Stress And Amenorrhoea

ပြောဖို့ရန်မရဲ

အင်း….”ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ဆိုတာဒါမျိုးပေါ့….

သဲဆုတွေးမိသည်…..

ဒီလ ရာသီလာရမယ့် ရက်က တစ်ပတ်တောင်ကျော်နေပြီ…

ရာသီကမလာသေး…..

ဒါနဲ့ သူငယ်ချင်းတွေကို ပြောပြတော့….

“သဲဆု… နင်ရည်းစားရတာမှ ၆လမပြည့်သေးဘူး….ဘာမဟုတ်တာတွေလုပ်ထားလဲ” ဆိုပြီးပဲမေးကြတယ်….

“ငါနဲ့ငါ့ချစ်သူနဲ့က ရိုးရိုးသားသားပါဟယ်…

အဲ့လိုကိစ္စတွေမရှိပါဘူး” လို့ အမှန်အတိုင်းပြောပြတော့လည်းမယုံ…

သဲဆုသိတာပေါ့….. ယောကျ်ားလေးနဲ့မိနိးကလေး လက်မထပ်ခင် တရင်းတနှီးမနေသင့်ဘူးဆိုတာ….

သဲစုကခုမှတက္ကသိုလ်ပထမနှစ်….နယ်ကနေ ရန်ကုန်မှာအဆောင်လာနေပြီးကျောင်းတက်ရတာ….. လာမယ့် အပတ်ဆိုပထမနှစ်ဝက်စာမေးပွဲကြီးလည်းဖြေရတော့မှာ…

သဲစုမဟုတ်တာမလုပ်သလို သဲစုချစ်သူကလည်း မိကောင်းဖခင်သားသမီးပါ….

အဲ့လိုမျိုးတွေမတောင်းဆိုပါဘူး……

ဒါပေမယ့် သူငယ်ချင်းတွေက ပြောပြတာကိုမယုံ….ဒီကိစ္စကြောင့်ပဲထင်နေကြတယ်….အဲ့ဒါနဲ့ပဲ ဒီကိစ္စသူငယ်ချင်းတွေနဲ့ ထပ်မတိုင်ပင်ဖြစ်တော့ဘူး…..
စာမေးပွဲအတွက်စာတွေကျက်ရလို့ ပင်ပန်းရတဲ့ထဲ ရာသီကလည်းမလာတော့ သားအိမ်ထဲတစ်ခုခုများဖြစ်နေပြီလားလို့ စိတ်ပူရပြန်ရော….

ဟင်း……

ရန်ကုန်က အမျိုးထဲမယ် အစ်မဝမ်းကွဲဆရာဝန်တစ်ယောက်တော့ရှိတယ်…..

မမကပါ သူငယ်ချင်းတွေထင်သလို ဟိုကိစ္စ ဒီကိစ္စတွေထင်ပြီး အိမ်ကိုပြန်တိုင်နေရင်ဒုက္ခ….

ဒါမယ့် မမက ဆရာဝန်ပဲလေနော့….အဲ့လိုမဟုတ်မှန်းမမကတော့ သိမှာပါ…

ကိုယ့်အမျိုးအချင်းချင်းဆိုတော့ ဘာပဲပြောပြောမေးကြည့်ဦးမှ….

မမဆေးခန်းဖွင့်ချိန်မို့ထင်တယ်….လူရှင်းနေလို့တော်သေးတယ်…

“မမ”

“ဟယ်…သဲစုပါလား…..လာလာထိုင်…မမလည်း ညီမလေးဆီလာမယ်လာမယ်နဲ့ အလုပ်တွေများနေတယ်နဲ့မလာဖြစ်ဖူး၊ဘယ်လိုလဲ ကျောင်းတက်ရတာ အဆင်ပြေရဲ့လား…..အဆောင်ရော?”

“ဟုတ်ကဲ့မမ….အဆင်တော့ ပြေပါတယ်…ဒါမယ့် မပြေတာက….”

သဲစုလည်း ရှက်မနေကြောက်မနေနိုင်တော့….

ကိုယ့်မမကိုအကုန်ပြောပြလိုက်တော့….

“သြော်….အဲ့ကိစ္စဆိုရင်တော့…. စိတ်အရမ်းမပူပါနဲ့ သဲစုရယ်…ရာသီရက်ကျော်တယ်/မလာဘူးဆိုတာက ကိုယ်ဝန်ရှိမှမဟုတ်ပါဘူး။ အပျိုလေးတွေမှာလည်းဖြစ်တတ်ပါတယ်။ စိတ်ဖိဆီးမှုအရမ်းများတဲ့အချိန်၊အရမ်းပိန်ပြီးအားနည်းတဲ့အချိန်တွေမှာ လည်း ရာသီရပ်သွားတတ်တယ်။ ခုပဲကြည့်လေ…သဲစုမှာ မိဝေးဖဝေးရန်ကုန်ထိလာကျောင်းတက်ရ၊ တစ်ခါမှအိမ်နဲ့မခွဲဘူးတဲ့သူက တစိမ်းတွေနဲ့အဆောင်နေရတော့ အနည်းနဲ့အများ စိတ်ဖိဆီးမှုများရတဲ့ကြားထဲ……ခုစာမေးပွဲ stress ကပါ ပါလာတော့ ဖြစ်ပြီပေါ့…..လူကလည်း နဂိုတည်းကမှ အစားမစားတော့ ပိန်နေတာ…ခုချိန်မှာ ဘယ်ရာသီက လာနိုင်တော့မတုန်းကလေးမလေးရဲ့ “

“ဟီး…..ဟုတ်ကဲ့…တော်သေးတာပေါ့ မမရယ်… သဲစုက သားအိမ်ထဲတစ်ခုခုဖြစ်နေပီထင်လို့ တွေးကြောက်နေတာ… ဒါနဲ့ ရာသီပြန်လာအောင် ဘယ်လိုလုပ်ရမလဲဟင်”

“မမ အားဆေးလေးတွေပေးလိုက်မယ်….ဆေးမှန်မှန်သောက်… အစားသေချာစား…..အိပ်ရေးဝဝအိပ် စာမေးပွဲနီးတော့ စာကျက်တာလည်းကျက်ပေါ့ညီမလေးရယ်…. ကျန်းမာရေးထိခိုက်တဲ့ထိတော့ မလုပ်နဲ့…ဟုတ်ပီလား?”

“ဟုတ်ကဲ့ပါမမ”

“နောက်ပြီး မမပြောမယ်….. စာမေးပွဲဖြေပြီးလို့ တစ်ပတ်လောက်နားပြီးတဲ့ထိမှ ရာသီမဆင်းသေးဘူးဆိုရင်တော့ မမကို ပြန်လာပြော…..လိုအပ်ရင်တော့
အခြားစစ်ဆေးမှုတွေ ဆက်လုပ်သင့်လုပ်ရအောင်ပေါ့”

“ဟုတ်ကဲ့ပါမမ…..ကျေးဇူးအများကြီးတင်ပါတယ်မမရယ်”….

ခုမှပဲ တစ်ပူအေးသွားတော့တယ်….နောက်တစ်ပူဖြစ်တဲ့ စာမေးပွဲအတွက် စာပြန်ကျက်ရဦးမယ်……………..

ပထမနှစ်ဝက် စာမေးပြွဲကီးပြီးလေပြီ….

ကျောင်းအပြန် သူငယ်ချင်းတွေရုပ်ရှင်သွားကြည့်ကြမယ်တဲ့…

လူစုံလို့ သွားမယ်အပြင်….သဲစုတစ်စုံတစ်ခုကို သတိထားလိုက်မိသည်

” ခဏ………ခဏလေးစောင့်ကြဦးနော်… ငါအဆောင်ခဏပြေးလိုက်ဦးမယ်……အမြန်ပြန်လာမယ်”

ဒင်းက လာမယ့်လာတော့လည်း သွားခါနီးလာခါနီးကြီး…..

အဆောင်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အပြေးသွားယူရချေဦးမည်….

ဒေါက်တာဝင်း (UM 2)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *