ဆယ်ကျော်သက်များတွင် သံဓာတ်နှင့် ကယ်လစီယမ်ဓာတ် ချို့တဲ့ခြင်းကို ကာကွယ်ရန်

ဆယ်ကျော်သက်လူငယ်များ ကျန်းမာရေးနှင့် ညီညွတ်ပြီး တက်ကြွရွှင်လန်း ပျော်ရွှင်နိုင်ရန် အာဟာရဓာတ်များပြည့်ဝရန်
လိုအပ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးရန်ှနှင့် အရိုးနှင့်၊ ကြွက်သားများ သန်မာကြံ့ခိုင်နိုင်ရန်အတွက်လည်း
ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရ ဓာတ်များ စားသုံးရပါမည်။ သို့ရာတွင် ဆယ်ကျော်သက်များသည်အာဟာဓာတ်
များပါဝင်သော အသား၊ ငါး၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ဥမျိုးစုံကို မျှတစွာ စားသုံးခြင်းမရှိသောကြောင့် သံဓာတ်နှင့်
ကယ်လယ်စီဆယ်ဓာတ်ကို ကာကွယ်ရန် လိုအပ်ပါသည်။

(၁) သံဓာတ်ချို့တဲ့ခြင်း
သံဓာတ်သည် အနီရောင်ရှိသော အသားများတွင် အဓိပါဝင်ပါသည်။ ဟင်းသီးဟင်းရွက် (ဥပမာ- ဘူးညွှန်၊ ဟင်းနုနယ်)တွင်လည်း
သံဓာတ်ပါရှိပါသည်။ ကွေကာ၊ ပေါင်မုန့်နှင့် သစ်သီးခြောက်များတွင်လည်း သံဓာတ်ပါရှိပါသည်။
သံဓာတ်အာဟာရသည် သွေးအားကို ကောင်းစေပါသည်။ သွေးအားကောင်းမှ ကျန်းမာပါမည်။ စာကို ကြိုးစား၍ သင်ယူနိုင်ပါမည်။
ထိုကြောင့် ဆယ်ကျော်သက်များ အနေဖြင့် သံဓာတ်ကြွယ်ဝသော အသား၊ အသည်း၊ သွေးခဲများကို တတ်နိုင်သမျှ စားရပါမည်။
ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တို့ကိုလည်း အသား၊ ငါး၊ အစပ် တတ်နိုင်သမျှ ထည့်၍ စားရပါ မည်။
ထမင်းစားပြီးတိုင်း မာလာကာသီး၊ လိမ္မော်သီး၊ ချဉ်ဖန်သီး တစ်မျိုးမျိုးကို စားရပါမည်။ သံဓာတ်ဆေးပြားကို တစ်ပတ်လျှင်
တစ်ကြိမ်သောက်ရပါမည်။ဆယ်ကျော်သက်များအနေဖြင့်လက်ဖက်သုပ်၊လက်ဖက်ရည်အချို၊လက်ဖက်ရည်ကြမ်း၊ အဖန်ရည်များသည်
သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်သောကြောင့် အလွန်အကျွံစားခြင်းနှင့် သောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။ ၎င်းတို့ကို
နှစ်သက်ပါက ထမင်းစားပြီး အနည်းဆုံး နှစ်နာရီခွဲ ခွာပြီး စားသုံးရပါမည်။ လက်ဖက်ရည်ကြမ်း အရောင်ရင့်ရင့်၊ ဖန်ဖန်သောက်သုံး
ခြင်းကို ရှောင်ကြဉ်ရပါမည်။ဆယ်ကျော်သက်များအနေဖြင့် အစာမစားခင်းနှင့် အိမ်သာသွားပြီးသည့်အခါတိုင်း ဆပ်ပြာနှင့်
လက်ကို ဆေးကြောရပါမည်။ သန်ကောင်စွဲရောဂါကို ကာကွယ်နိုင်ရန် ဖြစ်ပါသည်။ သန်ကောင်ရှိပါက သံဓာတ်ချို့တဲ့ပြီး
သွေးအားနည်းတတ်၍ ခြောက်လတစ်ကြိမ် သန်ချရန် လိုအပ်ပါသည်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးများသည်
လစဉ်ဓမ္မတာရာသီလာခြင်းကြောင့် သံဓာတ်ဆုံးရှုံးမူ ပိုဖြစ်ပြီး ခဏခဏ မောပန်းလွယ်ခြင်း၊ အအေးမိလွယ်ခြင်းနှင့် သွေးအား
နည်း၍ ရင်တုန်ခြင်းများ ဖြစ်တတ်သည်ကို သတိထားရပါမည်။

(၂) ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်း
ဆက်ကျော်သက်များတွင် ကယ်လ်စီဆယ်ဓာတ်သည် သတ်မှတ်ထားသော ပမာဏထက် နည်းနေတတ်ပါသည်။
အရိုးကြီးထားကျန်းမာရေးအတွက် ကယ်လ်စိယမ်ဓာတ် သည် ဗီတာမင်နှင့် ဖော့စဖရပ်ကဲ့သို့ အဓိကလိုအပ်ပါသည်။
ဆယ်ကျော်သက်အရွယ်တွင် ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ မရရှိခဲ့ပါက အရိုးပွရောဂါ ဖြစ်နိုင်ခြေအခွင့်အလမ်း
ပို၍များပါသည်။အရိုးသည် အလွယ်တကူ ကျိုးလွယ်ပါသည်။ဆယ်ကျော်သက်များအနေဖြင့် ကယ်လ်စီယမ် ပေါကြွယ်ဝသော
အစားအစာများကို နေ့စဉ် စားပေးရပါမည်။ နို့နှင့် နို့ထွက်ပစ္စည်းများသည် ကယ်လ်စီယမ်ဓာတ်ပါဝင်မှု အများ ဆုံးအစားအစာများ
ဖြစ်ပါသည်။ ဒိန်ချဉ်သောက်ခြင်းပြုလုပ်ပါကလည်း ကယ်လ်စီယမ်ဓာတ် ရရှိနိုင်ပါသည်။အခြား ကယ်လ်စီယမ်ဓာတ် ကြွယ်ဝသော
အစားအစာများဖြစ်သည့် ပဲနို့၊ တို့ဟူး၊ ဒိန်ခဲ၊ ဆားဒင်းငါး၊ ပေါင်မုန့်အညို၊ ပေါင်မုန့်အဖြူ၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို
စားသုံးနိုင် ပါသည်။ ပင်လယ်ကျောက်ပွင့်နှင့် ပင်လယ်ငါးကလေးခြောက်များကိုလည်း စားသုံးနိုင်ပါသည်။

(၃)အကြံပြုချက်

ဆယ်ကျော်သက်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာ နိုင်ပါသည်။ ဆယ်ကျော်သက်အရွယ်ကတည်းက
အာဟာရပြည့်ဝမှသာ ကျန်းမာရွှင်လန်းနိုင်ပါ မည်။ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် အခြားကိစ္စရပ်များကို အောင်မြင်စွာ
ဆောင်ရွက် နိုင်ပါမည်။ သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်သည် ဆယ်ကျော်သက်လူငယ်များအတွက် မရှိမဖြစ် လိုအပ်သောကြောင့်
ထိုဓာတ်များ ချို့တဲ့ခြင်းကို ကာကွယ်သင့်ကြောင်း အကြံပြု အပ်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း
( ပြည်သူ့ကျန်းမာရေး )

ဆယ္ေက်ာ္သက္မ်ားတြင္ သံဓာတ္ႏွင့္ ကယ္လစီယမ္ဓာတ္ ခ်ိဳ႕တဲ့ျခင္းကို ကာကြယ္ရန္

ဆယ္ေက်ာ္သက္လူငယ္မ်ား က်န္းမာေရးႏွင့္ ညီညြတ္ၿပီး တက္ႂကြရႊင္လန္း ေပ်ာ္ရႊင္နိုင္ရန္ အာဟာရဓာတ္မ်ားျပည့္ဝရန္
လိုအပ္ပါသည္။ ႐ုပ္ပိုင္းဆိုင္ရာ ႀကီးထြားဖြံ့ၿဖိဳးရန္ွႏွင့္ အရိုးႏွင့္၊ ႂကြက္သားမ်ား သန္မာႀကံ့ခိုင္နိုင္ရန္အတြက္လည္း
က်န္းမာေရးႏွင့္ ညီညြတ္ေသာ အာဟာရ ဓာတ္မ်ား စားသုံးရပါမည္။ သို႔ရာတြင္ ဆယ္ေက်ာ္သက္မ်ားသည္အာဟာဓာတ္
မ်ားပါ၀င္ေသာ အသား၊ ငါး၊ ပဲမ်ိဳးစုံ၊ ဟင္းသီးဟင္းရြက္ႏွင့္ ဥမ်ိဳးစုံကို မၽွတစြာ စားသုံးျခင္းမရွိေသာေၾကာင့္ သံဓာတ္ႏွင့္
ကယ္လယ္စီဆယ္ဓာတ္ကို ကာကြယ္ရန္ လိုအပ္ပါသည္။

(၁) သံဓာတ္ခ်ိဳ႕တဲ့ျခင္း
သံဓာတ္သည္ အနီေရာင္ရွိေသာ အသားမ်ားတြင္ အဓိပါ၀င္ပါသည္။ ဟင္းသီးဟင္းရြက္ (ဥပမာ- ဘူးညႊန္၊ ဟင္းႏုနယ္)တြင္လည္း
သံဓာတ္ပါရွိပါသည္။ ေကြကာ၊ ေပါင္မုန႔္ႏွင့္ သစ္သီးေျခာက္မ်ားတြင္လည္း သံဓာတ္ပါရွိပါသည္။
သံဓာတ္အာဟာရသည္ ေသြးအားကို ေကာင္းေစပါသည္။ ေသြးအားေကာင္းမွ က်န္းမာပါမည္။ စာကို ႀကိဳးစား၍ သင္ယူနိုင္ပါမည္။
ထိုေၾကာင့္ ဆယ္ေက်ာ္သက္မ်ား အေနျဖင့္ သံဓာတ္ႂကြယ္ဝေသာ အသား၊ အသည္း၊ ေသြးခဲမ်ားကို တတ္နိုင္သမၽွ စားရပါမည္။
ပဲအမ်ိဳးမ်ိဳး၊ ဟင္းသီးဟင္းရြက္တို႔ကိုလည္း အသား၊ ငါး၊ အစပ္ တတ္နိုင္သမၽွ ထည့္၍ စားရပါ မည္။
ထမင္းစားၿပီးတိုင္း မာလာကာသီး၊ လိေမၼာ္သီး၊ ခ်ဥ္ဖန္သီး တစ္မ်ိဳးမ်ိဳးကို စားရပါမည္။ သံဓာတ္ေဆးျပားကို တစ္ပတ္လၽွင္
တစ္ႀကိမ္ေသာက္ရပါမည္။ဆယ္ေက်ာ္သက္မ်ားအေနျဖင့္လက္ဖက္သုပ္၊လက္ဖက္ရည္အခ်ိဳ၊လက္ဖက္ရည္ၾကမ္း၊ အဖန္ရည္မ်ားသည္
သံဓာတ္စုပ္ယူမွုကို ဟန႔္တားနိုင္ေသာေၾကာင့္ အလြန္အကၽြံစားျခင္းႏွင့္ ေသာက္ျခင္းကို ေရွာင္ၾကဥ္ရပါမည္။ ၄င္းတို႔ကို
ႏွစ္သက္ပါက ထမင္းစားၿပီး အနည္းဆုံး ႏွစ္နာရီခြဲ ခြာၿပီး စားသုံးရပါမည္။ လက္ဖက္ရည္ၾကမ္း အေရာင္ရင့္ရင့္၊ ဖန္ဖန္ေသာက္သုံး
ျခင္းကို ေရွာင္ၾကဥ္ရပါမည္။ဆယ္ေက်ာ္သက္မ်ားအေနျဖင့္ အစာမစားခင္းႏွင့္ အိ္မ္သာသြားၿပီးသည့္အခါတိုင္း ဆပ္ျပာႏွင့္
လက္ကို ေဆးေၾကာရပါမည္။ သန္ေကာင္စြဲေရာဂါကို ကာကြယ္နိုင္ရန္ ျဖစ္ပါသည္။ သန္ေကာင္ရွိပါက သံဓာတ္ခ်ိဳ႕တဲ့ၿပီး
ေသြးအားနည္းတတ္၍ ေျခာက္လတစ္ႀကိမ္ သန္ခ်ရန္ လိုအပ္ပါသည္။ ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးမ်ားသည္
လစဥ္ဓမၼတာရာသီလာျခင္းေၾကာင့္ သံဓာတ္ဆုံးရွုံးမူ ပိုျဖစ္ၿပီး ခဏခဏ ေမာပန္းလြယ္ျခင္း၊ အေအးမိလြယ္ျခင္းႏွင့္ ေသြးအား
နည္း၍ ရင္တုန္ျခင္းမ်ား ျဖစ္တတ္သည္ကို သတိထားရပါမည္။

(၂) ကယ္လ္စီယမ္ဓာတ္ ခ်ိဳ႕တဲ့ျခင္း
ဆက္ေက်ာ္သက္မ်ားတြင္ ကယ္လ္စီဆယ္ဓာတ္သည္ သတ္မွတ္ထားေသာ ပမာဏထက္ နည္းေနတတ္ပါသည္။
အရိုးႀကီးထားက်န္းမာေရးအတြက္ ကယ္လ္စိယမ္ဓာတ္ သည္ ဗီတာမင္ႏွင့္ ေဖာ့စဖရပ္ကဲ့သို႔ အဓိကလိုအပ္ပါသည္။
ဆယ္ေက်ာ္သက္အရြယ္တြင္ ကယ္လ္စီယမ္ဓာတ္ကို လုံေလာက္စြာ မရရွိခဲ့ပါက အရိုးပြေရာဂါ ျဖစ္နိုင္ေျခအခြင့္အလမ္း
ပို၍မ်ားပါသည္။အရိုးသည္ အလြယ္တကူ က်ိဳးလြယ္ပါသည္။ဆယ္ေက်ာ္သက္မ်ားအေနျဖင့္ ကယ္လ္စီယမ္ ေပါႂကြယ္ဝေသာ
အစားအစာမ်ားကို ေန႔စဥ္ စားေပးရပါမည္။ နို႔ႏွင့္ နို႔ထြက္ပစၥည္းမ်ားသည္ ကယ္လ္စီယမ္ဓာတ္ပါ၀င္မွု အမ်ား ဆုံးအစားအစာမ်ား
ျဖစ္ပါသည္။ ဒိန္ခ်ဥ္ေသာက္ျခင္းျပဳလုပ္ပါကလည္း ကယ္လ္စီယမ္ဓာတ္ ရရွိနို္င္ပါသည္။အျခား ကယ္လ္စီယမ္ဓာတ္ ႂကြယ္ဝေသာ
အစားအစာမ်ားျဖစ္သည့္ ပဲနို႔၊ တို႔ဟူး၊ ဒိန္ခဲ၊ ဆားဒင္းငါး၊ ေပါင္မုန႔္အညိဳ၊ ေပါင္မုန႔္အျဖဴ၊ ေဂၚဖီထုပ္ႏွင့္ ပန္းေဂၚဖီမ်ားကို
စားသုံးနိုင္ ပါသည္။ ပင္လယ္ေက်ာက္ပြင့္ႏွင့္ ပင္လယ္ငါးကေလးေျခာက္မ်ားကိုလည္း စားသုံးနိုင္ပါသည္။

(၃)အႀကံျပဳခ်က္

ဆယ္ေက်ာ္သက္မ်ားသည္ အနာဂတ္၏ ေခါင္းေဆာင္ေကာင္းမ်ား ျဖစ္လာ နိုင္ပါသည္။ ဆယ္ေက်ာ္သက္အရြယ္ကတည္းက
အာဟာရျပည့္ဝမွသာ က်န္းမာရႊင္လန္းနိုင္ပါ မည္။ ပညာေရး၊ စီးပြားေရး၊ ဘာသာေရးႏွင့္ အျခားကိစၥရပ္မ်ားကို ေအာင္ျမင္စြာ
ေဆာင္ရြက္ နိုင္ပါမည္။ သံဓာတ္ႏွင့္ ကယ္လ္စီယမ္ဓာတ္သည္ ဆယ္ေက်ာ္သက္လူငယ္မ်ားအတြက္ မရွိမျဖစ္ လိုအပ္ေသာေၾကာင့္
ထိုဓာတ္မ်ား ခ်ိဳ႕တဲ့ျခင္းကို ကာကြယ္သင့္ေၾကာင္း အႀကံျပဳ အပ္ပါသည္။

ေဒါက္တာျမင့္သန္းထြန္း
( ျပည္သူ႔က်န္းမာေရး )

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…