နေရောင်ကာခရမ်နှင့် SPF ပါဝင်မှု
ပြင်းထန်တဲ့နေရောင်ခြည်က Ultraviolet rays(UV rays) တွေက အရေပြားဆဲလ်က DNA ကို ထိခိုက်စေပြီး အသားအရေပျက်စီးစေတတ်ပါတယ်။ အဓိက UV rays နှစ်မျိုးရှိပါတယ်။
–UVB rays : နေလောင်ခြင်း (အသားမဲလာခြင်း သို့ အသားနီရဲ၍ ပူစပ်ပူလောင်ဖြစ်ခြင်း) ကိုဖြစ်စေနိုင်ရုံသာမက အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ အဓိက UV rayပဲ ဖြစ်ပါတယ်။
–UVA rays : အိုမင်းရင့်ရော်မှုနဲ့ အရေးအကြောင်းတွေကို ဖြစ်စေနိုင်တဲ့ UV ray ဖြစ်ပါတယ်။ နေလောင်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒီလို UV rays တွေဟာ အသားအရေကို အလွန်အကျွံ ပျက်စီးစေတတ်လို့ cosmetics တွေမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ sunscreen တွေ ပေါ်ထွက်လာကြပါတယ်။ နေရောင်ခြည်ဒဏ်ကို ကာကွယ် ပေးတဲ့ ပမာဏကို Sun Protective Factor (SPF) ညွန်းကိန်းတွေနဲ့ ဖော်ပြလေ့ရှိပြီး SPF ဂဏန်းမြင့်လေ UVB rays ကို ကာကွယ်နိုင်နုှန်း မြင့်လေပဲဖြစ်ပါတယ်။ SPF 15 ပါတဲ့ sunscreen ဟာ UVB rays ရဲ့ ၉၃% ကို ကာကွယ်နိုင်ပါတယ်။ SPF30 က ၉၇% ၊ SPF50 က ၉၈% နီးပါးကာကွယ်ပါတယ်။
SPF သာမက sunscreen တွေမှာ PA+++ တွေပါတွေ့ရတတ်ပါတယ်။ PA ဆိုတာက Proဖြစ်ပါ grade of UVA rays လို့ဆိုလိုတာဖြစ်ပြီး UVA rays ကိုကာကွယ်ပါတယ်။ PA မှာ အပေါင်းလက္ခဏာ + လေးတွေများလေ UVA rays ကို ကာကွယ်နိုင်စွမ်းမြင့်လေပဲ ဖြစ်ပါတယ်။
ဒါကြောင့် နေရောင်ခြည်ဒဏ်ကို ထိထိရောက်ရောက် ကာကွယ်ဖို့ဆိုရင် မိမိသုံးတဲ့ sunscreen ဟာ SPF30 နှင့်အထက် ဖြစ်သင့်သလို PA+ လည်းပါဝင်သင့်ပါတယ်။ အရေးကြီးတာက လိုအပ်တဲ့ ပမာဏရှိတဲ့ sunscreen ( အရေပြား ၁ စင်တီမီတာပတ်လည်ကို sunscreen ၂မီလီဂရမ်) ကိုအပြင်မထွက်ခင် ၁၅-၃၀မိနစ် ကြိုလိမ်းဖို့လိုပါတယ်။ နေပူထဲသွားတဲ့ အချိန်တိုင်းမှာ sunscreen ကိုမဖြစ်မနေသုံးဖို့ လိုအပ်သလို ၂-၃နာရီကြား တစ်ခါထပ်လိမ်းဖို့လည်း လိုအပ်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည် (ဆေး၂)
ေနေရာင္ကာခရမ္ႏွင့္ SPF ပါဝင္မႈ
ျပင္းထန္တဲ့ေနေရာင္ျခည္က Ultraviolet rays(UV rays) ေတြက အေရျပားဆဲလ္က DNA ကို ထိခိုက္ေစၿပီး အသားအေရပ်က္စီးေစတတ္ပါတယ္။ အဓိက UV rays ႏွစ္မ်ိဳး႐ွိပါတယ္။
–UVB rays : ေနေလာင္ျခင္း (အသားမဲလာျခင္း သို႔ အသားနီရဲ၍ ပူစပ္ပူေလာင္ျဖစ္ျခင္း) ကိုျဖစ္ေစႏိုင္ရံုသာမက အေရျပားကင္ဆာျဖစ္ေစႏိုင္တဲ့ အဓိက UV rayပဲ ျဖစ္ပါတယ္။
–UVA rays : အိုမင္းရင့္ေရာ္မႈနဲ႔ အေရးအေၾကာင္းေတြကို ျဖစ္ေစႏိုင္တဲ့ UV ray ျဖစ္ပါတယ္။ ေနေလာင္ျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။
ဒီလို UV rays ေတြဟာ အသားအေရကို အလြန္အကြၽံ ပ်က္စီးေစတတ္လို႔ cosmetics ေတြမွာ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ေပးတဲ့ sunscreen ေတြ ေပၚထြက္လာၾကပါတယ္။ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ ေပးတဲ့ ပမာဏကို Sun Protective Factor (SPF) ၫြန္းကိန္းေတြနဲ႔ ေဖာ္ျပေလ့ရိွၿပီး SPF ဂဏန္းျမင့္ေလ UVB rays ကို ကာကြယ္ႏိုင္ႏုွန္း ျမင့့္ေလပဲျဖစ္ပါတယ္။ SPF 15 ပါတဲ့ sunscreen ဟာ UVB rays ရဲ႕ ၉၃% ကို ကာကြယ္ႏိုင္ပါတယ္။ SPF30 က ၉၇% ၊ SPF50 က ၉၈% နီးပါးကာကြယ္ပါတယ္။
SPF သာမက sunscreen ေတြမွာ PA+++ ေတြပါေတြ႔ရတတ္ပါတယ္။ PA ဆိုတာက Proျဖစ္ပါ grade of UVA rays လို႔ဆိုလိုတာျဖစ္ၿပီး UVA rays ကိုကာကြယ္ပါတယ္။ PA မွာ အေပါင္းလကၡဏာ + ေလးေတြမ်ားေလ UVA rays ကို ကာကြယ္ႏိုင္စြမ္းျမင့္ေလပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ ေနေရာင္ျခည္ဒဏ္ကို ထိထိေရာက္ေရာက္ ကာကြယ္ဖို႔ဆိုရင္ မိမိသံုးတဲ့ sunscreen ဟာ SPF30 ႏွင့္အထက္ ျဖစ္သင့္သလို PA+ လည္းပါဝင္သင့္ပါတယ္။ အေရးႀကီးတာက လိုအပ္တဲ့ ပမာဏရိွတဲ့ sunscreen ( အေရျပား ၁ စင္တီမီတာပတ္လည္ကို sunscreen ၂မီလီဂရမ္) ကိုအျပင္မထြက္ခင္ ၁၅-၃၀မိနစ္ ႀကိဳလိမ္းဖို႔လိုပါတယ္။ ေနပူထဲသြားတဲ့ အခ်ိန္တိုင္းမွာ sunscreen ကိုမျဖစ္မေနသံုးဖို႔ လိုအပ္သလို ၂-၃နာရီၾကား တစ္ခါထပ္လိမ္းဖို႔လည္း လိုအပ္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပ္ိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္ (ေဆး၂)