All Articlesအခြားရောဂါများအထွေထွေရောဂါများ

စိတ်ဖိစီးမှုနှင့် စိတ်ထောင်းကိုယ်ကြေခြင်း

1 Mins read

စိတ်ဖိစီးမှုနှင့် စိတ်ထောင်းကိုယ်ကြေခြင်း

လူဆိုတာ စိတ်ဆိုတဲ့ ဒရိုင်ဘာတစ်ယောက်ရဲ့ ဦးဆောင်မောင်းနှင်မှုနောက်ကို လိုက်ပါနေရတဲ့ သံသရာ ခရီးသည်တစ်ဦးလိုပါပဲ။စိတ်ကြောင့် နေကောင်းကျန်းမာစေနိုင်သလို စိတ်ကြောင့်ပဲ ‘ကြေ’ ၊ စိတ်ကြောင့်’သေ’တတ်ပါတယ်။

စိတ်ဖိစီးမှု ဆိုတာ လူတိုင်းမှာရှိတဲ့ အရာဖြစ်ပေမဲ့ ပုံမှန်ထက်ပိုတာရှည် များပြားလာတဲ့အခါ၊ အချိန်မီ မဖြေလျှော့နိုင်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ်မှာ ဒီလို တုံ့ပြန်မှု လက္ခဏာတွေ တွေ့လာရတတ်ပါတယ်။

▪အားအင် ကုန်ခမ်းသလို ဖြစ်ခြင်း

▪ခေါင်းကိုက်ခြင်း

▪ဗိုက်အောင့်အောင့်နေခြင်း

▪အစာမကြေခြင်း

▪ဝမ်းမကြာခဏပျက်ခြင်း

▪တချို့လူတွေမှာ ဝမ်းပိုချုပ်လာခြင်း

▪ပျို့အန်နေခြင်း

▪အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း

▪ကြွက်သားများတောင့်တင်းနေခြင်း

▪ရင်ဘတ်အောင့်ခြင်း

▪နှလုံးခုန်မြန်၍ ရင်တုန်ခြင်း

▪အိပ်မပျော်ခြင်း

▪မကြာခဏ အအေးမိဖျားနာခြင်း

▪ရောဂါပိုးမွှားဝင်လွယ်ခြင်း

▪လိင်စိတ်ဆန္ဒနှင့် စွမ်းဆောင်မှုလျော့နည်းလာခြင်း

▪နားအူအူနေခြင်း

▪ခြေလက်တုန်ခြင်းနှင့် ချွေးစေးပြန်ခြင်း

▪အာခေါင်ခြောက်ပြီး အစာမျိုချရခက်ခြင်း

ဒီလိုလက္ခဏာတွေ ဖြစ်လာရင် တခြားရောဂါတွေကြောင့်လည်းဖြစ်နိုင်ပေမဲ့ စိတ်ဖိစီးမှုတွေကြောင့် ‘စိတ်ထောင်းလို့ကိုယ်ကြေ’နေတာလားဆိုတာ သိရှိ ဆင်ခြင်မိဖို့လိုပါတယ်။

စိတ်ဖိစီးမှုလျှော့ချဖို့ လိုအပ်တဲ့ ကုသမှုတွေ ခံယူဖို့ လိုအပ်ပါလိမ့်မယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်ကြပါစေ…

Dr ဖြိုးဝေလင်း
(24.8.19)





▪ခေါင်းကိုက်ခြင်း


▪အစာမကြေခြင်း

▪ဝမ်းမကြာခဏပျက်ခြင်း


▪ပျို့အန်နေခြင်း



▪ရင်ဘတ်အောင့်ခြင်း


▪အိပ်မပျော်ခြင်း




▪နားအူအူနေခြင်း






Dr ဖြိုးဝေလင်း
(24.8.19)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *