All Articlesသွားကျန်းမာရေး

Teeth Health

1 Mins read

ခြစ်ရင်ကောင်းမလား မခြစ်တာကောင်းမလား (သို့မဟုတ်) ခြစ်ခြင်းရဲ့နောက်ဆက်တွဲ

သွားကျောက်တွေပါးစပ်ထဲမှာရှိတာက ရေစီးကမ်းပြိုလိုက်တယ်ဆိုတာ ရေးပြီးတဲ့နောက်ပိုင်း လူနာတွေဘက်က မေးစရာတွေပေါ်လာတယ်

ပါးစပ်ထဲက ကျောက်ကို ဘယ်အချိန်မှာခြစ်ရမလဲ??

ခြစ်ရင်ရော သွားကို မစားသွားဘူးလား??

နာမှာလားး ??

ခြစ်ပြီးနောက်ပိုင်းဘာဆိုးကျိုးတွေရှိလဲ?? စသဖြင့် မေးခွန်းများစွာ စာဖတ်သူရဲ့ စိတ်ထဲမှာရှိနေမှာပါ

သွားဖုံးရဲ့အပေါ်ဘက်အခြမ်းမှာရှိတဲ့ သွားကျောက်နဲ့ သွားဖုံးအောက်ခြေထိပါရောက်သွားပြီဖြစ်တဲ့ သွားကျောက် (၂) မျိုးကိုခွဲပြောပြချင်ပါတယ်။

သွားဖုံးအပေါ်ဘက်ခြမ်းမှာရှိတဲ့ ကျောက်အမျိုးအစားဆို များသောအားဖြင့် ခြစ်ရတာ မနာကျင်တတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နာကျင်တာခံစားမှုအတိုင်းအတာ မတူတတ်တာမို့ တစ်ချို့အတွက် ဘာမှ မဖြစ်တတ်ပေမယ့် တစ်ချို့ကတော့ သွားကျင်တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုကျင်တတ်တဲ့ သူတွေကတော့ သွားဆရာဝန်နဲ့တိုငိပင်ပြီး ရက်ခွဲပြီး ခြစ်လို့ရပါတယ်။ (နောက်ရက်ပြန်ချိန်းရင်တော့ သေချာသွားဖို့လိုပါတယ်။ ကြောက်ပြီး မသွားတာမျိုးမလုပ်ပါနဲ့။)

သွားဖုံးအပေါ်ဘက်တင်မကဘဲ သွားဖုံးအောက် သွားအမြစ်နားထိ သွားကျောက်တွေရှိသွားရင်တော့ ဒီအတိုင်းခြစ်ထုတ်လို့မရပါဘူး။ သူက သွားဖုံးအောက်ထိခြစ်ထုတ်ရမှာဖြစ်လို့ ထုံဆေးထိုးပီးမှ ခြစ်ထုတ်ပစ်ရတတ်ပါတယ်။ ဒါကြောင့်စောစောစီးစီးတည်းက သွားကျောက်တွေကို ခြစ်ထုတ်ပစ်သင့်ပါတယ်။

သွားကျောက်ခြစ်ပြီးရင်တော့ သွားတွေကျဲသွားသလိုထင်တတ်ပါတယ် (အမှန်က အာ့နေရာက သွားကျောက်တွေဖယ်ထုတ်ပစ်လိုက်တာပါ)။ ဒါပေမယ့် (၂) ရက်ကနေ (၃) ရက်ကနေကြာရင်တော့ အာ့လိုဖြစ်မနေတော့ပါဘူး။ သွားဖုံးကတဖြည်းဖြည်းပြန်တက်လာပြီး ခုနကကျဲနေတဲ့ နေရာတွေကိုပြန်ဖြည့်သွားမှာပါ။ တစ်ချို့ကလည်း သွားကျင်တတ်တာမျိုးဖြစ်တတ်ပါတယ်။ သူလည်း (၂) ရက်လောက်နေရင်သက်သာတာမျိုးမို့ သွားခြစ်လိုက်လို့ ဖြစ်တတ်တဲ့ နောက်ဆက်ဆွဲဆိုးကျိုး ကြီးကြီးမားမားမရှိပါဘူး။

သွားကျောက်ခြစ်တဲ့ ပစ္စည်းတွေဟာ သွားရဲ့ ခံနိုင်မှုကိုစမ်းသပ်ပြီးမှ ထုတ်ထားတာမို့ သွားရဲ့ကြွေလွှာကိုထိခိုက်ပျက်စီးတာမျိုးမဖြစ်စေနိုင်ပါဘူး။

လူတစ်ယောက်ဟာ (၆) လ သို့မဟုတ် (၈) လ တစ်ခါလောက်သွားကျောက်ခြစ်ပေးရင်လုံလောက်ပါတယ်။

အပ်နဲ့ထွင်းရမယ့်အစား ပုဆိန်နဲ့ပေါက်လိုက်ရတဲ့ အဖြစ်မျိုး မဖြစ်ရအောင် ကိုယ့်ပါးစပ်ထဲက ကျောက်တွေကို သွားဆရာဝန်နဲ့ သေချာပြသပြီး ခြစ်ထုတ်သင့်ပါတယ်။

ဒေါက်တာအေး (သွားဆေး)

ျခစ္ရင္ေကာင္းမလား မျခစ္တာေကာင္းမလား (သို႔မဟုတ္) ျခစ္ျခင္းရဲ႕ေနာက္ဆက္တြဲ

သြားေက်ာက္ေတြပါးစပ္ထဲမွာရွိတာက ေရစီးကမ္းၿပိဳလိုက္တယ္ဆိုတာ ေရးၿပီးတဲ့ေနာက္ပိုင္း လူနာေတြဘက္က ေမးစရာေတြေပၚလာတယ္

ပါးစပ္ထဲက ေက်ာက္ကို ဘယ္အခ်ိန္မွာျခစ္ရမလဲ??

ျခစ္ရင္ေရာ သြားကို မစားသြားဘူးလား??

နာမွာလားး ??

ျခစ္ၿပီးေနာက္ပိုင္းဘာဆိုးက်ိဳးေတြရွိလဲ?? စသျဖင့္ ေမးခြန္းမ်ားစြာ စာဖတ္သူရဲ႕ စိတ္ထဲမွာရွိေနမွာပါ

သြားဖံုးရဲ႕အေပၚဘက္အျခမ္းမွာရွိတဲ့ သြားေက်ာက္နဲ႔ သြားဖံုးေအာက္ေျခထိပါေရာက္သြားၿပီျဖစ္တဲ့ သြားေက်ာက္ (၂) မ်ိဳးကိုခြဲေျပာျပခ်င္ပါတယ္။

သြားဖံုးအေပၚဘက္ျခမ္းမွာရွိတဲ့ ေက်ာက္အမ်ိဳးအစားဆို မ်ားေသာအားျဖင့္ ျခစ္ရတာ မနာက်င္တတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ နာက်င္တာခံစားမႈအတိုင္းအတာ မတူတတ္တာမို႔ တစ္ခ်ိဳ႕အတြက္ ဘာမွ မျဖစ္တတ္ေပမယ့္ တစ္ခ်ိဳ႕ကေတာ့ သြားက်င္တတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလိုက်င္တတ္တဲ့ သူေတြကေတာ့ သြားဆရာဝန္နဲ႔တိုငိပင္ၿပီး ရက္ခြဲၿပီး ျခစ္လို႔ရပါတယ္။ (ေနာက္ရက္ျပန္ခ်ိန္းရင္ေတာ့ ေသခ်ာသြားဖို႔လိုပါတယ္။ ေၾကာက္ၿပီး မသြားတာမ်ိဳးမလုပ္ပါနဲ႔။)

သြားဖံုးအေပၚဘက္တင္မကဘဲ သြားဖံုးေအာက္ သြားအျမစ္နားထိ သြားေက်ာက္ေတြရွိသြားရင္ေတာ့ ဒီအတိုင္းျခစ္ထုတ္လို႔မရပါဘူး။ သူက သြားဖံုးေအာက္ထိျခစ္ထုတ္ရမွာျဖစ္လို႔ ထံုေဆးထိုးပီးမွ ျခစ္ထုတ္ပစ္ရတတ္ပါတယ္။ ဒါေၾကာင့္ေစာေစာစီးစီးတည္းက သြားေက်ာက္ေတြကို ျခစ္ထုတ္ပစ္သင့္ပါတယ္။

သြားေက်ာက္ျခစ္ၿပီးရင္ေတာ့ သြားေတြက်ဲသြားသလိုထင္တတ္ပါတယ္ (အမွန္က အာ့ေနရာက သြားေက်ာက္ေတြဖယ္ထုတ္ပစ္လိုက္တာပါ)။ ဒါေပမယ့္ (၂) ရက္ကေန (၃) ရက္ကေနၾကာရင္ေတာ့ အာ့လိုျဖစ္မေနေတာ့ပါဘူး။ သြားဖံုးကတျဖည္းျဖည္းျပန္တက္လာၿပီး ခုနကက်ဲေနတဲ့ ေနရာေတြကိုျပန္ျဖည့္သြားမွာပါ။ တစ္ခ်ိဳ႕ကလည္း သြားက်င္တတ္တာမ်ိဳးျဖစ္တတ္ပါတယ္။ သူလည္း (၂) ရက္ေလာက္ေနရင္သက္သာတာမ်ိဳးမို႔ သြားျခစ္လိုက္လို႔ ျဖစ္တတ္တဲ့ ေနာက္ဆက္ဆြဲဆိုးက်ိဳး ႀကီးႀကီးမားမားမရွိပါဘူး။

သြားေက်ာက္ျခစ္တဲ့ ပစၥည္းေတြဟာ သြားရဲ႕ ခံႏိုင္မႈကိုစမ္းသပ္ၿပီးမွ ထုတ္ထားတာမို႔ သြားရဲ႕ေႂကြလႊာကိုထိခိုက္ပ်က္စီးတာမ်ိဳးမျဖစ္ေစႏိုင္ပါဘူး။

လူတစ္ေယာက္ဟာ (၆) လ သို႔မဟုတ္ (၈) လ တစ္ခါေလာက္သြားေက်ာက္ျခစ္ေပးရင္လံုေလာက္ပါတယ္။

အပ္နဲ႔ထြင္းရမယ့္အစား ပုဆိန္နဲ႔ေပါက္လိုက္ရတဲ့ အျဖစ္မ်ိဳး မျဖစ္ရေအာင္ ကိုယ့္ပါးစပ္ထဲက ေက်ာက္ေတြကို သြားဆရာဝန္နဲ႔ ေသခ်ာျပသၿပီး ျခစ္ထုတ္သင့္ပါတယ္။

ေဒါက္တာေအး (သြားေဆး)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

When should you start brushing your baby's teeth? How to take care of children's dental health?

1 Mins read
၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။ သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ…

Leave a Reply

Your email address will not be published. Required fields are marked *