သွားနှုတ်ပြီး လူနာများ လိုက်နာရန် အချက်များ
ဒီနိုင်ငံမှာ လူအများစုဟာ သွားနှုတ်ခံရတဲ့ အတွေ့အကြုံတွေ ရှိထားကြမယ်လို့ ထင်ပါတယ်။ ကလေးအရွယ်မှာ ကြီးသွားကျွတ်ချိန်တန်ပေမယ့် မကျွတ်သေးလို့ နှုတ်ပစ်ရတာတွေ၊ အသက်ခြာက်နှစ်မှာ ပထမဆုံးပေါက်တဲ့ လူကြီးသွား(အံသွား)ကို ကလေးသွားထင်ပြီး ဂရုမစိုက်ဘဲ ပစ်ထားမိလို့ သွားပိုးစားပြီး နှုတ်ပစ်ရတာတွေ၊ သွားနှင့်ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းလို့ အကြောထုတ်ကုသလို့မရနိုင်တော့ဘဲ သွားကိုနှုတ်ပစ်ရတာတွေဟာ ဒီမှာဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပါတယ်။
ဆိုတော့ လူတိုင်း မကင်းနိုင်ကြသေးတဲ့ သွားနှုတ်ခံရခြင်းနောက်ပိုင်းမှာ ဘယ်အချက်တွေ လိုက်နာဖို့ရှိသလဲ…။ သင့်ရဲ့ သွားကိုနှုတ်ပေးတဲ့ သွားဆရာဝန်က သေချာ မှာလိုက်မှာ ဖြစ်ပေမယ့် သွားနှုတ်ခံထားရတဲ့ စိတ်လှုပ်ရှားနေတဲ့ လူနာအဖို့ စကားဆယ်ခွန်းမှာ ဆယ်ခွန်းလုံး အပြည့်မမှတ်မိတတ်ကြပါဘူး။
အောက်မှာ သွားနှုတ်ခံထားရပြီးရင် ဘာတွေ လိုက်နာရမလဲဆိုတာ ဖော်ပြပေးထားပါတယ်။
၁။ ဂွမ်းကိုနာရီဝက်ဖိကိုက်ထားပါ။
သွားဆရာဝန်က သင့်ရဲ့သွားကိုနှုတ်ပေးပြီးနောက်ပိုင်းမှာ သွားအမြစ်ပေါက်နေရာကနေ ထွက်နေတဲ့သွေးတွေ တိတ်စေဖို့အတွက် ဂွမ်းကိုထည့်ပေးပြီးဖိကိုက်ထားခိုင်းတတ်ပါတယ်။ တစ်ခုရှိတာက အဆိုပါဂွမ်းကို ကိုက်ထားတဲ့အချိန်မှာ ကိုက်ထားတာကို လုံးဝမလွှတ်ရပါဘူး။ စကားပြောချင်ရင်လဲ ကိုက်လျက်သားပြောပါ။ မပြောလေကောင်းလေပါပဲ။ တံတွေးထွက်လာရင်လည်း မြိုချရပါမယ်။ ဂွမ်းနဲ့အတူ သွေးခဲပါလိုက်ပြုတ်ထွက်သွားရင် Dry Socket လိုမျိုး နောက်ဆက်တွဲ ရောဂါဖြစ်လာနိုင်ပါတယ်။
၂။ ဆရာဝန်မှာကြားတဲ့အတိုင်း ဆေးကိုသေချာသောက်ပါ။
တစ်ချို့သွားဆရာဝန်တွေဟာ သွားမနှုတ်ခင်မှာ ဆေးကို ကြိုတိုက်တတ်ကြသလို တစ်ချို့က နာရီဝက်ကိုက်ထားခိုင်းတဲ့ ဂွမ်းကိုထုတ်ပြီးမှသာ ဆေးသောက်ခိုင်းတတ်ကြပါတယ်။ နောက်ပြီး ဆေးကိုနောက်ရက်တွေမှာ ထပ်သောက်ဖို့ညွှန်ကြားတတ်ပါတယ်။ အဆိုပါ ညွှန်ကြားထားတဲ့ ဆေးကို ဆေးပတ်လည်အောင် သုံးရက်စာဆို သုံးရက်အပြည့်သောက်ပေးပါ။
၃။ ၂၄ နာရီအတွင်း ပလုတ်ကျင်းခြင်း၊ တံတွေးထွေးခြင်း၊ အချိုရည်များကို ပိုက်နဲ့စုပ်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ရ။
ပလုတ်ကျင်းခြင်းဟာ သွားနှုတ်ထားတဲ့နေရာမှာ ကပ်ပြီးပိတ်ပေးနေတဲ့ သွေးခဲတွေကို ပြန်ကွာအောင် ပြုလုပ်နိုင်သလို တစ်ခြားအပြုအမူဟာလည်း ပါးစပ်အတွင်းမှာ လေကိုစုပ်ယူတာဖြစ်တဲ့အတွက် အနာကိုပိတ်ထားပေးနေတဲ့ သွေးခဲတွေကို ပြန်ကွာစေပါတယ်။
၄။ သွားနှုတ်ထားသောနေရာအား လျှာဖြင့်ထိုးကြည့်ခြင်း၊ လက်ဖြင့်နှိုက်ကြည့်ခြင်း မပြုလုပ်ရ။
အဆိုပါအပြုအမူတွေဟာ ပိတ်ပေးနေတဲ့သွေးခဲတွေကို ပြန်ကွာထွက်စေပါတယ်။
၅။ အပူများ မစားသုံးရ။
ကော်ဖီအပူ ဟင်းရည်အပူ လက်ဖက်ရည်အပူ ရေနွေးကြမ်းအပူတွေဟာ ပိတ်နေတဲ့သွေးခဲတွေကို ပြန်ပျော်စေနိုင်ပါတယ်။
၆။ ငါးရက်ခန့်အထိ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းမပြုလုပ်ရ။ အပုပ်ခံထားသောအစားအစာများ၊ လက်လုပ်ချဉ်များ မစားရ။
၇။ သွားနှုတ်ပြီး ပါးများရောင်လာပါက ရေခဲအိတ်ကပ်ပေးပါ။
ရိုးရိုးသွားနှုတ်တာတွေမှာ ရောင်ရမ်းတာဟာ သိပ်မရှိတတ်ပေမယ့် အံဆုံးနှုတ်ထားရတဲ့သူတွေမှာ ပါးတွေရောင်လာတတ်ပါတယ်။ ရောင်တဲ့နေရာကို ဆယ့်ငါးမိနစ်ခန့် ရေခဲအိတ်ကပ်ပေးရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သေချာသောက်ပေးရင် အရောင်ပြန်ကျသွားမှာပါ။
၈။ သွားနှုတ်ပြီး တစ်နာရီကျော်ထိ သွေးမတိတ်သေးပါက ဆရာဝန်ထံသို့ အမြန်ဆုံး ပြန်လည်သွားရောက်ပြသပါ။
တစ်ခါတစ်လေတော့ တစ်ချို့လူနာတွေဟာ စိုးရိမ်စိတ်နဲ့ တံတွေးခဏခဏထွေးကြည့်ရင် သွေးတွေစိမ့်ထွက်တတ်ပါတယ်။ ဒါဟာ ပုံမှန်ပေမယ့် သွေးတွေ အများအပြားဆက်ထွက်နေရင်တော့ သွားဆရာဝန်ဆီ အမြန်ဆုံးပြန်သွားသင့်ပါတယ်။
၉။ ထုံဆေးထိုးထား၍ ထုံနေသောနှုတ်ခမ်းများ လျှာများ ပါးစောင်များအား မကိုက်ကြည့်ရ။
လူကြီးတွေအနေနဲ့ ထုံဆေးကြောင့်ထုံနေတဲ့ဒဏ်တွေကို ခံနိုင်ပေမယ့် ကလေးတွေက မနေတတ်ကြပါဘူး။ သူတို့်ဟာ ထုံနေတာကို အထူးအဆန်းဖြစ်ပြီး ကိုက်ကြည့်တတ်ကြတာကြောင့် မလိုလားအပ်တဲ့ ဒဏ်ရာတွေကိုရစေနိုင်ပါတယ်။
၁၀။ သွားနှုတ်ထားသောညတွင် သွားနှုတ်ထားသောနေရာကိုရှောင်၍ သွားတိုက်နိုင်ပါသည်။
၁၁။ သွားနှုတ်ပြီး ၂၄နာရီပြည့်သောအချိန်တွင် ရေနွေးကြမ်းခပ်နွေးနွေး သို့ ရေခပ်နွေးနွေးထဲ ဆားအနေတော်ထည့်၍ အဆိုပါ ဆားငန်ရည်ဖြင့် ငုံပြီးထွေးခြင်းကို ပြုလုပ်ပေးပါ။
သတိပြုရမှာက ဆားငန်ရည်နဲ့ ပလုတ်ကျင်းခိုင်းတာ မဟုတ်ပါဘူး။ ငုံပြီးထွေးခိုင်းတာပါ။ ငုံထားပြီး တစ်မိနစ် နှစ်မိနစ်အကြာလောက်မှာ ပြန်ထွေးပေးမှသာ သူ့အာနိသင်ကို ကောင်းစွာရရှိစေမှာပါ။ တစ်ရက်ကိုသုံးကြိမ်နဲ့ တစ်ကြိမ်ကို ငါးခါလောက် ငုံပြီးထွေးတာမျိုး ငါးရက်လောက်ထိလုပ်ပေးပါ။
၁၂။ ဆရာဝန်ခေါ်သောရက်ချိန်းသို့ မပျက်မကွက် ပြန်လည်သွားရောက်ပြသပါ။
ဆရာဝန်က ချုပ်ရိုးချုပ်ပေးလိုက်ရင် ပြန်ဖြေပေးမှာ ဖြစ်သလို အနာကျက်မှုနှုန်းနဲ့ ကိုက်ခဲမှု ရောင်ရမ်းမှုတွေကိုလည်း ပြန်လည်စစ်ဆေးပေးမှာဖြစ်လို့ မပျက်မကွက်ပြန်လည်သွားရောက် ပြသသင့်ပါတယ်။
၁၃။ အံဆုံးများမှလွဲ၍ ကျန်သောသွားများတွင် သွားနှုတ်ထားပြီး တစ်လခွဲ နှစ်လခန့်အကြာတွင်း သွားတု ပြန်လည်စိုက်နိုင်ပါသည်။
အံဆုံးတွေဟာ မသုံးတဲ့အတွက် ပြန်စိုက်ဖို့မလိုပါဘူး။ သွားကိုတစ်လခွဲလောက်မှ စိုက်ခိုင်းတာက အောက်က သွားဖုံးရိုးက အဲ့အချိန်လောက်မှ အသားကျတာမို့ပါ။ သွားဖုံးရိုးအသားမကျခင် သွားစိုက်လိုက်ရင် နောက်ဆက်တွဲပြဿနာတွေ ရှိလာနိုင်ပါတယ်။
သွားနှင့်ခံတွင်းကျန်းမာရေးပြဿနာများ ကင်းဝေးနိုင်ကြပါစေ။
Dr.သုဈာန်
သြားႏႈတ္ၿပီး လူနာမ်ား လိုက္နာရန္ အခ်က္မ်ား
ဒီႏိုင္ငံမွာ လူအမ်ားစုဟာ သြားႏႈတ္ခံရတဲ့ အေတြ႕အႀကဳံေတြ ရွိထားၾကမယ္လို႔ ထင္ပါတယ္။ ကေလးအ႐ြယ္မွာ ႀကီးသြားကြၽတ္ခ်ိန္တန္ေပမယ့္ မကြၽတ္ေသးလို႔ ႏႈတ္ပစ္ရတာေတြ၊ အသက္ျခာက္ႏွစ္မွာ ပထမဆုံးေပါက္တဲ့ လူႀကီးသြား(အံသြား)ကို ကေလးသြားထင္ၿပီး ဂ႐ုမစိုက္ဘဲ ပစ္ထားမိလို႔ သြားပိုးစားၿပီး ႏႈတ္ပစ္ရတာေတြ၊ သြားႏွင့္ခံတြင္းက်န္းမာေရးဂ႐ုစိုက္မႈအားနည္းလို႔ အေၾကာထုတ္ကုသလို႔မရႏိုင္ေတာ့ဘဲ သြားကိုႏႈတ္ပစ္ရတာေတြဟာ ဒီမွာျဖစ္႐ိုးျဖစ္စဥ္တစ္ခုလို ျဖစ္ေနပါတယ္။
ဆိုေတာ့ လူတိုင္း မကင္းႏိုင္ၾကေသးတဲ့ သြားႏႈတ္ခံရျခင္းေနာက္ပိုင္းမွာ ဘယ္အခ်က္ေတြ လိုက္နာဖို႔ရွိသလဲ…။ သင့္ရဲ႕ သြားကိုႏႈတ္ေပးတဲ့ သြားဆရာဝန္က ေသခ်ာ မွာလိုက္မွာ ျဖစ္ေပမယ့္ သြားႏႈတ္ခံထားရတဲ့ စိတ္လႈပ္ရွားေနတဲ့ လူနာအဖို႔ စကားဆယ္ခြန္းမွာ ဆယ္ခြန္းလုံး အျပည့္မမွတ္မိတတ္ၾကပါဘူး။
ေအာက္မွာ သြားႏႈတ္ခံထားရၿပီးရင္ ဘာေတြ လိုက္နာရမလဲဆိုတာ ေဖာ္ျပေပးထားပါတယ္။
၁။ ဂြမ္းကိုနာရီဝက္ဖိကိုက္ထားပါ။
သြားဆရာဝန္က သင့္ရဲ႕သြားကိုႏႈတ္ေပးၿပီးေနာက္ပိုင္းမွာ သြားအျမစ္ေပါက္ေနရာကေန ထြက္ေနတဲ့ေသြးေတြ တိတ္ေစဖို႔အတြက္ ဂြမ္းကိုထည့္ေပးၿပီးဖိကိုက္ထားခိုင္းတတ္ပါတယ္။ တစ္ခုရွိတာက အဆိုပါဂြမ္းကို ကိုက္ထားတဲ့အခ်ိန္မွာ ကိုက္ထားတာကို လုံးဝမလႊတ္ရပါဘူး။ စကားေျပာခ်င္ရင္လဲ ကိုက္လ်က္သားေျပာပါ။ မေျပာေလေကာင္းေလပါပဲ။ တံေတြးထြက္လာရင္လည္း ၿမိဳခ်ရပါမယ္။ ဂြမ္းနဲ႔အတူ ေသြးခဲပါလိုက္ျပဳတ္ထြက္သြားရင္ Dry Socket လိုမ်ိဳး ေနာက္ဆက္တြဲ ေရာဂါျဖစ္လာႏိုင္ပါတယ္။
၂။ ဆရာဝန္မွာၾကားတဲ့အတိုင္း ေဆးကိုေသခ်ာေသာက္ပါ။
တစ္ခ်ိဳ႕သြားဆရာဝန္ေတြဟာ သြားမႏႈတ္ခင္မွာ ေဆးကို ႀကိဳတိုက္တတ္ၾကသလို တစ္ခ်ိဳ႕က နာရီဝက္ကိုက္ထားခိုင္းတဲ့ ဂြမ္းကိုထုတ္ၿပီးမွသာ ေဆးေသာက္ခိုင္းတတ္ၾကပါတယ္။ ေနာက္ၿပီး ေဆးကိုေနာက္ရက္ေတြမွာ ထပ္ေသာက္ဖို႔ၫႊန္ၾကားတတ္ပါတယ္။ အဆိုပါ ၫႊန္ၾကားထားတဲ့ ေဆးကို ေဆးပတ္လည္ေအာင္ သုံးရက္စာဆို သုံးရက္အျပည့္ေသာက္ေပးပါ။
၃။ ၂၄ နာရီအတြင္း ပလုတ္က်င္းျခင္း၊ တံေတြးေထြးျခင္း၊ အခ်ိဳရည္မ်ားကို ပိုက္နဲ႔စုပ္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း မျပဳလုပ္ရ။
ပလုတ္က်င္းျခင္းဟာ သြားႏႈတ္ထားတဲ့ေနရာမွာ ကပ္ၿပီးပိတ္ေပးေနတဲ့ ေသြးခဲေတြကို ျပန္ကြာေအာင္ ျပဳလုပ္ႏိုင္သလို တစ္ျခားအျပဳအမူဟာလည္း ပါးစပ္အတြင္းမွာ ေလကိုစုပ္ယူတာျဖစ္တဲ့အတြက္ အနာကိုပိတ္ထားေပးေနတဲ့ ေသြးခဲေတြကို ျပန္ကြာေစပါတယ္။
၄။ သြားႏႈတ္ထားေသာေနရာအား လွ်ာျဖင့္ထိုးၾကည့္ျခင္း၊ လက္ျဖင့္ႏႈိက္ၾကည့္ျခင္း မျပဳလုပ္ရ။
အဆိုပါအျပဳအမူေတြဟာ ပိတ္ေပးေနတဲ့ေသြးခဲေတြကို ျပန္ကြာထြက္ေစပါတယ္။
၅။ အပူမ်ား မစားသုံးရ။
ေကာ္ဖီအပူ ဟင္းရည္အပူ လက္ဖက္ရည္အပူ ေရေႏြးၾကမ္းအပူေတြဟာ ပိတ္ေနတဲ့ေသြးခဲေတြကို ျပန္ေပ်ာ္ေစႏိုင္ပါတယ္။
၆။ ငါးရက္ခန႔္အထိ ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္းမျပဳလုပ္ရ။ အပုပ္ခံထားေသာအစားအစာမ်ား၊ လက္လုပ္ခ်ဥ္မ်ား မစားရ။
၇။ သြားႏႈတ္ၿပီး ပါးမ်ားေရာင္လာပါက ေရခဲအိတ္ကပ္ေပးပါ။
႐ိုး႐ိုးသြားႏႈတ္တာေတြမွာ ေရာင္ရမ္းတာဟာ သိပ္မရွိတတ္ေပမယ့္ အံဆုံးႏႈတ္ထားရတဲ့သူေတြမွာ ပါးေတြေရာင္လာတတ္ပါတယ္။ ေရာင္တဲ့ေနရာကို ဆယ့္ငါးမိနစ္ခန႔္ ေရခဲအိတ္ကပ္ေပးရင္ ဆရာဝန္ၫႊန္ၾကားတဲ့ေဆးကို ေသခ်ာေသာက္ေပးရင္ အေရာင္ျပန္က်သြားမွာပါ။
၈။ သြားႏႈတ္ၿပီး တစ္နာရီေက်ာ္ထိ ေသြးမတိတ္ေသးပါက ဆရာဝန္ထံသို႔ အျမန္ဆုံး ျပန္လည္သြားေရာက္ျပသပါ။
တစ္ခါတစ္ေလေတာ့ တစ္ခ်ိဳ႕လူနာေတြဟာ စိုးရိမ္စိတ္နဲ႔ တံေတြးခဏခဏေထြးၾကည့္ရင္ ေသြးေတြစိမ့္ထြက္တတ္ပါတယ္။ ဒါဟာ ပုံမွန္ေပမယ့္ ေသြးေတြ အမ်ားအျပားဆက္ထြက္ေနရင္ေတာ့ သြားဆရာဝန္ဆီ အျမန္ဆုံးျပန္သြားသင့္ပါတယ္။
၉။ ထုံေဆးထိုးထား၍ ထုံေနေသာႏႈတ္ခမ္းမ်ား လွ်ာမ်ား ပါးေစာင္မ်ားအား မကိုက္ၾကည့္ရ။
လူႀကီးေတြအေနနဲ႔ ထုံေဆးေၾကာင့္ထုံေနတဲ့ဒဏ္ေတြကို ခံႏိုင္ေပမယ့္ ကေလးေတြက မေနတတ္ၾကပါဘူး။ သူတို႔္ဟာ ထုံေနတာကို အထူးအဆန္းျဖစ္ၿပီး ကိုက္ၾကည့္တတ္ၾကတာေၾကာင့္ မလိုလားအပ္တဲ့ ဒဏ္ရာေတြကိုရေစႏိုင္ပါတယ္။
၁၀။ သြားႏႈတ္ထားေသာညတြင္ သြားႏႈတ္ထားေသာေနရာကိုေရွာင္၍ သြားတိုက္ႏိုင္ပါသည္။
၁၁။ သြားႏႈတ္ၿပီး ၂၄နာရီျပည့္ေသာအခ်ိန္တြင္ ေရေႏြးၾကမ္းခပ္ေႏြးေႏြး သို႔ ေရခပ္ေႏြးေႏြးထဲ ဆားအေနေတာ္ထည့္၍ အဆိုပါ ဆားငန္ရည္ျဖင့္ ငုံၿပီးေထြးျခင္းကို ျပဳလုပ္ေပးပါ။
သတိျပဳရမွာက ဆားငန္ရည္နဲ႔ ပလုတ္က်င္းခိုင္းတာ မဟုတ္ပါဘူး။ ငုံၿပီးေထြးခိုင္းတာပါ။ ငုံထားၿပီး တစ္မိနစ္ ႏွစ္မိနစ္အၾကာေလာက္မွာ ျပန္ေထြးေပးမွသာ သူ႔အာနိသင္ကို ေကာင္းစြာရရွိေစမွာပါ။ တစ္ရက္ကိုသုံးႀကိမ္နဲ႔ တစ္ႀကိမ္ကို ငါးခါေလာက္ ငုံၿပီးေထြးတာမ်ိဳး ငါးရက္ေလာက္ထိလုပ္ေပးပါ။
၁၂။ ဆရာဝန္ေခၚေသာရက္ခ်ိန္းသို႔ မပ်က္မကြက္ ျပန္လည္သြားေရာက္ျပသပါ။
ဆရာဝန္က ခ်ဳပ္႐ိုးခ်ဳပ္ေပးလိုက္ရင္ ျပန္ေျဖေပးမွာ ျဖစ္သလို အနာက်က္မႈႏႈန္းနဲ႔ ကိုက္ခဲမႈ ေရာင္ရမ္းမႈေတြကိုလည္း ျပန္လည္စစ္ေဆးေပးမွာျဖစ္လို႔ မပ်က္မကြက္ျပန္လည္သြားေရာက္ ျပသသင့္ပါတယ္။
၁၃။ အံဆုံးမ်ားမွလြဲ၍ က်န္ေသာသြားမ်ားတြင္ သြားႏႈတ္ထားၿပီး တစ္လခြဲ ႏွစ္လခန႔္အၾကာတြင္း သြားတု ျပန္လည္စိုက္ႏိုင္ပါသည္။
အံဆုံးေတြဟာ မသုံးတဲ့အတြက္ ျပန္စိုက္ဖို႔မလိုပါဘူး။ သြားကိုတစ္လခြဲေလာက္မွ စိုက္ခိုင္းတာက ေအာက္က သြားဖုံး႐ိုးက အဲ့အခ်ိန္ေလာက္မွ အသားက်တာမို႔ပါ။ သြားဖုံး႐ိုးအသားမက်ခင္ သြားစိုက္လိုက္ရင္ ေနာက္ဆက္တြဲျပႆနာေတြ ရွိလာႏိုင္ပါတယ္။
သြားႏွင့္ခံတြင္းက်န္းမာေရးျပႆနာမ်ား ကင္းေဝးႏိုင္ၾကပါေစ။
Dr.သုဈာန္