stretch marks in pregnant women

မေမေတို့နဲ့ ဗိုက်ကြောပြတ်ခြင်း

မေမေတို့အားလုံးနီးပါး တွေ့ကြုံရမယ့် ပြဿနာမဟုတ်တဲ့ပြဿနာ။

ဗိုက်ကြောပြတ်တာဟာ ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက်တော့ ပြဿနာကြီးမဆိုသော်ငြားလဲ အချို့မေမေတွေအတွက်တော့ အလှပျက်စရာ၊ရှက်စရာလေးဖြစ်နေတတ်ပါတယ်။ သင်လဲတစ်ချိန်ချိန်မှာ ကြုံတွေ့လာရတဲ့အခါ စိတ်မညစ်ပါနဲ့၊စိတ်ထဲအရမ်းထည့်ထားပြီးခေါင်းရှုပ်ခံမနေပါနဲ့၊ဒါဟာ မေမေတို့အားလုံးနီးပါးကြုံရမယ့်အရာပါ၊

အချိန်တန်အရှင်းမပျောက်သွားရင်တောင် လျော့သွားမှာဖြစ်သလို၊သက်သာအောင်လဲ လုပ်လို့ရပါသေးတယ်။

ဗိုက်ကြောပြတ်ခြင်း ဘယ်အချိန်မှာ စပေါ်မလဲ?

ဟုတ်ကဲ့ ကိုယ်ဝန်သက် ၁၃ပါတ်(၃လ) မှ ၂၁ပါတ်(၅လ) အတွင်းစပေါ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ဘယ်နှစ်ယောက်လောက်မှာပေါ်မလဲ?

အယောက် ၁၀၀မှာ ၉၀လောက်ထိပေါ်နိုင်ပါတယ်။

ဘာလို့ပေါ်သလဲ?

ပေါ်ချင်လို့ပေါ်ပါတယ်။အလကား စတာပါ။ တကယ်ကိုလဲ သူ့အကြောင်းအရင်းကိုသေချာမသိရပေမယ့် အရပ်ထဲလူပြောများသလိုပါပဲ ဗိုက်ကြောပြတ်လို့ပေါ်တယ်လို့လဲ ယူဆကြပါတယ်။ ဗိုက်ကြောဆိုပေမယ့် တကယ်ကအကြောရယ်တော့မဟုတ်ပါဘူး။ ဗိုက်အရေပြားအောက်ကနေပြီး အရေပြားရဲ့တင်းအား(elasticity)ကို ထောက်ပံပေးထားတဲ့ တစ်သျှူး(connective tissues)လေးတွေဟာ ကလေးကြောင့်ဗိုက်ဖောင်းတင်းလာတဲ့ဒဏ်(tension)ကြောင့် ပြတ်ထွက်ပြီး ပြတ်ရာကြောင်းလေးတွေ ပေါ်လာတယ်လို့ယူဆကြပါတယ်။

ဘယ်လိုပုံစံလေးတွေလဲ?

အနီရောင်(သို့)ပန်းရောင်ဒေါင်လိုက်အစင်းကြောင်းလေးတွေရယ်ပါ။တစ်ခါတစ်ရံတော့လဲ ယားယံတတ်ပါတယ်။

ဘယ်လိုလူတွေမှာပိုဖြစ်တတ်လဲ?

ဟုတ်ကဲ့။သင့်အမေမှာ ဖြစ်ဖူးရင်သင်လဲဖြစ်နိုင်ပါတယ်။ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန် အလေးချိန်တက်တာမြန်ရင်လဲ ပိုဖြစ်တတ်ပါတယ်။ အဲ အသားညိုတဲ့အမျိုးသမီးတွေမှာကျတော့ သူကသိပ်မသိသာတတ်လို့ ညိုသူတွေကဒီကိစ္စမှာကံကောင်းပါတယ်။

ကြိုတင်ကာကွယ်လို့ရလား?

စိတ်မကောင်းစွာနဲ့ပဲ မရပါဘူး။ဟိုလိုဒီလိုပြောပေမယ့် တကယ်တော့ထိရောက်တဲ့ကာကွယ်နည်းရယ်လို့ မရှိပါဘူး။လုံးဝမဖြစ်အောင် မကာကွယ်နိုင်ပေမယ့် သက်သာအောင်(သို့)ဖြစ်ပွားမှုနည်းအောင်တော့ လုပ်လို့ရပါတယ်။

ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲ?

ဘယ်လိုလုပ်ရမလဲဆိုရင်တော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

၁)Moisturize လုပ်ပါ။ Moisturizerလိမ်းခြင်းဟာ အသားအရေစိုပြေစေပြီး ယားယံခြင်းကိုသက်သာစေသလို ဗိုက်ကြောပြတ်ခြင်းကိုလဲ သက်သာစေပါတယ်။တစ်ရက်ကို ၂ကြိမ်လောက် ဖေဖေတို့ကိုလိမ်းခိုင်းကြည့်ပေါ့နော်။

၂)Vitamin C ၊ ဇင့်ဓါတ် ပေါကြွယ်ဝသော အစာများကိုစားပါ။ဗီတာမင် စီ ဟာအရေပြားအတွက်ကောင်းမွန်စေရုံမက ဗိုက်ကြောပြတ်တာလေးတွေကိုလည်း သက်သာစေနိုင်သလို ဇင့်ဓါတ်ဟာလဲ အရေပြားကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။

၃)ရေများများသောက်ပေးပါ။ ရေဟာအရေပြားရဲ့အစိုဓါတ်ကိုထိန်းသိမ်းပေးပြီး အရေပြားနူးညံ့စေတာကြောင့် ဗိုက်ကြောပြတ်ခြင်းကို အထိုက်အလျောက်သက်သာစေပါတယ်၊၊

၄)နှစ်ယောက်စာဟာ နှစ်ဆစာ မဟုတ်ပါ။ နည်းနည်းများရှုပ်သွားသလား။ပြောချင်တာက ခန္ဓာကိုယ်အလေးချိန်တက်တာကို သတိထားစေချင်တာ၊ဖြေးဖြေးနဲ့သဘာဝအတိုင်းတက်စေချင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ဟာ သေချာပေါက်ကိုတက်မှာပါ။ဒါပေမယ့် အတက်ကြမ်းတော့ အပြတ်လဲကြမ်းပါတယ်(ဗိုက်ကြောပြတ်တာကို ပြောပါတယ်)။လူနှစ်ယောက်စာဆိုပြီး အရင်စားနေကျအဆီအဆိမ့်(ကယ်လိုရီများတဲ့အစားအစာ)တွေကို အရင်ကထက်နှစ်ဆ မစားမိဖို့ပါ။

၄)အရေပြားဆရာဝန်။ သားသားမီးမီးလေးတွေ မွေးပီးတဲ့အခါကျရင်တော့ အရေပြားအထူးကုနဲ့တိုင်ပင်ပြသပြီး လေဆာပစ်တာတို့ Tretinoinတို့လိုဆေးတွေနဲ့ ကုသနိုင်ပေမယ့် ကိုယ်ဝန်ဆောင်စဉ်တွင်တော့ ကုသ၍မရပါ။

မေမေတို့ရဲ့ ချစ်စရာဗိုက်ကလေးတွေ ပြတ်ရာနည်းပြီး လှပနိုင်ကြပါစေ။

dr yelwin

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…