နွေရာသီအတွက် Sunscreen
နေပူလာပြီဆိုရင် အရင်ဆုံးတွေးလေ့ရှိကြတာက ချည်ထည်ပွပွအကျီၤတွေ၊ ထီးတွေအပြင် ၊ နေရောင်ကာCream ( Sun Screen) ပဲဖြစ်ပါတယ်။
Sun Screen လိမ်းခြင်းမလိမ်းခြင်းဟာ ဘယ်လိုတွေများ သိသာပြောင်းလဲစေလို့ပါလဲ?
၁) အန္တရာယ်ရှိတဲ့ရောင်ခြည် ( UV Rays) တွေက ကာကွယ်ပေးတယ်။
အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးပူနွေးလာတယ်၊ အိုဇုန်းလွှာတွေပါးလာတယ်။ လူ့အရေပြားအတွက် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်( UV A,UV B ) ရောင်ခြည်တွေဟာ အနှံ့ကျရောက် လျှက်ရှိပါတယ်။ ဒီအန္တရာယ် UV Ray တွေဟာ အိမ်ထဲမှာနေရုံနဲ့ရှောင်လို့မလွယ်နိုင်ပါဘူး။ ဒါပေမယ့် Sunscreen လိမ်းပေးခြင်းဟာ ဒီ UV Ray တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ အရေပြားရောဂါတွေကိုလည်း တားဆီးပေးပါတယ်။
၂) အရွယ်မတိုင်ခင် အိုမင်းရင့်လျော်ခြင်းမှ ကာကွယ်ပေးပါတယ်။
အသက်ကြီးလာတောင်မှ နုပျိုနေတာကို မကြိုက်တဲ့လူရှိမယ် မထင်ပါဘူးနော်။ ဒီလိုနုပျိုသူတိုင်းဟာ အသက် ၅၅နှစ်မတိုင်ခင်ထဲက Sun Screen ကို ဂရုတစိုက် ပုံမှန်လိမ်းကြသူတွေပါတဲ့။ Sun Screen ဟာ အသက်ကြီးလို့ဖြစ်ပေါ်လာတဲ့အရေးအကြောင်းတွေ၊ ကို ကာကွယ်ပေးနိုင်ပါတယ်။
၃) မျက်နှာပေါ်ရှိ အနီရောင် ဆံခြည်သွေးကြောလေးတွေဖြစ်ခြင်းကိုသင်သာစေပါတယ်။
မျက်နှာ ပေါ်မှာ နီမြန်းမြန်း သွေးကြောလေးတွေ များလာခြင်းဟာ နေရောင်ကြောင့်ဖြစ်ပါတယ်။ Sun screen လိမ်းခြင်းဟာ ဒီ သွေးကြောလေးတွေ မဖြစ်စေရုံအပြင် ဝက်ခြံ ထွက်တာ ၊ နေရောင်ကြောင့် အမဲစက်ထွက်တာတွေကို တားဆီးပေးနိုင်ပါတယ်။
၄) နေလောင်ခြင်းမဖြစ်အောင်ကာကွယ်နိုင်တယ်။
အဓိကတော့ ကမ်းခြေသွားတဲ့အချိန်၊ နေပူပြင်းတဲ့နေရာသွားတဲ့ အချိန်မှာ နေလောင်ခြင်း( Sun Burn) ကို မလိုချင်ဘူးဆိုရင်တော့ Sun Screen ဆောင်သွားသင့်ပါတယ်။ Sun Burn ကြောင့် ယားတာ၊ နီပြီးယောင်လာတာ၊ အရေပြားကွာတာတွေ အတွက် Sun Screen က ကာကွယ်ပေးမှာပါ။
၅) အရေပြားတင်းရင်းစေတယ်။
Skin Care တွေကချည်းပဲ အရေပြားတင်းစေတာမဟုတ်ပါဘူး။ Sun screen လိမ်းတာဟာ အရေပြား အာဟာရဖြစ်တဲ့ Collagen; Elastin; Keratin
တွေကို မဆုံးရံှုးအောင် ကာကွယ်ပေးပါတယ်။
၆) အရေပြားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးနိုင်တယ်။
နေရောင်ကြောင့် ဖြစ်တဲ့အရေပြားကင်ဆာ ( မှဲ့ကင်ဆာဟာ အဆိုးဆုံး၊ သေနှုန်ူးအများဆုံးပါ) တွေဟာ ကြောက်ဖို့ကောင်းပါတယ်။ Sun Screenလိမ်းခြင်းဟာ အလှအပတွက်အပြင် အရေပြားကင်ဆာဖြစ်ခြင်းကိုပါ ကာကွယ်နိုင်ပါတယ်။
ဒီလောက်အကျိုးရှိတဲ့ Sun Screen ကိုရွေးချယ်ဝယ်မယ်ဆိုရင်တော့ ဒီအချက်လေးတွေသတိပြုကြည့်ပါ။
ပါဝင်ပစ္စည်းတွေအနေနဲ့
- Titanium Dioxide
- Octyl Methoxycinnimate
- Avobenzone
- Zinc Oxide ပါသင့်ပါတယ်။
SPF 30 လောက်ပါတာကိုရွေးသင့်ပါတယ်။ Water proof အမျိုးအစားဆိုရင်တော့ ရေကူး၊ ချွေးထွက်ရင်တောင် အကျိုးရှိနေစေမှာပါ။ ဘယ်လိုအမျိုးအစားသုံးသုံး အပြည့်အဝ ကာကွယ်ဖို့ဆိုရင် ၂နာရီခြားတစ်ခါ ပြန်လိမ်းပေးရမှာပါ။ အပြင်မသွားခင် နာရီ ဝက်အလိုကြိုလိမ်းသင့်ပါတယ်။
မယ်တင်( ဆေး ၁)
ေႏြရာသီအတြက္ Sunscreen
ေနပူလာၿပီဆိုရင္ အရင္ဆံုးေတြးေလ့ရွိၾကတာက ခ်ည္ထည္ပြပြအက်ီၤေတြ၊ ထီးေတြအျပင္ ၊ ေနေရာင္ကာCream ( Sun Screen) ပဲျဖစ္ပါတယ္။
Sun Screen လိမ္းျခင္းမလိမ္းျခင္းဟာ ဘယ္လိုေတြမ်ား သိသာေျပာင္းလဲေစလို႔ပါလဲ?
၁) အနၱရာယ္ရွိတဲ့ေရာင္ျခည္ ( UV Rays) ေတြက ကာကြယ္ေပးတယ္။
အားလံုးသိၾကတဲ့အတိုင္း ကမာၻႀကီးပူေႏြးလာတယ္၊ အိုဇုန္းလႊာေတြပါးလာတယ္။ လူ႔အေရျပားအတြက္ အနၱရာယ္ရွိတဲ့ ခရမ္းလြန္ေရာင္ျခည္( UV A,UV B ) ေရာင္ျခည္ေတြဟာ အႏွံ႔က်ေရာက္ လၽွက္ရွိပါတယ္။ ဒီအနၱရာယ္ UV Ray ေတြဟာ အိမ္ထဲမွာေနရံုနဲ႔ေရွာင္လို႔မလြယ္ႏိုင္ပါဘူး။ ဒါေပမယ့္ Sunscreen လိမ္းေပးျခင္းဟာ ဒီ UV Ray ေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေနေရာင္ျခည္ေၾကာင့္ ျဖစ္ႏိုင္တဲ့ အေရျပားေရာဂါေတြကိုလည္း တားဆီးေပးပါတယ္။
၂) အရြယ္မတိုင္ခင္ အိုမင္းရင့္ေလ်ာ္ျခင္းမွ ကာကြယ္ေပးပါတယ္။
အသက္ႀကီးလာေတာင္မွ ႏုပ်ိဳေနတာကို မႀကိဳက္တဲ့လူရွိမယ္ မထင္ပါဘူးေနာ္။ ဒီလိုႏုပ်ိဳသူတိုင္းဟာ အသက္ ၅၅ႏွစ္မတိုင္ခင္ထဲက Sun Screen ကို ဂရုတစိုက္ ပံုမွန္လိမ္းၾကသူေတြပါတဲ့။ Sun Screen ဟာ အသက္ႀကီးလို႔ျဖစ္ေပၚလာတဲ့အေရးအေၾကာင္းေတြ၊ ကို ကာကြယ္ေပးႏိုင္ပါတယ္။
၃) မ်က္ႏွာေပၚရွိ အနီေရာင္ ဆံျခည္ေသြးေၾကာေလးေတြျဖစ္ျခင္းကိုသင္သာေစပါတယ္။
မ်က္ႏွာ ေပၚမွာ နီျမန္းျမန္း ေသြးေၾကာေလးေတြ မ်ားလာျခင္းဟာ ေနေရာင္ေၾကာင့္ျဖစ္ပါတယ္။ Sun screen လိမ္းျခင္းဟာ ဒီ ေသြးေၾကာေလးေတြ မျဖစ္ေစရံုအျပင္ ဝက္ျခံ ထြက္တာ ၊ ေနေရာင္ေၾကာင့္ အမဲစက္ထြက္တာေတြကို တားဆီးေပးႏိုင္ပါတယ္။
၄) ေနေလာင္ျခင္းမျဖစ္ေအာင္ကာကြယ္ႏိုင္တယ္။
အဓိကေတာ့ ကမ္းေျခသြားတဲ့အခ်ိန္၊ ေနပူျပင္းတဲ့ေနရာသြားတဲ့ အခ်ိန္မွာ ေနေလာင္ျခင္း( Sun Burn) ကို မလိုခ်င္ဘူးဆိုရင္ေတာ့ Sun Screen ေဆာင္သြားသင့္ပါတယ္။ Sun Burn ေၾကာင့္ ယားတာ၊ နီၿပီးေယာင္လာတာ၊ အေရျပားကြာတာေတြ အတြက္ Sun Screen က ကာကြယ္ေပးမွာပါ။
၅) အေရျပားတင္းရင္းေစတယ္။
Skin Care ေတြကခ်ည္းပဲ အေရျပားတင္းေစတာမဟုတ္ပါဘူး။ Sun screen လိမ္းတာဟာ အေရျပား အာဟာရျဖစ္တဲ့ Collagen; Elastin; Keratin
ေတြကို မဆံုးရံွုးေအာင္ ကာကြယ္ေပးပါတယ္။
၆) အေရျပားကင္ဆာျဖစ္ျခင္းမွကာကြယ္ေပးႏိုင္တယ္။
ေနေရာင္ေၾကာင့္ ျဖစ္တဲ့အေရျပားကင္ဆာ ( မွဲ႔ကင္ဆာဟာ အဆိုးဆံုး၊ ေသႏႈႏ္ူးအမ်ားဆံုးပါ) ေတြဟာ ေၾကာက္ဖို႔ေကာင္းပါတယ္။ Sun Screenလိမ္းျခင္းဟာ အလွအပတြက္အျပင္ အေရျပားကင္ဆာျဖစ္ျခင္းကိုပါ ကာကြယ္ႏိုင္ပါတယ္။
ဒီေလာက္အက်ိဳးရွိတဲ့ Sun Screen ကိုေရြးခ်ယ္ဝယ္မယ္ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြသတိျပဳၾကည့္ပါ။
ပါဝင္ပစၥည္းေတြအေနနဲ႔
- Titanium Dioxide
- Octyl Methoxycinnimate
- Avobenzone
- Zinc Oxide ပါသင့္ပါတယ္။
SPF 30 ေလာက္ပါတာကိုေရြးသင့္ပါတယ္။ Water proof အမ်ိဳးအစားဆိုရင္ေတာ့ ေရကူး၊ ေခၽြးထြက္ရင္ေတာင္ အက်ိဳးရွိေနေစမွာပါ။ ဘယ္လိုအမ်ိဳးအစားသံုးသံုး အျပည့္အဝ ကာကြယ္ဖို႔ဆိုရင္ ၂နာရီျခားတစ္ခါ ျပန္လိမ္းေပးရမွာပါ။ အျပင္မသြားခင္ နာရီ ဝက္အလိုႀကိဳလိမ္းသင့္ပါတယ္။
မယ္တင္( ေဆး ၁)