါတယ္။ ဒါမွသာ သြားဖုံးသားကိုလဲ တစ္ခါတည္းႏွိပ္နယ္ေပးၿပီးသားျဖစ္ၿပီး သြားဖုံးသား ေသြးလည္ပတ္မႈ ေကာင္းေစမွာပါ။ တစ္ခုရွိတာက လုံးဝကန႔္လန႔္ျဖတ္သြားမတိုက္ၾကဖို႔ပါ။ ကန႔္လန႔္ျဖစ္သြားတိုက္တဲ့အခါ အခ်ိန္ၾကာလာရင္ သြားအေျခမွာ တိုက္စားပြန္းပဲ့ကုန္ၿပီး က်င္လာတတ္ပါတယ္။ မကုသဘဲထားရင္ သြားေတြ ခါးျပတ္ၿပီး က်ိဳးပဲ့သြားႏိုင္ပါတယ္။ ေနာက္တစ္ခုက လွ်ာမ်က္ႏွာျပင္ေရာ တိုက္ေပးဖို႔ပါ။ လွ်ာမွာလည္း မျမင္ရတဲ့ စားႂကြင္းစားက်န္နဲ႔ ပိုးမႊားေလးေတြ ကပ္ၿငိေနတတ္တာမို႔ သြားတိုက္ရင္ လွ်ာကိုပါ တစ္ပါတည္း တိုက္ေပးၿပီး သန႔္ရွင္းေပးသင့္ပါတယ္။

တကယ္တမ္းသာ သြားကို စိတ္ပါလက္ပါ အႏုပညာဆန္စြာနဲ႔ ေဖာ္ျပခဲ့သလို စနစ္မွန္သြားတိုက္နည္းနဲ႔ တစ္ေခ်ာင္းခ်င္းေသခ်ာ သန႔္ရွင္းေရးလုပ္ေပးမယ္ဆိုရင္ သုံးမိနစ္ဟာ အခ်ိန္ကုန္မွန္းမသိကုန္သြားမွာပါ။ မ်က္ႏွာမွာ မိတ္ကပ္ေတြကို တစ္နာရီေလာက္မပ်င္းမရိျခယ္သေနသလို၊ ေခါင္းေပၚမွာ Gel ေတြကို နာရီဝက္ေလာက္ စိတ္ပါလက္ပါ လိမ္းၿပီးသေနသလို သြားကိုသာ မနက္သုံးမိနစ္ ညသုံးမိနစ္ေလာက္ပဲ ေသခ်ာသန႔္ရွင္းေရးလုပ္ေပးမယ္ဆိုရင္ သြားႏွင့္ခံတြင္းက်န္းမာေရးျပႆနာေတြကေန ကင္းေဝးေနမွာပါ။ မဟုတ္ရင္ေတာ့ သြားကိုက္ သြားနာ သြားေက်ာက္တည္ၿပီး ခံတြင္းအနံ႔ဆိုး သြားဖုံးေသြးထြက္တာေတြနဲ႔ မိတ္ေဆြဖြဲ႕ေနၾကရမွာပါ။

မ်က္ႏွာဘယ္ေလာက္ပဲလွပပါေစ ခံတြင္းထဲစုတ္ျပတ္သတ္ေနရင္ အထင္ေသးၾကတာ ဒီႏိုင္ငံမွာ သြားဆရာဝန္ေတြနဲ႔ လူအနည္းစုပဲရွိေပမယ့္ ႏိုင္ငံရပ္ျခားမွာေတာ့ အကုန္လုံးနီးပါး ႏွာေခါင္းရႈံ႕ၾကပါတယ္။ ဆိုေတာ့ ႐ုပ္လွတာထက္ စိတ္လွဖို႔က ပိုအေရးႀကီးတယ္ ေျပာၾကသလို သြားႏွင့္ခံတြင္း လွပသန႔္ရွင္းဖို႔ကလည္း ထပ္တူအေရးႀကီးပါေၾကာင္း။

သုဈာန္

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *