စိတ်ဖိစီးမှုနှင့်ခေါင်းကိုက်ခြင်း
နေထိုင်မှု အဆင့်အတန်းတွေ တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်တွေလည်း ပိုမိုတိုးတက် လာပါတယ်။ ဒါပေမယ့် အလုပ်တွေ များလာကြတာနဲ့အမျှ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက် ဝေဒနာ ခံစားလာရပါတော့တယ်။
Stress ကြောင့် ခေါင်းကိုက်ရင် ဘယ်လိုနေလဲ
စိတ်ဖိစီးမှုကြောင့် ကိုက်တဲ့ ခေါင်းကိုက်ခြင်းဟာ ခေါင်းအုံတယ်၊ ခေါင်းကို ကြိုးစည်းထားသလိုပဲ စတဲ့ ပုံစံမျိုးနဲ့ ဖော်ပြကြပါတယ်။ တစ်ခါတစ်ရံ ငယ်ထိပ်ကနေ ဖိထားသလိုမျိုးလည်း ကိုက်တတ်ပါတယ်။ များသောအားဖြင့် နောက်စေ့ကနေ ရှေ့ကို ထိုးကိုက်တတ်ပါတယ်။ ဆေးသောက်ရင် သက်သာနိုင်ပေမယ့် အရှင်းမပျောက်ပဲ တက်လာလိုက် ကျသွားလိုက်နဲ့ အပတ်ပေါင်းများစွာ လပေါင်းများစွာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ထိုးအန်တာတွေ အမြင်ဝါးတာတွေ မရှိရပါဘူး။
ဒီ ခေါင်းကိုက်ခြင်းဟာ မနက်မှာ သိပ်မပြင်းထန်သလောက် ညနေစောင်းလေ ဆိုးလေ ဖြစ်တတ်ပါတယ်။ ဆေးတွေ သောက်ရင်တောင် ပျောက်ချင်မှ ပျောက်တတ်ပါတယ်။ ဇက်ကြောတက်တာတွေ၊ ကြွက်သား တောင့်တင်းတာတွေနဲ့လည်း တွဲတတ်ပါတယ်။
ဘယ်လိုလုပ်ရင် သက်သာမလဲ?
များသောအားဖြင့်တော့ အကိုက်အခဲပျောက်ဆေးတွေ သောက်လည်း သိပ်ကြီး မထူးလှပါဘူး။ အဓိကကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ပါပဲ။
၁။ လေ့ကျင့််ခန်း လုပ်ပါ
မနက်တိုင်း ၁၅မိနစ်လောက် အချိန်လုပြီး တီးလုံးသာသာယာယာလေးနဲ့ လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ အကောင်းဆုံးကတော့ ယောဂ လို လေ့ကျင့်ခန်းမျိုးပါပဲ။
၂။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ
မနက်ခင်းမှာ ဖြစ်စေ၊ ညနေခင်းမှာ ဖြစ်စေ ရေချိုးရမယ့်တူတူ ရေနွေးနွေးလေးနဲ့ ချိုးပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
၃။ အလုပ်တွေကို အိပ်ရာထဲ မသယ်ပါနဲ့
တစ်နေ့လုံး ၈နာရီမက အလုပ်လုပ်ပြီးပြီပဲလေ။ ညအိပ်ချိန်ကိုတော့ ကောင်းကောင်းအိပ်ပါ။ အိပ်ဖို့ အိပ်ရာထဲရောက်မှ အလုပ်အကြောင်းတွေးတာ အိပ်မပျော်ရုံကလွဲရင် ဘာအကျိုးမှ မဖြစ်ပါဘူး။
၄။ တတ်နိုင်သလောက် တရားထိုင်ပါ
မနက်မှာ ၁၅မိနစ် ရရပေါ့။ တရားထိုင်တယ် ဆိုတာ တင်ပျဉ်ခွေနေမှ မဟုတ်ဘူးလေ နော်။ ရတဲ့အချိန်လေး ကားစီးနေရင်းဖြစ်ဖြစ် ဘာအကြောင်းမှ မတွေးပဲ လေဝင်လေထွက်လေးပဲ သတိထားကြည့်လိုက်ပါ။ ခေါင်းမကိုက်တဲ့ အချိန်ပေါ့နော်။
၅။ အကိုက်အခဲ ပျောက်ဆေး
မဖြစ်လို့ သိပ်ကိုက်ရင်တော့ ဆေးသောက်ရမှာပေါ့။ ဆေးမသောက်ခင် အစားစားဖို့တော့ မမေ့ပါနဲ့။ အစာအိမ်ထိမှ ပိုဆိုးမယ်လေ။
၆။ အပန်းဖြေပါ။
နောက်ဆုံး ဘယ်လိုမှ ကိုင်တွယ်မရလောက်အောင် ရှုပ်ထွေးနေရင်တော့ အလုပ်တွေ အကုန်ပစ်ပြိး စနေ၊ တနင်္ဂနွေလေး ဘယ်သူ့မှ မခေါ်ပဲ ခရီးတိုလေး သွားလိုက်ပါ။ သင့်အတွက် စိတ်အာဟာရပေါ့။ ဖုန်းလည်း ချန်ခဲ့လိုက်ပါ။လွတ်လွတ်လပ်လပ် တစ်ရက်နားလိုက်ခြင်းအားဖြင့် ခေါင်းကိုက်သက်သာသွားပြီး အလုပ်တွေ ပိုလုပ်နိုင်လာမှာပါ။
ဒေါက်တာယမင်း (ဆေး ၁)
စိတ္ဖိစီးမွုနွင့္ေခါင္းကိုက္ျခင္း
ေနထိုင္မႈ အဆင့္အတန္းေတြ တိုးတက္လာတာနဲ႔အမ်ွ အလုပ္အကိုင္ေတြလည္း ပိုမိုတိုးတက္ လာပါတယ္။ ဒါေပမယ့္ အလုပ္ေတြ မ်ားလာၾကတာနဲ႔အမ်ွ စိတ္ဖိစီးမႈေတြေၾကာင့္ ေခါင္းကိုက္ ေဝဒနာ ခံစားလာရပါေတာ့တယ္။
Stress ေၾကာင့္ ေခါင္းကိုက္ရင္ ဘယ္လိုေနလဲ
စိတ္ဖိစီးမႈေၾကာင့္ ကိုက္တဲ့ ေခါင္းကိုက္ျခင္းဟာ ေခါင္းအံုတယ္၊ ေခါင္းကို ႀကိဳးစည္းထားသလိုပဲ စတဲ့ ပံုစံမ်ိဳးနဲ႔ ေဖာ္ျပၾကပါတယ္။ တစ္ခါတစ္ရံ ငယ္ထိပ္ကေန ဖိထားသလိုမ်ိဳးလည္း ကိုက္တတ္ပါတယ္။ မ်ားေသာအားျဖင့္ ေနာက္ေစ့ကေန ေရွ႕ကို ထိုးကိုက္တတ္ပါတယ္။ ေဆးေသာက္ရင္ သက္သာနိုင္ေပမယ့္ အရွင္းမေပ်ာက္ပဲ တက္လာလိုက္ က်သြားလိုက္နဲ႔ အပတ္ေပါင္းမ်ားစြာ လေပါင္းမ်ားစြာ ျဖစ္ေနနိုင္ပါတယ္။ ဒါေပမယ့္ ထိုးအန္တာေတြ အျမင္ဝါးတာေတြ မရွိရပါဘူး။
ဒီ ေခါင္းကိုက္ျခင္းဟာ မနက္မွာ သိပ္မျပင္းထန္သေလာက္ ညေနေစာင္းေလ ဆိုးေလ ျဖစ္တတ္ပါတယ္။ ေဆးေတြ ေသာက္ရင္ေတာင္ ေပ်ာက္ခ်င္မွ ေပ်ာက္တတ္ပါတယ္။ ဇက္ေၾကာတက္တာေတြ၊ ႂကြက္သား ေတာင့္တင္းတာေတြနဲ႔လည္း တြဲတတ္ပါတယ္။
ဘယ္လိုလုပ္ရင္ သက္သာမလဲ?
မ်ားေသာအားျဖင့္ေတာ့ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္လည္း သိပ္ႀကီး မထူးလွပါဘူး။ အဓိကကေတာ့ စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ဖို႔ပါပဲ။
၁။ ေလ့က်င့္္ခန္း လုပ္ပါ
မနက္တိုင္း ၁၅မိနစ္ေလာက္ အခ်ိန္လုၿပီး တီးလံုးသာသာယာယာေလးနဲ႔ ေလ့က်င့္ခန္းလုပ္ေပးတာက စိတ္ဖိစီးမႈကို သက္သာေစပါတယ္။ အေကာင္းဆံုးကေတာ့ ေယာဂ လို ေလ့က်င့္ခန္းမ်ိဳးပါပဲ။
၂။ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးပါ
မနက္ခင္းမွာ ျဖစ္ေစ၊ ညေနခင္းမွာ ျဖစ္ေစ ေရခ်ိဳးရမယ့္တူတူ ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးေပးတာက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။
၃။ အလုပ္ေတြကို အိပ္ရာထဲ မသယ္ပါနဲ႔
တစ္ေန႔လံုး ၈နာရီမက အလုပ္လုပ္ၿပီးၿပီပဲေလ။ ညအိပ္ခ်ိန္ကိုေတာ့ ေကာင္းေကာင္းအိပ္ပါ။ အိပ္ဖို႔ အိပ္ရာထဲေရာက္မွ အလုပ္အေၾကာင္းေတြးတာ အိပ္မေပ်ာ္ရံုကလြဲရင္ ဘာအက်ိဳးမွ မျဖစ္ပါဘူး။
၄။ တတ္နိုင္သေလာက္ တရားထိုင္ပါ
မနက္မွာ ၁၅မိနစ္ ရရေပါ့။ တရားထိုင္တယ္ ဆိုတာ တင္ပ်ဥ္ေခြေနမွ မဟုတ္ဘူးေလ ေနာ္။ ရတဲ့အခ်ိန္ေလး ကားစီးေနရင္းျဖစ္ျဖစ္ ဘာအေၾကာင္းမွ မေတြးပဲ ေလဝင္ေလထြက္ေလးပဲ သတိထားၾကည့္လိုက္ပါ။ ေခါင္းမကိုက္တဲ့ အခ်ိန္ေပါ့ေနာ္။
၅။ အကိုက္အခဲ ေပ်ာက္ေဆး
မျဖစ္လို႔ သိပ္ကိုက္ရင္ေတာ့ ေဆးေသာက္ရမွာေပါ့။ ေဆးမေသာက္ခင္ အစားစားဖို႔ေတာ့ မေမ့ပါနဲ႔။ အစာအိမ္ထိမွ ပိုဆိုးမယ္ေလ။
၆။ အပန္းေျဖပါ။
ေနာက္ဆံုး ဘယ္လိုမွ ကိုင္တြယ္မရေလာက္ေအာင္ ရႈပ္ေထြးေနရင္ေတာ့ အလုပ္ေတြ အကုန္ပစ္ၿပိး စေန၊ တနဂၤေႏြေလး ဘယ္သူ႔မွ မေခၚပဲ ခရီးတိုေလး သြားလိုက္ပါ။ သင့္အတြက္ စိတ္အာဟာရေပါ့။ ဖုန္းလည္း ခ်န္ခဲ့လိုက္ပါ။လြတ္လြတ္လပ္လပ္ တစ္ရက္နားလိုက္ျခင္းအားျဖင့္ ေခါင္းကိုက္သက္သာသြားၿပီး အလုပ္ေတြ ပိုလုပ္နိုင္လာမွာပါ။
ေဒါက္တာယမင္း (ေဆး ၁)