Stress Ulcer ဆိုသည်မှာ
Stress လို့ခေါ်တဲ့စိတ်ဖိစီးမှုဟာ ပုံစံအမျိုးမျိုးနဲ့လာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုရှိသလို ရုပ်ပိုင်းဆိုင်ရာဖိစီးမှုလည်းရှိပါတယ်။ ဒီstress တွေဟာ Ulcer လို့ခေါ်တဲ့ အနာတွေကို ဖြစ်စေတတ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အတိအကျဆက်စပ်မှုတွေကိုတော့ လေ့လာနေဆဲဖြစ်ပါတယ်။ ဒီထဲကမှ
ပါးစပ်မှာဖြစ်တဲ့ stress ulcer အကြောင်းရေးသားချင်ပါတယ်။ ulcer ဆိုတာဟာ တစ်ရှူးနေရာတစ်ခုပျက်စီးသွားတဲ့အတွက် နာကျင်ပြီး ရောင်ရမ်းပါတယ်။ အပေါက်ငယ် သို့မဟုတ် အနာတစ်ခုဖြစ်ကျန်တတ်ပါတယ်။ ပါးစပ်မှာဆိုရင်တော့ နှုတ်ခမ်းရဲ့အတွင်းဘက်၊ သွားဖုံးနဲ့ လျှာတို့မှာဖြစ်တတ်ပါတယ်။
ပါးစပ်မှာ stress ulcer ဖြစ်ရင် စကားပြောတဲ့အခါ၊အစားစားတဲ့အခါ၊ရေသောက်တဲ့အခါ နာကျင်ပြီးကသိကအောက်ဖြစ်စေပါတယ်။ ရောဂါလက္ခဏာအနေနဲ့ကတော့ အနာဖြစ်နေခြင်း၊အပေါက်ငယ်ဖြစ်နေခြင်းတို့ကိုတွေ့ရမှာပါ။ ဒါ့အပြင်
-ပူလောင်ခြင်း
-အစားစားလျှင်၊တစ်ခုခုနဲ့ထိတွေ့မိလျှင်နာကျင်ခြင်း
-အလွန်အထိမခံနိုင်ခြင်း(extreme sensitivit) စတာတွေကိုခံစားရမှာပါ။
အချို့သောပါးစပ်မှာအနာဖြစ်ခြင်းတွေဟာ ပါးစပ်မှာဖြစ်သောကင်ဆာရဲ့လက္ခဏာလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဆရာဝန်ဆီကနေ ကုသမှုခံယူပြီးတာတောင် မပျောက်ဘဲ လျှာ၊လျှာအောက်၊ပါးစောင်နဲ့ သွားဖုံးတွေမှာ အနာတွေဆက်ဖြစ်နေမယ်ဆိုရင် ပါးစပ်ကင်ဆာကို သတိထားရမှာဖြစ်ပါတယ်။
ပါးစပ်မှာဖြစ်တဲ့ Mouth Ulcers တွေကို အောက်ပါအတိုင်း ထိန်းချုပ်ကုသလို့ရပါတယ်။
-အလွန်ငံသော၊စပ်သော၊ပူလောင်သော၊မာကျောသောအစားအစာများကို ရှောင်ကြဉ်ပါ။
-စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။
-ဆေးလိပ်၊ဆေးရွက်ကြီးသောက်သုံးခြင်းကိုရှောင်ပါ။
-တစ်နေ့နှစ်ကြိမ်သွားတိုက်ရပါမယ်။
-ခံတွင်းသန့်စင်ဆေးရည်တွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာအသုံးပြုရပါမယ်။
ဒီလိုပါးစပ်မှာအနာဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့
-Viral Infection(ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း)
-နှုတ်ခမ်း၊လျှာ၊ပါးစောင်တို့ကို ကိုက်မိခြင်း
-အမျိုးသမီးများတွင်ဖြစ်သော ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရခြင်း
-စိတ်ဖိစီးမှုများခြင်း
-ပူစပ်သော၊မာကျောသောအစားအစာများစားခြင်း
-အခြားနာတာရှည်ရောဂါများဖြစ်နေခြင်း စသည်တို့ကြောင့်ပဲဖြစ်ပါတယ်။
ဒီလိုပါးစပ်မှာအနာဖြစ်လာပြီး မစားနိုင်မသောက်နိုင်ဖြစ်လာရင်၊ နှစ်ပတ်ကျော်တဲ့အထိ အနာမပျောက်ရင် ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူသင့်ပါတယ်။ဘယ်အနာမဆို ကုသလို့ရပါတယ်။ ဆရာဝန်က ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေပြီး ပိုဆိုးစေတဲ့အချက်ကိုထပ်မံရှာဖွေကာ ဆေးကုသပေးမှာဖြစ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
Stress Ulcer ဆိုသည္မွာ
Stress လို႔ေခၚတဲ့စိတ္ဖိစီးမႈဟာ ပံုစံအမ်ိဳးမ်ိဳးနဲ႔လာတတ္ပါတယ္။ စိတ္ပိုင္းဆိုင္ရာဖိစီးမႈရွိသလို ႐ုပ္ပိုင္းဆိုင္ရာဖိစီးမႈလည္းရွိပါတယ္။ ဒီstress ေတြဟာ Ulcer လို႔ေခၚတဲ့ အနာေတြကို ျဖစ္ေစတတ္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ အတိအက်ဆက္စပ္မႈေတြကိုေတာ့ ေလ့လာေနဆဲျဖစ္ပါတယ္။ ဒီထဲကမွ
ပါးစပ္မွာျဖစ္တဲ့ stress ulcer အေၾကာင္းေရးသားခ်င္ပါတယ္။ ulcer ဆိုတာဟာ တစ္ရႉးေနရာတစ္ခုပ်က္စီးသြားတဲ့အတြက္ နာက်င္ၿပီး ေရာင္ရမ္းပါတယ္။ အေပါက္ငယ္ သို႔မဟုတ္ အနာတစ္ခုျဖစ္က်န္တတ္ပါတယ္။ ပါးစပ္မွာဆိုရင္ေတာ့ ႏႈတ္ခမ္းရဲ႕အတြင္းဘက္၊ သြားဖံုးနဲ႔ လွ်ာတို႔မွာျဖစ္တတ္ပါတယ္။
ပါးစပ္မွာ stress ulcer ျဖစ္ရင္ စကားေျပာတဲ့အခါ၊အစားစားတဲ့အခါ၊ေရေသာက္တဲ့အခါ နာက်င္ၿပီးကသိကေအာက္ျဖစ္ေစပါတယ္။ ေရာဂါလကၡဏာအေနနဲ႔ကေတာ့ အနာျဖစ္ေနျခင္း၊အေပါက္ငယ္ျဖစ္ေနျခင္းတို႔ကိုေတြ႕ရမွာပါ။ ဒါ့အျပင္
-ပူေလာင္ျခင္း
-အစားစားလွ်င္၊တစ္ခုခုနဲ႔ထိေတြ႕မိလွ်င္နာက်င္ျခင္း
-အလြန္အထိမခံႏိုင္ျခင္း(extreme sensitivit) စတာေတြကိုခံစားရမွာပါ။
အခ်ိဳ႕ေသာပါးစပ္မွာအနာျဖစ္ျခင္းေတြဟာ ပါးစပ္မွာျဖစ္ေသာကင္ဆာရဲ႕လကၡဏာလည္းျဖစ္ေကာင္းျဖစ္ေနႏိုင္ပါတယ္။ ဆရာဝန္ဆီကေန ကုသမႈခံယူၿပီးတာေတာင္ မေပ်ာက္ဘဲ လွ်ာ၊လွ်ာေအာက္၊ပါးေစာင္နဲ႔ သြားဖံုးေတြမွာ အနာေတြဆက္ျဖစ္ေနမယ္ဆိုရင္ ပါးစပ္ကင္ဆာကို သတိထားရမွာျဖစ္ပါတယ္။
ပါးစပ္မွာျဖစ္တဲ့ Mouth Ulcers ေတြကို ေအာက္ပါအတိုင္း ထိန္းခ်ဳပ္ကုသလို႔ရပါတယ္။
-အလြန္ငံေသာ၊စပ္ေသာ၊ပူေလာင္ေသာ၊မာေက်ာေသာအစားအစာမ်ားကို ေရွာင္ၾကဥ္ပါ။
-စိတ္ဖိစီးမႈကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ပါ။
-ေဆးလိပ္၊ေဆးရြက္ႀကီးေသာက္သံုးျခင္းကိုေရွာင္ပါ။
-တစ္ေန႔ႏွစ္ႀကိမ္သြားတိုက္ရပါမယ္။
-ခံတြင္းသန္႔စင္ေဆးရည္ေတြကို ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္းသာအသံုးျပဳရပါမယ္။
ဒီလိုပါးစပ္မွာအနာျဖစ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့
-Viral Infection(ဗိုင္းရပ္စ္ပိုးကူးစက္ျခင္း)
-ႏႈတ္ခမ္း၊လွ်ာ၊ပါးေစာင္တို႔ကို ကိုက္မိျခင္း
-အမ်ိဳးသမီးမ်ားတြင္ျဖစ္ေသာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္ရျခင္း
-စိတ္ဖိစီးမႈမ်ားျခင္း
-ပူစပ္ေသာ၊မာေက်ာေသာအစားအစာမ်ားစားျခင္း
-အျခားနာတာရွည္ေရာဂါမ်ားျဖစ္ေနျခင္း စသည္တို႔ေၾကာင့္ပဲျဖစ္ပါတယ္။
ဒီလိုပါးစပ္မွာအနာျဖစ္လာၿပီး မစားႏိုင္မေသာက္ႏိုင္ျဖစ္လာရင္၊ ႏွစ္ပတ္ေက်ာ္တဲ့အထိ အနာမေပ်ာက္ရင္ ဆရာဝန္နဲ႔ျပသၿပီးကုသမႈခံယူသင့္ပါတယ္။ဘယ္အနာမဆို ကုသလို႔ရပါတယ္။ ဆရာဝန္က ျဖစ္ရတဲ့အေၾကာင္းအရင္းကို ရွာေဖြၿပီး ပိုဆိုးေစတဲ့အခ်က္ကိုထပ္မံရွာေဖြကာ ေဆးကုသေပးမွာျဖစ္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)