Weight, Stress and Sleep
” အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု နှင့် ကိုယ်အလေးချိန် “
ပတ်ဝန်းကျင်မှာ မကြာခဏကြားရလေ့ရှိတဲ့ ” မဝဘဲနေမလား…. တစ်ချိန်လုံးအိပ်နေတာကို !!! ” ဆိုတဲ့စကားဟာ မှန်ပါရဲ့လား?
တကယ့်လက်တွေ့မှာတော့….
ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အလွန်အရေးကြီးပါတယ်။
(တနည်းအားဖြင့် အိပ်ရေးမဝသူတွေအနေနဲ့ ကိုယ်အလေးချိန်တက်လာနိုင်တယ်လို့ ပြောချင်တာပါ။)
– ဆိုလိုတာက ကိုယ်အလေးချိန်ကျဆင်းဖို့ဆိုရင် အစားအစာကို ထိန်းသိမ်းစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကသားလုပ်ခြင်းတို့ နည်းတူ အိပ်ရေးဝဝအိပ်ခြင်းဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။
ဘာကြောင့်လဲ?
လုံလောက်တဲ့အိပ်ချိန်ရှိမှသာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ ပုံမှန်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အိပ်ချိန်နည်းပါးပြီးအိပ်ရေးမဝသူ (သို့) လုံးဝမအိပ်သူ များမှာ ခန္ဓာကိုယ်မှ အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းဓာတ်(hunger hormones)များ ပိုမိုထွက်နှုန်းများလာပြီး အစားစာချင်စိတ် ပိုမိုဖြစ်ပေါ်လာသောကြောင့် ကိုယ်အလေးချိန် ပိုတက်နိုင်ပါတယ်။
စိတ်ဖိစီးမှုကလည်း ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။
သုတေသနပြုလုပ်ချက်များမှ လေ့လာတွေ့ရှိချက်များ အရ အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုများ ခံစားနေရသူ တစ်ယောက်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေရင်တောင်မှ ကိုယ်အလေးချိန်ကျဆင်းဖို့ခက်ခဲ (သို့) ကိုယ်အလေးချိန်ပိုတောင် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စိတ်ဖိစီးမှုများနေသူရဲ့ ခန္ဓာကိုယ်ဟာ ကယ်လိုရီများတဲ့အစားအစာတွေကို ပိုမိုတောင်းတလေ့ရှိကြတာမို့ ထိုသူတွေဟာ အချိုနဲ့အငန်ဓာတ်များတဲ့ အသင့်စား အစားအစာတွေကို ပိုမို ခုံမင်တတ်ကြပြီး ကိုယ်အလေးချိန် တိုးလာလေ့ရှိပါတယ်။
ဤ ဖြစ်စဉ်ကို စိတ်ညစ်ညစ်နဲ့စားခြင်း (emotional eating) လို့ ခေါ်ပါတယ်။
ဒါကြောင့် ပုံမှန်ကိုယ်အလေးချိန်တစ်ခုရရှိဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများရွေးချယ်စားသုံးဖို့အပြင် ကောင်းမွန်လုံလောက်တဲ့အိပ်စက်ခြင်းနဲ့ စိတ်ဖိဆီးမှုလျှော့ချရန်ပါလိုအပ်ကြောင်း ဗဟုသုတမျှဝေလိုက်ရပါတယ်။
မေ (ဆေး ၂)
Weight, Stress and Sleep
” အိပ္စက္ျခင္း၊ စိတ္ဖိစီးမႈ ႏွင့္ ကိုယ္အေလးခ်ိန္ “
ပတ္ဝန္းက်င္မွာ မၾကာခဏၾကားရေလ့႐ွိတဲ့ ” မဝဘဲေနမလား…. တစ္ခ်ိန္လံုးအိပ္ေနတာကို !!! ” ဆိုတဲ့စကားဟာ မွန္ပါရဲ႕လား?
တကယ့္လက္ေတြ႔မွာေတာ့….
ေကာင္းမြန္စြာ အိပ္စက္ျခင္းဟာ ကိုယ္အေလးခ်ိန္ေလၽွာ့ခ်ဖို႔အတြက္ အလြန္အေရးႀကီးပါတယ္။
(တနည္းအားျဖင့္ အိပ္ေရးမဝသူေတြအေနနဲ႔ ကိုယ္အေလးခ်ိန္တက္လာႏိုင္တယ္လို႔ ေျပာခ်င္တာပါ။)
– ဆိုလိုတာက ကိုယ္အေလးခ်ိန္က်ဆင္းဖို႔ဆိုရင္ အစားအစာကို ထိန္းသိမ္းစားေသာက္ျခင္း၊ ကိုယ္လက္လႈပ္ရွားအားကသားလုပ္ျခင္းတို႔ နည္းတူ အိပ္ေရးဝဝအိပ္ျခင္းဟာလည္း အေရးပါတဲ့ အခန္းက႑တစ္ခုအေနနဲ႔ ပါဝင္ပါတယ္။
ဘာေၾကာင့္လဲ?
လံုေလာက္တဲ့အိပ္ခ်ိန္ရွိမွသာ ခနၶာကိုယ္ရဲ႕ လုပ္ငန္းစဥ္ေတြ ပံုမွန္လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ အိပ္ခ်ိန္နည္းပါးၿပီးအိပ္ေရးမဝသူ (သို႔) လံုးဝမအိပ္သူ မ်ားမွာ ခႏၶာကိုယ္မွ အစာစားခ်င္စိတ္ျဖစ္ေပၚေစတဲ့ ေဟာ္မုန္းဓာတ္(hunger hormones)မ်ား ပိုမိုထြက္ႏႈန္းမ်ားလာၿပီး အစားစာခ်င္စိတ္ ပိုမိုျဖစ္ေပၚလာေသာေၾကာင့္ ကိုယ္အေလးခ်ိန္ ပိုတက္ႏိုင္ပါတယ္။
စိတ္ဖိစီးမႈကလည္း ကိုယ္အေလးခ်ိန္နဲ႔ ဆက္စပ္ေနတာေတြ႔ရပါတယ္။
သုေတသနျပဳလုပ္ခ်က္မ်ားမွ ေလ့လာေတြ႕ရွိခ်က္မ်ား အရ အခ်ိန္ၾကာျမင့္စြာ စိတ္ဖိစီးမႈမ်ား ခံစားေနရသူ တစ္ေယာက္ဟာ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာေတြ ေလ့က်င့္ခန္းေတြ လုပ္ေဆာင္ေနရင္ေတာင္မွွ ကိုယ္အေလးခ်ိန္က်ဆင္းဖို႔ခက္ခဲ (သို႔) ကိုယ္အေလးခ်ိန္ပိုေတာင္ တိုးလာႏိုင္တယ္လို႔ ဆိုပါတယ္။
စိတ္ဖိစီးမႈမ်ားေနသူရဲ႕ ခႏၶာကိုယ္ဟာ ကယ္လိုရီမ်ားတဲ့အစားအစာေတြကို ပိုမိုေတာင္းတေလ့ရွိၾကတာမို႔ ထိုသူေတြဟာ အခ်ိဳနဲ႔အငန္ဓာတ္မ်ားတဲ့ အသင့္စား အစားအစာေတြကို ပိုမို ခံုမင္တတ္ၾကၿပီး ကိုယ္အေလးခ်ိန္ တိုးလာေလ့ရွိပါတယ္။
ဤ ျဖစ္စဥ္ကို စိတ္ညစ္ညစ္နဲ႔စားျခင္း (emotional eating) လို႔ ေခၚပါတယ္။
ဒါေၾကာင့္ ပံုမွန္ကိုယ္အေလးခ်ိန္တစ္ခုရ႐ွိဖို႔ဆိုရင္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာမ်ားေရြးခ်ယ္စားသံုးဖို႔အျပင္ ေကာင္းမြန္လံုေလာက္တဲ့အိပ္စက္ျခင္းနဲ႔ စိတ္ဖိဆီးမွုေလ်ွာ့ခ်ရန္ပါလိုအပ္ေၾကာင္း ဗဟုသုတမ်ွေဝလိုက္ရပါတယ္။
ေမ (ေဆး ၂)