သွားအရောင်စွန်းထင်းခြင်းကိုဖြစ်စေသော အကြောင်းရင်းများ
ဒီနိုင်ငံမှာ သွားတွေမဖြူဘဲ အရောင်တွေစွန်းထင်းနေခြင်းရဲ့ အဓိကတရားခံ လေးခုရှိပါတယ်။ ဘာတွေလဲဆိုတော့…
၁။ ကွမ်းယာ
ဒီနိုင်ငံမှာ သွားအရောင်စွန်းထင်းမှုအဖြစ်အများဆုံးရဲ့ တရားခံပါ။ ကွမ်းစားတဲ့သူဟာ သွားတွေရဲပတောင်းခတ်နေသလို ကွမ်းချိုးပြောင်သွားအောင် ခြစ်မယ်ဆိုရင်လည်း ကုသမှုပေးမယ့် သွားဆရာဝန် စိတ်ညစ်ရလောက်အောင် ကွမ်းကြောင့်ဖြစ်တဲ့အရောင်စွန်းမှုတွေက အရမ်းဆိုးဝါးပါတယ်။
သွားဆရာဝန်ဘာကြောင့်စိတ်ညစ်ရသလဲဆိုရင် အချိန်အရမ်းပေး အရမ်းအာရုံစူးစိုက်ပြီး ဖယ်ရှားပေးမှ ပြောင်နိုင်မယ့် ကွမ်းချိုးတွေဖြစ်နေလို့ပါ။
၂။ အစားအသောက်များ
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ဝိုင် အစရှိတဲ့ အဖျော်ယမကာတွေနဲ့ အသီးတစ်ချို့ဟာ သွားကိုအရောင်စွန်းစေပါတယ်။ ကော်ဖီ လက်ဖက်ရည်သောက်ပြီး သွားသန့်ရှင်းရေးကို အားနည်းနေရင်တော့ ကာလကြာရင် သွားတွေမှာ ကော်ဖီချိုး လက်ဖက်ရည်ချိုးတွေ ကပ်နေတတ်ပါတယ်။
၃။ ဆေးလိပ်
ဆေးလိပ်သောက်သူအများစုဟာ သွားတွေမှာ ဆေးလိပ်ခိုးတွေရိုက်ပြီး အရောင်တွေညစ်စွန်းနေတတ်ပါတယ်။ သွားဖုံးသားများဟာလည်း ညိုညစ်ညစ်နဲ့ အားနည်းနေတတ်ပါတယ်။
၄။ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း
ကော်ဖီ၊လက်ဖက်ရည်သောက်နေကျသူ၊ ကွမ်းစား ဆေးလိပ်သောက်တတ်သူဟာ သွားနှင့်ခံတွင်းသန့်ရှင်းရေးမှာလည်း အားနည်းနေရင်တော့ သွားချေးကျောက်တွေနဲ့အတူ အစွန်းအထင်းတွေဟာ စိတ်ပျက်စရာကောင်းလောက်အောင်ကို များပြားနေပါလိမ့်မယ်။
သွားရဲ့အပြင်မျက်နှာပြင်ကိုပဲ သေချာသန့်ရှင်းရေးလုပ်တတ်ကြသူတွေမှာ သွားအတွင်းမျက်နှာပြင်တွေဟာ အလွယ်တကူမမြင်ရတာကြောင့် အရောင်စွန်းထင်းမှုကို မမြင်ရဘဲ ပေါ့ဆနေတတ်ကြပါတယ်။ သွားတွေမှာ အရောင်စွန်းတာတွေ ရှိမရှိသိချင်တယ် ဂရုတစိုက်ကုသမှုခံယူချင်တယ်ဆိုရင်တော့ နီးစပ်ရာ သွားဘက်ဆိုင်ရာ ဆရာဝန်ထံ ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေးကုသမှုခံယူတာ အကောင်းဆုံးပါပဲ။
မေတ္တာဖြင့်-
သုဈာန်
သြားအေရာင္စြန္းထင္းျခင္းကိုျဖစ္ေစေသာ အေၾကာင္းရင္းမ်ား
ဒီႏိုင္ငံမွာ သြားေတြမျဖဴဘဲ အေရာင္ေတြစြန္းထင္းေနျခင္းရဲ႕ အဓိကတရားခံ ေလးခုရွိပါတယ္။ ဘာေတြလဲဆိုေတာ့…
၁။ ကြမ္းယာ
ဒီႏိုင္ငံမွာ သြားအေရာင္စြန္းထင္းမႈအျဖစ္အမ်ားဆုံးရဲ႕ တရားခံပါ။ ကြမ္းစားတဲ့သူဟာ သြားေတြရဲပေတာင္းခတ္ေနသလို ကြမ္းခ်ိဳးေျပာင္သြားေအာင္ ျခစ္မယ္ဆိုရင္လည္း ကုသမႈေပးမယ့္ သြားဆရာဝန္ စိတ္ညစ္ရေလာက္ေအာင္ ကြမ္းေၾကာင့္ျဖစ္တဲ့အေရာင္စြန္းမႈေတြက အရမ္းဆိုးဝါးပါတယ္။
သြားဆရာဝန္ဘာေၾကာင့္စိတ္ညစ္ရသလဲဆိုရင္ အခ်ိန္အရမ္းေပး အရမ္းအာ႐ုံစူးစိုက္ၿပီး ဖယ္ရွားေပးမွ ေျပာင္ႏိုင္မယ့္ ကြမ္းခ်ိဳးေတြျဖစ္ေနလို႔ပါ။
၂။ အစားအေသာက္မ်ား
ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုကာကိုလာ၊ ဝိုင္ အစရွိတဲ့ အေဖ်ာ္ယမကာေတြနဲ႔ အသီးတစ္ခ်ိဳ႕ဟာ သြားကိုအေရာင္စြန္းေစပါတယ္။ ေကာ္ဖီ လက္ဖက္ရည္ေသာက္ၿပီး သြားသန႔္ရွင္းေရးကို အားနည္းေနရင္ေတာ့ ကာလၾကာရင္ သြားေတြမွာ ေကာ္ဖီခ်ိဳး လက္ဖက္ရည္ခ်ိဳးေတြ ကပ္ေနတတ္ပါတယ္။
၃။ ေဆးလိပ္
ေဆးလိပ္ေသာက္သူအမ်ားစုဟာ သြားေတြမွာ ေဆးလိပ္ခိုးေတြ႐ိုက္ၿပီး အေရာင္ေတြညစ္စြန္းေနတတ္ပါတယ္။ သြားဖုံးသားမ်ားဟာလည္း ညိဳညစ္ညစ္နဲ႔ အားနည္းေနတတ္ပါတယ္။
၄။ သြားႏွင့္ခံတြင္းက်န္းမာေရးေစာင့္ေရွာက္မႈ ညံ့ဖ်င္းျခင္း
ေကာ္ဖီ၊လက္ဖက္ရည္ေသာက္ေနက်သူ၊ ကြမ္းစား ေဆးလိပ္ေသာက္တတ္သူဟာ သြားႏွင့္ခံတြင္းသန႔္ရွင္းေရးမွာလည္း အားနည္းေနရင္ေတာ့ သြားေခ်းေက်ာက္ေတြနဲ႔အတူ အစြန္းအထင္းေတြဟာ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ကို မ်ားျပားေနပါလိမ့္မယ္။
သြားရဲ႕အျပင္မ်က္ႏွာျပင္ကိုပဲ ေသခ်ာသန႔္ရွင္းေရးလုပ္တတ္ၾကသူေတြမွာ သြားအတြင္းမ်က္ႏွာျပင္ေတြဟာ အလြယ္တကူမျမင္ရတာေၾကာင့္ အေရာင္စြန္းထင္းမႈကို မျမင္ရဘဲ ေပါ့ဆေနတတ္ၾကပါတယ္။ သြားေတြမွာ အေရာင္စြန္းတာေတြ ရွိမရွိသိခ်င္တယ္ ဂ႐ုတစိုက္ကုသမႈခံယူခ်င္တယ္ဆိုရင္ေတာ့ နီးစပ္ရာ သြားဘက္ဆိုင္ရာ ဆရာဝန္ထံ ေျခာက္လတစ္ႀကိမ္ ပုံမွန္စစ္ေဆးကုသမႈခံယူတာ အေကာင္းဆုံးပါပဲ။
ေမတၱာျဖင့္-
သုဈာန္