လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ၏ လက္ခဏာများ
လိင်ဆက်ဆံခြင်းဟာ သဘာဝကိစ္စတစ်ခုဖြစ်ပေမယ့် ရောဂါပိုးကူးစက်တတ်တဲ့အန္တရာယ်ကိုတော့ သတ်ပြုသင့်ပါတယ်။လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများအနေနဲ့ ကာလသားရောဂါ ဆီးပူညောင်းကျရောဂါ ရေယုန် ကြွက်နို့ အသည်းရောင်အသားဝါဘီပိုး စီပိုးကစလို့ HIV ရောဂါများအထိ ကူးစက်တတ်ပါတယ်။
သတိပြုဖွယ်တစ်ခုအနေနဲ့ တစ်ချို့ရောဂါပိုးများဟာ ရှိနေသော်လည်း ရောဂါလက္ခဏာမပြဘဲရှိနေတတ်ပါတယ်။ရောဂါလက္ခဏာမပြသော်လည်း မိမိနှင့်ဆက်ဆံဖော်ကိုတော့ ကူးစက်စေတတ်ပါတယ်။ဒါကြောင့် လိင်ဆက်ဆံဖော်မများဖို့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများရှိမရှိ ပုံမှန်သွေးစစ်ဆေးဖို့ လိုအပ်ပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ၏ လက္ခဏာများ
-လိင်အင်္ဂါနှင့်စအိုတစ်ဝိုက်နာကျင်ခြင်း အရည်ကြည်ဖုများထခြင်း(ပါးစပ်နဲ့လိင်ဆက်ဆံတတ်သူတွေမှာလည်း နှုတ်ခမ်း ခံတွင်းနဲ့လည်ချောင်းများမှာတွေ့ရနိုင်ပါတယ်)
-ကြွက်နို့များပေါက်ခြင်း
-လိင်အင်္ဂါမှာ ပုံမှန်မဟုတ်သောအရည်များဆင်းခြင်း
-လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်ယားယံခြင်း
-ဆီးသွားတဲ့အခါ နာကျင်ခြင်း
-လိင်ဆက်ဆံစဉ်နာကျင်ခြင်း
-ရာသီမလာခင်စပ်ကြား သွေးဆင်းခြင်း
-ဝမ်းဗိုက်အောက်ပိုင်းနာကျင်ကိုက်ခဲခြင်း
-ပေါင်ခြံတွင်အကျိတ်များထွက်ခြင်း
-ခန္ဓာကိုယ်တွင်အကွက်များထွက်ခြင်း
-HIV လိုရောဂါမျိုးမှာ ရက်ရှည်ဖျားခြင်း ဝမ်းလျှောခြင်း နုံးခွေခြင်းတို့ ရှေ့ပြေးအနေနဲ့ ဖြစ်တတ်ပြီး နောက်ပိုင်းမှာ ခုခံအားကျဆင်းမှုကြောင့် ရောဂါများဝင်ရောက်လာနိုင်ခြင်းတို့ဖြစ်တတ်ပါတယ်။
- နောက်ဆက်တွဲပြဿ နာများအနေနဲ့
- လိင်အင်္ဂါတစ်ဝိုက်နာကျင်ခြင်း
- ကလေးမရနိုင်ခြင်း
- သားအိမ်ပြင်ပသန္ဓေတည်ခြင်း
- ကလေးဆီသို့ရောဂါပိုးကူးစက်ခြင်း
- သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း
- မျိုးပွားအင်္ဂါများ ပိုးဝင်ခြင်း
- HIV ပိုးပိုမိုလွယ်ကူစွာကူးစက်နိုင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ်ရန်အတွက် ကွန်ဒုံးသုံးပါ။လိင်ဆက်ဆံဖော်များခြင်းကိုရှောင်ကြဉ်ပါ။ရောဂါပိုးရှိမရှိ ပုံမှန်စစ်ဆေးကုသမှုခံယူပါ။
Reference;
GOOGLE.COM
Redirect Notice
- ကလေးမရနိုင်ခြင်း
Reference;
GOOGLE.COM
Redirect Notice