မျက်စိစွန်ခြင်း( အပြင်စွန်)
မျက်စိစွန်ခြင်း (အပြင်စွန်) ဆိုသည်မှာ မျက်တောင်အခြေတွင် ရှိသော ဂလင်းအကြိတ် ငယ်များတွင် ရောဂါပိုးတစ်မျိုးဝင်ခြင်းကြောင့် ဖြစ်သောပြည်တည်နာ တစ်မျိုးကို ခေါ်သည် ။စတိုင်း (Stye) ဟုလည်း ဆေးပညာ အရ ခေါ်ပေသည် ။
ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲဆိုရင်ဖြင့် လက်မသန့်မရှင်းနဲ့ မျက်စိကို မကြာခဏ ပွတ်တတ်သူတွေ ၊မျက်ကပ်မှန်ကို သန့်ရှင်းစွာ မထိန်းသိမ်းထားဘဲ ထည့်တတ်သူတွေ ၊ဒါမှမဟုတ် မသန့်တဲ့ လက်နဲ့ထည့်တတ်သူတွေ ၊မိတ်ကပ်ကိုညအိပ်ခါနီး မဖျက်ဘဲ အိပ်တတ်သူတွေ ၊သက်တမ်းကုန်ခါနီး မိတ်ကပ်တွေ သုံးတတ်သူတွေ ၊မျက်ခမ်းရောင်ရမ်းနာ မကြာခဏဖြစ်တတ်သူတွေ ၊မျက်လုံးတစ်ဝိုက် ဖြစ်တတ်တဲ့ အရေပြားနာဖြစ်သူတွေမှာ ပိုဖြစ်တတ်သည် ။
ဘယ်လို လက္ခဏာတွေ ပြလဲဆိုရင်ဖြင့်
၁) မျက်လုံးဖွင့်ရခက်
၂) မျက်တောင်ခတ်ရင် နေမထိထိုင်မသာ ဖြစ်တတ်
၃) မျက်လုံးထဲတွင် ခိုးလို့ခုလု ဖြစ်တတ်
၄) အလင်းရောင်ကို ကြည့်က စူးပြီးကျိန်းတတ်
၅) မျက်ရည်ပူ ကျတတ်
၆) မျက်လုံးကိုက်တတ် နာတတ်
အများအားဖြင့် ရက်ပိုင်းအတွင်း ပြည်ဖုကလေးများပေါက်ကာ အနာသက်သာပြီး သူ့ဘာသာပျောက်သွားတတ်သည် ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်
၁) တစ်ပတ်အတွင်း မသက်သာက ၊ပြည်လည်းမပေါက်က ၊ပိုဆိုးလာက
၂) မျက်ခွံ ၊မျက်လုံးပတ်လည် အရေပြားပေါ်တွင် အနာဖု ပြည်ဖုများထွက်လာက
၃) မကြာခဏ မျက်စိစွန်က
၄) မကြာခဏ မျက်စိရောင်ရမ်းနာဖြစ်တတ်က
တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသင့်တယ် ။ဆရာဝန်က မျက်စဉ်းဆေး ၊အကိုက်အခဲပျောက်ဆေးများ ပေးပါလိမ့်မယ် ။လိုအပ်ရင် ပိုးသတ်ဆေးသောက်ဆေး ၊အစက်ချဆေးပေးပါလိမ့်မယ် ။
မိမိဘာသာ ဘာလုပ်ထားသင့်သလဲ ဆိုရင်ဖြင့်
၁) မျက်လုံး မပွတ်ရ ။
၂) မျက်ကပ်မှန် မတပ်ရ ။
၃) မျက်စိနဲ့ ပတ်သက်ပြီး သုံးတတ်သော မိတ်ကပ်၊အလှပြင်ပစ္စည်းများ မလူးရ ၊ မလိမ်းရ ။
၄) ပြည်မပေါက်သေးဘဲ မညှစ်ရ ။
၅) သန့်စင်သော ရေနွေးဖတ်ကပ်ပေးပါ ။
၆) တစ်ကိုယ်ရေသန့်ရှင်းရေး ၊အထူးသဖြင့် လက်ကို သန့်ရှင်းစွာထားပါ ။
၇) ပြည်ပေါက်သွားက မျက်စိကို ရေနွေးနွေးဖြင့် သန့်ရှင်းခြောက်သွေ့စွာထားပါ ။
ဘယ်လိုကာကွယ်မလဲ ဆိုရင်ဖြင့်
၁) လက်ကို ပုံမှန် သန့်ရှင်းစင်ကြယ်စွာဆေးပါ ။
၂) မလိုအပ်ဘဲ မျက်စိကို မပွတ်ပါနဲ့ ။
၃) မျက်နှာသုတ်ပုဝါ ၊သဘက် သီးသန့်ထားပါ ။မျှမသုံးပါနဲ့ ။
၄) မျက်စိသုံး အလှပြင်ပစ္စည်းဟောင်းများ၊သက်တမ်းကုန်ပစ္စည်းများ မသုံးပါနဲ့ ။
၅) အလှပြင်ပစ္စည်းများကို မျှမသုံးပါနဲ့ ။
၆) ညအိပ်ရာဝင်ခါနီး မိမိ တစ်နေ့တာ လိမ်းထားသော မိတ်ကပ်မျာကို စင်ကြယ်စွာ ဆေးကြောသန့်စင်ပါ ။
၇) မျက်ကပ်မှန်ကို သန့်ရှင်းသောဆေးရည်တွင် စိမ်ပြီးသေချာ သိမ်းဆည်းပါ ။
၈) မျက်ကပ်မှန်ကို သန့်ရှင်းစင်ကြယ်စွာ စနစ်တကျ ထည့်ပါ ။
ခေတ်သစ် ဇီဝက
မ်က္စိစြန္ျခင္း( အျပင္စြန္)
မ်က္စိစြန္ျခင္း (အျပင္စြန္) ဆိုသည္မွာ မ်က္ေတာင္အေျခတြင္ ရွိေသာ ဂလင္းအႀကိတ္ ငယ္မ်ားတြင္ ေရာဂါပိုးတစ္မ်ိဳး၀င္ျခင္းေႀကာင့္ ျဖစ္ေသာျပည္တည္နာ တစ္မ်ိဳးကို ေခၚသည္ ။စတိုင္း (Stye) ဟုလည္း ေဆးပညာ အရ ေခၚေပသည္ ။
ဘယ္သူေတြမွာ ပိုျဖစ္တတ္လဲဆိုရင္ျဖင့္ လက္မသန္႕မရွင္းနဲ႕ မ်က္စိကို မႀကာခဏ ပြတ္တတ္သူေတြ ၊မ်က္ကပ္မွန္ကို သန္႕ရွင္းစြာ မထိန္းသိမ္းထားဘဲ ထည့္တတ္သူေတြ ၊ဒါမွမဟုတ္ မသန္႕တဲ့ လက္နဲ႕ထည့္တတ္သူေတြ ၊မိတ္ကပ္ကိုညအိပ္ခါနီး မဖ်က္ဘဲ အိပ္တတ္သူေတြ ၊သက္တမ္းကုန္ခါနီး မိတ္ကပ္ေတြ သုံးတတ္သူေတြ ၊မ်က္ခမ္းေရာင္ရမ္းနာ မႀကာခဏျဖစ္တတ္သူေတြ ၊မ်က္လုံးတစ္၀ိုက္ ျဖစ္တတ္တဲ့ အေရျပားနာျဖစ္သူေတြမွာ ပိုျဖစ္တတ္သည္ ။
ဘယ္လို လကၡဏာေတြ ျပလဲဆိုရင္ျဖင့္
၁) မ်က္လုုံးဖြင့္ရခက္
၂) မ်က္ေတာင္ခတ္ရင္ ေနမထိထိုင္မသာ ျဖစ္တတ္
၃) မ်က္လုံးထဲတြင္ ခိုးလို႕ခုလု ျဖစ္တတ္
၄) အလင္းေရာင္ကို ႀကည့္က စူးျပီးက်ိန္းတတ္
၅) မ်က္ရည္ပူ က်တတ္
၆) မ်က္လုံးကိုက္တတ္ နာတတ္
အမ်ားအားျဖင့္ ရက္ပိုင္းအတြင္း ျပည္ဖုကေလးမ်ားေပါက္ကာ အနာသက္သာျပီး သူ႕ဘာသာေပ်ာက္သြားတတ္သည္ ။
ဘယ္အခိ်န္မွာ ဆရာ၀န္နဲ႕ ျပမလဲဆိုရင္ျဖင့္
၁) တစ္ပတ္အတြင္း မသက္သာက ၊ျပည္လည္းမေပါက္က ၊ပိုဆိုးလာက
၂) မ်က္ခံြ ၊မ်က္လုံးပတ္လည္ အေရျပားေပၚတြင္ အနာဖု ျပည္ဖုမ်ားထြက္လာက
၃) မႀကာခဏ မ်က္စိစြန္က
၄) မႀကာခဏ မ်က္စိေရာင္ရမ္းနာျဖစ္တတ္က
တတ္ကြ်မ္းတဲ့ ဆရာ၀န္နဲ႕ျပသင့္တယ္ ။ဆရာ၀န္က မ်က္စဥ္းေဆး ၊အကိုက္အခဲေပ်ာက္ေဆးမ်ား ေပးပါလိမ္႔မယ္ ။လိုအပ္ရင္ ပိုးသတ္ေဆးေသာက္ေဆး ၊အစက္ခ်ေဆးေပးပါလိမ့္မယ္ ။
မိမိဘာသာ ဘာလုပ္ထားသင့္သလဲ ဆိုရင္ျဖင့္
၁) မ်က္လုံး မပြတ္ရ ။
၂) မ်က္ကပ္မွန္ မတပ္ရ ။
၃) မ်က္စိနဲ႕ ပတ္သက္ျပီး သုံးတတ္ေသာ မိတ္ကပ္၊အလွျပင္ပစၥည္းမ်ား မလူးရ ၊ မလိမ္းရ ။
၄) ျပည္မေပါက္ေသးဘဲ မညွစ္ရ ။
၅) သန္႕စင္ေသာ ေရေႏြးဖတ္ကပ္ေပးပါ ။
၆) တစ္ကိုယ္ေရသန္႕ရွင္းေရး ၊အထူးသျဖင့္ လက္ကို သန္႕ရွင္းစြာထားပါ ။
၇) ျပည္ေပါက္သြားက မ်က္စိကို ေရေႏြးေႏြးျဖင့္ သန္႕ရွင္းေျခာက္ေသြ႕စြာထားပါ ။
ဘယ္လိုကာကြယ္မလဲ ဆိုရင္ျဖင့္
၁) လက္ကို ပုံမွန္ သန္႕ရွင္းစင္ႀကယ္စြာေဆးပါ ။
၂) မလိုအပ္ဘဲ မ်က္စိကို မပြတ္ပါနဲ႕ ။
၃) မ်က္ႏွာသုတ္ပု၀ါ ၊သဘက္ သီးသန္႕ထားပါ ။မွ်မသုံးပါနဲ႕ ။
၄) မ်က္စိသုံး အလွျပင္ပစၥည္းေဟာင္းမ်ား၊သက္တမ္းကုန္ပစၥည္းမ်ား မသုံးပါနဲ႕ ။
၅) အလွျပင္ပစၥည္းမ်ားကို မွ်မသုံးပါနဲ႕ ။
၆) ညအိပ္ရာ၀င္ခါနီး မိမိ တစ္ေန႕တာ လိ္မ္းထားေသာ မိတ္ကပ္မ်ာကို စင္ႀကယ္စြာ ေဆးေႀကာသန္႕စင္ပါ ။
၇) မ်က္ကပ္မွန္ကို သန္႕ရွင္းေသာေဆးရည္တြင္ စိ္မ္ျပီးေသခ်ာ သိမ္းဆည္းပါ ။
၈) မ်က္ကပ္မွန္ကို သန္႕ရွင္းစင္ႀကယ္စြာ စနစ္တက် ထည့္ပါ ။
ေခတ္သစ္ ဇီ၀က