ကျားကျားလျားလျားဖြစ်စေတဲ့ အမျိုးသားဟော်မုန်း
အမျိုးသားဟော်မုန်းလို့ လူသိများကြတဲ့ Testosterone အကြောင်းလေး ပြောပြချင်ပါတယ်။
Testosterone ဟာ ယောကျာ်းဆန်ခြင်းကိုဖြစ်စေတဲ့ ကြွက်သားထုကြီးထွားခြင်း ဖြစ်အောင် အဓိကလုပ်ပေးတဲ့ဟော်မုန်းပါ။
ဒါ့အပြင် လိင်စိတ်နှိုးကြားမှု၊ အရိုးကြီးထွားမှု၊ သွေးနီဥ ဖြစ်အောင်လုပ်ဆောင်မှုတို့မှာလည်း ပါဝင်အားဖြည့်ပေးပါတယ်။
အမျိုးသားတွေအသက်ကြီးလာတာနဲ့အမျှ ဒီဟော်မုန်း ပမာဏကျလာတတ်ပါတယ်။
Testosterone ပမာဏကျလာတဲ့အခါ မျိုးမအောင်တာ၊ ကလေးရနိုင်ခြေ နည်းတာ၊ လိင်ဆက်ဆံလိုစိတ်မရှိတော့တာ၊ ပန်းသေပန်းညှိုးဖြစ်တာ၊ ရင်သားကြီးလာတာမျိုးတွေဖြစ်စေပါတယ်။
အချိန်ကြာလာတဲ့အခါမှာတော့ ကြွက်သားတွေလျော့ရဲလာတာ၊ ခွန်းအားမရှိသလိုခံစားရတာ အဆီပိုတွေများလာတာ၊ ဆံပင်ကျွတ် လာတာတွေ ဖြစ်တတ်ပါတယ်။
Testosterone ဟော်မုန်းအစားထိုးကုသတာမျိုးကတော့ ဆရာဝန်အနေနဲ့ကောင်းကျိုးဆိုးကျိုး ချိန်ထိုးပြီးမှသာ ညွှန်ကြားလေ့ရှိပါတယ်။
ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့
- ဆီးကျိတ်နဲ့ ရင်သားကြီးလာခြင်း
- ဝက်ခြံများထွက်လာတတ်ခြင်း
- နှလုံးရောဂါ ဖြစ်နှုန်းမြင့်လာခြင်း
- ခေါင်းကိုက်မူးဝေခြင်း တို့ဖြစ်တတ်ပါတယ်။
မယ်တင်( ဆေး ၁)
က်ားက်ားလ်ားလ်ားျဖစ္ေစတဲ့ အမ်ိဳးသားေဟာ္မုန္း
အမ်ိဳးသားေဟာ္မုန္းလို႔ လူသိမ်ားၾကတဲ့ Testosterone အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။
Testosterone ဟာ ေယာက်ာ္းဆန္ျခင္းကိုျဖစ္ေစတဲ့ ႂကြက္သားထုႀကီးထြားျခင္း ျဖစ္ေအာင္ အဓိကလုပ္ေပးတဲ့ေဟာ္မုန္းပါ။
ဒါ့အျပင္ လိင္စိတ္ႏႈိးၾကားမႈ၊ အရိုးႀကီးထြားမႈ၊ ေသြးနီဥ ျဖစ္ေအာင္လုပ္ေဆာင္မႈတို႔မွာလည္း ပါဝင္အားျဖည့္ေပးပါတယ္။
အမ်ိဳးသားေတြအသက္ႀကီးလာတာနဲ႔အမၽွ ဒီေဟာ္မုန္း ပမာဏက်လာတတ္ပါတယ္။
Testosterone ပမာဏက်လာတဲ့အခါ မ်ိဳးမေအာင္တာ၊ ကေလးရႏိုင္ေျခ နည္းတာ၊ လိင္ဆက္ဆံလိုစိတ္မရွိေတာ့တာ၊ ပန္းေသပန္းညႇုိးျဖစ္တာ၊ ရင္သားႀကီးလာတာမ်ိဳးေတြျဖစ္ေစပါတယ္။
အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ ႂကြက္သားေတြေလ်ာ့ရဲလာတာ၊ ခြန္းအားမရွိသလိုခံစားရတာ အဆီပိုေတြမ်ားလာတာ၊ ဆံပင္ကၽြတ္ လာတာေတြ ျဖစ္တတ္ပါတယ္။
Testosterone ေဟာ္မုန္းအစားထိုးကုသတာမ်ိဳးကေတာ့ ဆရာဝန္အေနနဲ႔ေကာင္းက်ိဳးဆိုးက်ိဳး ခ်ိန္ထိုးၿပီးမွသာ ညႊန္ၾကားေလ့ရွိပါတယ္။
ေဘးထြက္ဆိုးက်ိဳးေတြအေနနဲ႔ကေတာ့
- ဆီးက်ိတ္နဲ႔ ရင္သားႀကီးလာျခင္း
- ဝက္ျခံမ်ားထြက္လာတတ္ျခင္း
- ႏွလံုးေရာဂါ ျဖစ္ႏႈန္းျမင့္လာျခင္း
- ေခါင္းကိုက္မူးေဝျခင္း တို႔ျဖစ္တတ္ပါတယ္။
မယ္တင္( ေဆး ၁)