နေလောင်ခြင်းနှင့် ကာကွယ်ကုသနည်းများ
အခုဆိုရင် အရမ်းပူပြင်းတဲ့ နွေရာသီလဲရောက်လာပြီ ဆိုတော့ နေရောင်ခြည်နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးချင်ပါတယ် အရင်ဦးဆုံးနေရောင်ခြည်ရဲ့ အကျိုးကျေးဇူးကို ပြောပြပေးချင်ပါတယ် အရည်ပြားဟာ နေရောင်ခြည်နဲ့ထိတွေ့လိုက်ရင် vitamin D3 ကို ထုပ်အောင်လှုံ့ဆော်လိုက်ပါတယ်
vitaminD3ဆိုတာ လူ့ခန္ဓာကိုယ်ကနေ စားသမျှထဲက calcium လို့ခေါ်တဲ့ အရိုးတွေသန်မာဖွံ့ဖြိုးစေတဲ့ ဓာတ်ကိုအူတွေကနေများများစုပ်ယူနိုင်အောင်လှုံ့ဆော်ပေးတာပါခန္ဓာကိုယ် သန်မာထွားကျိုင်းပြီး ရောဂါကင်းဝေးအောင်လုပ်ဆောင်ပေးပါတယ်
အဲ့ဒီတော့ တစ်ချို့ကအသားမဲမှာအရမ်းကြောက်ပါတယ် အသားမဲမှာ စိုးလို့နေပူရှောင်တာ များသွားရင်vitaminD3တွေနဲပါးကုန်မှာပါ VitaminDနဲသွားရင်
- ကိုယ်ခံအားတွေကျသွားမယ်
- အရိုးပွရောဂါ
- ကင်ဆာရောဂါ(အူမကြီးနဲ့ရင်သားကင်ဆာတွေဖြစ်နိုင်ချေများပါတယ်)
- တုပ်ကွေးဖြစ်လွယ် ကူးလွယ်တတ်ပါတယ်
(တစ်ခြားနိုင်ငံတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြသနာတစ်ခုပါပဲ။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ် တမင်တကာပဲ ဖြစ်ဖြစ် နေရောင်ခြည်ကိုရှောင်တာ များသွားရင် ဒီပြသနာတွေဖြစ်လာမှာပါ )
နေရောင်ခံတာများသွားရင်လဲ နောက်ဆက်တွဲ ပြသနာတွေ အများကြီး ကြုံတွေ့ရမှာပါ အဲ့ဒီထဲကအဖြစ်အများဆုံးဖြစ်တဲ့မှဲ့ခြောက်နဲ့ နေလောင်ခြင်း အကြောင်းပြောပြပေးချင်ပါတယ်
နေလောင်ခြင်း(sunburn)
*လူ့အရေပြားဟာ နေရောင်ခြည်ကို ထိတွေ့လိုက်လို့ ကြာသွားပြီဆိုရင် နီရဲလာပါလိမ့်မယ် နောက်နာရီအနည်းငယ်ကြာရင်တော့ညိုလာပါလိမ့်မယ်
အဲ့လိုညိုလာရတာဟာ အရည်ပြားအပေါ်ယံမှာရှိတဲ့ cells လေးတွေက melanin(မယ်လနင်) လို့ခေါ်တဲ့ ရောင်ခြယ်လေးတွေ ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်အောင် ထုပ်ပေးလို့ပါ
နေလောင်လို့နီရဲလာပြီဆိုရင် ပူစပ်စပ်နဲ့ နေရခက်ပါတယ် တစ်ချို့လူတွေဆိုချွေးမထွက်တာတွေ လူကနေရထိုင်ရတာအသားတွေပူနေတာတွေဖြစ်တတ်ပါတယ်
နေလောင်တာကိုဘယ်လိုသက်သာအောင်လုပ်မလဲ?
1)Aloe vera ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို ထက်ခြမ်းခြမ်းပြီး အပြားလိုက်ကလေးတွေ နေလောင်နေတဲ့နေရာကို လိုက်ကပ်ပေးရင်နီရဲတာတွေကိုသက်သာစေပါတယ်
တစ်ချို့က ဇွန်းနဲ့ခြစ်ပြီး အနှစ်ကို လိမ်းပေးလဲအဆင်ပြေပါတယ်နော် မျက်နှာကော တစ်ကိုယ်လုံးလိမ်းလို့ရပါတယ်
ရှားစောင်းလက်ပတ်ပင်မရှိရင်လဲ cosmetic counter တွေမှာ မိမိနှစ်သက်ရာ brands တွေထဲက Aloe vera soothing gel, Aloe vera after sun တွေလိမ်းပေးရင်လဲရပါတယ်
2)Cucumberသခွားသီး
သခွားသီးလေးတွေကို အကွင်းလိုက်လေးတွေလှီးပြီး နေလောင်တဲ့နေရာတွေ ကပ်ပေးရင်လဲ နီရဲတာတွေသက်သာစေပါတယ်
3)Oatmeal ကို ရေခဲရေနဲ့ ဖျော်ပြီး နေလောင်တဲ့နေရာတွေ လိမ်းပေးရင်လဲ နေလောင်တာကို သက်သာစေပါတယ်
4)Fat free milk နဲ့ ရေကို 1:4 ရောပြီး လိမ်းပေးရင်လဲ နီရဲတာတွေကို သက်သာစေပါတယ်နော်
5)နောက်တစ်ခုကYogurtပါ
ဒိန်ချဉ်ကို နေလောင်တဲ့နေရာတွေ လိမ်းပေးရင် moisture များများရပြီး နေလောင်တာတွေ အမဲစက်ဖြစ်တာတွေကိုသက်သာစေပါတယ်
6)ကြိုက်နှစ်သက်ရာ tea bag ကို မျက်ခွံမှာကပ်ပေးရင် မျက်စိကိုအေးစေပြီး မျက်ခွံနေလောင်တာကို သက်သာစေပါတယ်နော်
နေလောင်ပြီးကာကွယ်ရန်
- ဖြစ်နိုင်ရင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီနေကို ဒီတစ်လောရှောင်ပေးနိုင်ရင်ရှောင်ပေးသင့်ပါတယ်
- မဖြစ်မနေ နေပူထဲထွက်ရမယ်ဆိုရင် နေလောင်ကာ cream SPF 50+++ ဒါမှမဟုတ် သနပ်ခါးတို့ကိုလိမ်းပြီးမှအပြင်ထွက်သင့်ပါတယ်
- နေပူထဲထွက်မယ်ဆို ထီး ဦးထုပ် မျက်မှန် အကျီၤရှည် ဘောင်းဘီရှည်ဝတ်ပြီးမှ အပြင်ထွက်သင့်ပါတယ်
- ဆပ်ပြာအပြင်းစားတွေရှောင်ကြဉ်သင့်ပါတယ်
ပုံမှန်အသားအရေတိုင်းပြန်ရအောင်
- ရေဓာတ်ပါတဲ့moisturizerကိုခဏခဏလိမ်းပေးပါ
- နီရဲတာသက်သာသွားပြီဆိုရင် whitening ပါတဲ့ lotion တွေ မကြာခဏလိမ်းပေးပါ
- sunscreen က ခရမ်းလွန် ရောင်ခြည်ကိုကာကွယ်ပေးတဲ့ အပြင် အသားကိုလဲ ဖြူစေတဲ့အတွက် အပြင်ထွက်တိုင်းsunscreenလိမ်းပေးဖို့မမေ့ပါနဲ့နော်
- အရည်ရွှမ်းတဲ့အသီးတွေများများစားပေးပါ
vitaminCကအသားဖြူစေတဲ့အတွက်vitaminCပါတဲ့အသီးတွေများများစားပေးပါ berries မျိုးစုံ, ပန်းသီး, ဒိန်ချဉ် တွေကလဲ အသားဖြူစေတဲ့ အတွက် များများစားပေးမယ်ဆို ပုံမှန်အသားအရေကို မြန်မြန်ပြန်ရလာမှာပါနော်
ဒုတိယအဖြစ်များဆုံးကတော့မှဲ့ခြောက်ပါ
မှဲ့ခြောက်ကတော့လူကြီးလူငယ်အရွယ်မရွေးဖြစ်လေ့ရှိတဲ့အရေပြားပေါ်ကအစက်အပျောက်လေးတွေပါပဲ။ အနီ အဝါ အညို အမဲ အရောင်အမျိုးမျိုး ဖြစ်တတ်ပါတယ်။ အရည်ပြားရောဂါ မဟုတ်ပါဘူး။ မျက်နှာနဲ့ နေရောင်ခြည်ထိတွေ့မှုများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တတ်ပါတယ် မှဲ့ခြောက်က လူတစ်ယောက်ရဲ့နေရောင်ခြည်ဒဏ် ခံနိုင်အားကို ပြသပေးတဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုပါပဲ
*လူ့အရည်ပြားဟာ နေရောင်ခြည်ကို ထိတွေ့လိုက်လို့ နည်းနည်းကြာသွားပြီဆိုရင် ညိုလာပါမယ် အဲ့လိုညိုလာရတာဟာ အရည်ပြားအပေါ်ယံမှာရှိတဲ့ cells လေးတွေက melanin(မယ်လနင်) လို့ခေါ်တဲ့ ရောင်ခြယ်လေးတွေ ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်အောင် ထုပ်ပေးပါတယ် ဒါပေမယ့် အဲ့ဒီရောင်ခြယ်တွေ ပျံ့နှံ့တာ မညီညာရင် မှဲ့ခြောက်တွေဖြစ်လာတာပါပဲ *ဘယ်လိုလူတွေမှာဖြစ်တတ်သလဲဆိုရင်
- ၁။ အသားဖြူသူတွေ
- ၂။ အသားအရေခြောက်သူတွေ
- ၃။ မွေးရာပါ ဆံပင်နီသူတွေ
- ၄။ နေပူထဲ မှာအလုပ်လုပ်သူတွေ
- ၅။ မွေးရာပါ မျိုးရိုးဗီဇ (MC1R) ပါတဲ့လူတွေ ဖြစ်နိုင်ချေရှိပါတယ်
မှဲ့ခြောက်ဆိုတာ မဖြစ်ခင်ထဲကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ ဖြစ်ပြီးမှ ကုမယ်ဆို ပျောက်ပြီးမှ ပြန်ဖြစ်တာတွေ ကုသမှုကို မသိသာတာတွေဖြစ်တတ်ပါတယ် *မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ ပိုမဆိုးအောင်ကော ဘယ်လိုကာကွယ်မလဲဆိုရင်
1)နေပူထဲထွက်မယ်ဆို Sunscreen လို့ခေါ်တဲ့ နေကောင်လာ cream တွေကြိုလိမ်းပေးသင့်ပါတယ် SPF50လောက်ပါတာတွေပိုကောင်းပါတယ်
2)နေပူထဲထွက်ရင် သတိထားပြီးဦးထုပ်ဆောင်းပေးသင့်ပါတယ်
3)မနက် ၁၀ နာရီမှ ညနေ၄နာရီ အချိန်အတွင်းတတ်နိုင်ရင် နေပူထဲမထွက်အောင် ရှောင်သင့်ပါတယ်
*အထူးသတိပြုရန် နေပူထဲ နဲနဲလေးပဲဖြစ်ဖြစ် ခဏလေးပဲဖြစ်ဖြစ်ထွက်ရုံနဲ့ မှဲ့ခြောက်တွေ ထွက်လာတယ်ဆိုရင် အရည်ပြားကင်ဆာ ဖြစ်နိုင်ချေရှိတဲ့ အသားအရေပိုင်ရှင် ဖြစ်နိုင်ပါတယ် အလေးအနက်ဂရုစိုက်ရမယ့် အသားအရေပိုင်ရှင်ပါ
ကုသနည်း
1)cosmetics counter တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ cream (hydroquinolone, kojic acid) ပါတာတွေကို လကြာကြာဆွဲလိမ်းရင် တဖြည်းဖြည်း သက်သာလာနိုင်ပါတယ်
2)နေလောင်ကာ cream တွေကို ကြာကြာဆွဲလိမ်းရင်လဲ တဖြည်းဖြည်းပျောက်သွားနိုင်ပါတယ်
3)retinoids လို့ခေါ်တဲ့ vitamin A cream အမျိုးမျိုးကို ဆွဲလိမ်းရင်လဲ သက်သာပျောက်ကင်းနိုင်ပါတယ်
*အရည်ပြားဆရာဝန်နဲ့ကုသချင်တယ်ဆိုရင်
1)Cryosurgery (nitrogen အရည်နဲ့ အမဲစက်လေးတွေကို လိုက်တို့ပြီး) ကုသနိုင်ပါတယ်
2)Laser စက်အမျိုးမျိုး နဲ့လဲ မှဲ့ခြောက်တွေ ဖျက်နိုင်ပါတယ်
3) Chemical peel လို့ခေါ်တဲ့ AHA, BHA, TCA chemical အမျိုးမျိုးနဲ့လဲ အရေပြားဆရာဝန်ရဲ့ ကုသမှုကိုခံယူနိုင်ပါတယ်
*မှဲ့ခြောက်ဆိုတာ ပျောက်သွားရင်တောင် ပြန်ဖြစ်တတ်ပါတယ် ပျောက်သွားပြီဆိုရင်တောင် နေလောင်ကာ cream ကိုအပြင်သွားတိုင်းလိမ်းပေးဖို့လိုအပ်ပါတယ်နော် အဲ့ဒီတော့ နဲလည်းမနဲ များလဲမများအောင် လို့ မနက် 10 နာရီမှ ညနေ 4 နာရီအတွင်း အပြင်သွားရင် နေလောင်ကာ cream SPF 30+++, သနပ်ခါး, ဦးထုပ်, အင်္ကျီရှည် တွေနဲ့ကာကွယ်မယ် နေရောင် မခံတာကြာရင် မနက်ခင်းစောစောနေရောင်ခြည်လေးကိုထိတွေ့ပေးမယ်ဆိုရင်နေရောင်ခြည်ရဲ့အကျိုးကျေးဇူးတွေကိုပဲ ခံစားရမှာပါ
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး၂)
ေနေလာင္ျခင္းနွင့္ ကာကြယ္ကုသနည္းမ်ား
အခုဆိုရင္ အရမ္းပူျပင္းတဲ႕ ေႏြရာသီလဲေရာက္လာျပီ ဆိုေတာ့ ေနေရာင္ျခည္နဲ႕ ပတ္သက္ျပီး ေဆာင္ရန္ေရွာင္ရန္ေလးေတြေျပာျပေပးခ်င္ပါတယ္ အရင္ဦးဆံုးေနေရာင္ျခည္ရဲ႕ အကိ်ဳးေက်းဇူးကို ေျပာျပေပးခ်င္ပါတယ္ အရည္ျပားဟာ ေနေရာင္ျခည္နဲ႔ထိေတြ႕လိုက္ရင္ vitamin D3 ကို ထုပ္ေအာင္လႈံ႕ေဆာ္လိုက္ပါတယ္
vitaminD3ဆိုတာ လူ႔ခႏၶာကိုယ္ကေန စားသမ်ွထဲက calcium လို႔ေခၚတဲ႔ အရိုးေတြသန္မာဖြံ႕ျဖိဳးေစတဲ႔ ဓာတ္ကိုအူေတြကေနမ်ားမ်ားစုပ္ယူနိုင္ေအာင္လံႈ႕ေဆာ္ေပးတာပါခႏၶာကိုယ္ သန္မာထြားက်ိဳင္းျပီး ေရာဂါကင္းေဝးေအာင္လုပ္ေဆာင္ေပးပါတယ္
အဲ႕ဒီေတာ့ တစ္ခ်ိဳ႕ကအသားမဲမွာအရမ္းေၾကာက္ပါတယ္ အသားမဲမွာ စိုးလို႔ေနပူေရွာင္တာ မ်ားသြားရင္vitaminD3ေတြနဲပါးကုန္မွာပါ VitaminDနဲသြားရင္
- ကိုယ္ခံအားေတြက်သြားမယ္
- အရိုးပြေရာဂါ
- ကင္ဆာေရာဂါ(အူမၾကီးနဲ႕ရင္သားကင္ဆာေတြျဖစ္နိုင္ေခ်မ်ားပါတယ္)
- တုပ္ေကြးျဖစ္လြယ္ ကူးလြယ္တတ္ပါတယ္
(တစ္ျခားနိုင္ငံေတြမွာ လက္ရွိၾကံဳေတြ႔ေနရတဲ႔ ျပသနာတစ္ခုပါပဲ။ အလုပ္ေၾကာင့္ပဲ ျဖစ္ျဖစ္ တမင္တကာပဲ ျဖစ္ျဖစ္ ေနေရာင္ျခည္ကိုေရွာင္တာ မ်ားသြားရင္ ဒီျပသနာေတြျဖစ္လာမွာပါ )
ေနေရာင္ခံတာမ်ားသြားရင္လဲ ေနာက္ဆက္တြဲ ျပသနာေတြ အမ်ားၾကီး ၾကံဳေတြ႕ရမွာပါ အဲ႕ဒီထဲကအျဖစ္အမ်ားဆံုးျဖစ္တဲ႕မွဲ႕ေျခာက္နဲ႕ ေနေလာင္ျခင္း အေၾကာင္းေျပာျပေပးခ်င္ပါတယ္
ေနေလာင္ျခင္း(sunburn)
*လူ႕အေရျပားဟာ ေနေရာင္ျခည္ကို ထိေတြ႕လိုက္လို႔ ၾကာသြားျပီဆိုရင္ နီရဲလာပါလိမ့္မယ္ ေနာက္နာရီအနည္းငယ္ၾကာရင္ေတာ့ညိဳလာပါလိမ့္မယ္
အဲ႔လိုညိဳလာရတာဟာ အရည္ျပားအေပၚယံမွာရွိတဲ႔ cells ေလးေတြက melanin(မယ္လနင္) လို႔ေခၚတဲ႔ ေရာင္ျခယ္ေလးေတြ ကို ေနေရာင္ျခည္ဒဏ္မွ ကာကြယ္နိုင္ေအာင္ ထုပ္ေပးလို႔ပါ
ေနေလာင္လို႕နီရဲလာျပီဆိုရင္ ပူစပ္စပ္နဲ႕ ေနရခက္ပါတယ္ တစ္ခ်ိဳ႕လူေတြဆိုေခ်ြးမထြက္တာေတြ လူကေနရထိုင္ရတာအသားေတြပူေနတာေတြျဖစ္တတ္ပါတယ္
ေနေလာင္တာကိုဘယ္လိုသက္သာေအာင္လုပ္မလဲ?
1)Aloe vera ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္ကို ထက္ျခမ္းျခမ္းျပီး အျပားလိုက္ကေလးေတြ ေနေလာင္ေနတဲ႕ေနရာကို လိုက္ကပ္ေပးရင္နီရဲတာေတြကိုသက္သာေစပါတယ္
တစ္ခ်ိဳ႕က ဇြန္းနဲ႕ျခစ္ျပီး အနွစ္ကို လိမ္းေပးလဲအဆင္ေျပပါတယ္ေနာ္ မ်က္နွာေကာ တစ္ကိုယ္လံုးလိမ္းလို႔ရပါတယ္
ရွားေစာင္းလက္ပတ္ပင္မရွိရင္လဲ cosmetic counter ေတြမွာ မိမိနွစ္သက္ရာ brands ေတြထဲက Aloe vera soothing gel, Aloe vera after sun ေတြလိမ္းေပးရင္လဲရပါတယ္
2)Cucumberသခြားသီး
သခြားသီးေလးေတြကို အကြင္းလိုက္ေလးေတြလွီးျပီး ေနေလာင္တဲ႕ေနရာေတြ ကပ္ေပးရင္လဲ နီရဲတာေတြသက္သာေစပါတယ္
3)Oatmeal ကို ေရခဲေရနဲ႕ ေဖ်ာ္ျပီး ေနေလာင္တဲ႕ေနရာေတြ လိမ္းေပးရင္လဲ ေနေလာင္တာကို သက္သာေစပါတယ္
4)Fat free milk နဲ႕ ေရကို 1:4 ေရာျပီး လိမ္းေပးရင္လဲ နီရဲတာေတြကို သက္သာေစပါတယ္ေနာ္
5)ေနာက္တစ္ခုကYogurtပါ
ဒိန္ခ်ဥ္ကို ေနေလာင္တဲ႕ေနရာေတြ လိမ္းေပးရင္ moisture မ်ားမ်ားရျပီး ေနေလာင္တာေတြ အမဲစက္ျဖစ္တာေတြကိုသက္သာေစပါတယ္
6)ၾကိဳက္နွစ္သက္ရာ tea bag ကို မ်က္ခြံမွာကပ္ေပးရင္ မ်က္စိကိုေအးေစျပီး မ်က္ခြံေနေလာင္တာကို သက္သာေစပါတယ္ေနာ္
ေနေလာင္ျပီးကာကြယ္ရန္
- ျဖစ္နိုင္ရင္ မနက္ ၁၀ နာရီမွ ညေန ၄ နာရီေနကို ဒီတစ္ေလာေရွာင္ေပးနိုင္ရင္ေရွာင္ေပးသင့္ပါတယ္
- မျဖစ္မေန ေနပူထဲထြက္ရမယ္ဆိုရင္ ေနေလာင္ကာ cream SPF 50+++ ဒါမွမဟုတ္ သနပ္ခါးတို႕ကိုလိမ္းျပီးမွအျပင္ထြက္သင့္ပါတယ္
- ေနပူထဲထြက္မယ္ဆို ထီး ဦးထုပ္ မ်က္မွန္ အက်ီၤရွည္ ေဘာင္းဘီရွည္ဝတ္ျပီးမွ အျပင္ထြက္သင့္ပါတယ္
- ဆပ္ျပာအျပင္းစားေတြေရွာင္ၾကဥ္သင့္ပါတယ္
ပံုမွန္အသားအေရတိုင္းျပန္ရေအာင္
- ေရဓာတ္ပါတဲ႕moisturizerကိုခဏခဏလိမ္းေပးပါ
- နီရဲတာသက္သာသြားျပီဆိုရင္ whitening ပါတဲ႕ lotion ေတြ မၾကာခဏလိမ္းေပးပါ
- sunscreen က ခရမ္းလြန္ ေရာင္ျခည္ကိုကာကြယ္ေပးတဲ႕ အျပင္ အသားကိုလဲ ျဖဴေစတဲ႕အတြက္ အျပင္ထြက္တိုင္းsunscreenလိမ္းေပးဖို႕မေမ့ပါနဲ႕ေနာ္
- အရည္ရႊမ္းတဲ႕အသီးေတြမ်ားမ်ားစားေပးပါ
vitaminCကအသားျဖဴေစတဲ႕အတြက္vitaminCပါတဲ႕အသီးေတြမ်ားမ်ားစားေပးပါ berries မ်ိဳးစံု, ပန္းသီး, ဒိန္ခ်ဥ္ ေတြကလဲ အသားျဖဴေစတဲ႕ အတြက္ မ်ားမ်ားစားေပးမယ္ဆို ပံုမွန္အသားအေရကို ျမန္ျမန္ျပန္ရလာမွာပါေနာ္
ဒုတိယအျဖစ္မ်ားဆံုးကေတာ့မွဲ႕ေျခာက္ပါ
မွဲ႕ေျခာက္ကေတာ့လူၾကီးလူငယ္အရြယ္မေရြးျဖစ္ေလ့ရွိတဲ႔အေရျပားေပၚကအစက္အေပ်ာက္ေလးေတြပါပဲ။ အနီ အဝါ အညိဳ အမဲ အေရာင္အမ်ိဳးမ်ိဳး ျဖစ္တတ္ပါတယ္။ အရည္ျပားေရာဂါ မဟုတ္ပါဘူး။ မ်က္နွာနဲ႔ ေနေရာင္ျခည္ထိေတြ႔မႈမ်ားတဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာျဖစ္တတ္ပါတယ္ မွဲ႔ေျခာက္က လူတစ္ေယာက္ရဲ႕ေနေရာင္ျခည္ဒဏ္ ခံနိုင္အားကို ျပသေပးတဲ႔ ေရွ့ေျပးလကၡဏာ တစ္ခုပါပဲ
*လူ႕အရည္ျပားဟာ ေနေရာင္ျခည္ကို ထိေတြ႕လိုက္လို႔ နည္းနည္းၾကာသြားျပီဆိုရင္ ညိဳလာပါမယ္ အဲ႔လိုညိဳလာရတာဟာ အရည္ျပားအေပၚယံမွာရွိတဲ႔ cells ေလးေတြက melanin(မယ္လနင္) လို႔ေခၚတဲ႔ ေရာင္ျခယ္ေလးေတြ ကို ေနေရာင္ျခည္ဒဏ္မွ ကာကြယ္နိုင္ေအာင္ ထုပ္ေပးပါတယ္ ဒါေပမယ့္ အဲ႔ဒီေရာင္ျခယ္ေတြ ပ်ံ႕နွံ႕တာ မညီညာရင္ မွဲ႕ေျခာက္ေတြျဖစ္လာတာပါပဲ *ဘယ္လိုလူေတြမွာျဖစ္တတ္သလဲဆိုရင္
- ၁။ အသားျဖဴသူေတြ
- ၂။ အသားအေရေျခာက္သူေတြ
- ၃။ ေမြးရာပါ ဆံပင္နီသူေတြ
- ၄။ ေနပူထဲ မွာအလုပ္လုပ္သူေတြ
- ၅။ ေမြးရာပါ မ်ိဳးရိုးဗီဇ (MC1R) ပါတဲ႔လူေတြ ျဖစ္နိုင္ေခ်ရွိပါတယ္
မွဲ႕ေျခာက္ဆိုတာ မျဖစ္ခင္ထဲကၾကိဳတင္ကာကြယ္တာအေကာင္းဆံုးပါ ျဖစ္ျပီးမွ ကုမယ္ဆို ေပ်ာက္ျပီးမွ ျပန္ျဖစ္တာေတြ ကုသမႈကို မသိသာတာေတြျဖစ္တတ္ပါတယ္ *မျဖစ္ေအာင္ဘယ္လိုကာကြယ္မလဲ ပိုမဆိုးေအာင္ေကာ ဘယ္လိုကာကြယ္မလဲဆိုရင္
1)ေနပူထဲထြက္မယ္ဆို Sunscreen လို႔ေခၚတဲ႔ ေနေကာင္လာ cream ေတြၾကိဳလိမ္းေပးသင့္ပါတယ္ SPF50ေလာက္ပါတာေတြပိုေကာင္းပါတယ္
2)ေနပူထဲထြက္ရင္ သတိထားျပီးဦးထုပ္ေဆာင္းေပးသင့္ပါတယ္
3)မနက္ ၁၀ နာရီမွ ညေန၄နာရီ အခ်ိန္အတြင္းတတ္နိုင္ရင္ ေနပူထဲမထြက္ေအာင္ ေရွာင္သင့္ပါတယ္
*အထူးသတိျပဳရန္ ေနပူထဲ နဲနဲေလးပဲျဖစ္ျဖစ္ ခဏေလးပဲျဖစ္ျဖစ္ထြက္ရံုနဲ႔ မွဲ႔ေျခာက္ေတြ ထြက္လာတယ္ဆိုရင္ အရည္ျပားကင္ဆာ ျဖစ္နိုင္ေခ်ရွိတဲ႔ အသားအေရပိုင္ရွင္ ျဖစ္နိုင္ပါတယ္ အေလးအနက္ဂရုစိုက္ရမယ့္ အသားအေရပိုင္ရွင္ပါ
ကုသနည္း
1)cosmetics counter ေတြမွာ အလြယ္တကူဝယ္လို႕ရတဲ႔ cream (hydroquinolone, kojic acid) ပါတာေတြကို လၾကာၾကာဆြဲလိမ္းရင္ တျဖည္းျဖည္း သက္သာလာနိုင္ပါတယ္
2)ေနေလာင္ကာ cream ေတြကို ၾကာၾကာဆြဲလိမ္းရင္လဲ တျဖည္းျဖည္းေပ်ာက္သြားနိုင္ပါတယ္
3)retinoids လို႔ေခၚတဲ႔ vitamin A cream အမ်ိဳးမ်ိဳးကို ဆြဲလိမ္းရင္လဲ သက္သာေပ်ာက္ကင္းနိုင္ပါတယ္
*အရည္ျပားဆရာဝန္နဲ႔ကုသခ်င္တယ္ဆိုရင္
1)Cryosurgery (nitrogen အရည္နဲ႕ အမဲစက္ေလးေတြကို လိုက္တို႔ျပီး) ကုသနိုင္ပါတယ္
2)Laser စက္အမ်ိဳးမိ်ဳး နဲ႔လဲ မွဲ႔ေျခာက္ေတြ ဖ်က္နိုင္ပါတယ္
3) Chemical peel လို႔ေခၚတဲ႔ AHA, BHA, TCA chemical အမ်ိဳးမ်ိဳးနဲ႔လဲ အေရျပားဆရာဝန္ရဲ႕ ကုသမႈကိုခံယူနိုင္ပါတယ္
*မွဲ႕ေျခာက္ဆိုတာ ေပ်ာက္သြားရင္ေတာင္ ျပန္ျဖစ္တတ္ပါတယ္ ေပ်ာက္သြားျပီဆိုရင္ေတာင္ ေနေလာင္ကာ cream ကိုအျပင္သြားတိုင္းလိမ္းေပးဖို႕လိုအပ္ပါတယ္ေနာ္ အဲ႔ဒီေတာ့ နဲလည္းမနဲ မ်ားလဲမမ်ားေအာင္ လို႔ မနက္ 10 နာရီမွ ညေန 4 နာရီအတြင္း အျပင္သြားရင္ ေနေလာင္ကာ cream SPF 30+++, သနပ္ခါး, ဦးထုပ္, အက်ၤီရွည္ ေတြနဲ႔ကာကြယ္မယ္ ေနေရာင္ မခံတာၾကာရင္ မနက္ခင္းေစာေစာေနေရာင္ျခည္ေလးကိုထိေတြ႕ေပးမယ္ဆိုရင္ေနေရာင္ျခည္ရဲ႕အက်ိဳးေက်းဇူးေတြကိုပဲ ခံစားရမွာပါ
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး၂)