သင့်ကလေးမှာ မူးယစ်ဆေးတစ်မျိုးမျိုး သုံးနေတာ သင်ဘယ်လိုသိနိုင်မလဲ
သုံးနေခဲ့ရင် ဘယ်လိုကိုင်တွယ်မလဲ
လူပျိုဖော်ဝင်စ လူငယ်တွေကြားမှာ… ဆေးလိပ် အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှူဟာ… အဓိက ပြသနာကြီး တစ်ခုဖြစ်လာနေပါတယ်….
ဆေးခြောက်နဲ့ အရက်ကတော့ ဆယ်ကျော်သက်တွေကြားမှာအသုံးအများဆုံး မူးယစ်ဆေးဝါး တွေဖြစ်ပါတယ်….
ဒီလို အဖြစ်တွေ ကြားမှာ သင့်ကလေးရှိနေမနေကို သင်ဘယ်လိုသိနိုင်မလဲ….
(1) အပြုအမူ ပြောင်းလဲတာ
ဒါက အစောဆုံးသိနိုင်တဲ့ လက္ခဏာ ပါပဲ… သူငယ်ချင်း အပေါင်းအသင်းတွေ ရုတ်တရက် ပြောင်းလဲသွားတာ… မိသားစု တွေ သူငယ်ချင်းတွေနဲ့ သိပ်ဆက်ဆံမှူမရှိတော့တာ…. သီးခြားတစ်ယောက်တည်း နေလာတာ…. အရင်က သူပျော်ရွှင်ဝါသနာပါ နှစ်ခြိုက်ခဲ့တဲ့အရာတွေကို စိတ်မဝင်းစားတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်
(2) စိတိအပြောင်းအလဲ
မူးယစ်ဆေးသုံးတဲ့ ဆယ်ကျော်သက် တွေဟာ ကျိုးကြောင်းမခိုင်လုံဘဲ စိတ်ခံစားဝမ်းနည်းလွယ်တာ….ဒေါသတွေအရမ်းထွက်လွယ်တာ.. နှူတ်ကကြမ်းတမ်းလာတာ… အပေါင်းအသင်းတွေ မိသားစုဝင်တွေ အပေါ် ရိုင်းပြလာတာ…. ခိုက်ရန်ဖြစ်ပွားတာတွေ ရှိလာနိုင်ပါတယ်
(3) ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အပြောင်းအလဲ
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာ… ကျောင်းမှာ အဆင့်တွေကျလာတာ… စာမေးပွဲ ကျရှူံးတာတွေ ကြုံရလာနိုင်ပါတယ်
(4) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြောင်းအလဲ
မျက်စိသူငယ်အိမ် ကျယ်နေတာ… ရုတ်တရက် ပိန်သွားတာ ဒါမှမဟုတ် ဝလာတာ… တကိုယ်ရည် သန့်ရှင်းရေး အားနည်း လာတာ… မကြာခဏ နှာခေါင်းသွေးလျှံတာ… လက်တွေ တုန်တာ… ပါးတွေနီရဲနေတာ…. သွေးခြေဥဒဏ်ရာနဲ့ တခြားဒဏ်ရာတွေရတာ…အားကုန်တာ…. မူးဝေတာတွေ ရှိနေနိုင်ပါတယ်
သင့်ကလေးမှာ ဒီလို မူးယစ်ဆေး တစ်ခုခု သုံးနေတယ်ဆိုရင် ဘယ်လို ကိုင်တွယ်မလဲ….
(1) ရင်းနှီး ချစ်ကြည်မှူ ပိုခိုင်မာလာအောင်တည်ဆောက်ပါ
ဒီလိုကလေးတွေဟာ လုံခြုံစိတ်ချရမှူကို အလိုရှိတတ်ကြပါတယ်… သူ့ကို စိတ်ကုန်ပြီး လျစ်လျူရှူလိုက်တာမျိုးက ပိုဆိုးတဲ့လမ်းကို တွန်းပို့သလိုဖြစ်တတ်ပါတယ်…သူနဲ့သေသေချာချာ စေ့စပ်ဆွေးနွေးပါ…ကြင်နာပါ… လေးလေးစားစားဆက်ဆံပါ…ကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်ပါ…. ပွင့်ပွင့်လင်းလင်း မေးခွန်း တွေ မေးဖြေတာက သင်နဲ့သူ့ကြားက ဆက်ဆံရေးကို ပိုကောင်းစေပါလိမ့်မယ်
(2)ကောင်းတဲ့အပြုအမူတွေကို အားပေးပါ
အမှားတွေအပေါ်မှာပဲ တချိန်လုံး အပြစ်တင်နေရင် ပြသနာတွေကို မဖြေရှင်းပေးနိုင်တဲ့အပြင်..သင့်ကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့စေပါတယ်.. သူ့ကျန်းမာရေးအတွက်ကောင်းတဲ့အလေ့အကျင့်တွေ ဥပမာ ဘောလုံးကစားတာ…gym ဆော့တာ ကို မွေးမြူစေပါ…အားပေးပါ…ချီးမွမ်းပေးပါ
(3) ဒီလုပ်ရပ်တွေရဲ့နောက်ဆက်တွဲတွေကို သေချာနားလည်အောင် ပြောပြပါ
ကလေးရဲ့အသိထဲမှာ ဒီလိုလုပ်နေတာဟာ…. သူကောင်းဖို့မရှိဘူးဆိုတာကို သေချာယုံကြည်လက်ခံတဲ့အထိ ပြောပြပေးပါ
(4) ပညာရှင်တွေရဲ့အကူအညီကို လိုအပ်ရင်ရယူပါ
(5) သင်ကိုယ်တိုင် အရက် ဆေးလိပ် သို့မဟုတ် မူးယစ်ဆေးဝါး တစ်မျိုးမျိုး သုံးမိနေရင် ဖြတ်ပါ
(6) ကလေးကို ချီးမွမ်းပါ…ဆုချပါ
တကယ်လို့ သင့်ကလေးက သူအရင်သုံးခဲ့ဖူးတဲ့ မူးယစ်ဆေး တစ်ခုခုကို……အချိန်ကာလတစ်ခုအတွင်း မလုပ်ဘဲ နေနိုင်ခဲ့ရင်… သူလုပ်နိုင်ခဲ့တဲ့နေ့ရက်တွေအတွက် လှိူက်လှိူက်လှဲလှဲ ချီးမွမ်းပေးပါ…
ဆုပေးစနစ်ကိုလဲ သုံးပေးရင် ပိုကောင်းပါတယ်
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်
သင့္ကေလးမွာ မူးယစ္ေဆးတစ္မ်ိဳးမ်ိဳး သံုးေနတာ သင္ဘယ္လိုသိႏိုင္မလဲ
သံုးေနခဲ့ရင္ ဘယ္လိုကိုင္တြယ္မလဲ
လူပ်ိဳေဖာ္ဝင္စ လူငယ္ေတြၾကားမွာ… ေဆးလိပ္ အရက္နဲ႔ မူးယစ္ေဆး သံုးစြဲမႉဟာ… အဓိက ျပသနာႀကီး တစ္ခုျဖစ္လာေနပါတယ္….
ေဆးေျခာက္နဲ႔ အရက္ကေတာ့ ဆယ္ေက်ာ္သက္ေတြၾကားမွာအသံုးအမ်ားဆံုး မူးယစ္ေဆးဝါး ေတြျဖစ္ပါတယ္….
ဒီလို အျဖစ္ေတြ ၾကားမွာ သင့္ကေလး႐ွိေနမေနကို သင္ဘယ္လိုသိႏိုင္မလဲ….
(1) အျပဳအမူ ေျပာင္းလဲတာ
ဒါက အေစာဆံုးသိႏိုင္တဲ့ လကၡဏာ ပါပဲ… သူငယ္ခ်င္း အေပါင္းအသင္းေတြ ႐ုတ္တရက္ ေျပာင္းလဲသြားတာ… မိသားစု ေတြ သူငယ္ခ်င္းေတြနဲ႔ သိပ္ဆက္ဆံမႉမ႐ွိေတာ့တာ…. သီးျခားတစ္ေယာက္တည္း ေနလာတာ…. အရင္က သူေပ်ာ္ရႊင္ဝါသနာပါ ႏွစ္ၿခိဳက္ခဲ့တဲ့အရာေတြကို စိတ္မဝင္းစားေတာ့တာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္
(2) စိတိအေျပာင္းအလဲ
မူးယစ္ေဆးသံုးတဲ့ ဆယ္ေက်ာ္သက္ ေတြဟာ က်ိဳးေၾကာင္းမခိုင္လံုဘဲ စိတ္ခံစားဝမ္းနည္းလြယ္တာ….ေဒါသေတြအရမ္းထြက္လြယ္တာ.. ႏႉတ္ကၾကမ္းတမ္းလာတာ… အေပါင္းအသင္းေတြ မိသားစုဝင္ေတြ အေပၚ ႐ိုင္းျပလာတာ…. ခိုက္ရန္ျဖစ္ပြားတာေတြ ႐ွိလာႏိုင္ပါတယ္
(3) ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာ အေျပာင္းအလဲ
ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းမ႐ွိေတာ့တာ… ေက်ာင္းမွာ အဆင့္ေတြက်လာတာ… စာေမးပြဲ က်႐ွံူးတာေတြ ၾကံဳရလာႏိုင္ပါတယ္
(4) ခႏၶာကိုယ္ပိုင္းဆိုင္ရာ အေျပာင္းအလဲ
မ်က္စိသူငယ္အိမ္ က်ယ္ေနတာ… ႐ုတ္တရက္ ပိန္သြားတာ ဒါမွမဟုတ္ ဝလာတာ… တကိုယ္ရည္ သန္႔႐ွင္းေရး အားနည္း လာတာ… မၾကာခဏ ႏွာေခါင္းေသြးလ်ွံတာ… လက္ေတြ တုန္တာ… ပါးေတြနီရဲေနတာ…. ေသြးေျခဥဒဏ္ရာနဲ႔ တျခားဒဏ္ရာေတြရတာ…အားကုန္တာ…. မူးေဝတာေတြ ႐ွိေနႏိုင္ပါတယ္
သင့္ကေလးမွာ ဒီလို မူးယစ္ေဆး တစ္ခုခု သံုးေနတယ္ဆိုရင္ ဘယ္လို ကိုင္တြယ္မလဲ….
(1) ရင္းႏွီး ခ်စ္ၾကည္မႉ ပိုခိုင္မာလာေအာင္တည္ေဆာက္ပါ
ဒီလိုကေလးေတြဟာ လံုျခံဳစိတ္ခ်ရမႉကို အလို႐ွိတတ္ၾကပါတယ္… သူ႔ကို စိတ္ကုန္ၿပီး လ်စ္လ်ဴ႐ွဴလိုက္တာမ်ိဳးက ပိုဆိုးတဲ့လမ္းကို တြန္းပို႔သလိုျဖစ္တတ္ပါတယ္…သူနဲ႔ေသေသခ်ာခ်ာ ေစ့စပ္ေဆြးေႏြးပါ…ၾကင္နာပါ… ေလးေလးစားစားဆက္ဆံပါ…ေကာင္းတဲ့အခ်က္ေတြကိုပဲ အာရံုစိုက္ပါ…. ပြင့္ပြင့္လင္းလင္း ေမးခြန္း ေတြ ေမးေျဖတာက သင္နဲ႔သူ႔ၾကားက ဆက္ဆံေရးကို ပိုေကာင္းေစပါလိမ့္မယ္
(2)ေကာင္းတဲ့အျပဳအမူေတြကို အားေပးပါ
အမွားေတြအေပၚမွာပဲ တခ်ိန္လံုး အျပစ္တင္ေနရင္ ျပသနာေတြကို မေျဖ႐ွင္းေပးႏိုင္တဲ့အျပင္..သင့္ကေလးက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ကင္းမဲ့ေစပါတယ္.. သူ႔က်န္းမာေရးအတြက္ေကာင္းတဲ့အေလ့အက်င့္ေတြ ဥပမာ ေဘာလံုးကစားတာ…gym ေဆာ့တာ ကို ေမြးျမဴေစပါ…အားေပးပါ…ခ်ီးမြမ္းေပးပါ
(3) ဒီလုပ္ရပ္ေတြရဲ႕ေနာက္ဆက္တြဲေတြကို ေသခ်ာနားလည္ေအာင္ ေျပာျပပါ
ကေလးရဲ႕အသိထဲမွာ ဒီလိုလုပ္ေနတာဟာ…. သူေကာင္းဖို႔မ႐ွိဘူးဆိုတာကို ေသခ်ာယံုၾကည္လက္ခံတဲ့အထိ ေျပာျပေပးပါ
(4) ပညာရွင္ေတြရဲ႕အကူအညီကို လိုအပ္ရင္ရယူပါ
(5) သင္ကိုယ္တိုင္ အရက္ ေဆးလိပ္ သို႔မဟုတ္ မူးယစ္ေဆးဝါး တစ္မ်ိဳးမ်ိဳး သံုးမိေနရင္ ျဖတ္ပါ
(6) ကေလးကို ခ်ီးမြမ္းပါ…ဆုခ်ပါ
တကယ္လို႔ သင့္ကေလးက သူအရင္သံုးခဲ့ဖူးတဲ့ မူးယစ္ေဆး တစ္ခုခုကို……အခ်ိန္ကာလတစ္ခုအတြင္း မလုပ္ဘဲ ေနႏိုင္ခဲ့ရင္… သူလုပ္ႏိုင္ခဲ့တဲ့ေန႔ရက္ေတြအတြက္ လိႉက္လိႉက္လွဲလွဲ ခ်ီးမြမ္းေပးပါ…
ဆုေပးစနစ္ကိုလဲ သံုးေပးရင္ ပိုေကာင္းပါတယ္
ေမတၱာျဖင့္
Dr. စိမ္းမိုးစက္