လေဖြတ်ကာကွယ်ဆေးရှာပုံတော်

အခုနောက်ပိုင်းမှာ ရပ်ကွက်ထဲမှာလေမဖြတ်အောင် လေဖြတ်ကာကွယ်ဆေးထိုးကြမယ်ဆိုပြီး ပြောနေကြထိုးနေကြတာတွေတွေ့နေရပါတယ်။ လေဖြတ်တဲ့အခါမှာ ပြန်မကောင်းကြတဲ့သူတွေလည်းအများအပြားရှိသလို ပြန်ကောင်းဖို့ကိုလည်းအချိန်အကြာကြီးယူရသူတွေရှိတဲ့အတွက် လူတွေကလေဖြတ်မှာအလွန်ကြောက်ကြပါတယ်။ ဒီတော့ လေဖြတ်ကာကွယ်နည်းတွေကိုလေ့လာပြီး တစ်ခုမဟုတ်တစ်ခုစမ်းသပ်ကြပါတယ်။ ဒီအထဲမှာမှ လေဖြတ်ကာကွယ်ဆေးထိုးဖို့ရွေးချယ်ကြသူတွေရှိတဲ့အတွက် ဒီဆောင်းပါးကိုတင်ပြလိုက်ပါတယ်။

တစ်ကယ်တော့ လေဖြတ်ကာကွယ်ဆေးဆိုတာကမ္ဘာပေါ်မှာခုထိ လုံးဝမပေါ်သေးပါဘူး။ တစ်နည်းအားဖြင့် ရှိကိုမရှိသေးတာပါ။ ဒါဆိုရင် အခုလူတွေထိုးနေကြတာဘာတွေလဲလို့မေးစရာရှိလာပါတယ်။

အခုလူတွေကို ရမ်းကုများနဲ့ဆေးဆရာယောင်များက လေဖြတ်ကာကွယ်ဆေးဆိုပြီးထိုးပေးနေကြတာက Piracetam လို့ခေါ်တဲ့ဆေး ဒါမှမဟုတ်ရင် Cerebrolysin လို့ခေါ်တဲ့ဆေးတွေပါ။ ဒီဆေးတွေဟာတကယ်တော့ လေဖြတ်တာကိုကာကွယ်တဲ့ဆေးတွေမဟုတ်ဘဲ လေဖြတ်ပြီးတဲ့သူတွေကို နောက်ဆက်တွဲအနေနဲ့ ရေရှည်ပေးတဲ့ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေဟာ လေဖြတ်ခြင်းကိုကာကွယ်နိုင်တယ်လို့ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမထားပါဘူး။ ဒါ့အပြင် Piracetamရဲ့အစွမ်းသတ္တိကိုလည်း ပညာရှင်များကအငြင်းပွားနေကြဆဲဖြစ်ပါတယ်။

ဒါဆိုရင်ကျွန်တော်တို့ကြောက်ကြတဲ့လေဖြတ်ခြင်းကို ကာကွယ်ဖို့ရာ မဖြစ်နိုင်တော့ဘူးလား လက်လျှော့ရတော့မှာလား လို့မေးရင် ကာကွယ်နိုင်မယ့်အဖြေရှိပါတယ်။ အဲဒါကတော့ ကိုယ်လက်လှုပ်ရှားခြင်းနဲ့အစားအသောက်ကိုဆင်ခြင်ပြီးစားသုံးုခင်းပါပဲ။ တစ်နေ့ကို အနည်းဆုံးနာရီဝက်ခန့်လမ်းလျှောက်ပေးမယ်၊ အသင့်အတင့်ကိုယ်လက်လှုပ်ရှားရသော အားကစားတစ်ခုခုကို ဆယ့်ငါးမိနစ်ခန့်ပြုလုပ်ပေးမယ် အဲဒါနဲ့အတူ အဆီများသော၊ အငန်လွန်ကဲသောအစားအစာများကိုရှောင်မယ် လျှော့စားမယ်ဆိုရင် ကျန်းမာတဲ့ဘဝတစ်ခုကိုရရှိနိုင်မှာပါ။ ဒါကမှ တစ်ခုတည်းသော လေဖြတ်ကာကွယ်နိုင်မယ့်နည်းလမ်းပဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

ေလျဖတ္ကာကြယ္ေဆး႐ွာပံုေတာ္

အခုေနာက္ပိုင္းမွာ ရပ္ကြက္ထဲမွာေလမျဖတ္ေအာင္ ေလျဖတ္ကာကြယ္ေဆးထိုးၾကမယ္ဆိုၿပီး ေျပာေနၾကထိုးေနၾကတာေတြေတြ႔ေနရပါတယ္။ ေလျဖတ္တဲ့အခါမွာ ျပန္မေကာင္းၾကတဲ့သူေတြလည္းအမ်ားအျပား႐ွိသလို ျပန္ေကာင္းဖို႔ကိုလည္းအခ်ိန္အၾကာႀကီးယူရသူေတြ႐ွိတဲ့အတြက္ လူေတြကေလျဖတ္မွာအလြန္ေၾကာက္ၾကပါတယ္။ ဒီေတာ့ ေလျဖတ္ကာကြယ္နည္းေတြကိုေလ့လာၿပီး တစ္ခုမဟုတ္တစ္ခုစမ္းသပ္ၾကပါတယ္။ ဒီအထဲမွာမွ ေလျဖတ္ကာကြယ္ေဆးထိုးဖို႔ေရြးခ်ယ္ၾကသူေတြ႐ွိတဲ့အတြက္ ဒီေဆာင္းပါးကိုတင္ျပလုိက္ပါတယ္။

တစ္ကယ္ေတာ့ ေလျဖတ္ကာကြယ္ေဆးဆိုတာကမၻာေပၚမွာခုထိ လံုးဝမေပၚေသးပါဘူး။ တစ္နည္းအားျဖင့္ ႐ွိကိုမ႐ွိေသးတာပါ။ ဒါဆိုရင္ အခုလူေတြထိုးေနၾကတာဘာေတြလဲလို႔ေမးစရာ႐ွိလာပါတယ္။

အခုလူေတြကို ရမ္းကုမ်ားနဲ႔ေဆးဆရာေယာင္မ်ားက ေလျဖတ္ကာကြယ္ေဆးဆိုၿပီးထိုးေပးေနၾကတာက Piracetam လို႔ေခၚတဲ့ေဆး ဒါမွမဟုတ္ရင္ Cerebrolysin လို႔ေခၚတဲ့ေဆးေတြပါ။ ဒီေဆးေတြဟာတကယ္ေတာ့ ေလျဖတ္တာကိုကာကြယ္တဲ့ေဆးေတြမဟုတ္ဘဲ ေလျဖတ္ၿပီးတဲ့သူေတြကို ေနာက္ဆက္တြဲအေနနဲ႔ ေရ႐ွည္ေပးတဲ့ေဆးေတြျဖစ္ပါတယ္။ ဒီေဆးေတြဟာ ေလျဖတ္ျခင္းကိုကာကြယ္ႏိုင္တယ္လို႔ ဘယ္ႏိုင္ငံကမွ အသိအမွတ္ျပဳမထားပါဘူး။ ဒါ့အျပင္ Piracetamရဲ႕အစြမ္းသတၱိကိုလည္း ပညာ႐ွင္မ်ားကအျငင္းပြားေနၾကဆဲျဖစ္ပါတယ္။

ဒါဆိုရင္ကြၽန္ေတာ္တို႔ေၾကာက္ၾကတဲ့ေလျဖတ္ျခင္းကို ကာကြယ္ဖို႔ရာ မျဖစ္ႏိုင္ေတာ့ဘူးလား လက္ေလ်ွာ့ရေတာ့မွာလား လို႔ေမးရင္ ကာကြယ္ႏိုင္မယ့္အေျဖ႐ွိပါတယ္။ အဲဒါကေတာ့ ကိုယ္လက္လႈပ္႐ွားျခင္းနဲ႔အစားအေသာက္ကိုဆင္ျခင္ၿပီးစားသံုးုခင္းပါပဲ။ တစ္ေန႔ကို အနည္းဆံုးနာရီဝက္ခန္႔လမ္းေလ်ွာက္ေပးမယ္၊ အသင့္အတင့္ကုိယ္လက္လႈပ္႐ွားရေသာ အားကစားတစ္ခုခုကို ဆယ့္ငါးမိနစ္ခန္႔ျပဳလုပ္ေပးမယ္ အဲဒါနဲ႔အတူ အဆီမ်ားေသာ၊ အငန္လြန္ကဲေသာအစားအစာမ်ားကိုေ႐ွာင္မယ္ ေလ်ွာ့စားမယ္ဆိုရင္ က်န္းမာတဲ့ဘဝတစ္ခုကိုရ႐ွိႏိုင္မွာပါ။ ဒါကမွ တစ္ခုတည္းေသာ ေလျဖတ္ကာကြယ္ႏိုင္မယ့္နည္းလမ္းပဲျဖစ္ပါေၾကာင္း တင္ျပလုိက္ရပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…