ကာလသားရောဂါ ဆိုတာ

ကာလသားရောဂါဆိုတာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး…. ထရပ်ပိုနီးမားပယ်လီဒမ် လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကူးစက်ခံရခြင်းက ဖြစ်တဲ့ရောဂါပါ…..

ရောဂါလက္ခဏာတွေက ဘာတွေလဲ…. ဘယ်လိုကူးသလဲ

ကာလသားရောဂါရဲ့ ပထမဆုံး လက္ခဏာကတော့…chancre လို့ခေါ်တဲ့ နာကျင်မှူမရှိတဲ့ အနာသေးသေးဝိုင်းဝိုင်းတွေပေါက်တာပါပဲ… လိင်အဂါ်တွေဖြစ်တဲ့ မအဂါ်…စအိုနဲ့ ပါးစပ်တွေမှာ ပေါက်တတ်ပါတယ်…

တချို့တွေကျတော့ အနာက သေးတဲ့အတွက် ကိုယ့်မှာ ရောဂါဖြစ်နေတယ်ဆိုတာကို ချက်ချင်းသတိမထားမိသူတွေတောင် ရှိပါတယ်…

တချို့တွေ ကျတော့လဲ နှစ်ပေါင်းများစွာ ဘာရောဂါ လက္ခဏာမှ မပြဘဲ ရှိနေတတ်ပါတယ်…. ရောဂါကို စောစောသိရင်တော့ စောစောကုသမှူ ခံယူနိုင်ပြီး…. အရေးကြီးတဲ့ ကိုယ်တွင်းအဂါတွေ ဥပမာ( နှလုံး၊ ဦးနှောက် ) ထိခိုက်မှု ကနေ ရှောင်နိုင်မှာဖြစ်ပါတယ်…

ရောဂါအဆင့်အနေနဲ့ ပထမအဆင့်၊ ဒုတိယအဆင့်၊ နှောင်းပိုင်းအဆင့်နဲ့ တတိယအဆင့်ဆိုပြီး လေးဆင့်ရှိပါတယ်…. ပထမနဲ့ ဒုတိယအဆင့်တွေမှာ တခြားသူကို ရောဂါအကူးစက်စေနိုင်ဆုံးပါပဲ…

နောက်ဆုံး အဆင့်ကတော့ အသက်အန္တရာယ်ရှိပါတယ်..

ရောဂါလက္ခဏာတွေအနေနဲ့ chancre အနာအပြင် ဒါတွေလဲ ဖြစ်နိုင်ပါတယ်

  • ခေါင်းကိုက်ခြင်း
  • ပြန်ရည်ဂလင်းများရောင်… အကြိတ်များကြီးခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ပိန်သွားခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အဆစ်အမြစ်ကိုက်ခြင်း
  • မျက်စိမှူန်ခြင်း
  • နားလေးခြင်း
  • မှတ်ဉာဏ်ချွတ်ယွင်းခြင်း
  • စိတ်ရောဂါဖြစ်ခြင်း
  • လေဖြတ်ခြင်း သို့မဟုတ် ဦးနှောက်အမြှေးပါးရောင်ခြင်း
  • နှလုံးရောဂါ
  • ဦးနှောက် သို့မဟုတ် အာရုံကြောမကြီးပျက်စီးခြင်း

စတာတွေ ဖြစ်နိုင်ပါတယ်…

အဲဒီအနာတွေကို တိုက်ရိုက်ထိမှသာ ရောဂါကူးတာမဟုတ်ဘဲ… ရောဂါရှိသူနဲ့ အဝတ်အစားတွေအတူဝတ်တာ… အိမ်သာမျှသုံးတာ… အစားအသောက်ပန်းကန်ခွက်ယောက်ကနေတောင် ကူးနိုင်တယ်ဆိုပါတယ်…

ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ

တကယ်လို့ သင့်မှာ ကာလသားရောဂါရှိနေမလားလို့ သံသယဝင်တယ်ဆိုရင်… နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်လို့ VDRL လို့ခေါ်တဲ့ သွေးစစ်ပြီး ရောဂါရှိမရှိ သိနိုင်ပါတယ်..

Chancre အနာတွေရှိရင် အနာတွေကနေလဲ ရောဂါရှိမရှိ ဓာတ်ခွဲစမ်းသပ်လို့ရပါတယ်…

ကုသမှူ

ပထမနဲ့ ဒုတိယ အဆင့်မှာဆိုရင် ကာလသားရောဂါကို Penicillin လို ပိုးသတ်ဆေးမျိုးနဲ့ လွယ်လွယ်ကူကူ ကုသလို့ရပါတယ်… တကယ်လို့ လူနာက Penicillin နဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့… Doxycline , Azithromycin,Ceftriazone လို ပိုးသတ်ဆေး မျိုးနဲ့ သင့်ဆရာဝန်က ကုသပေးပါလိမ့်မယ်…

ကုသနေစဉ်အတွင်းနဲ့ ရောဂါလုံးဝပျောက်သည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရမှာဖြစ်သလို…သင့် လိင်ဆက်ဆံဖော်ကိုလဲ တပြိုင်နက်တည်း ကုသရမှာဖြစ်ပါတယ်…

ဘယ်လိုကာကွယ်နိုင်သလဲ

အကောင်းဆုံး ကာကွယ်နည်းကတော့ safe sex လို့ခေါ်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှူမျိုးဖြစ်ဖို့ပါပဲ… ရှောင်နိုင်ရင်ရှောင်ပါ… မရှောင်နိုင်ရင် condom ကို စနစ်တကျသုံးပါ…

တစ်ဦးအပေါ်တစ်ဦးသစ္စာရှိပြီး လိင်ဆက်ဆံဖော်မများစေခြင်းဟာ အကောင်းဆုံးကာကွယ်မှူပဲ ဖြစ်ပါတယ်..

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

ကာလသားေရာဂါ ဆိုတာ

ကာလသားေရာဂါဆိုတာ လိင္ကတဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြထဲက တစ္မ်ိဳးျဖစ္ၿပီး.... ထရပ္ပိုနီးမားပယ္လီဒမ္ လို႔ေခၚတဲ့ ဘက္တီးရီးယားပိုးတစ္မ်ိဳးကူးစက္ခံရျခင္းက ျဖစ္တဲ့ေရာဂါပါ.....

ေရာဂါလကၡဏာေတြက ဘာေတြလဲ.... ဘယ္လိုကူးသလဲ

ကာလသားေရာဂါရဲ႕ ပထမဆံုး လကၡဏာကေတာ့...chancre လို႔ေခၚတဲ့ နာက်င္မွူမရွိတဲ့ အနာေသးေသးဝိုင္းဝိုင္းေတြေပါက္တာပါပဲ... လိင္အဂၚေတြျဖစ္တဲ့ မအဂၚ...စအိုနဲ႔ ပါးစပ္ေတြမွာ ေပါက္တတ္ပါတယ္...

တခ်ိဳ႕ေတြက်ေတာ့ အနာက ေသးတဲ့အတြက္ ကိုယ့္မွာ ေရာဂါျဖစ္ေနတယ္ဆိုတာကို ခ်က္ခ်င္းသတိမထားမိသူေတြေတာင္ ႐ွိပါတယ္...

တခ်ိဳ႕ေတြ က်ေတာ့လဲ ႏွစ္ေပါင္းမ်ားစြာ ဘာေရာဂါ လကၡဏာမွ မျပဘဲ ႐ွိေနတတ္ပါတယ္.... ေရာဂါကို ေစာေစာသိရင္ေတာ့ ေစာေစာကုသမႉ ခံယူႏိုင္ၿပီး.... အေရးႀကီးတဲ့ ကိုယ္တြင္းအဂါေတြ ဥပမာ( ႏွလံုး၊ ဦးေႏွာက္ ) ထိခိုက္မႈ ကေန ေ႐ွာင္ႏိုင္မွာျဖစ္ပါတယ္...

ေရာဂါအဆင့္အေနနဲ႔ ပထမအဆင့္၊ ဒုတိယအဆင့္၊ ေႏွာင္းပိုင္းအဆင့္နဲ႔ တတိယအဆင့္ဆိုၿပီး ေလးဆင့္႐ွိပါတယ္.... ပထမနဲ႔ ဒုတိယအဆင့္ေတြမွာ တျခားသူကို ေရာဂါအကူးစက္ေစႏိုင္ဆံုးပါပဲ...

ေနာက္ဆံုး အဆင့္ကေတာ့ အသက္အႏၲရာယ္႐ွိပါတယ္..

ေရာဂါလကၡဏာေတြအေနနဲ႔ chancre အနာအျပင္ ဒါေတြလဲ ျဖစ္ႏိုင္ပါတယ္

  • ေခါင္းကိုက္ျခင္း
  • ျပန္ရည္ဂလင္းမ်ားေရာင္... အႀကိတ္မ်ားႀကီးျခင္း
  • ေမာပန္းႏြမ္းနယ္ျခင္း
  • ပိန္သြားျခင္း
  • ဆံပင္ကြၽတ္ျခင္း
  • အဆစ္အျမစ္ကိုက္ျခင္း
  • မ်က္စိမႉန္ျခင္း
  • နားေလးျခင္း
  • မွတ္ဥာဏ္ခြၽတ္ယြင္းျခင္း
  • စိတ္ေရာဂါျဖစ္ျခင္း
  • ေလျဖတ္ျခင္း သို႔မဟုတ္ ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း
  • ႏွလံုးေရာဂါ
  • ဦးေႏွာက္ သို႔မဟုတ္ အာရံုေၾကာမႀကီးပ်က္စီးျခင္း

စတာေတြ ျဖစ္ႏိုင္ပါတယ္...

အဲဒီအနာေတြကို တိုက္႐ိုက္ထိမွသာ ေရာဂါကူးတာမဟုတ္ဘဲ... ေရာဂါ႐ွိသူနဲ႔ အဝတ္အစားေတြအတူဝတ္တာ... အိမ္သာမ်ွသံုးတာ... အစားအေသာက္ပန္းကန္ခြက္ေယာက္ကေနေတာင္ ကူးႏိုင္တယ္ဆိုပါတယ္...

ေရာဂါ႐ွိမ႐ွိ ဘယ္လိုသိႏိုင္မလဲ

တကယ္လို႔ သင့္မွာ ကာလသားေရာဂါ႐ွိေနမလားလို႔ သံသယဝင္တယ္ဆိုရင္... နီးစပ္ရာဆရာဝန္နဲ႔တိုင္ပင္လို႔ VDRL လို႔ေခၚတဲ့ ေသြးစစ္ၿပီး ေရာဂါ႐ွိမ႐ွိ သိႏိုင္ပါတယ္..

Chancre အနာေတြ႐ွိရင္ အနာေတြကေနလဲ ေရာဂါ႐ွိမ႐ွိ ဓာတ္ခြဲစမ္းသပ္လို႔ရပါတယ္...

ကုသမႉ

ပထမနဲ့ ဒုတိယ အဆင့္မွာဆိုရင္ ကာလသားေရာဂါကို Penicillin လို ပိုးသတ္ေဆးမ်ိဳးနဲ႔ လြယ္လြယ္ကူကူ ကုသလို႔ရပါတယ္... တကယ္လို႔ လူနာက Penicillin နဲ႔ ဓာတ္မတည့္ဘူးဆိုရင္ေတာ့... Doxycline , Azithromycin,Ceftriazone လို ပိုးသတ္ေဆး မ်ိဳးနဲ႔ သင့္ဆရာဝန္က ကုသေပးပါလိမ့္မယ္...

ကုသေနစဥ္အတြင္းနဲ႔ ေရာဂါလံုးဝေပ်ာက္သည္အထိ လိင္ဆက္ဆံျခင္းကို ေ႐ွာင္ၾကဥ္ရမွာျဖစ္သလို...သင့္ လိင္ဆက္ဆံေဖာ္ကိုလဲ တၿပိဳင္နက္တည္း ကုသရမွာျဖစ္ပါတယ္...

ဘယ္လိုကာကြယ္ႏိုင္သလဲ

အေကာင္းဆံုး ကာကြယ္နည္းကေတာ့ safe sex လို႔ေခၚတဲ့ အႏၲရာယ္ကင္းတဲ့ လိင္ဆက္ဆံမႉမ်ိဳးျဖစ္ဖို႔ပါပဲ... ေ႐ွာင္နိုင္ရင္ေ႐ွာင္ပါ... မေ႐ွာင္ႏိုင္ရင္ condom ကို စနစ္တက်သံုးပါ...

တစ္ဦးအေပၚတစ္ဦးသစၥာ႐ွိၿပီး လိင္ဆက္ဆံေဖာ္မမ်ားေစျခင္းဟာ အေကာင္းဆံုးကာကြယ္မႉပဲ ျဖစ္ပါတယ္..

ေမတၱာျဖင့္
Dr. စိမ္းမိုးစက္

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *