All Articlesပိုးသေဆေးများ

Taxim injection (ပိုးသတ္ေဆး အမ်ိဳးအစား)

1 Mins read
All Articlesပိုးသေဆေးများ

Taxim injection (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read

ပါဝင်သောဆေး-Cefotaxime Na။

ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ပိုးကြောင့်ဖြစ်သော အဆုတ်နှင့် အသက်ရူလမ်းကြောင်းရောဂါများ၊ ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ ဆီးလမ်းကြောင်းရောဂါများ၊ မီးယပ်ရောဂါများ၊ အရေပြားနှင့် အရိုးအဆစ်ရောဂါများ၊ ခွဲမွေးသော မိခင်များ၊ aminoglycoside ပိုးသတ်ဆေးနှင့်လည်း တွဲသုံးနိုင်ပါသည်။
သုံးစွဲရန်အညွှန်း- ရောဂါနှင့် လူတစ်ဦးချင်းဆီပေါ် မူတည်၍ ဆေးသုံးစွဲရမည့် ပမာဏ ကွာခြားနိုင်ပါသည်။ ၀.၅-၂ ဂရမ် တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်ထိသုံးစွဲနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ cephalosporin အုပ်စုဝင် ပိုးသတ်ဆေးများနှင့် မတည့်သူများ။
သတိပြုရမည့်အချက်များ-ကျောက်ကပ်မကောင်းသူများ၊ ဆေးမတည့်ခြင်းဖြစ်ဖူးသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။

ဘေးထွက်ဆိုးကျိုး-သွေးပမွှား၊ သွေးဖြူဥများ နည်းခြင်း၊ အင်ပြင်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်း၊ အူမကြီးရောင်ခြင်း၊ ဆေးမတည့်ခြင်း၊ သွေးတွင်း အသည်းဓာတ်၊ ကျောက်ကပ်ဓာတ်များတက်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-aminoglycoside အုပ်စုဝင်ဆေးများနှင့် တွဲသုံးနိုင်သော်လည်း ကျောက်ကပ်ထိခိုက်မှု ပိုဖြစ်တတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *