အပျိုလိုမနေမိလို့

”ပြောမယုံ၊ ကြုံဖူးမှသိ” ဆိုသလို တအံ့တသြလက်ဖျားခါရလောင်အောင် မယုံကြည်နိုင်ဖွယ် အဖြစ် အပျက်များကား ညနေဆေးခန်းလေးထဲမှာ ကြုံတွေ့ခဲ့ရတာများပါသည်။

ဝတ္ထုတွေထဲမှာသာ ဖတ်ရမည်ဆိုပါက ဘယ်လိုမျှယုံနိုင်မည်မဟုတ်ပါ။ ဒါတွေဟာစိတ်ကူးယဉ်ပြီး ရေးထားတာဟုသာ ထင်ကြပါလိမ့်မည်။ ပြီးတော့ ထိုအဖြစ်အပျက်တွေဟာ ဗဟုသုတ၊ အသိပညာနည်းပါးလှသည့် ကျေးလက်တောရွာများမှာဆိုပါကလည်း ယုံကောင်းယုံနိုင်ပါလိမ့်မည်။ အခုလို ရန်ကုန်မြို့ကြီးမှာ ကြုံရသည်ဆိုသည်က လွန်စွာဖြစ်တောင့်ဖြစ်ခဲပင်။

သို့ပေမဲ့ မယုံမရှိပါနှင့်။

လက်တွေ့ ကျွန်မကိုယ်တိုင်ကြုံခဲ့ရမှသာ ဒါတွေဟာ ဖြစ်နိုင်တာပဲဟုလက်ခံသိရှိရပါသည်။

ကိုယ့်ဝမ်းထဲမှာအပြည့်အသိပ်နီးပါး ကျပ်ညပ်နေသည့် ကိုယ်ဝန်လွယ်ထားရတာကို လုံးဝမသိဘူးဆိုသည့် အပျိုမအမည်ခံ မိန်းကလေးတစ်ယောက်ကို ညနေခင်းတစ်ခုမှာ ကျွန်မတွေ့ခဲ့ရပါသည်။

ထိုကလေးမ ဆေးခန်းလာရသည့်အကြောင်းကတော့ ခြေထောက်နှစ်ဖက် အနည်းငယ်ဖောရောက်နေ သည်ကိုလာပြခြင်းဖြစ်ပါသည်။ သူမက (၁၈)နှစ်ခန့်ရှိမည်ဖြစ်ပြီး စပို့ရှပ်ခါးရှည် အဖြူရောင်နှင့် သရီးကွာတား ဘောင်းဘီအနက်ရောင်လေး ဝတ်ထားသည်။

အတူပါလာသူက အဒေါ်ဟုပြောပြီး သူမခြေထောက် ခြေချင်းဝတ်လေးတွေ အနည်းငယ်ပြည့်လာသည်ဟု ပြောပါသည်။ ထုံးစံအတိုင်း သူမကို ခုတင်ပေါ်တက်စေပြီး အထွေထွေစစ်ဆေးမှု စတင်လိုက်တာနှင့် ဝမ်းဗိုက်က အနည်းငယ် ပြည့်ဖောင်းနေတာ သတိထားမိလိုက်သည်။

သို့ပေမဲ့ ဗိုက်ပူသည့် အချို့အပျိုတွေကလည်းရှိတော့ သူများကို မသေချာဘဲ ဗိုက်ရွှဲတာရိုးရိုးပျက်ရယ်ပြုသလို ဖြစ်မှာစိုးရပါသည်။ ဗိုက်ပူလိုက်တာပြောလျှင် မည်သူကကြိုက်မည်နည်း။

သို့ဖြင့် စိတ်ထဲမှာတော့ ခြေထောက်ရောင်သည်ဆိုသည့် သူတို့ Complain ကိုဦးတည်ကာ ကျောက်ကပ်မကောင်းတာလား ၊ နှလုံးစမ်းရမလားစသဖြင့် တွေးနေမိပါသည်။ သွေးပေါင်ကလည်း ပုံမှန်ပင်။

သူမ၏ ဝမ်းဗိုက်ပေါ်လက်တင်ကြည့်လိုက်တော့မှ ကျွန်မ၏ နှစ်ပေါင်းများစွာစမ်းသပ်၍ အသားကျနေ သော လက်အစုံက သူမဝမ်းဗိုက်ပေါ်မှ အရေးအကြောင်း အချိုင့်အဝှမ်းလေးများကို စတင်ခံစားစမ်းမိလိုက်ပါသည်။

သနေသား၏ခြေလက်ကလေးများ ကွေးနေပုံကို သွားစမ်းသပ်မိလေသည်။

လုံးဝယုံနိုင်စရာမရှိသည့်အဖြစ်အပျက်ပါပဲ။

သည်လိုအဖြစ်မျိုးများစွာ ကျွန်မတို့ ကြုံတွေ့ခဲ့ရဖူးပါသည်။ သို့ပေမယ့် နှစ်လ၊ သုံးလ၊ အလွန်ဆုံး လေး၊ ငါးလခန့်မှာ သိရှိသွားကြတာ များပါသည်။

လင်ကောင်မပေါ်ဘဲကလေးရသော ဇာတ်လမ်းများကား ရိုးနေပါပြီ။ ဆရာဝန်တွေအတွက် ထမင်းစား၊ ရေသောက်ပါ။ ရည်းစားနှင့် မှောက်မှားမိသော အဖြစ်အပျက်များကား မဆန်းတော့ပါ။ ကျွန်မတို့က ဆရာဝန် ကျင့်ဝတ်နှင့်အညီ ဘာမျှလုပ်မပေးတော့ နီးရာစုံစမ်းပြီး ဖျက်ချကြတာလည်း ဒုနဲ့ဒေးပါ။ အချို့လည်းကံကောင်းတော့ ဘာမျှမဖြစ်။ (အကုသိုလ်ကတော့ မနေပါ။) အချို့လည်း သေကောင်ပေါင်းလဲ၊ အဆဲအဆိုခံ၍ဆရာဝန်များ လုပ်ပေးပြီးကောင်းသွားကြ။ အချို့လည်း သေရာပါ နာတာရှည်။ အချို့ကပျက်။ ဘာပဲဖြစ်ဖြစ်။

ယခုလို မွေခါနီးအချိန်ကြီးတိုင်အောင် ဗိုက်ထဲမှာ ကလေးတစ်ယောက်လုံးလွယ်ထားပြီး ဘာမျှမသိကြ ခြင်းမှာ မယုံနိုင်စရာပင်။

ကြားတော့ကြားဖူးသည်။

စာပေမောင်နှမတော်သည် ကျွန်မ၏ဆရာ အိုဂျီဒေါက်တာစိုးလွင်က မိဘများက သမီးအပျိုလေးဗိုက်နာ လို့လာပို့တာ ပြီးတော့မှ ကလေးထွက်လာ၍ မွေးပေးလိုက်ရသည်ဆိုတာမျိုး။

ကြားရစဉ်ကတော့ အမှတ်တမဲ့ပင်။ အတော်နမော်နမဲ့နိုင်သည့် မိသားစုပါလား။ မိန်းကလေးကရော ကိုယ်ဘာဖြစ်နေ တာကိုယ့်ဟာကိုယ်တောင် မသိနိုင်အောင် အ, လှချေလား။ သြော်. . . နယ်မြို့လေးတွေမှာဆိုတော့ ရှိပေမပေါ့လေဟု တွေးမိသည်။

ဟော … အခုတော့ ဒါရန်ကုန်မြို့မှာလေ။

လူစည်ကားရာ မြို့၊ အသိပညာတွေ လျှံထွက်နေသောမြို့၊ ကျန်းမာရေးဗဟုသုတတွေ နီးနီးလေးမှာ ကြားသိမြင်နေရပြီး အဖွဲ့အစည်း အမျိုးမျိုးက အစိုးရက ကျန်းမာရေးမြှင့်တင်နေသော မြို့၊ သည်လိုမြို့မှာ သည်အဖြစ်မျိုးက ရုပ်ပျက်လွန်းလှချေလား။

ပြီးတော့ စမ်းသပ်ပြီး ခန့်မှန်းရသလောက် ကလေးကသေးသေးကွေးကွေး မဟုတ်၊ ရင်ညွန့်နှင့်ဆီးခုံ ကြားနေရာအပြည့် ကိုယ်အင်္ဂါလေးများ စမ်းသပ်မိနေတာ ထွားမှထွား။

သူမဝတ်ထားသော ဘောင်းဘီကတော့ ခါးဝတ်နေရာမှာမတော်၍ ချိတ်နှင့်ဆွဲချိတ်ထားသည်။ အထဲက ကလေးငယ်အစား မသက်မသာရှိလိုက်တာ။ ဘောင်းဘီကို မရမကတော်အောင်ချိတ်နှင့် ဖိသိပ်ဝတ်ထားသည်။ အထဲမှာ ဘယ်သို့ရှိမည်မသိ။

အပေါ်က စပို့ရှပ်ခါးရှည် ဖားဖားကြီးက အုပ်ထားတော့ ဘောင်းဘီခါးမတော်တာ ဘယ်လိုမျှ မသိနိုင်။

ယခုခေတ် မိန်းကလေးအင်္ကျ ီတွေကလည်း ဂါဝန်တွေလို ရှည်ရှည်ဖားဖားကြီးတွေ၊ ပေါင်လယ် လောက် ဖားလျားကျနေမှ ဖက်ရှင်ကျသည် ထင်နေကြတာ။ အောက်က ဘောင်းဘီတိုနှင့် တွဲဝတ်ကြသည်။ သူ့ခေတ်နှင့်သူတော့ လှသည်ထင်နေကြသည်။

သူတို့စတိုင်လ်က တော်ရုံဗိုက်ကြီးလည်း မသိနိုင်တော့ အံကိုက်ပင်။ မိဘမောင်ဖားများလည်း မရိပ်မိကြဘူးထင်ပါရဲ့။ ရာသီလာလား မေးတော့လည်း “ဟုတ်ကဲ့” တဲ့။ တစ်ခုခုတော့ လွဲနေပြီ။ ကိုယ့်လက်ကိုယ် ယုံပေမယ့် ကျွန်မကအပျိုပါ ဆိုလာသူတစ်ဦးကို အသားလွတ်တော့ စတင်မစွပ်စွဲဘဲ Ultrasound ရိုက်ခိုင်း လိုက်သည်။

“အထဲမှာ အလုံးလိုလို တွေ့ရတယ်။ မတော်လို့သား သားအိမ်အလုံးတွေ၊ အကျိတ်တွေဖြစ်နေရင်ခက်မယ်။ ခြေထောက်ရောင်တာ အကြောင်းရင်းလည်း ရှာတွေ့နိုင်တာပေါ့” ဆိုပြီး မသိမသာ USG ရိုက်ခိုင်းလိုက်ရသည်။ တစ်ညလုံး ထိုမိန်းကလေးအကြောင်း ခေါင်းထဲကမထွက်။ အမေကိုလည်း ခေါ်ခိုင်းလိုက်သည်။

နောက်တစ်နေ့ညနေမှာ သူတို့အုပ်စုကို အစောဆုံးတွေ့ရသည်။ လူကလည်း ရှင်းနေသည်။ အမေနှင့် အဒေါ်က အနားမှာ။

“သြော် ….”

သူအမေဖြစ်သူကို မြင်လိုက်ရတော့ ရင်ထဲမကောင်း။ သမီးအပျိုလေးဟု တယုတယအုပ်ထိန်းခဲ့သူ မိခင်ရင်မှာ ဘယ်လိုရှိလိမ့်မည်လဲ။ သမီး၏ဗိုက်ထဲမှာ မွေးခါနီးသန္ဒေသားလေး တလွယ်တပိုးရှိနေတာကို နည်းနည်းလေးမျှ ရိပ်မိဖော်တောင် မရသည့်အမေပါလား။ ဒါတွေဟာ ဝတ္ထုတွေထဲမှာ မဟုတ်ဘူး။ စိတ်ကူးယဉ်ဗီဒီယိုဇာတ်လမ်း မဟုတ်ဘူး။

အမေဖြစ်သူ ကမ်းပေးလာသည့် USG အဖြေစာရွက်လေးကို ကြည့်လိုက်တော့ နှစ်ပေါင်းများစွာ စမ်းသပ်လာခဲ့သည့် ကျွန်မလက်များ၏ တွေ့ရှိချက်အတိုင်းပင်။ သည်မှာ ပိုလာတာက ကိုယ်ဝန် ပတ် (၃၀)၊ ယောကျ်ားလေးတဲ့။

မိမိတို့၏ ပယောဂဖြင့် ရှင်သန်ကြီးထွားနေသည့်အပြစ်ကင်းသော သန္ဒေသားယောကျ်ားလေးတစ်ဦး ကတော့ မိခင်၏ ဝမ်းကြာတိုက်ထဲမှာ မွေးဖွားရန် အသင့်ရှိချေပြီ။ ဒါကို သူတို့တာဝန်ယူရတော့မည်။ ဒီအချိန်မှာ လက်ထပ်ပေးလိုက်လျှင်လည်း နောက်နှစ်လခန့်မှာ နေ့စေ့၊ လစေ့ သားကလေးမွေးဖွားလာတော့ ဘယ်လိုရှင်းကြမလဲ။

လူမှုရေးပြဿနာများကို ဝင်ရှင်းပေးဖို့အထိတော့ ဆရာဝန်မှာ တာဝန်မရှိ။ သို့ပေမဲ့ မိန်းကလေးကို ဆူဆူပူပူ ခြေလွန်လက်လွန်မလုပ်ဖို့ ဖြစ်ပြီးသားကို ပြေလည်အောင် နည်းလမ်းကြံဆဖို့တော့ လမ်းညွှန်အကြံပေးလိုက်သည်။ ပြီးတော့ သည်အချိန်မျိုးမှာ ဘယ်လိုနည်းနှင့်မျှ ဖျက်ချတာမျိုး သွားမလုပ်ဖို့၊ အသက်အန္တရာယ် အလွန်နီးလှကြောင်း သတိပေးလိုက်ရသည်။

“သူ့အဖေက သတ်မှာ” ဆိုသည့် ညည်းသံလေးတော့ မိခင်ဖြစ်သူထံမှ ထွက်လာသည်။ သမီး၏ ရည်းစားကိုသိသလားဆိုတော့လည်း “သူ့ကိုတစ်ချိန်လုံးအိမ်ထဲမှာထားတာပဲ” ဟူသောစကားကြားရသည်။

“အိမ်ထဲမှာထားသော သမီးအပျိုလေးများအတွက်”မိဘများ၏အုပ်ထိန်းပုံ နည်းလမ်းကားထင်သ လောက်မလွယ်ပါ။

သူတို့ပြန်သွားအပြီးမှာ မိန်းကလေးတို့အတွက် သည်လိုကိစ္စမျိုးနှင့် မတိုးမိစေဖို့ လိင်ကိစ္စပညာပေးရန် ကျန်းမာရေးဝန်ထမ်းတို့၏ တာဝန်နှင့်မကင်းသလိုခံစားမိရပါသည်။

မိခင်တို့တွက် သမီးအပျိုလေးနှင့် ရင်အုပ်မကွာ စောင့်ရှောက်ထိန်းသိမ်းပေးနေဖို့အခြေအနေ မပေးခဲ့သော် အိမ်ထဲထည့်ထားရုံဖြင့် စိတ်ချမနေသင့်ပါ။ သည်လိုကိစ္စမျိုးကား သံကွန်ချာ အထပ်ထပ်အခါခါ အုပ်ထားသော်မျှ စိတ်မချရ။

အကောင်းဆုံးကတော့ သမီးအပျိုဖော်ဝင်သည်နှင့် သိသင့်သိထိုက်သည်များကို ဖြည်းဖြည်းချင်း အသိပေးသွားရမည်။ ထို့အတွက် မိခင်(အုပ်ထိန်းသူများ)ဘက်မှလည်း အခြေခံမိန်းကလေးကိစ္စတို့ကို ဦးစွာ နားလည်သိရှိထားသင့်ပါသည်။

ဆရာဝန်တို့လည်း မ, သဘာဝကိစ္စများကို အထပ်ထပ်အခါခါပြောပြကြ၊ ရေးသားကြနှင့် အပ်ကြောင်း ထပ်ခဲ့ပြီ။ ကျွန်မတစ်ယောက်တည်းအနေနှင့်ပင် နည်းလမ်းမျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့် အဖန်ဖန် ပညာပေးဟော ပြော ရေးသားပြီးခဲ့သည်မှာ မရေမတွက်နိုင်တော့။

အတိုင်းအတာတစ်ခုအထိတာ့ ထိရောက်သွားသည်ဟု ပြောနိုင်မည်ထင်သည်။ ကျွန်မတို့အနီးအနား မှာ သည်လိုပြဿနာတွေ သိပ်မတွေ့ရတော့ဟု ထင်နေဆဲ။

“ပြောမယုံ၊ ကြုံဖူးမှသိ”ဆိုသည့် စကားနှင့်အညီ ကွက်တိမှန်နေအောင် လာကြုံရသည့် သည်အဖြစ်မျိုး ကြောင့် မ,သဘာဝပညာပေးတွေဟောပြောရေးသားနိုင်လွန်းလှပြီဟု အထင်ရောက်နေသည့်အဖြစ် ကျွန်မတို့၏ ပစ်မှတ်များကား လွဲနေတုန်းပင် ဖြစ်ကြောင်းသိလိုက်ရပါသည်။

သို့အတွက် မိန်းကလေးတို့၏အန္တရာယ်များအကြောင်း ကျွန်မ၏ပဲ့တင်သံများကား မဆုံးနိုင်အောင်ရှိချေ ပါတော့မည်။

ပြောပါများတော့ ဘာမျှမသိတော့သည့်အဖြစ်မရောက်အောင် လိုတိုရှင်း၊ နားထဲဒက်ထိဝင်အောင် တစ်နည်းလှည့်ပြောချင်ပါသည်။ အချိန်မရသောခေတ်ကြီးထဲမှာ အချိန်မရသော မိဘအုပ်ထိန်းသူများ၊ ရသမျှအချိန်အတွက် ဖတ်ကြ၊ မှတ်ကြ၊ တစ်ဆင့်ပြန်ပြောပြကြပြီး နိုင်ငံ့သမီးရတနာ အပျိုစင်လေးများကို စံချိန်မီ ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်ပါသည်။

ကျန်းမာသောပုံမှန်သမီးမိန်းကလေးရှိပြီဆိုလျှင် …

(၁) အသက် ၉ နှစ်မှ ၁၄ – ၁၅ နှစ် (အချို့သော ၁၆-၁၈နှစ်အထိ) အတွင်း မိန်းမကိုယ်မှ ဓမ္မတာသွေးဆင်းတတ်ကြောင်း အလျဉ်းသင့်သလို ပြောထားပါ။

(၂) ထိုကိစ္စသည် သဘာဝဖြစ်ကြောင်း၊ ရှက်ရွံ့အားငယ်စရာမလိုကြောင်း၊ သန့်ရှင်းလုံခြုံစွာ နေထိုင်တတ်ဖို့ အသိပေးပါ။

(၃) ထိုကိစ္စဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယောကျ်ားလေးများနှင့် အနေအထိုင် သတိထားရန်၊ ကိုယ်ဝန်ရှိတတ်ပုံများ ပြောပြထားပါ။

(၄) ယောကျ်ားလေးများကို တရားလွန် ရှောင်ရှားရှက်ရွံ့နေစရာလည်းမလိုဘဲ ပုံမှန်သူငယ်ချင်းမိတ်ဆွေအဖြစ်ပေါင်းရန်။

(၅) မိမိတု့ိ၏ လျှို့ဝှက်လုံခြုံအပ်သော နေရာများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအလေးပေးရန်။

(၆) မိမိ၏ ပုံမှန်ဓမ္မတာပေါ်နေရာမှ ထိမ်သွားလျှင် မိခင်(အုပ်ထိန်းသူ)ကိုအသိပေးရန်။ (ဓမ္မတာ မလာသောအကြောင်းများ အမျိုးမျိုးရှိသည့်အနက် ကိုယ်ဝန်ရှိနေ၍ မလာခြင်းကား အပျိုတွေအတွက် အထူးသတိထားသင့်သောအချက် ဖြစ်ကြောင်း အလေးပေးပြောပြထားရန်)

(၇) မည်သို့သော အကြောင်းပြချက်နှင့်မျှ (လက်မထပ်မီ) ဆန့်ကျင်ဘက်ယောကျ်ားများနှင့် ဆိတ်ကွယ်ရာတွင် မတွေ့ဆုံမိရန်။

အထူးသဖြင့်တော့ ဟိုမသွားရ၊ သည်မသွားရ၊ ဘာမလုပ်ရ၊ ညာမလုပ်ရဟု အမိန့်အာဏာသံဖြင့် အုပ်ထိန်းမည့်အစား ဘာကြောင့်သတိပေးတားမြစ်ရကြောင်းကို အကျိုးသင့် အကြောင်းသင့် ရှင်းလင်းအသိပေး ထားပြီးဟု အုပ်ထိန်းခြင်းက အသင့်တော်ဆုံးဖြစ်ကြောင်း ညနေဆေးခန်းများထဲမှ ကြုံရသည်များအတွက် ပဲ့တင်ထပ်လိုက်ရပါသည်။

အမရာ (ဆေး-၁)

အပ်ိဳလိုမေနမိလို႔

”ေျပာမယံု၊ ႀကံဳဖူးမွသိ” ဆိုသလို တအံ့တၾသလက္ဖ်ားခါရေလာင္ေအာင္ မယံုၾကည္ႏိုင္ဖြယ္ အျဖစ္ အပ်က္မ်ားကား ညေနေဆးခန္းေလးထဲမွာ ႀကံဳေတြ႕ခဲ့ရတာမ်ားပါသည္။

၀တၳဳေတြထဲမွာသာ ဖတ္ရမည္ဆိုပါက ဘယ္လိုမွ်ယံုႏုိင္မည္မဟုတ္ပါ။ ဒါေတြဟာစိတ္ကူးယဥ္ၿပီး ေရးထားတာဟုသာ ထင္ၾကပါလိမ့္မည္။ ၿပီးေတာ့ ထိုအျဖစ္အပ်က္ေတြဟာ ဗဟုသုတ၊ အသိပညာနည္းပါးလွသည့္ ေက်းလက္ေတာရြာမ်ားမွာဆိုပါကလည္း ယံုေကာင္းယံုႏိုင္ပါလိမ့္မည္။ အခုလို ရန္ကုန္ၿမိဳ႕ႀကီးမွာ ႀကံဳရသည္ဆိုသည္က လြန္စြာျဖစ္ေတာင့္ျဖစ္ခဲပင္။

သို႔ေပမဲ့ မယံုမရွိပါႏွင့္။

လက္ေတြ႕ ကၽြန္မကိုယ္တိုင္ႀကံဳခဲ့ရမွသာ ဒါေတြဟာ ျဖစ္ႏိုင္တာပဲဟုလက္ခံသိရိွရပါသည္။

ကိုယ့္၀မ္းထဲမွာအျပည့္အသိပ္နီးပါး က်ပ္ညပ္ေနသည့္ ကိုယ္၀န္လြယ္ထားရတာကို လံုး၀မသိဘူးဆိုသည့္ အပ်ိဳမအမည္ခံ မိန္းကေလးတစ္ေယာက္ကို ညေနခင္းတစ္ခုမွာ ကၽြန္မေတြ႕ခဲ့ရပါသည္။

ထိုကေလးမ ေဆးခန္းလာရသည့္အေၾကာင္းကေတာ့ ေျခေထာက္ႏွစ္ဖက္ အနည္းငယ္ေဖာေရာက္ေန သည္ကိုလာျပျခင္းျဖစ္ပါသည္။ သူမက (၁၈)ႏွစ္ခန္႔ရွိမည္ျဖစ္ၿပီး စပို႔ရွပ္ခါးရွည္ အျဖဴေရာင္ႏွင့္ သရီးကြာတား ေဘာင္းဘီအနက္ေရာင္ေလး ၀တ္ထားသည္။

အတူပါလာသူက အေဒၚဟုေျပာၿပီး သူမေျခေထာက္ ေျခခ်င္း၀တ္ေလးေတြ အနည္းငယ္ျပည့္လာသည္ဟု ေျပာပါသည္။ ထံုးစံအတိုင္း သူမကို ခုတင္ေပၚတက္ေစၿပီး အေထြေထြစစ္ေဆးမႈ စတင္လိုက္တာႏွင့္ ၀မ္းဗိုက္က အနည္းငယ္ ျပည့္ေဖာင္းေနတာ သတိထားမိလုိက္သည္။

သို႔ေပမဲ့ ဗိုက္ပူသည့္ အခ်ိဳ႕အပ်ိဳေတြကလည္းရွိေတာ့ သူမ်ားကို မေသခ်ာဘဲ ဗိုက္ရႊဲတာ႐ိုး႐ိုးပ်က္ရယ္ျပဳသလို ျဖစ္မွာစို္းရပါသည္။ ဗိုက္ပူလိုက္တာေျပာလွ်င္ မည္သူကႀကိဳက္မည္နည္း။

သို႔ျဖင့္ စိတ္ထဲမွာေတာ့ ေျခေထာက္ေရာင္သည္ဆိုသည့္ သူတို႔ Complain ကိုဦးတည္ကာ ေက်ာက္ကပ္မေကာင္းတာလား ၊ ႏွလံုးစမ္းရမလားစသျဖင့္ ေတြးေနမိပါသည္။ ေသြးေပါင္ကလည္း ပံုမွန္ပင္။

သူမ၏ ၀မ္းဗိုက္ေပၚလက္တင္ၾကည့္လိုက္ေတာ့မွ ကၽြန္မ၏ ႏွစ္ေပါင္းမ်ားစြာစမ္းသပ္၍ အသားက်ေန ေသာ လက္အစံုက သူမ၀မ္းဗိုက္ေပၚမွ အေရးအေၾကာင္း အခ်ိဳင့္အ၀ွမ္းေလးမ်ားကို စတင္ခံစားစမ္းမိလုိက္ပါသည္။

သေႏသား၏ေျခလက္ကေလးမ်ား ေကြးေနပံုကို သြားစမ္းသပ္မိေလသည္။

လံုး၀ယံုႏိုင္စရာမရွိသည့္အျဖစ္အပ်က္ပါပဲ။

သည္လိုအျဖစ္မ်ိဳးမ်ားစြာ ကြ်န္မတို႔ ႀကံဳေတြ႔ခဲ့ရဖူးပါသည္။ သို႔ေပမယ့္ ႏွစ္လ၊ သံုးလ၊ အလြန္ဆံုး ေလး၊ ငါးလခန္႔မွာ သိရွိသြားၾကတာ မ်ားပါသည္။

လင္ေကာင္မေပၚဘဲကေလးရေသာ ဇာတ္လမ္းမ်ားကား ရိုးေနပါၿပီ။ ဆရာ၀န္ေတြအတြက္ ထမင္းစား၊ ေရေသာက္ပါ။ ရည္းစားႏွင့္ ေမွာက္မွားမိေသာ အျဖစ္အပ်က္မ်ားကား မဆန္းေတာ့ပါ။ ကြ်န္မတို႔က ဆရာ၀န္ က်င့္၀တ္ႏွင့္အညီ ဘာမွ်လုပ္မေပးေတာ့ နီးရာစံုစမ္းၿပီး ဖ်က္ခ်ၾကတာလည္း ဒုနဲ႔ေဒးပါ။ အခ်ိဳ႕လည္းကံေကာင္းေတာ့ ဘာမွ်မျဖစ္။ (အကုသိုလ္ကေတာ့ မေနပါ။) အခ်ိဳ႕လည္း ေသေကာင္ေပါင္းလဲ၊ အဆဲအဆိုခံ၍ဆရာ၀န္မ်ား လုပ္ေပးၿပီးေကာင္းသြားၾက။ အခ်ိဳ႕လည္း ေသရာပါ နာတာရွည္။ အခ်ိဳ႕ကပ်က္။ ဘာပဲျဖစ္ျဖစ္။

ယခုလို ေမြခါနီးအခ်ိန္ႀကီးတိုင္ေအာင္ ဗိုက္ထဲမွာ ကေလးတစ္ေယာက္လံုးလြယ္ထားၿပီး ဘာမွ်မသိၾက ျခင္းမွာ မယံုႏုိင္စရာပင္။

ၾကားေတာ့ၾကားဖူးသည္။

စာေပေမာင္ႏွမေတာ္သည္ ကြ်န္မ၏ဆရာ အိုဂ်ီေဒါက္တာစိုးလြင္က မိဘမ်ားက သမီးအပ်ိဳေလးဗိုက္နာ လို႔လာပို႔တာ ၿပီးေတာ့မွ ကေလးထြက္လာ၍ ေမြးေပးလိုက္ရသည္ဆိုတာမ်ိဳး။

ၾကားရစဥ္ကေတာ့ အမွတ္တမဲ့ပင္။ အေတာ္နေမာ္နမဲ့ႏိုင္သည့္ မိသားစုပါလား။ မိန္းကေလးကေရာ ကိုယ္ဘာျဖစ္ေန တာကိုယ့္ဟာကိုယ္ေတာင္ မသိႏိုင္ေအာင္ အ, လွေခ်လား။ ေၾသာ္. . . နယ္ၿမိဳ႕ေလးေတြမွာဆိုေတာ့ ရွိေပမေပါ့ေလဟု ေတြးမိသည္။

ေဟာ … အခုေတာ့ ဒါရန္ကုန္ၿမိဳ႕မွာေလ။

လူစည္ကားရာ ၿမိဳ႕၊ အသိပညာေတြ လွ်ံထြက္ေနေသာၿမိဳ႕၊ က်န္းမာေရးဗဟုသုတေတြ နီးနီးေလးမွာ ၾကားသိျမင္ေနရၿပီး အဖြဲ႕အစည္း အမ်ိဳးမ်ိဳးက အစိုးရက က်န္းမာေရးျမွင့္တင္ေနေသာ ၿမိဳ႕၊ သည္လိုၿမိဳ႕မွာ သည္အျဖစ္မ်ိဳးက ႐ုပ္ပ်က္လြန္းလွေခ်လား။

ၿပီးေတာ့ စမ္းသပ္ၿပီး ခန္႔မွန္းရသေလာက္ ကေလးကေသးေသးေကြးေကြး မဟုတ္၊ ရင္ညြန္႔ႏွင့္ဆီးခံု ၾကားေနရာအျပည့္ ကိုယ္အဂၤါေလးမ်ား စမ္းသပ္မိေနတာ ထြားမွထြား။

သူမ၀တ္ထားေသာ ေဘာင္းဘီကေတာ့ ခါး၀တ္ေနရာမွာမေတာ္၍ ခ်ိတ္ႏွင့္ဆြဲခ်ိတ္ထားသည္။ အထဲက ကေလးငယ္အစား မသက္မသာရွိလိုက္တာ။ ေဘာင္းဘီကို မရမကေတာ္ေအာင္ခ်ိတ္ႏွင့္ ဖိသိပ္၀တ္ထားသည္။ အထဲမွာ ဘယ္သို႔ရွိမည္မသိ။

အေပၚက စပို႔ရွပ္ခါးရွည္ ဖားဖားႀကီးက အုပ္ထားေတာ့ ေဘာင္းဘီခါးမေတာ္တာ ဘယ္လိုမွ် မသိႏုိင္။

ယခုေခတ္ မိန္းကေလးအက်ၤ ီေတြကလည္း ဂါ၀န္ေတြလို ရွည္ရွည္ဖားဖားႀကီးေတြ၊ ေပါင္လယ္ ေလာက္ ဖားလ်ားက်ေနမွ ဖက္ရွင္က်သည္ ထင္ေနၾကတာ။ ေအာက္က ေဘာင္းဘီတိုႏွင့္ တြဲ၀တ္ၾကသည္။ သူ႔ေခတ္ႏွင့္သူေတာ့ လွသည္ထင္ေနၾကသည္။

သူတို႔စတိုင္လ္က ေတာ္ရံုဗိုက္ႀကီးလည္း မသိႏိုင္ေတာ့ အံကိုက္ပင္။ မိဘေမာင္ဖားမ်ားလည္း မရိပ္မိၾကဘူးထင္ပါရဲ႕။ ရာသီလာလား ေမးေတာ့လည္း “ဟုတ္ကဲ့” တဲ့။ တစ္ခုခုေတာ့ လြဲေနၿပီ။ ကိုယ့္လက္ကိုယ္ ယံုေပမယ့္ ကြ်န္မကအပ်ိဳပါ ဆိုလာသူတစ္ဦးကို အသားလြတ္ေတာ့ စတင္မစြပ္စြဲဘဲ Ultrasound ရိုက္ခိုင္း လုိက္သည္။

“အထဲမွာ အလံုးလိုလို ေတြ႕ရတယ္။ မေတာ္လို႔သား သားအိမ္အလံုးေတြ၊ အက်ိတ္ေတြျဖစ္ေနရင္ခက္မယ္။ ေျခေထာက္ေရာင္တာ အေၾကာင္းရင္းလည္း ရွာေတြ႕ႏိုင္တာေပါ့” ဆိုၿပီး မသိမသာ USG ရိုက္ခိုင္းလိုက္ရသည္။ တစ္ညလုံး ထိုမိန္းကေလးအေၾကာင္း ေခါင္းထဲကမထြက္။ အေမကိုလည္း ေခၚခိုင္းလိုက္သည္။

ေနာက္တစ္ေန႔ညေနမွာ သူတို႔အုပ္စုကို အေစာဆံုးေတြ႕ရသည္။ လူကလည္း ရွင္းေနသည္။ အေမႏွင့္ အေဒၚက အနားမွာ။

“ေၾသာ္ ….”

သူအေမျဖစ္သူကို ျမင္လိုက္ရေတာ့ ရင္ထဲမေကာင္း။ သမီးအပ်ိဳေလးဟု တယုတယအုပ္ထိန္းခဲ့သူ မိခင္ရင္မွာ ဘယ္လိုရွိလိမ့္မည္လဲ။ သမီး၏ဗိုက္ထဲမွာ ေမြးခါနီးသေႏၵသားေလး တလြယ္တပိုးရွိေနတာကို နည္းနည္းေလးမွ် ရိပ္မိေဖာ္ေတာင္ မရသည့္အေမပါလား။ ဒါေတြဟာ ၀တၳဳေတြထဲမွာ မဟုတ္ဘူး။ စိတ္ကူးယဥ္ဗီဒီယိုဇာတ္လမ္း မဟုတ္ဘူး။

အေမျဖစ္သူ ကမ္းေပးလာသည့္ USG အေျဖစာရြက္ေလးကို ၾကည့္လိုက္ေတာ့ ႏွစ္ေပါင္းမ်ားစြာ စမ္းသပ္လာခဲ့သည့္ ကြ်န္မလက္မ်ား၏ ေတြ႕ရွိခ်က္အတုိင္းပင္။ သည္မွာ ပိုလာတာက ကိုယ္၀န္ ပတ္ (၃၀)၊ ေယာက်္ားေလးတဲ့။

မိမိတို႔၏ ပေယာဂျဖင့္ ရွင္သန္ႀကီးထြားေနသည့္အျပစ္ကင္းေသာ သေႏၵသားေယာက်္ားေလးတစ္ဦး ကေတာ့ မိခင္၏ ၀မ္းၾကာတိုက္ထဲမွာ ေမြးဖြားရန္ အသင့္ရွိေခ်ၿပီ။ ဒါကို သူတို႔တာ၀န္ယူရေတာ့မည္။ ဒီအခ်ိန္မွာ လက္ထပ္ေပးလိုက္လွ်င္လည္း ေနာက္ႏွစ္လခန္႔မွာ ေန႔ေစ့၊ လေစ့ သားကေလးေမြးဖြားလာေတာ့ ဘယ္လိုရွင္းၾကမလဲ။

လူမႈေရးျပႆနာမ်ားကို ၀င္ရွင္းေပးဖို႔အထိေတာ့ ဆရာ၀န္မွာ တာ၀န္မရွိ။ သို႔ေပမဲ့ မိန္းကေလးကို ဆူဆူပူပူ ေျခလြန္လက္လြန္မလုပ္ဖို႔ ျဖစ္ၿပီးသားကို ေျပလည္ေအာင္ နည္းလမ္းႀကံဆဖို႔ေတာ့ လမ္းၫႊန္အႀကံေပးလုိက္သည္။ ၿပီးေတာ့ သည္အခ်ိန္မ်ိဳးမွာ ဘယ္လိုနည္းႏွင့္မွ် ဖ်က္ခ်တာမ်ိဳး သြားမလုပ္ဖို႔၊ အသက္အႏၱရာယ္ အလြန္နီးလွေၾကာင္း သတိေပးလိုက္ရသည္။

“သူ႔အေဖက သတ္မွာ” ဆိုသည့္ ညည္းသံေလးေတာ့ မိခင္ျဖစ္သူထံမွ ထြက္လာသည္။ သမီး၏ ရည္းစားကိုသိသလားဆိုေတာ့လည္း “သူ႔ကိုတစ္ခ်ိန္လံုးအိမ္ထဲမွာထားတာပဲ” ဟူေသာစကားၾကားရသည္။

“အိမ္ထဲမွာထားေသာ သမီးအပ်ိဳေလးမ်ားအတြက္”မိဘမ်ား၏အုပ္ထိန္းပံု နည္းလမ္းကားထင္သ ေလာက္မလြယ္ပါ။

သူတို႔ျပန္သြားအၿပီးမွာ မိန္းကေလးတို႔အတြက္ သည္လိုကိစၥမ်ိဳးႏွင့္ မတိုးမိေစဖို႔ လိင္ကိစၥပညာေပးရန္ က်န္းမာေရး၀န္ထမ္းတို႔၏ တာ၀န္ႏွင့္မကင္းသလိုခံစားမိရပါသည္။

မိခင္တို႔တြက္ သမီးအပ်ိဳေလးႏွင့္ ရင္အုပ္မကြာ ေစာင့္ေရွာက္ထိန္းသိမ္းေပးေနဖို႔အေျခအေန မေပးခဲ့ေသာ္ အိမ္ထဲထည့္ထားရံုျဖင့္ စိတ္ခ်မေနသင့္ပါ။ သည္လိုကိစၥမ်ိဳးကား သံကြန္ခ်ာ အထပ္ထပ္အခါခါ အုပ္ထားေသာ္မွ် စိတ္မခ်ရ။

အေကာင္းဆံုးကေတာ့ သမီးအပ်ိဳေဖာ္၀င္သည္ႏွင့္ သိသင့္သိထိုက္သည္မ်ားကို ျဖည္းျဖည္းခ်င္း အသိေပးသြားရမည္။ ထို႔အတြက္ မိခင္(အုပ္ထိန္းသူမ်ား)ဘက္မွလည္း အေျခခံမိန္းကေလးကိစၥတို႔ကို ဦးစြာ နားလည္သိရွိထားသင့္ပါသည္။

ဆရာ၀န္တို႔လည္း မ, သဘာ၀ကိစၥမ်ားကို အထပ္ထပ္အခါခါေျပာျပၾက၊ ေရးသားၾကႏွင့္ အပ္ေၾကာင္း ထပ္ခဲ့ၿပီ။ ကြ်န္မတစ္ေယာက္တည္းအေနႏွင့္ပင္ နည္းလမ္းမ်ိဳးစံု၊ ရႈေထာင့္မ်ိဳးစံုႏွင့္ အဖန္ဖန္ ပညာေပးေဟာ ေျပာ ေရးသားၿပီးခဲ့သည္မွာ မေရမတြက္ႏိုင္ေတာ့။

အတိုင္းအတာတစ္ခုအထိတာ့ ထိေရာက္သြားသည္ဟု ေျပာႏိုင္မည္ထင္သည္။ ကြ်န္မတို႔အနီးအနား မွာ သည္လိုျပႆနာေတြ သိပ္မေတြ႕ရေတာ့ဟု ထင္ေနဆဲ။

“ေျပာမယံု၊ ႀကံဳဖူးမွသိ”ဆိုသည့္ စကားႏွင့္အညီ ကြက္တိမွန္ေနေအာင္ လာႀကံဳရသည့္ သည္အျဖစ္မ်ိဳး ေၾကာင့္ မ,သဘာ၀ပညာေပးေတြေဟာေျပာေရးသားႏုိင္လြန္းလွၿပီဟု အထင္ေရာက္ေနသည့္အျဖစ္ ကြ်န္မတို႔၏ ပစ္မွတ္မ်ားကား လြဲေနတုန္းပင္ ျဖစ္ေၾကာင္းသိလိုက္ရပါသည္။

သို႔အတြက္ မိန္းကေလးတို႔၏အႏၱရာယ္မ်ားအေၾကာင္း ကြ်န္မ၏ပဲ့တင္သံမ်ားကား မဆံုးႏိုင္ေအာင္ရွိေခ် ပါေတာ့မည္။

ေျပာပါမ်ားေတာ့ ဘာမွ်မသိေတာ့သည့္အျဖစ္မေရာက္ေအာင္ လိုတိုရွင္း၊ နားထဲဒက္ထိ၀င္ေအာင္ တစ္နည္းလွည့္ေျပာခ်င္ပါသည္။ အခ်ိန္မရေသာေခတ္ႀကီးထဲမွာ အခ်ိန္မရေသာ မိဘအုပ္ထိန္းသူမ်ား၊ ရသမွ်အခ်ိန္အတြက္ ဖတ္ၾက၊ မွတ္ၾက၊ တစ္ဆင့္ျပန္ေျပာျပၾကၿပီး ႏုိင္င့ံသမီးရတနာ အပ်ိဳစင္ေလးမ်ားကို စံခ်ိန္မီ ထိန္းသိမ္းႏုိင္ၾကေစရန္ ရည္ရြယ္ပါသည္။

က်န္းမာေသာပံုမွန္သမီးမိန္းကေလးရွိၿပီဆိုလွ်င္ …

(၁)     အသက္ ၉ ႏွစ္မွ ၁၄ – ၁၅ ႏွစ္ (အခ်ိဳ႕ေသာ ၁၆-၁၈ႏွစ္အထိ) အတြင္း မိန္းမကိုယ္မွ ဓမၼတာေသြးဆင္းတတ္ေၾကာင္း အလ်ဥ္းသင့္သလို ေျပာထားပါ။

(၂)     ထိုကိစၥသည္ သဘာ၀ျဖစ္ေၾကာင္း၊ ရွက္ရြံ႕အားငယ္စရာမလိုေၾကာင္း၊ သန္႔ရွင္းလံုၿခံဳစြာ ေနထိုင္တတ္ဖို႔ အသိေပးပါ။

(၃)     ထိုကိစၥျဖစ္ေပၚလာသည္ႏွင့္တစ္ၿပိဳင္နက္ ေယာက်္ားေလးမ်ားႏွင့္ အေနအထိုင္ သတိထားရန္၊ ကိုယ္၀န္ရွိတတ္ပံုမ်ား ေျပာျပထားပါ။

(၄)     ေယာက်္ားေလးမ်ားကို တရားလြန္ ေရွာင္ရွားရွက္ရြံ႕ေနစရာလည္းမလိုဘဲ ပံုမွန္သူငယ္ခ်င္းမိတ္ေဆြအျဖစ္ေပါင္းရန္။

(၅)     မိမိတု႔ိ၏ လွ်ိဳ႕၀ွက္လံုၿခံဳအပ္ေသာ ေနရာမ်ားႏွင့္ တစ္ကိုယ္ေရသန္႔ရွင္းေရးအေလးေပးရန္။

(၆)     မိမိ၏ ပံုမွန္ဓမၼတာေပၚေနရာမွ ထိမ္သြားလွ်င္ မိခင္(အုပ္ထိန္းသူ)ကိုအသိေပးရန္။ (ဓမၼတာ မလာေသာအေၾကာင္းမ်ား အမ်ိဳးမ်ိဳးရွိသည့္အနက္ ကိုယ္၀န္ရွိေန၍ မလာျခင္းကား အပ်ိဳေတြအတြက္ အထူးသတိထားသင့္ေသာအခ်က္ ျဖစ္ေၾကာင္း အေလးေပးေျပာျပထားရန္)

(၇)     မည္သို႔ေသာ အေၾကာင္းျပခ်က္ႏွင့္မွ် (လက္မထပ္မီ) ဆန္႔က်င္ဘက္ေယာက်္ားမ်ားႏွင့္ ဆိတ္ကြယ္ရာတြင္ မေတြ႕ဆံုမိရန္။

အထူးသျဖင့္ေတာ့ ဟိုမသြားရ၊ သည္မသြားရ၊ ဘာမလုပ္ရ၊ ညာမလုပ္ရဟု အမိန္႔အာဏာသံျဖင့္ အုပ္ထိန္းမည့္အစား ဘာေၾကာင့္သတိေပးတားျမစ္ရေၾကာင္းကို အက်ိဳးသင့္ အေၾကာင္းသင့္ ရွင္းလင္းအသိေပး ထားၿပီးဟု အုပ္ထိန္းျခင္းက အသင့္ေတာ္ဆံုးျဖစ္ေၾကာင္း ညေနေဆးခန္းမ်ားထဲမွ ႀကံဳရသည္မ်ားအတြက္ ပဲ့တင္ထပ္လိုက္ရပါသည္။

အမရာ (ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆောင်းပါးများ(Old not use)နေထိုင်မှုပုံစံအထွေထွေအထွေထွေရောဂါများ

အဆုတ်အားကောင်းစေဖို့သဘာ၀နည်းနဲ့မြှင့်တင်ခြင်း

1 Mins read
အဆုတ်အားကောင်းစေဖို့သဘာ၀နည်းနဲ့မြှင့်တင်ခြင်း ဒီနေ့ခေတ်လို အဆုတ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပိုမိုလိုအပ်လာတဲ့ကာလမှာ ငွေကုန်ကြေးကျလည်း သက်သာသလို လိုက်နာနိုင်ရင်လည်း လိုက်နာနိုင်သလောက် အကျိုးရှိစေမယ့် အဆုတ်အားကောင်း‌ စေမယ့် သဘာ၀နည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။အသက်ပြင်းပြင်းရှူခြင်း အသက်ပြင်းပြင်းရှူပေးခြင်းက အဆုတ်အားကောင်းစေမယ့် နည်းလမ်းတွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။ မနက်စောစောလမ်းလျှောက်ပေးပြီးလတ်ဆတ်တဲ့ လေကိုတ၀ကြီးရှူရှိုက်ပေးခြင်းက…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆောင်းပါးများ(Old not use)အထွေထွေအထွေထွေရောဂါများ

ထိပ်ကပ်နာ ဟုဆိုရာမှာ

1 Mins read
ထိပ်ကပ်နာ ဟုဆိုရာမှာ Sinusitis လို့ခေါ်တဲ့ ထိပ်ခတ်နာကတော့ နှာခေါင်းတဝိုက် ဦးခေါင်းအရိုးခွံအတွင်းမှာရှိတဲ့ အခန်းငယ် လေးတွေထဲက အမြှေးပါးယောင်ယမ်းမှု ကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆောင်းတွင်ကာလတွေမှာပိုပြီးတော့သိသာပါတယ်။ အဲ့ဒီလိုယောင်ယမ်းတဲ့ အခါ နေ့စဉ်ဘ၀ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နှာစေးခြင်းကို အချိန်ကာလကြာမြင့်စွာ ခံစားရနိုင်ပါတယ်။ထိပ်ခတ်နာဖြစ်ချိန်မှာ…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆောင်းပါးများ(Old not use)နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အသားပတ်တာတွေကြောင့် အမြင်မလှဖြစ်နေပြီလား...

1 Mins read
အသားပတ်တာတွေကြောင့် အမြင်မလှဖြစ်နေပြီလား… ဆောင်းတွင်းဝင်နေပြီဆိုတာနဲ့ အသားတွေပတ်ပြီး အရေခွံတွေကွာလာမယ်။ ရာသီအလိုက်ဖြစ်တယ်ဆိုပေမယ့် သေချာမထိန်းသိမ်းရင် အမြင်တော့လှမနေပါဘူး။ ဒါ့ကြောင့် ဆောင်းတွင်းအသားပတ်တာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလေးပြောပြပေးချင်ပါတယ်…။ ရေများများသောက်ရပါမယ်။ နွေရာသီပူပြင်းတဲ့အချိန်မှာ ရေဆာတာမျိုးခဏခဏဖြစ်တတ်ပေမယ့် ဆောင်းရာသီမှာတော့ အပြင်မှာအေးနေတာပဲဆိုပြီး ရေသောက်ဖို့ကို သိပ်သတိမရတတ်ကြပါဘူး။ အသားအရေ ရေဓာတ်ခမ်းခြောက်ရင် အသားပတ်တာတွေပိုဆိုးနိုင်လို့ အနည်းဆုံး…

Leave a Reply

Your email address will not be published. Required fields are marked *