Stress Warning Sign

😯 စိတ် ဖိစီးနေခြင်းကို သတိပေးနေသော အချက်များ
စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေဟာ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ဖြစ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာတွေ ထဲက တစ်ခုခုဖြစ်နိုင်ပါတယ်။


📌ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့


⚡️ ရင်ထဲမှာ လေးလံမွန်းကြပ်သလိုခံစားနေရခြင်း
⚡️ နှလုံးခုန်မြန်ခြင်း
⚡️ ရင်ဘတ်အောင့်ခြင်း
⚡️ ပခုံး လည်ပင်းနဲ့ ကျောဘက်နာကျင်ခြင်း
⚡️ ခေါင်းကိုက်ခြင်း၊သွားများကြိတ်ခြေခြင်း
⚡️ မေးရိုးများ တင်းခြင်း
⚡️ အစားအသောက်ပေါ်မူတည်ပြီး ဝိတ်တက်လာခြင်း ကျလာခြင်း
⚡️ ပုံမှန်ထက် အိပ်နေခြင်း
⚡️ အိပ်မရခြင်း
⚡️ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများရလာခြင်း
⚡️ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောဝမ်းပျက်ခြင်း
⚡️ ဗိုက်ခဏခဏအောင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အခက်အခဲဖြစ်လာခြင်းတို့ ပဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာအနေနဲ့ကတော့ ပုံမှန်ထက် စိတ်ခံစားမှုလွယ်လာခြင်း ဥပမာ ဝမ်းနည်းလွယ်ခြင်း စိတ်တိုဒေါသထွက်လွယ်ခြင်း၊ အစွန်းရောက်ခံစားမှုဖြစ်ပေါ်ခြင်း၊တစ်ခုခုကို ထပ်ခါတလဲလဲလုပ်နေမိခြင်း၊ပြဿနာ‌ဖြေရှင်းခြင်းနဲ့ ဆုံးဖြတ်ချက်ချရာမှာ အခက်အခဲဖြစ်နေခြင်း၊အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်ဖိစီးမှုပြေလျော့စေရန် အရက်နဲ့ ဆေးဝါးများ သုံးစွဲမိနေခြင်းတို့ဖြစ်ပါတယ်။

📌တကယ်လို့ကိုယ်က စိတ်ဖိစီးမှုကို ခံစားနေရရင် ဘယ်လို Cope လုပ်နိုင်လဲ ❓
✓Take some time to relax
Relax လုပ်ရန် မိမိကိုယ်တိုင်အတွက် အချိန်ယူပါ။

✓Read a book
ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ် ဒါမှမဟုတ် စိတ်ခံစားမှုကို မြှင့်တင်ပေးသော ခွန်အားဖြစ်စာပေများ ဖတ်ပေးပါ။

✓Listen to music , dance to music
ကြိုက်နှစ်သက်တဲ့ သီချင်း နဲ့ သီဆို ကခုန်ခြင်းများ ပြုလုပ်ပေးပါ။

✓Take a walk. Practice yoga.
မနက်ပိုင်း သို့မဟုတ် ညနေ နေအေးအေးမှာ လမ်းလျှောက်ပေးခြင်းနဲ့ ယောဂလေ့ကျင့်ခန်းများပြုလုပ်ပေးပါ။

✓Enjoy a soothing bath.
ရေအေးအေးလေး နဲ့ ရေချိုးခြင်း (သို့) ကြက်သီးနွေးရေနဲ့ရေချိုးနိုင်ပါတယ်။

✓ Sit in silence with your eyes closed .
မျက်လုံးကို မှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ နေပေးခြင်းဟာ စိတ်ကို အေးချမ်းစေပါတယ်။

✓ Light a scented candle .
မီးအလင်းရောင်နဲ့ မဟုတ်ဘဲ ဖယောင်းတိုင်အလင်းရောင်နဲ့ နေခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။

✓Take a medicine.
Stress ကိုလျှော့ချပေးသော အားဆေးများကိုလည်း သောက် သုံးပေးနိုင်ပါတယ်။

✓Get quality sleep .အိပ်ရေးဝဝအိပ်ပါ။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းရစေရန် မအိပ်ခင်မှာ ရေချိုးပေးပါ။✓ Maintain a healthy diet.ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်တာတွေပြုလုပ်ပြီး စိတ်ဖိစီးမှုကို ‌ဖြေရှင်းပေးနိုင်ပါတယ်။

#BetexStres#myDoctor

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…