ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-လက်သည်းခြေသည်းနှင့် အရေပြားတွင် စွဲကပ်သောမှိုရောဂါ၊ အရေပြားပေါ်ရှိ ပွေးရောဂါများ။
သုံးစွဲရန်အညွှန်း- ၁ ပြား တစ်နေ့ ၁ကြိမ်။ ရောဂါပေါ်မူတည်၍ ဆေးသောက်ရမည့် ကာလမတူညီပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အသည်းနှင့် သည်းခြေအိတ်လမ်းကြောင်းလက္ခဏာများ၊ သွေးမတည့်သော လက္ခဏာများ ဖြစ်လာပါက ဆေးအသုံးပြုမှုကို ရပ်တန့်ပါ။ အရက်သောက်သူများ၊ အသည်းမကောင်းသူများဖြစ်ပါက ဆေးမသုံးစွဲမီ အသည်းဓာတ်စစ်ဆေးရန် လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ၊ အသက်ကြီးသူများ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ပြည့်အင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ အဆစ်နှင့် ကြွက်သားများနာခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများနှင့် တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)