Summer Headache
All Articlesအခြားရောဂါများအထွေထွေရောဂါများ

နွေနေပူပူအောက်က ကိုက်နေတဲ့ ခေါင်းတွေ?

1 Mins read

?နွေနေပူပူအောက်က ကိုက်နေတဲ့ ခေါင်းတွေ?

တဖြည်းဖြည်း ပျက်စီးယိုယွင်းလာတဲ့ တောတောင် ရေမြေ သဘာဝ ပတ်ဝန်းကျင်ရဲ့ နောက်မှာ ရာသီဥတုဖောက်ပြန်မှုတွေက သစ္စာရှိရှိလိုက်လာတယ်။ သီချင်းထဲကလို “အလွန်အေးတဲ့ရာသီ..အလွန်ချမ်းတဲ့ရာသီ” ဆိုပြီး ဆောင်းပီပီ မအေးခဲ့ပေမဲ့ နွေကတော့ မုန်းစရာကောင်းလောက်အောင်ကို လိုတာထက်ပို တာဝန်ကျေပြတယ်။ ပူလိုက်တဲ့ အပူရှိန်က ခေါင်းပေါ်မီးဖိုတစ်ခုတင်ပြီး ချွေးထုတ်ခန်းထဲ ထိုင်နေရသလိုမျိုး။ ဒီတော့လည်း နဂိုခေါင်းမကိုက်တတ်တဲ့ လူတွေတောင် Summer Headache (Heat Headache) လို့ ခေါ်တဲ့ အပူကြောင့်ကိုက်တဲ့ ခေါင်းကိုက်ဝေဒနာတွေ ခံစားလာရတယ်။ နဂို ခေါင်းမကြာခဏ ကိုက်တတ်သူတွေ၊ ခေါင်းတခြမ်းကိုက်တဲ့ Migraine ရောဂါ ရှိသူတွေမှာ ဆိုစရာမရှိတော့။

“အလွန်ဆိုးတဲ့ရာသီ..အလွန်ကိုက်တဲ့ ရာသီ”ပေါ့။

? ဘာကြောင့်ဖြစ်??

အဓိကအားဖြင့် ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာရင် ဖြစ်ပါတယ်။ စိုထိုင်းဆများလာရင် ဖြစ်ပါတယ်။ လေဖိအားကျလာရင်လည်း ဖြစ်ပါတယ်။ နေပူတိုက်ရိုက်မိသွားရင် ပိုဖြစ်ပါတယ်။ အပူချိန်ကြောင့် ခန္ဓာကိုယ်က Serotonin ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်သွားတာကြောင့် ခေါင်းကိုက်စေတယ်လို့ ဆိုပါတယ်။ ရေဓာတ်ခန်းခြောက်လာလို့လည်း ကိုက်နိုင်သလို အပူဒဏ်ကြောင့် အစားအသောက်ပျက်လာတဲ့အခါတွေမှာလည်း အချိုဓာတ်ကျဆင်းမှုကြောင့် ကိုက်တတ်ပါတယ်။

? ဘယ်လိုကိုက် ??

နားထင်နှစ်ဘက်ကနေ တဆစ်ဆစ်နဲ့ ကိုက်နေတတ်သလို နောက်စေ့ဘက်ကနေလည်း ထိုးကိုက်နေတတ်ပါတယ်။ အလင်းစူးစူးကြည့်မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ Migraine ရောဂါအခံရှိသူတွေမှာလည်း အပူကြောင့် ခေါင်းကိုက်တာ ပြန်ပေါ်လာနိုင်ပြီး ခေါင်းတစ်ခြမ်းတည်းက ဆိုးဆိုးဝါးဝါးကိုက်နေတတ်သလို ပျို့ချင်အန်ချင်တာမျိုးနဲ့လည်း တွဲဖြစ်တတ်ပါတယ်။

? အန္တရာယ်ရှိလား??

ခေါင်းကိုက်တာ တစ်ခုတည်းကတော့ အန္တရာယ်မဟုတ်ပေမဲ့ အပူလွန်ကဲတဲ့ heat exhaustion ၊ အပူရှပ်တဲ့ heat stroke စတဲ့ အခြအနေမျိုးဆိုရင်တော့ တော်တော်လေး အန္တရာယ်ရှိပါတယ်။

ချွေးအရမ်းထွက်…ရေအရမ်းဆာရာကနေ… ခြေလက်မသယ်ချင်…အကြောတွေကပ်..မူးဝေ…နုန်းခွေလာပြီဆိုရင် ဆေးရုံမြန်မြန်သွားပါ။ ဒါ အပူလွန်တဲ့ heat exhaustion အဆင့်ပါ။

ပြီးရင် ချွေးမထွက်နိုင်တော့ဘဲ တစ်ကိုယ်လုံးပူခြစ် ခြောက်သွေ့လာတဲ့ heat stroke ဆိုတဲ့ အပူရှပ်တဲ့ အဆင့်ရောက်ပြီဆို အသက်အန္တရာယ်အထိရှိပါတယ်။

? ဘာတွေကြောင့် ခေါင်းကိုက်ပိုဆိုးတတ်လဲ ??

– အအီစာ အစိမ့်စာတွေ စားမိရင်..ယမ်းစိမ်းပါတဲ့ အစားအသောက်မျိုးတွေစားမိရင်

– အားကစားပြင်းပြင်းထန်ထန်လုပ်မိရင်

– ချွေးထွက်သိပ်များရင်

– အစာမစားမိရင်

– အိပ်ရေးပျက်ရင်

– အရက်/ ဘီယာသောက်မိရင်

ပိုဆိုးစေပါတယ်။

? ဘယ်လိုကာကွယ်မလဲ ??

– တတ်နိုင်သမျှအရိပ်ထဲနေပါ။

– မထွက်မဖြစ် နေပူထဲထွက်ရတော့မယ်ဆို လုံလုံခြုံခြုံ ပွပွချောင်ချောင်ဝတ်ပါ။

– နေကာမျက်မှန်တပ်ပါ။

– ထီး၊ ဦးထုပ် ဆောင်းပါ။

– ရေဘူး/ ဓာတ်ဆားရည်ဘူး ဆောင်ပါ။

? ဘယ်လို သက်သာအောင်လုပ်မလဲ??

အပူကြောင့် ကိုက်တဲ့ခေါင်းကို အေးချမ်းတဲ့နေရာ တစ်ခုခုကို ပို့ပေးရမှာပေါ့။ ဒါပေမဲ့ ပူလိုက်အေးလိုက် ဖြစ်ရင်တော့ ပိုကိုက်တတ်ပါတယ်။ ခုနကပြောခဲ့တဲ့ Heat exhaustion နဲ့ Heat stroke အခြေအနေမျိုးကလွဲရင် Acetaminophen လို့ခေါ်ပြီး Paracetamol (ပါရာစီတမောလ်) လို့ လူသိများတဲ့ ခေါင်းကိုက်ဖျားနာပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ရေများများသောက်ဖို့လိုပါတယ်။ အသီးဖျော်ရည်တွေလည်း သောက်ပေးသင့်သလို ဒီနွေရာသီအပူဒဏ်ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာတွေနဲ့ အပူရှပ်မဲ့ အန္တရာယ်ကိုပါ ကာကွယ်ဖို့အတွက် ဓာတ်ဆားရည်ကတော့ မရှိမဖြစ်ပါဘဲ။

မြန်မြန် မိုးတွင်းရောက် ခေါင်းကိုက်တွေပျောက်ကြပါစေ..။

Dr ဖြိုးဝေလင်း
(22.4.19)

?ေႏြေနပူပူေအာက္က ကိုက္ေနတဲ့ ေခါင္းေတြ?

တျဖည္းျဖည္း ပ်က္စီးယိုယြင္းလာတဲ့ ေတာေတာင္ ေရေျမ သဘာဝ ပတ္ဝန္းက်င္ရဲ႕ ေနာက္မွာ ရာသီဥတုေဖာက္ျပန္မႈေတြက သစၥာ႐ွိ႐ွိလိုက္လာတယ္။ သီခ်င္းထဲကလို “အလြန္ေအးတဲ့ရာသီ..အလြန္ခ်မ္းတဲ့ရာသီ” ဆိုၿပီး ေဆာင္းပီပီ မေအးခဲ့ေပမဲ့ ေႏြကေတာ့ မုန္းစရာေကာင္းေလာက္ေအာင္ကို လိုတာထက္ပို တာဝန္ေက်ျပတယ္။ ပူလိုက္တဲ့ အပူ႐ွိန္က ေခါင္းေပၚမီးဖိုတစ္ခုတင္ၿပီး ေခြၽးထုတ္ခန္းထဲ ထိုင္ေနရသလိုမ်ိဳး။ ဒီေတာ့လည္း နဂိုေခါင္းမကိုက္တတ္တဲ့ လူေတြေတာင္ Summer Headache (Heat Headache) လို႔ ေခၚတဲ့ အပူေၾကာင့္ကိုက္တဲ့ ေခါင္းကိုက္ေဝဒနာေတြ ခံစားလာရတယ္။ နဂို ေခါင္းမၾကာခဏ ကိုက္တတ္သူေတြ၊ ေခါင္းတျခမ္းကိုက္တဲ့ Migraine ေရာဂါ ႐ွိသူေတြမွာ ဆိုစရာမ႐ွိေတာ့။

“အလြန္ဆိုးတဲ့ရာသီ..အလြန္ကိုက္တဲ့ ရာသီ”ေပါ့။

? ဘာေၾကာင့္ျဖစ္??

အဓိကအားျဖင့္ ပတ္ဝန္းက်င္အပူခ်ိန္ ျမင့္တက္လာရင္ ျဖစ္ပါတယ္။ စိုထိုင္းဆမ်ားလာရင္ ျဖစ္ပါတယ္။ ေလဖိအားက်လာရင္လည္း ျဖစ္ပါတယ္။ ေနပူတိုက္႐ို္က္မိသြားရင္ ပိုျဖစ္ပါတယ္။ အပူခ်ိန္ေၾကာင့္ ခႏၶာကိုယ္က Serotonin ေဟာ္မုန္းပမာဏ အေျပာင္းအလဲျဖစ္သြားတာေၾကာင့္ ေခါင္းကိုက္ေစတယ္လို႔ ဆိုပါတယ္။ ေရဓာတ္ခန္းေျခာက္လာလို႔လည္း ကိုက္ႏိုင္သလို အပူဒဏ္ေၾကာင့္ အစားအေသာက္ပ်က္လာတဲ့အခါေတြမွာလည္း အခ်ိဳဓာတ္က်ဆင္းမႈေၾကာင့္ ကိုက္တတ္ပါတယ္။

? ဘယ္လိုကိုက္ ??

နားထင္ႏွစ္ဘက္ကေန တဆစ္ဆစ္နဲ႔ ကိုက္ေနတတ္သလို ေနာက္ေစ့ဘက္ကေနလည္း ထိုးကိုက္ေနတတ္ပါတယ္။ အလင္းစူးစူးၾကည့္မရတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တဲ့ Migraine ေရာဂါအခံ႐ွိသူေတြမွာလည္း အပူေၾကာင့္ ေခါင္းကိုက္တာ ျပန္ေပၚလာႏိုင္ၿပီး ေခါင္းတစ္ျခမ္းတည္းက ဆိုးဆိုးဝါးဝါးကိုက္ေနတတ္သလို ပ်ိဳ႕ခ်င္အန္ခ်င္တာမ်ိဳးနဲ႔လည္း တြဲျဖစ္တတ္ပါတယ္။

? အႏၲရာယ္႐ွိလား??

ေခါင္းကိုက္တာ တစ္ခုတည္းကေတာ့ အႏၲရာယ္မဟုတ္ေပမဲ့ အပူလြန္ကဲတဲ့ heat exhaustion ၊ အပူ႐ွပ္တဲ့ heat stroke စတဲ့ အျခအေနမ်ိဳးဆိုရင္ေတာ့ ေတာ္ေတာ္ေလး အႏၲရာယ္႐ွိပါတယ္။

ေခြၽးအရမ္းထြက္…ေရအရမ္းဆာရာကေန… ေျခလက္မသယ္ခ်င္…အေၾကာေတြကပ္..မူးေဝ…ႏုန္းေခြလာၿပီဆိုရင္ ေဆးရံုျမန္ျမန္သြားပါ။ ဒါ အပူလြန္တဲ့ heat exhaustion အဆင့္ပါ။

ၿပီးရင္ ေခြၽးမထြက္ႏိုင္ေတာ့ဘဲ တစ္ကိုယ္လံုးပူျခစ္ ေျခာက္ေသြ႕လာတဲ့ heat stroke ဆိုတဲ့ အပူ႐ွပ္တဲ့ အဆင့္ေရာက္ၿပီဆို အသက္အႏၲရာယ္အထိ႐ွိပါတယ္။

? ဘာေတြေၾကာင့္ ေခါင္းကိုက္ပိုဆိုးတတ္လဲ ??

– အအီစာ အစိမ့္စာေတြ စားမိရင္..ယမ္းစိမ္းပါတဲ့ အစားအေသာက္မ်ိဳးေတြစားမိရင္

– အားကစားျပင္းျပင္းထန္ထန္လုပ္မိရင္

– ေခြၽးထြက္သိပ္မ်ားရင္

– အစာမစားမိရင္

– အိပ္ေရးပ်က္ရင္

– အရက္/ ဘီယာေသာက္မိရင္

ပိုဆိုးေစပါတယ္။

? ဘယ္လိုကာကြယ္မလဲ ??

– တတ္ႏိုင္သမွ်အရိပ္ထဲေနပါ။

– မထြက္မျဖစ္ ေနပူထဲထြက္ရေတာ့မယ္ဆို လံုလံုျခံဳျခံဳ ပြပြေခ်ာင္ေခ်ာင္ဝတ္ပါ။

– ေနကာမ်က္မွန္တပ္ပါ။

– ထီး၊ ဦးထုပ္ ေဆာင္းပါ။

– ေရဘူး/ ဓာတ္ဆားရည္ဘူး ေဆာင္ပါ။

? ဘယ္လို သက္သာေအာင္လုပ္မလဲ??

အပူေၾကာင့္ ကိုက္တဲ့ေခါင္းကို ေအးခ်မ္းတဲ့ေနရာ တစ္ခုခုကို ပို႔ေပးရမွာေပါ့။ ဒါေပမဲ့ ပူလိုက္ေအးလိုက္ ျဖစ္ရင္ေတာ့ ပိုကိုက္တတ္ပါတယ္။ ခုနကေျပာခဲ့တဲ့ Heat exhaustion နဲ႔ Heat stroke အေျခအေနမ်ိဳးကလြဲရင္ Acetaminophen လို႔ေခၚၿပီး Paracetamol (ပါရာစီတေမာလ္) လို႔ လူသိမ်ားတဲ့ ေခါင္းကိုက္ဖ်ားနာေပ်ာက္ေဆးေတြ ေသာက္လို႔ရပါတယ္။ ေရမ်ားမ်ားေသာက္ဖို႔လိုပါတယ္။ အသီးေဖ်ာ္ရည္ေတြလည္း ေသာက္ေပးသင့္သလို ဒီေႏြရာသီအပူဒဏ္ေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္ေဝဒနာေတြနဲ႔ အပူ႐ွပ္မဲ့ အႏၲရာယ္ကိုပါ ကာကြယ္ဖို႔အတြက္ ဓာတ္ဆားရည္ကေတာ့ မ႐ွိမျဖစ္ပါဘဲ။

ျမန္ျမန္ မိုးတြင္းေရာက္ ေခါင္းကိုက္ေတြေပ်ာက္ၾကပါေစ..။

Dr ၿဖိဳးေဝလင္း
(22.4.19)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…