Condom ကို ဘယ်လို စနစ်တကျသုံးမလဲ
Condom တွေဟာ စနစ်တကျသုံးတတ်မယ်ဆိုရင် သင့်ကို မလိုချင်တဲ့ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမက… . လိင်ကတဆင့််ကူးစက်တတ်တဲ့ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်..။ ကွန်ဒုံးတွေကို အရောင်စုံ… အနံ့စုံ… အရွယ်အစားအစုံရနိုင်ပြီး မိန်းမကိုယ်သာမက စအိုနဲ့ ဆက်ဆံခြင်းတွေမှာလည်း သုံးလို့ရပါတယ်…။ ကိုယ်ဝန်ရနိုင်ချေကိုလည်း 98% လောက်ထိတားနိုင်တယ် ဆိုပါတယ်..။
ဒါပေမယ့် သင့်ရဲ့သုံးပုံသုံးနည်း မှန်ကန်စနစ်ကျဖို့တော့ အရေးကြီးပါတယ်..။ အောက်မှာ ဖော်ပြပေးမှာကတော့ ကွန်ဒုံးတွေကို ဘယ်လိုစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုမလဲဆိုတာပါပဲ..။
(1) ကွန်ဒုံးအိတ်ပေါ်မှာရှိတဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးပေါ်မှာ အပေါက်အပြဲရှိမရှိသေချာစစ်ပါ..
ကွန်ဒုံးအိတ် ဒါမှမဟုတ် ကွန်ဒုံးမှာ အပေါက်အပြဲအပျက်အစီးရှိနေတယ်ဆိုရင် … လုံးဝမသုံးသင့်ပါဘူး.။ ပျက်စိးနေတဲ့ ဒါမှမဟုတ် သက်တမ်းကုန်နေတဲ့ ကွန်ဒုံးကိုသုံးတာက မလိုချင်တဲ့ကိုယ်ဝန်နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ..။
(2) အထုပ်ကို သေချာဖွင့်ပြီး ကွန်ဒုံးကို ထုတ်ပါ
ကွန်ဒုံးထုပ်ကို ဂရုတစိုက်ဖွင့်ပြီးတဲ့အခါ သင့်လက်နဲ့ သေချာထုတ်ယူပါ..။ သွားနဲ့ကိုက်ဖောက်တာ…. ကတ်ကြေးနဲ့ညှပ်ပြီးဖွင့်တာမျိူးဟာ ကွန်ဒုံးကို ပျက်ဆီးစေနိုင်လို့ ရှောင်သင့်ပါတယ်…။
(3) သင့်လိင်တံမာအောင်စောင့်ပြီး ကွန်ဒုံးကိုစွပ်ပါ
ကွန်ဒုံးကို စွပ်တဲ့အချိန်မှာ သင့်လိင်တံ ထိုက်သင့်သလောက်မာနေပါစေ..။ စွပ်တဲ့အခါ ကွန်ဒုံးနဲ့ သင့်လိင်တံကြားမှာ လေခိုမနေစေဖို့အတွက် ….. ကွန်ဒုံးရဲ့ထိပ်ကို ဖိပြီးမှ ပွင့်နေတဲ့ ကွန်ဒုံးအဝကနေ သင့်လိင်တံမှာစွပ်ပါ…။
(4) ရေဓာတ်ကိုအခြေခံတဲ့ ချောဆီသုတ်ရင်သုတ်ပါ… ဆီကိုအခြေခံတဲ့ ချောဆီ ဒါမှမဟုတ် ဆီမှန်သမျှကိုရှောင်ပါ….
လိင်ဆက်ဆံချိန်ကြာတဲ့အခါ ပွတ်တိုက်မှူတွေဖြစ်ပြီး မတော်တဆကွန်ဒုံးပေါက်တာမျိူးဖြစ်နိုင်ပါတယ်..။ ဒါကိုရှောင်နိုင်ဖို့ ရေဓာတ်ကို အခြေခံတဲ့ ချောဆီ ဥပမာ KY jelly လိုမျိူးကို သုံးပေးနိုင်ပါတယ်…။ နောက်ပိုင်းထုတ် ကွန်ဒုံးတော်တော်များများမှာတော့ ချောဆီပါတွဲရက်ပါပြီးသားမို့ သီးသန့်ချောဆီမသုံးလဲရပါတယ်..။ အထူးသတိပြုရမှာကတော့ ဆီဓာတ်ကို အခြေခံတဲ့ ချောဆီကို မသုံးမိဖို့ပါပဲ..။ သံလွင်ဆီအပါအဝင် ဘယ်ဆီကိုမှ မသုံးသင့်ပါဘူး..။ ဒီလိုသုံးခြင်းဟာ ပိုပြီး ကွန်ဒုံးကို လွယ်လွယ်ကူကူ တောင် ပေါက်စေနိုင်ပါတယ်..။
(5) လိင်ဆက်ဆံချိန်တစ်လျှောက်လုံး ကွန်ဒုံးကိုသုံးပါ
သုတ်ရည်ထွက်ထွက်မထွက်ထွက် သင်လိင်ဆက်ဆံချိန်တိုင်းကွန်ဒုံးကို သုံးသင့်ပါတယ်..။
သုတ်ရည်မထွက်ပေမယ့် အရည်ကြည်မှာတောင် သုတ်ပိုးပါနိုင်တဲ့အတွက် ကွန်ဒုံးမသုံးရင် ကိုယ်ဝန်ရနိုင်သလို ရောဂါပိုးတွေကူးစက်နိုင်လို့ လိင်ဆက်ဆံချိန်အစကနေ အဆုံးအထိ ကွန်ဒုံးကို မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်..။
(6) ချွတ်တဲ့အခါ သတိပြုပါ
သင်လိင်ဆက်ဆံမှူ ပြီးဆုံးလို့ ဖြစ်ဖြစ်… လိင်ဆက်ဆံချိန် ကြာလို့ နောက်ကွန်ဒုံးတစ်ခုလဲတဲ့အခါဖြစ်ဖြစ်…ကွန်ဒုံးကို ချွတ်တဲ့အခါ ကွန်ဒုံးရဲ့ ကွင်းအမာဖက်ကနေ အောက်ကို ဖြေးဖြေးချင်းဆင်းပြီး လက်တစ်ဖက်က သင့်လိင်တံကိုကိုင်ပြီး ဆွဲချွတ်ပါ.။ ဒီလိုချွတ်တဲ့အခါ ကွန်ဒုံးထဲက အရည်တွေ မလျှံထွက်သွားစေဖို့ ဂရုစိုက်ပါ..။
(7) အမှိူက်ပုံးထဲ မပစ်ခင်ချည်ပါ
ချွတ်ပြီးတဲ့ ကွန်ဒုံးကို ကွင်းအမာဖက်ကနေ ပိတ်ချည်ပြီး အမှိူက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါ..။ စွန့်ပစ်ပြီးတဲ့နောက် သင့်လက်ကို ဆပ်ပြာ ရေတို့နဲ့ သေချာသန့်စင်ပါ..။
(8) နှစ်ထပ်မစွပ်ပါနဲ့
တချိူ့တွေ လွဲမှားစွာ ယူဆကြတာက ကွန်ဒုံးနှစ်ထပ်သုံးရင် ပိုအန္တရာယ်ကင်းမယ်လို့ ထင်ကြတာပါပဲ..။ လက်တွေ့မှာတော့ ဒါက ပိုမကာကွယ်နိုင်တဲ့အပြင် ကွန်ဒုံးကို ပိုပေါက်လွယ်စေတာမို့ မလုပ်သင့်ပါဘူး..။
(9) နောက်တစ်ကြိမ် လိင်ဆက်ဆံရင် ကွန်ဒုံးအသစ်ကိုပဲ သုံးပါ
တကယ်လို့ သင်နဲ့ သင့်အဖော်က နောက်တစ်ကြိမ်လိင်ဆက်ဆံဖို့ ဆန္ဒရှိနေတယ်ဆိုရင် …နောက်ထပ် ကွန်ဒုံးအသစ်ကိုသုံးပါ..။ သုတ်ရည်ထွက်ထွက်မထွက်ထွက်… ဘယ်အချိန်လိင်ဆက်ဆံမှူကိုလုပ်လုပ် ကွန်ဒုံးအသစ်ကိုသာ သုံးပါ..။ ဒါမှသာ အန္တရာယ်နည်းပါးတဲ့ လိင်ဆက်ဆံမှူကို သင်ပိုင်ဆိုင်နိုင်မှာပါ..။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Condom ကို ဘယ္လို စနစ္တက်သံုးမလဲ
Condom ေတြဟာ စနစ္တက်သံုးတတ္မယ္ဆိုရင္ သင့္ကို မလိုခ်င္တဲ႕ကိုယ္၀န္မရေအာင္ တားဆီးေပးနိုင္ရံုသာမက… . လိင္ကတဆင့္္ကူးစက္တတ္တဲ႕ ေရာဂါေတြကိုလဲ ကာကြယ္ေပးနိုင္ပါတယ္..။ ကြန္ဒံုးေတြကို အေရာင္စံု… အနံ့စံု… အရြယ္အစားအစံုရနိုင္ျပီး မိန္းမကိုယ္သာမက စအိုနဲ႕ ဆက္ဆံျခင္းေတြမွာလည္း သံုးလို႔ရပါတယ္…။ ကိုယ္၀န္ရနိုင္ေခ်ကိုလည္း 98% ေလာက္ထိတားနိုင္တယ္ ဆိုပါတယ္္..။
ဒါေပမယ့္ သင့္ရဲ႕သံုးပံုသံုးနည္း မွန္ကန္စနစ္က်ဖို႕ေတာ့ အေရးၾကီးပါတယ္..။ ေအာက္မွာ ေဖာ္ျပေပးမွာကေတာ့ ကြန္ဒံုးေတြကို ဘယ္လိုစနစ္တက် မွန္မွန္ကန္ကန္ အသံုးျပဳမလဲဆိုတာပါပဲ..။
(1) ကြန္ဒံုးအိတ္ေပၚမွာရွိတဲ႕ သက္တမ္းကုန္ဆံုးရက္နဲ႕ ကြန္ဒံုးေပၚမွာ အေပါက္အျပဲရွိမရွိေသခ်ာစစ္ပါ..
ကြန္ဒံုးအိတ္ ဒါမွမဟုတ္ ကြန္ဒံုးမွာ အေပါက္အျပဲအပ်က္အစီးရွိေနတယ္ဆိုရင္ … လံုး၀မသံုးသင့္ပါဘူး.။ ပ်က္စိးေနတဲ႕ ဒါမွမဟုတ္ သက္တမ္းကုန္ေနတဲ႕ ကြန္ဒံုးကိုသံုးတာက မလိုခ်င္တဲ႕ကိုယ္၀န္နဲ႕ လိင္ကတဆင့္ကူးစက္တတ္တဲ႕ေရာဂါဆိုးေတြကို လက္ယပ္ေခၚေနသလိုပါပဲ..။
(2) အထုပ္ကို ေသခ်ာဖြင့္ျပီး ကြန္ဒံုးကို ထုတ္ပါ
ကြန္ဒံုးထုပ္ကို ဂရုတစိုက္ဖြင့္ျပီးတဲ႕အခါ သင့္လက္နဲ႕ ေသခ်ာထုတ္ယူပါ..။ သြားနဲ႕ကိုက္ေဖာက္တာ…. ကတ္ေၾကးနဲ႕ညွပ္ျပီးဖြင့္တာမ်ိဴးဟာ ကြန္ဒံုးကို ပ်က္ဆီးေစနိုင္လို႕ ေရွာင္သင့္ပါတယ္…။
(3) သင့္လိင္တံမာေအာင္ေစာင့္ျပီး ကြန္ဒံုးကိုစြပ္ပါ
ကြန္ဒံုးကို စြပ္တဲ႕အခ်ိန္မွာ သင့္လိင္တံ ထိုက္သင့္သေလာက္မာေနပါေစ..။ စြပ္တဲ႕အခါ ကြန္ဒံုးနဲ႕ သင့္လိင္တံၾကားမွာ ေလခိုမေနေစဖို႕အတြက္ ….. ကြန္ဒံုးရဲ႕ထိပ္ကို ဖိျပီးမွ ပြင့္ေနတဲ႕ ကြန္ဒံုးအ၀ကေန သင့္လိင္တံမွာစြပ္ပါ…။
(4) ေရဓာတ္ကိုအေျခခံတဲ႕ ေခ်ာဆီသုတ္ရင္သုတ္ပါ… ဆီကိုအေျခခံတဲ႕ ေခ်ာဆီ ဒါမွမဟုတ္ ဆီမွန္သမ်ွကိုေရွာင္ပါ….
လိင္ဆက္ဆံခ်ိန္ၾကာတဲ႕အခါ ပြတ္တိုက္မွူေတြျဖစ္ျပီး မေတာ္တဆကြန္ဒံုးေပါက္တာမ်ိဴးျဖစ္နိုင္ပါတယ္..။ ဒါကိုေရွာင္နိုင္ဖို႕ ေရဓာတ္ကို အေျခခံတဲ့ ေခ်ာဆီ ဥပမာ KY jelly လိုမ်ိဴးကို သံုးေပးနိုင္ပါတယ္…။ ေနာက္ပိုင္းထုတ္ ကြန္ဒံုးေတာ္ေတာ္မ်ားမ်ားမွာေတာ့ ေခ်ာဆီပါတြဲရက္ပါျပီးသားမို႕ သီးသန့္ေခ်ာဆီမသံုးလဲရပါတယ္..။ အထူးသတိျပဳရမွာကေတာ့ ဆီဓာတ္ကို အေျခခံတဲ႕ ေခ်ာဆီကို မသံုးမိဖို႕ပါပဲ..။ သံလြင္ဆီအပါအ၀င္ ဘယ္ဆီကိုမွ မသံုးသင့္ပါဘူး..။ ဒီလိုသံုးျခင္းဟာ ပိုျပီး ကြန္ဒံုးကို လြယ္လြယ္ကူကူ ေတာင္ ေပါက္ေစနိုင္ပါတယ္..။
(5) လိင္ဆက္ဆံခ်ိန္တစ္ေလ်ွာက္လံုး ကြန္ဒံုးကိုသံုးပါ
သုတ္ရည္ထြက္ထြက္မထြက္ထြက္ သင္လိင္ဆက္ဆံခ်ိန္တိုင္းကြန္ဒံုးကို သံုးသင့္ပါတယ္္..။
သုတ္ရည္မထြက္ေပမယ့္ အရည္ၾကည္မွာေတာင္ သုတ္ပိုးပါနိုင္တဲ႕အတြက္ ကြန္ဒံုးမသံုးရင္ ကိုယ္၀န္ရနိုင္သလို ေရာဂါပိုးေတြကူးစက္နိုင္လို႕ လိင္ဆက္ဆံခ်ိန္အစကေန အဆံုးအထိ ကြန္ဒံုးကို မျဖစ္မေနသံုးဖို႕လိုအပ္ပါတယ္..။
(6) ခ်ြတ္တဲ႕အခါ သတိျပဳပါ
သင္လိင္ဆက္ဆံမွူ ျပီးဆံုးလို႕ ျဖစ္ျဖစ္… လိင္ဆက္ဆံခ်ိန္ ၾကာလို႕ ေနာက္ကြန္ဒံုးတစ္ခုလဲတဲ႔အခါျဖစ္ျဖစ္…ကြန္ဒံုးကို ခ်ြတ္တဲ႕အခါ ကြန္ဒံုးရဲ႕ ကြင္းအမာဖက္ကေန ေအာက္ကို ေျဖးေျဖးခ်င္းဆင္းျပီး လက္တစ္ဖက္က သင့္လိင္တံကိုကိုင္ျပီး ဆြဲခ်ြတ္ပါ.။ ဒီလိုခ်ြတ္တဲ႕အခါ ကြန္ဒံုးထဲက အရည္ေတြ မလ်ွံထြက္သြားေစဖို႕ ဂရုစိုက္ပါ..။
(7) အမွိူက္ပံုးထဲ မပစ္ခင္ခ်ည္ပါ
ခ်ြတ္ျပီးတဲ႕ ကြန္ဒံုးကို ကြင္းအမာဖက္ကေန ပိတ္ခ်ည္ျပီး အမွိူက္ပံုးထဲကို စနစ္တက်စြန့္ပစ္ပါ..။ စြန့္ပစ္ျပီးတဲ႕ေနာက္ သင့္လက္ကို ဆပ္ျပာ ေရတို႕နဲ႕ ေသခ်ာသန့္စင္ပါ..။
(8) နွစ္ထပ္မစြပ္ပါနဲ႕
တခ်ိဴ႕ေတြ လြဲမွားစြာ ယူဆၾကတာက ကြန္ဒံုးနွစ္ထပ္သံုးရင္ ပိုအႏၱရာယ္ကင္းမယ္လို႕ ထင္ၾကတာပါပဲ..။ လက္ေတြ့မွာေတာ့ ဒါက ပိုမကာကြယ္နိုင္တဲ႕အျပင္ ကြန္ဒံုးကို ပိုေပါက္လြယ္ေစတာမို႕ မလုပ္သင့္ပါဘူး..။
(9) ေနာက္တစ္ၾကိမ္ လိင္ဆက္ဆံရင္ ကြန္ဒံုးအသစ္ကိုပဲ သံုးပါ
တကယ္လို႕ သင္နဲ႕ သင့္အေဖာ္က ေနာက္တစ္ၾကိမ္လိင္ဆက္ဆံဖို႕ ဆႏၵရွိေနတယ္ဆိုရင္ …ေနာက္ထပ္ ကြန္ဒံုးအသစ္ကိုသံုးပါ..။ သုတ္ရည္ထြက္ထြက္မထြက္ထြက္… ဘယ္အခ်ိန္လိင္ဆက္ဆံမွူကိုလုပ္လုပ္ ကြန္ဒံုးအသစ္ကိုသာ သံုးပါ..။ ဒါမွသာ အႏၱရာယ္နည္းပါးတဲ႕ လိင္ဆက္ဆံမွူကို သင္ပိုင္ဆိုင္နိုင္မွာပါ..။
ေမတၱာျဖင့္
ေဒါက္တာ စိမ္းမိုးစက္