အမျိုးသားတို့ အကာအကွယ် အသုံးပြုပုံမှန်ကန်ဖို့..

“အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း “တဲ့.. ချစ်ခြင်းကို ရှေ့တန်းတင်ပြီးပဲ ဖြစ်ဖြစ်၊ အပျော်အပါး ဝါသနာ ပါလို့ပဲ ဖြစ်ဖြစ်.. ဖိုနဲ့မ လိင်ဆက်ဆံကြရမှာ… ” safety frist “နှစ်ဦး နှစ်ဖက် စိတ်ချလုံခြုံရဖို့၊ ကိုယ်ဝန်မရဖို့ရာ ၊ ကူးစက်ရောဂါ ရှိနေသူမှ တခြားသူကို လိင်မှတဆင့် ရောဂါပိုး မကူးစက်ဖို့ရာ … အကာအကွယ်ကို အသုံးပြုဖို့ လိုအပ်ပါတယ်…

ဒီတော့ ဒီခေတ်ကာလကြီးထဲမှာ စတိုးဆိုင် ဆေးဆိုင်တိုင်းမှာ အလွယ်ကူဆုံးရနိုင်တာကတော့.. အမျိုးသားသုံး condoms ပေါ့…သို့ပေမယ့်.. အကာအကွယ်အသုံးပြုသော်ငြား… မမှန်ကန်တဲ့ အသုံးပြုပုံ၊ စွန့်ပစ်ပုံတို့ကြောင့် ရောဂါပိုးကူးစက်နိုင်တာတွေ ရှိနေသေးတာမို့…အသုံးပြုပုံနည်းလမ်းတွေကို ပြောပြမှာ ဖြစ်ပါတယ်..

– အသုံးမပြုမီ ကွန်ဒုံးဟာ ရက်လွန်နေခြင်း ရှိမရှိ စစ်ဆေးပြီးမှ ဖောက်ပါ.. အသာအယာ လက်ဖြင့် ဖြဲရုံဖြင့် ရနိုင်ပါတယ်.. သွား (သို့) ကတ်ကြေး အသုံးမပြုပါနှင့်… ကွန်ဒုံးတွင် ပေါက်ပြဲခြင်းရှိမရှိ၊ ချောဆီ အလုံအလောက်ရှိမရှိ စစ်ဆေးပါ…

– ကွန်ဒုံးဟာ ခမောက်ပုံစံလေး ဖြစ်နေပါမယ်.. အပေါ်မှာ အဖုလေး ဖြစ်ပြီး ဘေးမှ အလိပ်လေးက ဝန်းရံထားပါမယ်.. သေချာစွာ စွပ်မိဖို့ရာ လိုအပ်ပါမယ်…အကယ်၍ ပြောင်းပြန် စွပ်မိခဲ့ရင် အပေါ်ကို ပြန်လိပ်တင်ပြီး အသုံးပြုတာ မလုပ်ပါနှင့်.. နောက်ထပ် အသစ်တစ်ခုကို အသုံးပြုပါ….

– အသုံးပြုဖို့ရာအတွက် သင့်လိင်အင်္ဂါ ထောင်မတ်နေရပါမယ်.. အပေါ်က အဖုလေးကို ဖိညှစ်ထားပြီး စွပ်ချပါ.. သို့မှသာ လိင်ဆက်ဆံပြီး သုတ်လွှတ်တဲ့ အချိန်မှာ သုတ်ပိုးများဟာ ရှေ့က နေရလွတ်လေးမှာ သွားစုနေမှာ ဖြစ်ပါတယ်..

– လိင်အင်္ဂါ အရင်းထိ ကွန်ဒုံးကို စွပ်ချလာရပါမယ်..ထို့နောက် အပေါ်ယံမှ တခြား water based or silicone lube အစရှိတဲ့ lubricant ချောဆီ လိမ်းနိုင်ပါတယ်.. ဒါဟာ သင် ဆက်ဆံတဲ့ အချိန်မှာ ပိုအဆင်ပြေနိုင်ပြီး ကွန်ဒုံးပေါက်ပြဲတာကိုလဲ လျော့ချပေးနိုင်ပါတယ်…

– ဒီလို စွပ်ပြီးတဲ့အခါမှာတော့… လိင်ဆက်ဆံလို့ ရပါပြီ..

– ဆန္ဒပြီးမြောက်ပြီးချိန်၊ သုတ်ပိုး လွှတ်ပြီးသွားချိန်မှာ ကွန်ဒုံးရဲ့ အရင်းမှ သေချာကိုင်ပြီး.. မိမိဆက်ဆံဖော်ထဲမှ ထုတ်ပါ… လိင်အင်္ဂါ မညိုးသွားခင်မှာ ထုတ်ရပါမယ်.. သို့မဟုတ်ပါက ကွန်ဒုံး ကျွတ်ကျန်နေတာ… အပြင်သို့ သုတ်ပိုး ဖိတ်စင်တာတွေ ဖြစ်နိုင်ပါတယ်..

– ဒီလို ထုတ်ပြီးတဲ့ချိန်မှာတော့ အမှိုက်ပုံးထဲ သေချာစွာ စွန့်ပစ်ပါ.. အိမ်သာထဲ စွန်ပစ်ခြင်း မပြုပါနှင့်..ပိုက်ပိတ်ခြင်း ဖြစ်နိုင်ပါတယ်..

– အသုံးပြုပြီးသား ကွန်ဒုံးကို ပြန်လည်မသုံးပါနှင့်..

– တစ်ခါဆက်ဆံပြီးတိုင်း အသစ်တစ်ခု သုံးပါ..

– ပါးစပ် (သို့) မအင်္ဂါ (သို့) စအို မှ တဆင့် လိင်ဆက်ဆံခြင်း ပြုပါကလည်း.. မတူညီသော ပုံစံကို ပြောင်းဆက်ဆံပါက ကွန်ဒုံး အသစ်ကို အသုံးပြုသင့်ပါတယ်..

– တစ်ခါတစ်ရံ ဆက်ဆံနေစဉ် လိင်အင်္ဂါ ညှိုးသွားတာမျိုး ဖြစ်တတ်ပါတယ်.. ဒါဟာ ဖြစ်လေ့ရှိပါတယ်.. သို့သော် ညိုးသွားပါ.. အသုံးပြုပြီးသား ကွန်ဒုံးကို ချွတ်ပါ… လိင်အင်္ဂါ ပြန်လည်ထောင်မတ်လာတဲ့အချိန်မှာ အသစ်တစ်ခု အသုံးပြုပြီး ဆက်ဆံပါ..ဒီလိုဆို အနည်းငယ် သဘောပေါက်ပြီ ဖြစ်တာမို့… မှန်ကန်သော အသုံးပြုနည်းကို စနစ်တကျ ကျင့်သုံးရပါမယ်…

– သေချာ အသုံးပြုတတ်ဖို့ရာ ဘူးခွံမှာ ပါသော အညွှန်းကို သေချာဖတ်ပါ…

-လိင်အင်္ဂါမှာ မစွပ်မီ တခြားသော ပစ္စည်း(ငှက်ပျောသီး၊ သခွားသီး) တို့မှ စွပ်ကြည့်လို့ရသလို.. လိင်မဆက်ဆံမီ မိမိအင်္ဂါတင် အစမ်းစွပ်ကြည့်လို့ရပါတယ်…
အကယ်၍ မိမိဟာ ကွန်ဒုံးသုံးခဲ့သော်လည်း ပေါက်ပြဲသွားတာမျိုး ရှိခဲ့တယ်(သို့) သံယသရှိခဲ့ပါက.. အရေးပေါ် သန္ဓေတားဆေး အသုံးပြုနိုင်ပါတယ်…ထိုအားဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်ပါတယ်.. သို့သော် အရေးပေါ်တားဆေးဟာ လိင်မှတဆင့် ကူးစက်သော ရောဂါများကိုတော့ မကာကွယ်နိုင်ပါ…

– ဒါကြောင့် လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စ ဖြစ်ဖို့ရာ အကာအကွယ် အသုံးပြုပုံ မှန်ကန်သင့်ကြောင့် တိုက်တွန်းလိုက်ရပါတယ်…

ပျော်ရွှင်ကျန်းမာတဲ့ ကာမသုခကို ခံစားနိုင်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်….

ပိုင်နီမောင်

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *