ဘယ်အသက်အရွယ်မှာ သားသားမီးမီးတို့ သွားစတိုက်သင့်သလဲ
သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုသာမက သွားနှင့်ခံတွင်းကျန်းမာရေးကိုပါ အလေးထားတဲ့ ဖေဖေမေမေတို့ အမေးအများဆုံးမေးခွန်းတစ်ခုကတော့ သားသားမီးမီးတို့ကို ဘယ်အရွယ်မှာ စတင်ပြီး သွားတိုက်ပေးရမှာပါလဲ တဲ့။
အမှန်တော့ ဘယ်အရွယ်ကစပြီး သွားတိုက်ပေးရမှာပါလဲလို့မေးတာထက် ဘယ်အရွယ်ကစပြီး သွားနှင့်ခံတွင်းကိုသန့်ရှင်းရေးလုပ်ပေးရမှာပါလဲ လို့မေးသင့်တာပါ။ ဘာလို့လဲဆိုတော့ ကလေးလေးတွေကို သွားမပေါက်ခင်ကတည်းက သွားတိုက်ပေးသင့်လို့ပါပဲ။ သွားမပေါက်သေးတဲ့ကလေးတွေရဲ့ခံတွင်းထဲမှာ သွားကလေးတွေကို မတွေ့ရသေးတာဟာ သွားမရှိတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ မွေးကင်းစလေးတွေရဲ့ သွားဖုံးအောက်မှာ ကလေးသွားအချောင်း ၂၀ က ရှိနေပါပြီ။
သွားမပေါက်ခင် ဘယ်လိုသွားတိုက်ပေးမလဲဆိုတော့ နူးညံ့သန့်ရှင်းတဲ့ဂွမ်းစလေးကို ရေစွပ်ပြီးဖြစ်ဖြစ်၊ ရေစိုအဝတ်စသန့်သန့်ကလေးနဲ့ပဲဖြစ်ဖြစ်၊ ကလေးပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ လက်မှာစွပ်တဲ့ သွားတိုက်တံအစွပ်ကလေးနဲ့ပဲဖြစ်ဖြစ် ကလေးရဲ့ သွားပေါက်မယ့်နေရာတွေနဲ့ သွားဖုံးသားကလေးတွေကို တိုက်ပေးရမှာပါ။ အရွယ်ကကတော့ မွေးကင်းစအရွယ်တည်းက တိုက်ပေးသင့်တာပါ။ မွေးကင်းစအရွယ်တည်းက မိခင်နို့်ကို စတင်သောက်သုံးပြီး ခံတွင်းထဲကို အစာတွေဝင်ရောက်ဖြတ်သန်းနေတာမို့ သန့်ရှင်းရေးကို အဲ့အရွယ်ကတည်းက ပြုလုပ်ပေးဖို့ရာ အင်မတန်အရေးကြီးပါတယ်။ ကလေးရဲ့သွားဖုံးသားလေးတွေကိုလည်း သွေးလည်ပတ်မှုကောင်းအောင် အသာအယာနှိပ်နယ်ပေးသင့်ပါတယ်။
သုဈာန်
ဘယ္အသက္အရြယ္မွာ သားသားမီးမီးတို႔ သြားစတုိက္သင့္သလဲ
သားသားမီးမီးတို႔ရဲ႕ ခႏၶာကိုယ္က်န္းမာေရးကိုသာမက သြားႏွင့္ခံတြင္းက်န္းမာေရးကိုပါ အေလးထားတဲ့ ေဖေဖေမေမတို႔ အေမးအမ်ားဆံုးေမးခြန္းတစ္ခုကေတာ့ သားသားမီးမီးတို႔ကို ဘယ္အရြယ္မွာ စတင္ၿပီး သြားတိုက္ေပးရမွာပါလဲ တဲ့။
အမွန္ေတာ့ ဘယ္အရြယ္ကစၿပီး သြားတိုက္ေပးရမွာပါလဲလို႔ေမးတာထက္ ဘယ္အရြယ္ကစၿပီး သြားႏွင့္ခံတြင္းကိုသန္႔ရွင္းေရးလုပ္ေပးရမွာပါလဲ လို႔ေမးသင့္တာပါ။ ဘာလို႔လဲဆိုေတာ့ ကေလးေလးေတြကို သြားမေပါက္ခင္ကတည္းက သြားတိုက္ေပးသင့္လို႔ပါပဲ။ သြားမေပါက္ေသးတဲ့ကေလးေတြရဲ႕ခံတြင္းထဲမွာ သြားကေလးေတြကို မေတြ႔ရေသးတာဟာ သြားမရွိတဲ့ အဓိပၸာယ္မဟုတ္ပါဘူး။ ေမြးကင္းစေလးေတြရဲ႔ သြားဖံုးေအာက္မွာ ကေလးသြားအေခ်ာင္း ၂၀ က ရွိေနပါၿပီ။
သြားမေပါက္ခင္ ဘယ္လိုသြားတုိက္ေပးမလဲဆိုေတာ့ ႏူးညံ့သန္႔ရွင္းတဲ့ဂြမ္းစေလးကို ေရစြပ္ၿပီးျဖစ္ျဖစ္၊ ေရစိုအ၀တ္စသန္႔သန္႔ကေလးနဲ႔ပဲျဖစ္ျဖစ္၊ ကေလးပစၥည္းေရာင္းတဲ့ဆိုင္ေတြမွာ အလြယ္တကူ၀ယ္လို႔ရတဲ့ လက္မွာစြပ္တဲ့ သြားတိုက္တံအစြပ္ကေလးနဲ႔ပဲျဖစ္ျဖစ္ ကေလးရဲ႔ သြားေပါက္မယ့္ေနရာေတြနဲ႔ သြားဖံုးသားကေလးေတြကို တုိက္ေပးရမွာပါ။ အရြယ္ကကေတာ့ ေမြးကင္းစအရြယ္တည္းက တုိက္ေပးသင့္တာပါ။ ေမြးကင္းစအရြယ္တည္းက မိခင္ႏို္႔ကို စတင္ေသာက္သံုးၿပီး ခံတြင္းထဲကို အစာေတြ၀င္ေရာက္ျဖတ္သန္းေနတာမို႔ သန္႔ရွင္းေရးကို အဲ့အရြယ္ကတည္းက ျပဳလုပ္ေပးဖို႔ရာ အင္မတန္အေရးႀကီးပါတယ္။ ကေလးရဲ႕သြားဖံုးသားေလးေတြကိုလည္း ေသြးလည္ပတ္မႈေကာင္းေအာင္ အသာအယာႏွိပ္နယ္ေပးသင့္ပါတယ္။
သုစ်ာန္