ကိုယ်ဝန်ဆောင်နှင့်ကာလသားရောဂါ
ကာလသားရောဂါ Syphillis ဟာ လိင်ဆက်ဆံခြင်းကကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ အချိန်မှီ မကုသဘူး ။ စနစ်တကျ မကုသဘူးဆိူရင် နောက်ဆက်တွဲလက်ဆောင်တွေအများကြီးပေးတတ်တဲ့ရောဂါတစ်မျိုးလည်း ဟုတ်ပါတယ်။Syphillis ပိုးဟာ အခြားပိုးတွေနဲ့ မတူတာက ဒီပိုးမှာ ကလေးအချင်းကိုဖြတ်ပြီးဖြစ်စေ၊ မွေးစဉ်မွေးလမ်းကြောငိးမှတစ်ဆင့်ဖြစ်စေကလေးဆီပိုးကူးစက်နိုင်ခြေ ရှိပါတယ်။
Syphillis ကာလသာရောဂါဟာ အဆင့် ၃ဆင့်နဲ့ဖြစ်လေ့ရှိပါတယ်။
ပထမအဆင့်မှာ အနားထူပြီးရဲတဲ့ အကွက်လေးတွေဟာ လိင်အဂါၤနားတစ်ဝိုက်ပေါက်လာတတ်ပါတယ်။ ဒီအဆင့်မှာသိပြီးဆေးကုမယ်ဆိုလုံးဝအရှင်းပျောက်နိုင်ပါတယ်။ဆေးမကုလည်းဘဲ အကွက်လေးတွေက သူ့ဘာသူ ပျောက်သွားပြီးSyphillis ပိုးကတော့ သွေးထဲမှာ ဆက်လက်ပွားများနေတတ်ပါတယ်။
အဆင့် ၂ အနေနဲ့ကတော့ လက်ဖဝါး၊ ခြေဖဝါးများ မယားတဲ့အကွက်လေးတွေထွက်လာတတ်ပါတယ်။ ဒီအဆင့်မှာတော့ဖျားတာ၊ ကိုက်တာ၊ ခဲတာတွေဖြစ်တတ်ပါတယ်။
အဆင့် ၃ကတော့ကူးစက်ပြီး ၁၀နှစ် အနှစ် ၂၀ကျော်မှ ဖြစ်တတ်ပြီး ဦးနှောက်ထိအောင်ပိုးပြန့်တတ်ပါတယ်။တကယ်လို့ ကာလသားရောဂါ ကို ကိုယ်ဝန်ဆောင်အချိန်မှာ ကိုယ်ဝန်အပ်လို့ သွေးစစ်ရင်းဖြစ်ဖြစ်စောစောသိမယ်၊ ဆေးကုမယ်ဆိုရင် ကလေးအတွက် မကူးစက်နိုင်လို့ စိတ်ပူဖို့မလိုပါဘူး။မကုဘူးဆိုရင်တော့ ကလေးဆီရောဂါပိုးရောက်သွားပြီး ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ လမစေ့ဘဲမွေးတာ၊ကလေး ဗိုက်ထဲမှာဆက်ပြီးမကြီးထွားတော့တာတွေဖြစ်န်ုင်ပါတယ်။ကလေးမွေးလာခဲ့ရင်လည်း ကလေးမှာ မွေးရာပါ ကာလသားရောဂါပါလာတတ်ပြီးလက္ခဏာအနေနဲ့မွေးကင်းစကလေးမှာ
- အရေပြားတွေနီပြီးလန်ထွက်တာ
- ခြေဖဝါး၊ လက်ဖဝါးတွေ အရည်ကျည်ဖုထတာ
- ပါးစပ်မှာ အနာတွေပေါက်တာ
နောက်ပိုင်းကျရင်
- သွားလေးတွေ ပုံမမှန်တာ
- နှာခေါင်းချိုင့်တာ
- အဆစ်တွေယောင်တာတွေ ထိ ဖြစ်တတ်တာမို့ကလေးအနေနဲ့သနားဖို့ကောင်းပါတယ်။
ကလေးကို မကူးအောင်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်ထဲက အမေကကာလသားရောဂါကို ကုထားဖို့လိုပါလိမ့်မယ်။ကုသမှုအနေနဲ့ကတော့ Penicillin ထိုးဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းအတိအကျ ထိုးဖို့လိုပါတယ်။ ဒါမှသာကလေးဆီကိုမကူးမှာဖြစ်ပါတယ်။
မယ်တင်( ဆေး ၁)
ကိုယ္ဝန္ေဆာင္ႏွင့္ကာလသားေရာဂါ
ကာလသားေရာဂါ Syphillis ဟာ လိင္ဆက္ဆံျခင္းကကူးစက္တတ္တဲ့ေရာဂါတစ္မ်ိဳးပါ။ အခ်ိန္မွီ မကုသဘူး ။ စနစ္တက် မကုသဘူးဆိူရင္ ေနာက္ဆက္တြဲလက္ေဆာင္ေတြအမ်ားႀကီးေပးတတ္တဲ့ေရာဂါတစ္မ်ိဳးလည္း ဟုတ္ပါတယ္။Syphillis ပိုးဟာ အျခားပိုးေတြနဲ႔ မတူတာက ဒီပိုးမွာ ကေလးအခ်င္းကိုျဖတ္ၿပီးျဖစ္ေစ၊ ေမြးစဥ္ေမြးလမ္းေၾကာငိးမွတစ္ဆင့္ျဖစ္ေစကေလးဆီပိုးကူးစက္ႏိုင္ေျခ ရွိပါတယ္။
Syphillis ကာလသာေရာဂါဟာ အဆင့္ ၃ဆင့္နဲ႔ျဖစ္ေလ့ရွိပါတယ္။
ပထမအဆင့္မွာ အနားထူၿပီးရဲတဲ့ အကြက္ေလးေတြဟာ လိင္အဂါၤနားတစ္ဝုိက္ေပါက္လာတတ္ပါတယ္။ ဒီအဆင့္မွာသိၿပီးေဆးကုမယ္ဆိုလံုးဝအရွင္းေပ်ာက္ႏိုင္ပါတယ္။ေဆးမကုလည္းဘဲ အကြက္ေလးေတြက သူ႔ဘာသူ ေပ်ာက္သြားၿပီးSyphillis ပိုးကေတာ့ ေသြးထဲမွာ ဆက္လက္ပြားမ်ားေနတတ္ပါတယ္။
အဆင့္ ၂ အေနနဲ႔ကေတာ့ လက္ဖဝါး၊ ေျခဖဝါးမ်ား မယားတဲ့အကြက္ေလးေတြထြက္လာတတ္ပါတယ္။ ဒီအဆင့္မွာေတာ့ဖ်ားတာ၊ ကိုက္တာ၊ ခဲတာေတြျဖစ္တတ္ပါတယ္။
အဆင့္ ၃ကေတာ့ကူးစက္ၿပီး ၁၀ႏွစ္ အႏွစ္ ၂၀ေက်ာ္မွ ျဖစ္တတ္ၿပီး ဦးေႏွာက္ထိေအာင္ပိုးျပန္႔တတ္ပါတယ္။တကယ္လို႔ ကာလသားေရာဂါ ကို ကိုယ္ဝန္ေဆာင္အခ်ိန္မွာ ကိုယ္ဝန္အပ္လို႔ ေသြးစစ္ရင္းျဖစ္ျဖစ္ေစာေစာသိမယ္၊ ေဆးကုမယ္ဆိုရင္ ကေလးအတြက္ မကူးစက္ႏိုင္လို႔ စိတ္ပူဖို႔မလိုပါဘူး။မကုဘူးဆိုရင္ေတာ့ ကေလးဆီေရာဂါပိုးေရာက္သြားၿပီး ကိုယ္ဝန္ပ်က္က်တာ၊ ကေလးအေသေမြးတာ၊ လမေစ့ဘဲေမြးတာ၊ကေလး ဗိုက္ထဲမွာဆက္ၿပီးမႀကီးထြားေတာ့တာေတြျဖစ္ႏ္ုင္ပါတယ္။ကေလးေမြးလာခဲ့ရင္လည္း ကေလးမွာ ေမြးရာပါ ကာလသားေရာဂါပါလာတတ္ၿပီးလကၡဏာအေနနဲ႔ေမြးကင္းစကေလးမွာ
- အေရျပားေတြနီၿပီးလန္ထြက္တာ
- ေျခဖဝါး၊ လက္ဖဝါးေတြ အရည္က်ည္ဖုထတာ
- ပါးစပ္မွာ အနာေတြေပါက္တာ
ေနာက္ပိုင္းက်ရင္
- သြားေလးေတြ ပံုမမွန္တာ
- ႏွာေခါင္းခ်ိဳင့္တာ
- အဆစ္ေတြေယာင္တာေတြ ထိ ျဖစ္တတ္တာမို႔ကေလးအေနနဲ႔သနားဖို႔ေကာင္းပါတယ္။
ကေလးကို မကူးေအာင္ဆိုရင္ ကုိယ္ဝန္ေဆာင္ခ်ိန္ထဲက အေမကကာလသားေရာဂါကို ကုထားဖို႔လိုပါလိမ့္မယ္။ကုသမႈအေနနဲ႔ကေတာ့ Penicillin ထိုးေဆးကို ဆရာဝန္ညႊန္ၾကားတဲ့အတိုင္းအတိအက် ထိုးဖို႔လိုပါတယ္။ ဒါမွသာကေလးဆီကိုမကူးမွာျဖစ္ပါတယ္။
မယ္တင္( ေဆး ၁)