Stomach cramp

🌶အပူအစပ် နဲ့ ဗိုက်အောင့်တတ်ခြင်း ပြဿနာ

ရင်တွေပူပီး ဗိုက်ကလဲ ခဏ ခဏ အောင့်လိုက်တာ ဘာကြောင့်များအဲ့လောက် အောင့်နေရတာလဲလို့ တွေးမိကြဖူးမယ် ထင်ပါတယ်။ ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းများစွာကတော့
👉 အပူအစပ် စားလွန်းခြင်း
👉 စားလေ့ စားထ မရှိဘဲ အစပ်စားမိခြင်း
👉 အစားစားချိန် မမှန်ခြင်း
👉 အစာမကြေရင်ပြည့်စေတဲ့ အအေးစာ အမာစာများ စားခြင်း
👉 မသန့်ရှင်းသော အစားအစာများ စားမိခြင်း
👉 မကျက်တကျက် အသားငါးများ စားသုံးခြင်း
👉 လက်လုပ်ချဉ်ကဲ့သို့ အချဉ်ဖောက်ထားသော အရာများ စားခြင်း
👉 လေပွ စေသော အစားအစာများစားခြင်း
👉 ရက်လွန်နေသော အစားအစာများ စားသုံးမိခြင်း စတာတွေကြောင့်ဖြစ်နိုင်တဲ့ အပြင် အစာအိမ်ရောဂါ အခံရှိခြင်း မိဘမျိုးရိုးလိုက်ခြင်း နဲ့ အူအတက် စ တဲ့ အရာတွေကြောင့်လဲ ရင်ပူတာ ဗိုက်အောင့်တာ ဖြစ်နိုင်ပါသေးတယ်။


📌ဒီလို ဗိုက်အောင့်ဗိုက်နာတာကို သက်သာအောင် ဘယ်လိုကာကွယ်နိုင်လဲ. ❓


✅ ပူလွန်းစပ်လွန်းသော အစားအစာများ လျှော့စားခြင်း
✅ အစာမရှိဘဲ အစပ်စားတာ ရှောင်ခြင်း
✅ စားချိန် မကျော်လွန်စေရန် ဂရုစိုက်ခြင်း
✅ မာသော ရင်ပြည့်စေသော အစားအစာများ အလွန်အကျွံမစားခြင်း
✅ အစားအစာများကို ပိုးမွှား ခြင် ယင် မလာအောင် သေချာဖုံးအုပ်ထားခြင်း
✅ လတ်ဆတ် သန့်ရှင်းသော လက်တည်ချဉ်များကိုသာ စားခြင်း
✅ လေပွစေသော အစားအစာများ ရှောင်ခြင်း
✅ ရက်လွန်နေသော အစားအစာများကို မစားဘဲ ရှောင်ခြင်း
✅ ရေများများ သောက်ပေးခြင်း
✅ ဗိုက်အောင့် သက်သာစေသော ဆေးသောက်ခြင်း Eg-Antigas
✅ အစာအိမ် ရောဂါအခံရှိပါက ညွှန်ကြားထားသော သောက်နေကျ ဆေးများကို အချိန်မှန် သောက်ခြင်း
✅ ကျေညက်လွယ်သော အမျှင်ဓါတ်ပါသော အစားအစာများ စားပေးခြင်း
✅ လိုအပ်ပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ကုသခြင်း အားဖြင့် ဗိုက်ကို ကသိကအောက်ဖြစ်စေတဲ့ ပြဿနာများ ဗိုက်နာ ဗိုက်အောင့် တဲ့ ပြဿနာများကို သက်သာအောင် ပြုလုပ်ပီး မိမိကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…