ပါဝင်သောဆေး-oxethazaine, polymigel
ဆေးပုံစံ-ဆေးပြားပုံစံ
အသုံးပြုနိုင်သော ရောဂါများ-ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်းစသော အစာအိမ်အက်ဆစ်အထွက်များသော လက္ခဏာများ၊ ပျို့ခြင်း၊ အန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အစာမျိုပြွန်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းနှင့် ဝမ်းမထိန်းနိုင်ခြင်းစသောအူမကြီးပြဿနာများ။
သုံးစွဲရန်အညွှန်း- တစ်နေ့ ၃-၈ပြားထိ အကြိမ်ခွဲသုံးစွဲနိုင်ပါသည်။ ၁ကြိမ်လျှင် ၁၅မီလီဂရမ်ထက်ပို၍ မသုံးစွဲရ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးကို ကြာရှည်စွာ စွဲမသုံးသင့်ပါ။ ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ခံတွင်းပျက်ခြင်း၊ ပျို့ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Tetracycline နှင့် သံဓာတ်ပါဝင်သောဆေးများ၏ စုပ်ယူမှုကိုကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)