သားသားမီးမီးတို့မှာတွေ့ရတတ်တဲ့စတော်ဘယ်ရီသွေးကြောဖု
သားသားမီးမီးတို့လေးတွေဖွါးမြင်တဲ့အခါမှာမိသားစုဝင်အသစ်ရတနာလေးတွေအတွက်မိသားစုဝင်တွေဟာတော်တော်လေးကိုစိတ်တွေလှုပ်လှုပ်ရှားရှားဖြစ်ကြရပါတယ်။မွေးဖွါးလာတဲ့သားသားမီးမီးလေးတွေဟာဘယ်လိုလေးများလဲ၊ဖြူသလား၊မဲသလား၊အဖေတူသလား၊အမေတူသလားစသဖြင့်သိလိုမြင်လိုစိတ်တွေတစ်ဖွားဖွားဖြစ်နေတတ်ကြတာဟာဓမ္မတာပါ။
ဒီလိုနဲ့ပဲမွေးဖွားပြီးစတွေမှာသားသားမီးမီးလေးတွေကိုတစ်နေကုန်အောင်ထိုင်ပြီးတစ်စိမ့်စိမ့်ကြည့်တတ်ကြပါတယ်။ကြည့်မဝ၊ရှုမဝဖြစ်ကြရပါတယ်။ ဒါကြောင့်သားသားမီးမီးလေးတွေရဲ့ခန္ဓာကိုယ်အပေါ်မှာဘယ်နားမှာဘာလေးရှိတယ်၊ဘယ်လိုထူးခြားတယ်စသဖြင့်သိနေတတ်ကြပါတယ်။ ဒီတော့သားသားမီးမီးလေးတွေမှာရှိနေတာတွေကိုမှတ်မိသလိုအဲဒီရှိနေတဲ့အရာကလေးတွေပြောင်းလဲလာတာကိုလည်းသူတို့တစ်တွေဟာသတိထားမိတတ်ကြပါတယ်။ အဲဒီလိုမွေးရာပါအရာလေးတွေပြောင်းလဲတဲ့အခါမှာလို့စိတ်သောကတွေများပြီးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတတ်ကြပါတယ်။ဒီလိုဖြစ်ကြလို့မကြခဏဖြေရှင်းပေးရတဲ့ပြသနာတွေထဲမှာအခုရေးပြမယ့်စတော်ဘယ်ရီသွေးကြေဖုပြသနာကတော့တော်တော်တွေ့ရဖြေရှင်းရတတ်တဲ့ပြသနာလေးတစ်ခုပဲဖြစ်ပါတယ်။
ဘယ်လိုခေါ်မယ်
ဒီသွေးကြောဖုကိုမြန်မာလိုတိတိကျကျမှည့်ဆိုထားတာမရှိသော်လည်းအင်္ဂလိပ်လိုတော့အခေါ်အဝေါ်တွေကများပါတယ်။Haemangioma simplex ၊ Strawberry nevus ၊ Capillary Haemangioma ၊ Capillary Nevus စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။ဒီမှာကတော့အမှတ်လိုလို၊ဘာလိုလိုမရေရာနဲ့ပဲအမည်မပေါ်ပဲရှိနေပါတယ်။တိကျစွာအမည်မှည့်ခေါ်ထားတာမျိုးလည်းမတွေ့မိပါဘူး။နာမည်တွေကလည်းတစ်ကျောင်းတစ်ဂါထာဖြစ်နေတတ်ကြပါတယ်။ဒီစတော်ဘယ်ရီသွေးကြောဖုဆိုတဲ့နာမည်ကတော့အင်္ဂလိပ်နာမည်ကိုဆီလျော်အောင်ပြန်ဆိုလိုက်တာပါ။
ဘာကြောင့်ဖြစ်ရတာလဲ
တစ်ကယ်တော့ဒီစတော်ဘယ်ရီသွေးကြောဖုလေးတွေဟာသွေးကြောနံရံဆဲလ်တွေတိုးပွါးပြီးတော့သွေးကြောဖုတွေဖြစ်လာရတာပါ။ဒီလိုသွေးကြောနံရံဆဲလ်တွေဘာကြောင့်တိုးပွါးရတာလဲဆိုတာကတော့တိတိကျကျမသိရပဲအရေပြားကိုအောက်ဆီဂျင်ရောက်ရှိမှုနည်းပါးသွားတာဟာဒီသွေးကြောဖုကိုဖြစ်စေရတဲ့အချက်တစ်ခုလို့ထောက်ပြကြပါတယ်။အောက်ဆီဂျင်ရရှိမှုနည်းပါးခြင်းဟာသွေးကြောတွေကိုတိုးပွါးစေပါတယ်။ဒါကြောင့်လဲအောက်ဆီဂျင်ရရှိရေးအတွက်သွေးကြောတွေပွါးများပေးရာကဒီလိုဖြစ်ရတာလို့ဆိုကြပါတယ်။ဒီလိုဆဲလ်တွေတိုးပွါးတယ်ဆိုတော့လည်းတစ်ချို့ကကင်ဆာများလားဆိုပြီးစိုးရိမ်တတ်ကြပါတယ်။တစ်ကယ်တော့ကင်ဆာလဲမဟုတ်ပါဘူး။ရိုးရိုးဆဲလ်တိုးပွါးမှုဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။
ကလေးငယ်လေးတွေရဲ့အရေပြားပေါ်မှာဖြစ်ရတဲ့အခြားသွေးကြောဖုတွေလည်းရှိပါသေးတယ်။အဲဒီပြသနာတွေကတော့ရှားရှားပါးပါးရံဖန်ရံခါမှာပဲဖြစ်တတ်ကြပါတယ်။ဒီစတော်ဘယ်ရီသွေးကြောဖုကတော့ပိုပြီးအဖြစ်များအတွေ့များပါတယ်။
သွေးကြောဖုအမျိုးအစား
တစ်ကယ်တော့ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့သွေးကြောဖုအမျိုးအစားတွေအများကြီးရှိပါတယ်။သွေးကြောမျှင်ကလေးတွေဖုထုံးနေတာကအစနေရာလိုက်အပြင်ကြီးဖြစ်နေတတ်တာမျိုးအထိပေါ့။ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့သွေးကြောဖုတွေကိုအမျိုးအစားခွဲခြားထားပါတယ်။အဓိကအားဖြင့်သုံးမျိုးရှိပါတယ်။အားလုံးကိုတော့Haemangioma of Infancy ဆိုပြီးခေါင်းစဉ်တစ်ခုအောက်မှာပဲစုထားပါတယ်။မြန်မာလိုကလေးငယ် လေးတွေမှာဖြစ်တဲ့သွေးကြောဖုပေါ့။အမျိုးအစားတွေကိုလည်းအရေပြားမှာတည်ရှိနေတဲ့အနေအထားအပေါ်မှာပဲမူတည်ပြီးခွဲခြားထားပါတယ်။အရေပြားရဲ့အပေါ်ယံအကျဆုံးသွေးကြောမျှင်လေးတွေမှာဖြစ်တဲ့သွေးကြောဖု၊အရေပြားရဲ့အတွင်းပိုင်းကျတဲ့အလွှာတွေမှာဖြစ်တဲ့သွေးကြောအဖု၊ပူးတွဲရောရာ(အပေါ်ယံနဲ့အတွင်းပိုင်း)သွေးကြောဖုဆိုပြီးသုံးမျိုးခွဲခြားထားပါတယ်။
စာရေးသူအခုရေးမယ့်စတော်ဘယ်ရီသွေးကြောဖုအမျိုးအစားကတော့အရေပြားအပေါ်ယံအကျဆုံးသွေးကြောမျှင်လေးတွေမှာဖြစ်တဲ့သွေးကြောဖုအုပ်စုထဲကပါ။အပေါ်ယံမှာဖြစ်တာကြောင့်တခြားအုပ်စုတွေနဲ့ယှဉ်ရင်သိပ်ပြီးပြသနာမပေးတဲ့အုပ်စုလို့ယေဘူယျပြောလို့ရပါတယ်။
စတော်ဘယ်ရီသွေးကြောဖုရဲ့အသွင်သဏ္ဍန်
နာမည်ကိုကစတော်ဘယ်ရီးသွေးကြောဖုလို့မှည့်ဆိုထားလေတော့ရှင်းရှင်းကလေးပဲစဉ်းစားကြည့်ရင်တောင်သိနိုင်ပါတယ်။စတော်ဘယ်ရီသီးနဲ့တူလို့ပေါ့။အရောင်မှာတူသလိုဖုထွက်နေတာလေးကလည်းစတော်ဘယ်ရီသီးနဲ့ခပ်ဆင်ဆင်ဖြစ်နေတာကြောင့်ဒီနာမည်ကိုပေးလိုက်ကြတယ်ထင်ပါတယ်။အရွယ်အစားကလည်းဝ.၅စင်တီမီတာလောက်ကနေတော်တော်ကြီးကြီး၁၀စင်တီမီတာလောက်အထိရှိနိုင်ပါတယ်။တစ်ဖုတည်းပဲတွေ့ရတာများပါတယ်။အဖြစ်များအတွေ့များတဲ့နေရာတွေကတော့ဦးခေါင်းပိုင်းနဲ့လည်ပင်းပိုင်းတွေမှာပါ။၅၀ရာခိုင်နှုန်းလောက်သောစတော်ဘယ်ရီသွေးကြောဖုတွေဟာဦးခေါင်းနဲ့လည်ပင်းပိုင်းတွေမှာတွေ့ရှိရတယ်လို့လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။တစ်ခြားသောနေရာတွေမှာလည်းဖြစ်နိုင်ပါတယ်။မျက်နှာ၊ကျော၊လက်မောင်း၊တင်ပါး၊ပေါင်စတဲ့နေရာတွေမှာလည်းတွေ့ရတတ်ပါတယ်။အနီရဲရဲဒါမှမဟုတ်အနီရင့်ရင့်ရောင်သမ်းတဲ့အဖုလေးဒီ့ထက်ကြီးတော့လည်းပြင်လိုက်အဖြစ်တွေ့ရတတ်ပါတယ်။ကြည့်လိုက်ရင်စတော်ဘယ်ရီဖတ်ကလေး၊စတော်ဘယ်ရီသီးကလေးတင်ထားသလိုလေးပေါ့။အရမ်းကြီးတဲ့သွေးကြောဖုမျိုးကတော့စတောဘယ်ရီနဲ့သိပ်ပြီးမတူပါဘူး။ကိုင်ကြည့်ရင်လည်းနုနုအိအိလေးပါ။
ဖြစ်ဖို့ပျောက်ဖို့
ဒီစတော်ဘယ်ရီသွေးကြောဖုတွေဟာကလေးငယ်တစ်ရာမှာတစ်ယောက်လောက်တော့ဖြစ်တတ်ကြပါတယ်။သို့သော်လည်းအသက်အရွယ်အပေါ်မှာမူတည်ပြီးတွေ့ရှိနိုင်မှုရာနှုန်းတွေကွဲပြားနိုင်ပါတယ်။သားသားလေးတွေထက်မီးမီးလေးတွေမှာပိုပြီးဖြစ်တာကိုတွေ့ရတယ်။ဒီစတော်ဘယ်ရီသွေးကြောဖုလေးတွေဟာမွေးပြီးခါစမှာတွေ့ချင်မှတွေ့ရတာပါ။ဘာကြောင့်လဲဆိုတော့သွေးကြောနံရံဆဲလ်တွေကစပြီးပွါးခါစအချိန်ဖြစ်တာကြောင့်အရွယ်အစားကြီးလာမှသာသတိထားမိတတ်ကြတာပါ။ဒီတော့ပထမတစ်ပတ်နှစ်ပတ်သားလောက်မှာသိပ်မသိကြသေးပဲသွေးကြောနံရံဆဲလ်တွေတိုးပွါးမှုနှုန်းများလာတဲ့အချိန်မှာစပြီးသတိထားမိလာတတ်ကြပါတယ်။စတော်ဘယ်ရီသွေးကြောဖုရဲ့ကြီးထွားမှုနှုန်းအမြန်ဆုံးအချိန်(သွေးကြောနံရံဆဲလ်တွေကွဲပွါးမှုနှုန်းအများဆုံးအချိန်)ကတော့၃လနဲ့တစ်နှစ်ကြားကာလမှာဖြစ်ပါတယ်။၃လလောက်မှာအရင်ကရှိနေတဲ့အနီစက်ကလေးကတစ်ဖြည်းဖြည်းကြီးထွားလာတော့ဘာများဖြစ်တာပါလိမ့်၊ပိုပိုပြီးကြီးကြီးလာပြီ၊ဒုက္ခပါပဲဆိုပြီးလာပြတတ်ကြပါတယ်။စတော်ဘယ်ရီသွေးကြောဖုတွေရဲ့ဂဝရာခိုင်နှုန်းလောက်ကတော့၃လကနေ၅လလောက်အတွင်းမှာအကြီးဆုံးအရွယ်အစားကိုရောက်ရှိသွားတတ်ကြပါတယ်။တစ်ချို့ကတော့တစ်နှစ်လောက်အထိဆက်ပြီးကြီးထွားနေနိုင်ပါသေးတယ်။မေမေ၊ဖေဖေ၊ဖိုးဖိုး၊ဖွားဖွားတို့ကတော့သားသားမီးမီးလေးတို့ရဲ့အဖုလေးပိုပြီးကြီးလာမှာကိုစိုးရိမ်ကာကုသမှုခံယူဖို့စိတ်ဆန္ဒတွေစောနေတတ်ကြပါတယ်။တစ်ကယ်တော့ဒီစတော်ဘယ်ရီသွေးကြောဖုတွေဟာအသက်အရွယ်အားဖြင့်၂နှစ်သားလောက်မှာစပြီးပြန်လည်သေးငယ်ကာပျောက်ကွယ်သွားတတ်ကြပါတယ်။အသက်၁၀နှစ်၁၂နှစ်လောက်မှာစတော်ဘယ်ရီသွေးကြောဖုများဟာများသောအားဖြင့်သူ့အလိုလိုပျောက်ကုန်တတ်ကြပါတယ်။အရင်ကရှိခဲ့တဲ့နေရာလေးမှာတော့ဖြူဖျော့ဖျော့အရာလေးထင်ကျန်နေရစ်တတ်ပါတယ်။
ဘယ်လိုကလေးငယ်တွေမှာအဖြစ်များ
စတော်ဘယ်ရီသွေးကြောဖုတွေဟာသာမန်ကလေးတွေထက်စာရင်တစ်ချို့သောကလေးတွေမှာအဖြစ်များတာကိုတွေ့ရပါတယ်။ဥပမာ-မိန်းကလေးဖြစ်မယ်၊ကိုယ်အလေးချိန်မပြည့်မှီပဲမွေးလာမယ်၊ဆိုရင်စတော်ဘယ်ရီသွေးကြောဖုဖြစ်ပွါးမှုများတာကိုတွေ့ရတတ်ပါတယ်။နောက်ပြီးအသားဖြူတဲ့ကလေး၊မိသားစုမှာသွေးကြောဖုပြသနာရှိခဲ့တဲ့ကလေးတွေ၊လမစေ့ပဲမွေးဖွားလာတဲ့ကလေးငယ်တွေ၊အမွှာပူးတွေစတဲ့ကလေးငယ်တွေမှာလည်းစတော်ဘယ်ရီသွေးကြောဖုပြသနာဟာပိုပြီးဖြစ်ဖို့များပါတယ်။
ဘာတွေဖြစ်နိုင်သေးလို့လဲ
စတော်ဘယ်ရီသွေးကြောဖုလေးတွေဟာသာမန်အားဖြင့်တော့ကြီးမားတဲ့ပြသနာတွေကိုမပေးပဲအလိုအလျောက်ကွယ်ပျောက်သွားတတ်ကြပါတယ်။ဒါဆိုရင်ဘာများစိုးရိမ်စရာလိုနေပါသေးလဲ။ဘာတွေများစစ်ဆေးဖို့လိုသေးလဲ။ဟုတ်ပါတယ်။စတော်ဘယ်ရီသွေးကြောဖုလေးတွေကတော့ဘာမှစိုးရိမ်စရာမလိုပါဘူး။သွေးကြောဖုတွေထိခိုက်မိလို့ပေါက်ပြဲပြီးသွေးယိုသွေးထွက်ဖြစ်နိုင်တာကိုတော့သတိထားဖို့လိုပါလိမ့်မယ်။ဒါ့အပြင်စတော်ဘယ်ရီသွေးကြောဖုတွေရဲ့အရွယ်အစားအရမ်းကြီးလွန်းရင်တော့ဖြစ်တဲ့နေရာကိုလိုက်ပြီးကလေးအတွက်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ဥပမာ-မျက်လုံအနားမှာဖြစ်နေရင်အမြင်ပိုင်းဆိုင်ရာပြသနာတွေဖြစ်လာနိုင်တာမျိုး၊ပါးစပ်အနားမှာဖြစ်နေရင်အစားအစာစားသောက်တဲ့အခါ၊နို့စို့တဲ့အခါမျိုးမှာအခက်အခဲဖြစ်နိုင်တာမျိုးစတာမျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။နောက်ပြီးဒီလိုအပေါ်ယံသွေးကြောဖုတွေဟာတစ်မျိုးထဲမဟုတ်ပဲအတွင်းပိုင်းကျတဲ့သွေးကြောဖုအမျိုးအစားတွေနဲ့ရောပြီးပူးတွဲရောရာသွေးကြောဖုအမျိုးအစားအနေနဲ့ဖြစ်လာခဲ့ရင်တော့ဒါဟာသာမန်အနေနဲ့ထားလို့မရတော့ပါဘူး။ဒီလိုအမျိုးအစားဟာအခြားပြသနာတွေနဲ့တွဲပြီးလာတတ်တာကြောင့်စစ်ဆေးစမ်းသပ်တာတွေလုပ်ဖို့လိုအပ်ပါတယ်။
ဘယ်လိုကုသရမှာလဲ
ဒီစတော်ဘယ်ရီသွေးဖုပြသနာကတော့အထက်မှာရေးသားခဲ့သလိုပဲသူ့အလိုလိုပြန်လည်ပျောက်ကွယ်သွားနိုင်တာကြောင့်စောင့်ကြည့်ဖို့တော့လိုပါလိမ့်မယ်။ဘာမှကုသမှုမယူပဲပျောက်ကင်းသွားရာမှာလည်းအဖြူအရာလေး၊အရေပြားအချိုင့်လေးလောက်သာကျန်ရစ်ခဲ့တတ်တာပါ။ဒါကြောင့်ပျောက်ကင်းသွားနိုင်လောက်တဲ့အရွယ်ဖြစ်တဲ့အသက်ဆယ်နှစ်ဆယ့်နှစ်နှစ်လောက်အထိတော့စောင့်ကြည့်ပေးသင့်ပါတယ်။ဒါပေမယ့်လည်းခြွင်းချက်ကလေးတွေတော့ရှိပါတယ်။တစ်ကယ်လို့ဒီစတော်ဘယ်ရီသွေးကြောဖုဟာအထက်မှာရေးသားပြခဲ့သလိုအရွယ်အစားကြီးလွန်းနေတာတွေ၊မျက်စေ့၊ပါးစပ်၊အသက်ရှုလမ်းကြောင်းစတဲ့အစိတ်အပိုင်းတွေနဲ့နီးကပ်နေပြီးကလေးအတွက်ပြသနာဖြစ်နေမယ်ဆိုရင်တော့ကုသမှုတွေကိုပြုလုပ်ဖို့စဉ်းစားရမှာပါ။ဒါမှမဟုတ်ပဲအသက်အရွယ်တော်တော်လေးရသည်အထိစောင့်ကြည့်နေရင်းပျောက်မသွားဘူးဆိုရင်တော့ကုသပေးဖို့စဉ်းစားရမှာပါ။ကုသနည်းတွေကတော့အမျိုးမျိုးရှိပါတယ်။သောက်ဆေးတွေ၊လိမ်းဆေးတွေရှိသလို၊ဆေးထိုးရတာ၊လေဆာနဲ့ကုတာ၊ခရိုင်ယိုဆိုတဲ့အေးခဲလောင်ကျွမ်းစေတဲ့နည်းနဲ့ကုတာစတာတွေလည်းရှိပါတယ်။
အချုပ်ဆိုရရင်တော့ကုသနည်းတွေများသော်လည်းအားလုံးမှာအားနည်းချက်ကလေးတွေကိုယ်စီနဲ့ပါ။အလိုအလျောက်ပျောက်ကင်းသွားတဲ့အခါမျိုးမှာလည်းကုသခြင်းတွေထက်တောင်အဆင်ပြေနေတတ်ကြသေးတာကြောင့်ကုသသင့်တဲ့အကြောင်းအရင်းမရှိခဲ့ဘူးဆိုရင်တော့အလိုအလျောက်ပြန်လည်ကောင်းမွန်သွားမယ့်အချိန်တစ်ခုအထိတော့စောင့်ကြည့်သင့်ပါတယ်။မိဘတွေကတော့သားသားမီးမီးလေးတွေအပေါ်မှာစိုးရိမ်စိတ်တွေလွန်ကဲပြီးဆန္ဒတွေအရမ်းစောကာကုသမှုကိုအစောတလျင်လုပ်ချင်တတ်ကြပါတယ်။ဒီစာကိုဖတ်ပြီးရင်တော့သားသားမီးမီးလေးတွေရဲ့စတော်ဘယ်ရီသွေးကြောဖုတွေအပေါ်မှာစိုးရိမ်စိတ်တွေလျော့ပါးသွားပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ကြလိမ့်မယ်လို့ထင်မြင်မိပါတယ်။
စေတနာများစွာဖြင့်
ဒေါက်တာလင်းထက်(အရေပြားအထူးကုဆရာဝန်)
သားသားမီးမီးတို႔မွာေတြ႔ရတတ္တဲ့စေတာ္ဘယ္ရီေသြးေၾကာဖု
သားသားမီးမီးတို႔ေလးေတြဖြါးျမင္တဲ့အခါမွာမိသားစု၀င္အသစ္ရတနာေလးေတြအတြက္မိသားစု၀င္ေတြဟာေတာ္ေတာ္ေလးကိုစိတ္ေတြလႈပ္လႈပ္ရွားရွားျဖစ္ၾကရပါတယ္။ေမြးဖြါးလာတဲ့သားသားမီးမီးေလးေတြဟာဘယ္လုိေလးမ်ားလဲ၊ျဖဴသလား၊မဲသလား၊အေဖတူသလား၊အေမတူသလားစသျဖင့္သိလိုျမင္လုိစိတ္ေတြတစ္ဖြားဖြားျဖစ္ေနတတ္ၾကတာဟာဓမၼတာပါ။
ဒီလိုနဲ႔ပဲေမြးဖြားျပီးစေတြမွာသားသားမီးမီးေလးေတြကိုတစ္္ေနကုန္ေအာင္ထိုင္ျပီးတစ္စိမ့္စိမ့္ၾကည့္တတ္ၾကပါတယ္။ၾကည့္မ၀၊ရႈမ၀ျဖစ္ၾကရပါတယ္။ ဒါေၾကာင့္သားသားမီးမီးေလးေတြရဲ့ခႏၶာကိုယ္အေပၚမွာဘယ္နားမွာဘာေလးရွိတယ္၊ဘယ္လိုထူးျခားတယ္စသျဖင့္သိေနတတ္ၾကပါတယ္။ ဒီေတာ့သားသားမီးမီးေလးေတြမွာရွိေနတာေတြကိုမွတ္မိသလိုအဲဒီရွိေနတဲ့အရာကေလးေတြေျပာင္းလဲလာတာကိုလည္းသူတို႔တစ္ေတြဟာသတိထားမိတတ္ၾကပါတယ္။ အဲဒီလိုေမြးရာပါအရာေလးေတြေျပာင္းလဲတဲ့အခါမွာလို႔စိတ္ေသာကေတြမ်ားျပီးဆရာ၀န္နဲ႔တိုင္ပင္ေဆြးေႏြးတတ္ၾကပါတယ္။ဒီလိုျဖစ္ၾကလို႔မၾကခဏေျဖရွင္းေပးရတဲ့ျပသနာေတြထဲမွာအခုေရးျပမယ့္စေတာ္ဘယ္ရီေသြးေၾကဖုျပသနာကေတာ့ေတာ္ေတာ္ေတြ႔ရေျဖရွင္းရတတ္တဲ့ျပသနာေလးတစ္ခုပဲျဖစ္ပါတယ္။
ဘယ္လိုေခၚမယ္
ဒီေသြးေၾကာဖုကိုျမန္မာလိုတိတိက်က်မွည့္ဆိုထားတာမရွိေသာ္လည္းအဂၤလိ္ပ္လိုေတာ့အေခၚအေ၀ၚေတြကမ်ားပါတယ္။Haemangioma simplex ၊ Strawberry nevus ၊ Capillary Haemangioma ၊ Capillary Nevus စသျဖင့္အမ်ိဳးမ်ိဳးေခၚၾကပါတယ္။ဒီမွာကေတာ့အမွတ္လိုလို၊ဘာလိုလိုမေရရာနဲ႔ပဲအမည္မေပၚပဲရွိေနပါတယ္။တိက်စြာအမည္မွည့္ေခၚထားတာမ်ိဳးလည္းမေတြ႔မိပါဘူး။နာမည္ေတြကလည္းတစ္ေက်ာင္းတစ္ဂါထာျဖစ္ေနတတ္ၾကပါတယ္။ဒီစေတာ္ဘယ္ရီေသြးေၾကာဖုဆိုတဲ့နာမည္ကေတာ့အဂၤလိပ္နာမည္ကိုဆီေလၽာ္ေအာင္ျပန္ဆိုလိုက္တာပါ။
ဘာေၾကာင့္ျဖစ္ရတာလဲ
တစ္ကယ္ေတာ့ဒီစေတာ္ဘယ္ရီေသြးေၾကာဖုေလးေတြဟာေသြးေၾကာနံရံဆဲလ္ေတြတိုးပြါးျပီးေတာ့ေသြးေၾကာဖုေတြျဖစ္လာရတာပါ။ဒီလိုေသြးေၾကာနံရံဆဲလ္ေတြဘာေၾကာင့္တိုးပြါးရတာလဲဆိုတာကေတာ့တိတိက်က်မသိရပဲအေရျပားကိုေအာက္ဆီဂ်င္ေရာက္ရွိမႈနည္းပါးသြားတာဟာဒီေသြးေၾကာဖုကိုျဖစ္ေစရတဲ့အခ်က္တစ္ခုလို႔ေထာက္ျပၾကပါတယ္။ေအာက္ဆီဂ်င္ရရွိမႈနည္းပါးျခင္းဟာေသြးေၾကာေတြကိုတိုးပြါးေစပါတယ္။ဒါေၾကာင့္လဲေအာက္ဆီဂ်င္ရရွိေရးအတြက္ေသြးေၾကာေတြပြါးမ်ားေပးရာကဒီလိုျဖစ္ရတာလို႔ဆိုၾကပါတယ္။ဒီလိုဆဲလ္ေတြတိုးပြါးတယ္ဆိုေတာ့လည္းတစ္ခ်ိဳ႔ကကင္ဆာမ်ားလားဆိုျပီးစိုးရိမ္တတ္ၾကပါတယ္။တစ္ကယ္ေတာ့ကင္ဆာလဲမဟုတ္ပါဘူး။ရိုးရိုးဆဲလ္တိုးပြါးမႈျဖစ္စဥ္တစ္ခုပဲျဖစ္ပါတယ္။
ကေလးငယ္ေလးေတြရဲ့အေရျပားေပၚမွာျဖစ္ရတဲ့အျခားေသြးေၾကာဖုေတြလည္းရွိပါေသးတယ္။အဲဒီျပသနာေတြကေတာ့ရွားရွားပါးပါးရံဖန္ရံခါမွာပဲျဖစ္တတ္ၾကပါတယ္။ဒီစေတာ္ဘယ္ရီေသြးေၾကာဖုကေတာ့ပိုျပီးအျဖစ္မ်ားအေတြ႔မ်ားပါတယ္။
ေသြးေၾကာဖုအမ်ိဳးအစား
တစ္ကယ္ေတာ့ကေလးငယ္ေလးေတြမွာျဖစ္တတ္တဲ့ေသြးေၾကာဖုအမိ်ဳးအစားေတြအမ်ားၾကီးရွိပါတယ္။ေသြးေၾကာမွ်င္ကေလးေတြဖုထံုးေနတာကအစေနရာလုိက္အျပင္ၾကီးျဖစ္ေနတတ္တာမ်ိဳးအထိေပါ့။ကေလးငယ္ေလးေတြမွာျဖစ္တတ္တဲ့ေသြးေၾကာဖုေတြကိုအမိ်ဳးအစားခြဲျခားထားပါတယ္။အဓိကအားျဖင့္သံုးမ်ိဳးရွိပါတယ္။အားလံုးကိုေတာ့Haemangioma of Infancy ဆိုျပီးေခါင္းစဥ္တစ္ခုေအာက္မွာပဲစုထားပါတယ္။ျမန္မာလိုကေလးငယ္ ေလးေတြမွာျဖစ္တဲ့ေသြးေၾကာဖုေပါ့။အမ်ိဳးအစားေတြကိုလည္းအေရျပားမွာတည္ရွိေနတဲ့အေနအထားအေပၚမွာပဲမူတည္ျပီးခြဲျခားထားပါတယ္။အေရျပားရဲ့အေပၚယံအက်ဆံုးေသြးေၾကာမွ်င္ေလးေတြမွာျဖစ္တဲ့ေသြးေၾကာဖု၊အေရျပားရဲ့အတြင္းပိုင္းက်တဲ့အလႊာေတြမွာျဖစ္တဲ့ေသြးေၾကာအဖု၊ပူးတြဲေရာရာ(အေပၚယံနဲ႔အတြင္းပိုင္း)ေသြးေၾကာဖုဆိုျပီးသံုးမ်ိဳးခြဲျခားထားပါတယ္။
စာေရးသူအခုေရးမယ့္စေတာ္ဘယ္ရီေသြးေၾကာဖုအမ်ိဳးအစားကေတာ့အေရျပားအေပၚယံအက်ဆံုးေသြးေၾကာမွ်င္ေလးေတြမွာျဖစ္တဲ့ေသြးေၾကာဖုအုပ္စုထဲကပါ။အေပၚယံမွာျဖစ္တာေၾကာင့္တျခားအုပ္စုေတြနဲ႔ယွဥ္ရင္သိပ္ျပီးျပသနာမေပးတဲ့အုပ္စုလုိ႔ေယဘူယ်ေျပာလုိ႔ရပါတယ္။
စေတာ္ဘယ္ရီေသြးေၾကာဖုရဲ့အသြင္သ႑န္
နာမည္ကိုကစေတာ္ဘယ္ရီးေသြးေၾကာဖုလုိ႔မွည့္ဆိုထားေလေတာ့ရွင္းရွင္းကေလးပဲစဥ္းစားၾကည့္ရင္ေတာင္သိနိုင္ပါတယ္။စေတာ္ဘယ္ရီသီးနဲ႔တူလုိ႔ေပါ့။အေရာင္မွာတူသလိုဖုထြက္ေနတာေလးကလည္းစေတာ္ဘယ္ရီသီးနဲ႔ခပ္ဆင္ဆင္ျဖစ္ေနတာေၾကာင့္ဒီနာမည္ကိုေပးလုိက္ၾကတယ္ထင္ပါတယ္။အရြယ္အစားကလည္း၀.၅စင္တီမီတာေလာက္ကေနေတာ္ေတာ္ၾကီးၾကီး၁၀စင္တီမီတာေလာက္အထိရွိနိုင္ပါတယ္။တစ္ဖုတည္းပဲေတြ႔ရတာမ်ားပါတယ္။အျဖစ္မ်ားအေတြ႔မ်ားတဲ့ေနရာေတြကေတာ့ဦးေခါင္းပိုင္းနဲ႔လည္ပင္းပိုင္းေတြမွာပါ။၅၀ရာခုိင္ႏႈန္းေလာက္ေသာစေတာ္ဘယ္ရီေသြးေၾကာဖုေတြဟာဦးေခါင္းနဲ႔လည္ပင္းပိုင္းေတြမွာေတြ႔ရွိရတယ္လုိ႔ေလ႔လာေတြ႕ရွိခ်က္ေတြကဆုိပါတယ္။တစ္ျခားေသာေနရာေတြမွာလည္းျဖစ္နုိင္ပါတယ္။မ်က္ႏွာ၊ေက်ာ၊လက္ေမာင္း၊တင္ပါး၊ေပါင္စတဲ့ေနရာေတြမွာလည္းေတြ႔ရတတ္ပါတယ္။အနီရဲရဲဒါမွမဟုတ္အနီရင့္ရင့္ေရာင္သမ္းတဲ့အဖုေလးဒီ႔ထက္ၾကီးေတာ့လည္းျပင္လုိက္အျဖစ္ေတြ႔ရတတ္ပါတယ္။ၾကည့္လို္က္ရင္စေတာ္ဘယ္ရီဖတ္ကေလး၊စေတာ္ဘယ္ရီသီးကေလးတင္ထားသလိုေလးေပါ့။အရမ္းၾကီးတဲ့ေသြးေၾကာဖုမ်ိဳးကေတာ့စေတာဘယ္ရီနဲ႔သိပ္ျပီးမတူပါဘူး။ကိုင္ၾကည့္ရင္လည္းနုနုအိအိေလးပါ။
ျဖစ္ဖို႔ေပ်ာက္ဖို႔
ဒီစေတာ္ဘယ္ရီေသြးေၾကာဖုေတြဟာကေလးငယ္တစ္ရာမွာတစ္ေယာက္ေလာက္ေတာ့ျဖစ္တတ္ၾကပါတယ္။သို႔ေသာ္လည္းအသက္အရြယ္အေပၚမွာမူတည္ျပီးေတြ႔ရွိနိုင္မႈရာႏႈန္းေတြကြဲျပားနိုင္ပါတယ္။သားသားေလးေတြထက္မီးမီးေလးေတြမွာပိုျပီးျဖစ္တာကိုေတြ႔ရတယ္။ဒီစေတာ္ဘယ္ရီေသြးေၾကာဖုေလးေတြဟာေမြးျပီးခါစမွာေတြ႔ခ်င္မွေတြ႔ရတာပါ။ဘာေၾကာင့္လဲဆိုေတာ့ေသြးေၾကာနံရံဆဲလ္ေတြကစျပီးပြါးခါစအခ်ိန္ျဖစ္တာေၾကာင့္အရြယ္အစားၾကီးလာမွသာသတိထားမိတတ္ၾကတာပါ။ဒီေတာ့ပထမတစ္ပတ္ႏွစ္ပတ္သားေလာက္မွာသိပ္မသိၾကေသးပဲေသြးေၾကာနံရံဆဲလ္ေတြတိုးပြါးမႈႏႈန္းမ်ားလာတဲ့အခ်ိန္မွာစျပီးသတိထားမိလာတတ္ၾကပါတယ္။စေတာ္ဘယ္ရီေသြးေၾကာဖုရဲ့ၾကီးထြားမႈႏႈန္းအျမန္ဆံုးအခ်ိန္(ေသြးေၾကာနံရံဆဲလ္ေတြကြဲပြါးမႈႏႈန္းအမ်ားဆံုးအခိ်န္)ကေတာ့၃လန႔ဲတစ္ႏွစ္ၾကားကာလမွာျဖစ္ပါတယ္။၃လေလာက္မွာအရင္ကရွိေနတဲ့အနီစက္ကေလးကတစ္ျဖည္းျဖည္းၾကီးထြားလာေတာ့ဘာမ်ားျဖစ္တာပါလိမ့္၊ပုိပိုျပီးၾကီးၾကီးလာျပီ၊ဒုကၡပါပဲဆိုျပီးလာျပတတ္ၾကပါတယ္။စေတာ္ဘယ္ရီေသြးေၾကာဖုေတြရဲ့ဂ၀ရာခုိင္ႏႈန္းေလာက္ကေတာ့၃လကေန၅လေလာက္အတြင္းမွာအၾကီးဆံုးအရြယ္အစားကိုေရာက္ရွိသြားတတ္ၾကပါတယ္။တစ္ခ်ိဳ႔ကေတာ့တစ္ႏွစ္ေလာက္အထိဆက္ျပီးၾကီးထြားေနနုိင္ပါေသးတယ္။ေမေမ၊ေဖေဖ၊ဖိုးဖိုး၊ဖြားဖြားတို႔ကေတာ့သားသားမီးမီးေလးတို႔ရဲ့အဖုေလးပိုျပီးၾကီးလာမွာကိုစိုးရိမ္ကာကုသမႈခံယူဖို႔စိတ္ဆႏၵေတြေစာေနတတ္ၾကပါတယ္။တစ္ကယ္ေတာ့ဒီစေတာ္ဘယ္ရီေသြးေၾကာဖုေတြဟာအသက္အရြယ္အားျဖင့္၂ႏွစ္သားေလာက္မွာစျပီးျပန္လည္ေသးငယ္ကာေပ်ာက္ကြယ္သြားတတ္ၾကပါတယ္။အသက္၁၀ႏွစ္၁၂ႏွစ္ေလာက္မွာစေတာ္ဘယ္ရီေသြးေၾကာဖုမ်ားဟာမ်ားေသာအားျဖင့္သူ႔အလိုလိုေပ်ာက္ကုန္တတ္ၾကပါတယ္။အရင္ကရွိခဲ့တဲ့ေနရာေလးမွာေတာ့ျဖဴေဖ်ာ့ေဖ်ာ့အရာေလးထင္က်န္ေနရစ္တတ္ပါတယ္။
ဘယ္လိုကေလးငယ္ေတြမွာအျဖစ္မ်ား
စေတာ္ဘယ္ရီေသြးေၾကာဖုေတြဟာသာမန္ကေလးေတြထက္စာရင္တစ္ခ်ိဳ႕ေသာကေလးေတြမွာအျဖစ္မ်ားတာကိုေတြ႔ရပါတယ္။ဥပမာ-မိန္းကေလးျဖစ္မယ္၊ကိုယ္အေလးခ်ိန္မျပည့္မွီပဲေမြးလာမယ္၊ဆုိရင္စေတာ္ဘယ္ရီေသြးေၾကာဖုျဖစ္ပြါးမႈမ်ားတာကိုေတြ႕ရတတ္ပါတယ္။ေနာက္ျပီးအသားျဖဴတဲ့ကေလး၊မိသားစုမွာေသြးေၾကာဖုျပသနာရွိခဲ့တဲ့ကေလးေတြ၊လမေစ့ပဲေမြးဖြားလာတဲ့ကေလးငယ္ေတြ၊အမႊာပူးေတြစတဲ့ကေလးငယ္ေတြမွာလည္းစေတာ္ဘယ္ရီေသြးေၾကာဖုျပသနာဟာပိုျပီးျဖစ္ဖို႔မ်ားပါတယ္။
ဘာေတြျဖစ္နိုင္ေသးလုိ႔လဲ
စေတာ္ဘယ္ရီေသြးေၾကာဖုေလးေတြဟာသာမန္အားျဖင့္ေတာ့ၾကီးမားတဲ့ျပသနာေတြကိုမေပးပဲအလိုအေလ်ာက္ကြယ္ေပ်ာက္သြားတတ္ၾကပါတယ္။ဒါဆိုရင္ဘာမ်ားစိုးရိမ္စရာလိုေနပါေသးလဲ။ဘာေတြမ်ားစစ္ေဆးဖို႔လုိေသးလဲ။ဟုတ္ပါတယ္။စေတာ္ဘယ္ရီေသြးေၾကာဖုေလးေတြကေတာ့ဘာမွစိုးရိမ္စရာမလိုပါဘူး။ေသြးေၾကာဖုေတြထိခုိက္မိလို႔ေပါက္ျပဲျပီးေသြးယိုေသြးထြက္ျဖစ္နုိင္တာကိုေတာ့သတိထားဖုိ႔လုိပါလိမ့္မယ္။ဒါ့အျပင္စေတာ္ဘယ္ရီေသြးေၾကာဖုေတြရဲ့အရြယ္အစားအရမ္းၾကီးလြန္းရင္ေတာ့ျဖစ္တဲ့ေနရာကိုလုိက္ျပီးကေလးအတြက္အေႏွာင့္အယွက္ျဖစ္တတ္ပါတယ္။ဥပမာ-မ်က္လံုအနားမွာျဖစ္ေနရင္အျမင္ပိုင္းဆိုင္ရာျပသနာေတြျဖစ္လာနုိင္တာမ်ိဳး၊ပါးစပ္အနားမွာျဖစ္ေနရင္အစားအစာစားေသာက္တဲ့အခါ၊နို႔စို႔တဲ့အခါမ်ိဳးမွာအခက္အခဲျဖစ္နုိင္တာမ်ိဳးစတာမ်ိဳးေတြလည္းျဖစ္နုိင္ပါေသးတယ္။ေနာက္ျပီးဒီလုိအေပၚယံေသြးေၾကာဖုေတြဟာတစ္မ်ိဳးထဲမဟုတ္ပဲအတြင္းပိုင္းက်တဲ့ေသြးေၾကာဖုအမ်ိဳးအစားေတြနဲ႔ေရာျပီးပူးတြဲေရာရာေသြးေၾကာဖုအမ်ိဳးအစားအေနနဲ႔ျဖစ္လာခဲ႔ရင္ေတာ့ဒါဟာသာမန္အေနနဲ႔ထားလုိ႔မရေတာ့ပါဘူး။ဒီလုိအမ်ိဳးအစားဟာအျခားျပသနာေတြနဲ႔တဲြျပီးလာတတ္တာေၾကာင့္စစ္ေဆးစမ္းသပ္တာေတြလုပ္ဖုိ႔လုိအပ္ပါတယ္။
ဘယ္လိုကုသရမွာလဲ
ဒီစေတာ္ဘယ္ရီေသြးဖုျပသနာကေတာ့အထက္မွာေရးသားခဲ့သလိုပဲသူ႔အလိုလိုျပန္လည္ေပ်ာက္ကြယ္သြားနုိင္တာေၾကာင့္ေစာင့္ၾကည့္ဖုိ႔ေတာ့လိုပါလိမ့္မယ္။ဘာမွကုသမႈမယူပဲေပ်ာက္ကင္းသြားရာမွာလည္းအျဖဴအရာေလး၊အေရျပားအခ်ိဳင့္ေလးေလာက္သာက်န္ရစ္ခဲ့တတ္တာပါ။ဒါေၾကာင့္ေပ်ာက္ကင္းသြားနိုင္ေလာက္တဲ့အရြယ္ျဖစ္တဲ့အသက္ဆယ္ႏွစ္ဆယ့္ႏွစ္ႏွစ္ေလာက္အထိေတာ့ေစာင့္ၾကည့္ေပးသင့္ပါတယ္။ဒါေပမယ့္လည္းျခြင္းခ်က္ကေလးေတြေတာ့ရွိပါတယ္။တစ္ကယ္လုိ႔ဒီစေတာ္ဘယ္ရီေသြးေၾကာဖုဟာအထက္မွာေရးသားျပခဲ့သလိုအရြယ္အစားၾကီးလြန္းေနတာေတြ၊မ်က္ေစ့၊ပါးစပ္၊အသက္ရႈလမ္းေၾကာင္းစတဲ့အစိတ္အပိုင္းေတြနဲ႔နီးကပ္ေနျပီးကေလးအတြက္ျပသနာျဖစ္ေနမယ္ဆိုရင္ေတာ့ကုသမႈေတြကိုျပဳလုပ္ဖို႔စဥ္းစားရမွာပါ။ဒါမွမဟုတ္ပဲအသက္အရြယ္ေတာ္ေတာ္ေလးရသည္အထိေစာင့္ၾကည့္ေနရင္းေပ်ာက္မသြားဘူးဆိုရင္ေတာ့ကုသေပးဖုိ႔စဥ္းစားရမွာပါ။ကုသနည္းေတြကေတာ့အမ်ိဳးမ်ိဳးရွိပါတယ္။ေသာက္ေဆးေတြ၊လိမ္းေဆးေတြရွိသလို၊ေဆးထိုးရတာ၊ေလဆာနဲ႔ကုတာ၊ခရိုင္ယိုဆိုတဲ့ေအးခဲေလာင္ကြ်မ္းေစတဲ့နည္းနဲ႔ကုတာစတာေတြလည္းရွိပါတယ္။
အခ်ဳပ္ဆိုရရင္ေတာ့ကုသနည္းေတြမ်ားေသာ္လည္းအားလံုးမွာအားနည္းခ်က္ကေလးေတြကိုယ္စီနဲ႔ပါ။အလိုအေလၽာက္ေပ်ာက္ကင္းသြားတဲ့အခါမ်ိဳးမွာလည္းကုသျခင္းေတြထက္ေတာင္အဆင္ေျပေနတတ္ၾကေသးတာေၾကာင့္ကုသသင့္တဲ့အေၾကာင္းအရင္းမရွိခဲ႔ဘူးဆိုရင္ေတာ့အလိုအေလၽာက္ျပန္လည္ေကာင္းမြန္သြားမယ့္အခ်ိန္တစ္ခုအထိေတာ့ေစာင့္ၾကည့္သင့္ပါတယ္။မိဘေတြကေတာ့သားသားမီးမီးေလးေတြအေပၚမွာစိုးရိမ္စိတ္ေတြလြန္ကဲျပီးဆႏၵေတြအရမ္းေစာကာကုသမႈကိုအေစာတလၽင္လုပ္ခ်င္တတ္ၾကပါတယ္။ဒီစာကိုဖတ္ျပီးရင္ေတာ့သားသားမီးမီးေလးေတြရဲ့စေတာ္ဘယ္ရီေသြးေၾကာဖုေတြအေပၚမွာစိုးရိမ္စိတ္ေတြေလၽာ့ပါးသြားျပီးမွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြခ်နိုင္ၾကလိမ့္မယ္လို႔ထင္ျမင္မိပါတယ္။
ေစတနာမ်ားစြာျဖင့္
ေဒါက္တာလင္းထက္(အေရျပားအထူးကုဆရာ၀န္)