ကိုယ်ဝန်စစ်တဲ့ ဆီးစစ်တံကိုဘယ်လိုသုံးမလဲ ?
ကိုယ်ဝန်ရှိမရှိစစ်တဲ့ နည်းလမ်းတွေထဲမှာ ဆီးစစ်တဲ့အတံကတော့ အရမ်းအသုံးဝင်ပြီး လူကြိုက်များတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သုံးရတာလွယ်ကူတာ၊ အကုန်အကျနည်းတာ၊ မြန်ဆန်တာ၊ တိကျတာ၊ ကိုယ့်ဟာကိုလုပ်နိုင်တာတွေကြောင့်လူသုံးများကြပါတယ်။ သို့သော် ဘယ်လောက်လွယ်ကူတဲ့နည်းဖြစ်ပေမယ့် သေချာမသုံးရင်တော့ မှားယွင်းတဲ့အဖြေတွေထွက်လာနိုတဲ့အတွက် သေချာစွာသုံးစွဲဖို့လိုပါတယ်။
ဆီးစစ်တဲ့အခါမှာ ဘယ်အချိန်မှာရတဲ့ဆီးနဲ့စစ်စစ်အဆင်ပြေပါတယ်။ သို့သော်ပိုမိုကောင်းမွန်တာကတော့ မနက်စောစော ပထမဦးဆုံးရတဲ့ဆီးကို ပိုပြီးသုံးသင့်ပါတယ်။ သုံးတော့မယ်ဆိုရင် ရက်လွန်နေလား၊ ပေါက်ပြဲနေလား၊ နေရောင်ထဲမှာအကြာကြီးထားမိသလား စတာတွေကို အရင်ဆုံးစစ်ဆေးရပါမယ်။ ထုတ်ကုန်မကောင်းရင် အဖြေကလည်းမှားယွင်းနိုင်ပါတယ်။
စိတ်ချရပြီဆိုရင်တော့ စစ်ဆေးရတော့မှာဖြစ်ပါတယ်။ အရင်ဆုံးသန့်ရှင်းတဲ့ခွက်တစ်ခုထဲကို ဆီးပေါက်ထည့်ရပါမယ်။ ဆီးသွားပြီးရင် ဆီးစစ်တံကိုဖောက်ပြီးစစ်ဆေးနိုင်ပါတယ်။ ဆီးစစ်တံကို ကိုင်ရာမှာတော့ အရောင်ခြယ်ထားတဲ့နေရာကနေကိုင်ရပါမယ်။ ဒေါင်လိုက်ကိုင်ရမှာဖြစ်ပြီး ဆီးထဲကိုတည့်မတ်စွာနှစ်ချရပါမယ်။ နှစ်ချရင်လည်း lineကိုမကျော်အောင်သတိထားပြီးနှစ်ချရပါမယ်။ lineကျော်သွားရင်တော့ အဖြေမှားနိုင်ပါတယ်။
နှစ်ချပြီးရင် 5secondခန့်နှစ်ထားရပါမယ်။ အချိန်စေ့ပြီဆိုရင်တော့ သန့်ရှင်းတဲ့နေရာတစ်ခုမှာ ထားပြီးအဖြေစောင့်လို့ရတဲ့အဆင့်ရောက်ပါတယ်။ 10minutesခန့်စောင့်ပြီးရင်တော့ အဖြေရပြီဖြစ်ပါတယ်။
အဖြေဖတ်ရာမှာတော့ တစ်ကြောင်းပေါ်လား၊ နှစ်ကြောင်းပေါ်လာကို ဖတ်ရမှာဖြစ်ပါတယ်။ တစ်ကြောင်းပေါ်ရင်ကိုယ်ဝန်မရှိပဲ နှစ်ကြောင်းပေါ်ရင်တော့ ကိုယ်ဝန်ရှိနိုင်ခြေများပါတယ်။ ဆီးစစ်တဲ့ရဲ့သဘောတရားက ဆီးထဲမှာhuman chirionic gonadotrophin(hCG)ဆိုတဲ့ ဟော်မုန်းရှိရင် နှစ်ကြောင်းပေါ်တာဖြစ်ပါတယ်။ hCGတွေ့တဲ့အဖြစ်အများဆုံးအကြောင်းရင်းကတော့ ကိုယ်ဝန်ရှိနေတာဖြစ်လို့ နှစ်ကြောင်းပေါ်တာနဲ့ကိုယ်ဝန်ရှိတယ်လို့ဆိုကြပြီး ကိုယ်ဝန်မရှိပဲနှစ်ကြောင်းပေါ်နေရင်တော့ hCGထွက်နေတဲ့အခြားအကြောင်ယတွေကိုစဉ်းစားရပါမယ်။
ဆီးစစ်တံမှာအဖြေထွက်တာမျိုးစုံဖြစ်နိုင်ပြီး အနည်းဆုံးတစ်ကြောင်းတော့ သေချာပေါက်ပေါ်ရမှာဖြစ်ပါတယ်။ အဆိုပါlineကို control line လို့ခေါ်ပြီး ဆီးစစ်တာနဲ့ပေါ်လာပါတယ်။ တစ်ကြောင်းမှမပေါ်ရင်တော့ မှားနေတာဖြစ်လို့ထပ်စစ်ရပါမယ်။ နှစ်ကြောင်းပေါ်နေရင်တော့ ကိုယ်ဝန်ရှိနိုင်ပါပြီ။ တစ်ခါတစ်လေcontrol lineကမပေါ်ပဲ နောက် line က ပေါ်နေပါတယ်။ ထိုအဖြေကတော့ ကိုယ်ဝန်မရှိဘူးလို့မပြောနိုင်သလိုရှိတယ်လည်းမပြောနိုင်လို့ ပြန်စစ်ရမှာပဲဖြစ်ပါတယ်။
ဆီးစစ်တာကတော့ လွယ်ကူပြီးမြန်ဆန်တယ်ဆိုပေမယ့် သေချာစွာသုံးစွဲမှသာ မှန်ကန်ပြီးစိတ်ချရမှာဖြစ်ပါတယ်။
Dr. ZZ
ကိုယ္ဝန္စစ္တဲ့ ဆီးစစ္တံကိုဘယ္လိုသုံးမလဲ ?
ကိုယ္ဝန္ရွိမရွိစစ္တဲ့ နည္းလမ္းေတြထဲမွာ ဆီးစစ္တဲ့အတံကေတာ့ အရမ္းအသုံးဝင္ၿပီး လူႀကိဳက္မ်ားတဲ့နည္းလမ္းတစ္ခုျဖစ္ပါတယ္။ သုံးရတာလြယ္ကူတာ၊ အကုန္အက်နည္းတာ၊ ျမန္ဆန္တာ၊ တိက်တာ၊ ကိုယ့္ဟာကိုလုပ္ႏိုင္တာေတြေၾကာင့္လူသုံးမ်ားၾကပါတယ္။ သို႔ေသာ္ ဘယ္ေလာက္လြယ္ကူတဲ့နည္းျဖစ္ေပမယ့္ ေသခ်ာမသုံးရင္ေတာ့ မွားယြင္းတဲ့အေျဖေတြထြက္လာႏိုတဲ့အတြက္ ေသခ်ာစြာသုံးစြဲဖို႔လိုပါတယ္။
ဆီးစစ္တဲ့အခါမွာ ဘယ္အခ်ိန္မွာရတဲ့ဆီးနဲ႔စစ္စစ္အဆင္ေျပပါတယ္။ သို႔ေသာ္ပိုမိုေကာင္းမြန္တာကေတာ့ မနက္ေစာေစာ ပထမဦးဆုံးရတဲ့ဆီးကို ပိုၿပီးသုံးသင့္ပါတယ္။ သုံးေတာ့မယ္ဆိုရင္ ရက္လြန္ေနလား၊ ေပါက္ၿပဲေနလား၊ ေနေရာင္ထဲမွာအၾကာႀကီးထားမိသလား စတာေတြကို အရင္ဆုံးစစ္ေဆးရပါမယ္။ ထုတ္ကုန္မေကာင္းရင္ အေျဖကလည္းမွားယြင္းႏိုင္ပါတယ္။
စိတ္ခ်ရၿပီဆိုရင္ေတာ့ စစ္ေဆးရေတာ့မွာျဖစ္ပါတယ္။ အရင္ဆုံးသန႔္ရွင္းတဲ့ခြက္တစ္ခုထဲကို ဆီးေပါက္ထည့္ရပါမယ္။ ဆီးသြားၿပီးရင္ ဆီးစစ္တံကိုေဖာက္ၿပီးစစ္ေဆးႏိုင္ပါတယ္။ ဆီးစစ္တံကို ကိုင္ရာမွာေတာ့ အေရာင္ျခယ္ထားတဲ့ေနရာကေနကိုင္ရပါမယ္။ ေဒါင္လိုက္ကိုင္ရမွာျဖစ္ၿပီး ဆီးထဲကိုတည့္မတ္စြာႏွစ္ခ်ရပါမယ္။ ႏွစ္ခ်ရင္လည္း lineကိုမေက်ာ္ေအာင္သတိထားၿပီးႏွစ္ခ်ရပါမယ္။ lineေက်ာ္သြားရင္ေတာ့ အေျဖမွားႏိုင္ပါတယ္။
ႏွစ္ခ်ၿပီးရင္ 5secondခန႔္ႏွစ္ထားရပါမယ္။ အခ်ိန္ေစ့ၿပီဆိုရင္ေတာ့ သန႔္ရွင္းတဲ့ေနရာတစ္ခုမွာ ထားၿပီးအေျဖေစာင့္လို႔ရတဲ့အဆင့္ေရာက္ပါတယ္။ 10minutesခန႔္ေစာင့္ၿပီးရင္ေတာ့ အေျဖရၿပီျဖစ္ပါတယ္။
အေျဖဖတ္ရာမွာေတာ့ တစ္ေၾကာင္းေပၚလား၊ ႏွစ္ေၾကာင္းေပၚလာကို ဖတ္ရမွာျဖစ္ပါတယ္။ တစ္ေၾကာင္းေပၚရင္ကိုယ္ဝန္မရွိပဲ ႏွစ္ေၾကာင္းေပၚရင္ေတာ့ ကိုယ္ဝန္ရွိႏိုင္ေျခမ်ားပါတယ္။ ဆီးစစ္တဲ့ရဲ႕သေဘာတရားက ဆီးထဲမွာhuman chirionic gonadotrophin(hCG)ဆိုတဲ့ ေဟာ္မုန္းရွိရင္ ႏွစ္ေၾကာင္းေပၚတာျဖစ္ပါတယ္။ hCGေတြ႕တဲ့အျဖစ္အမ်ားဆုံးအေၾကာင္းရင္းကေတာ့ ကိုယ္ဝန္ရွိေနတာျဖစ္လို႔ ႏွစ္ေၾကာင္းေပၚတာနဲ႔ကိုယ္ဝန္ရွိတယ္လို႔ဆိုၾကၿပီး ကိုယ္ဝန္မရွိပဲႏွစ္ေၾကာင္းေပၚေနရင္ေတာ့ hCGထြက္ေနတဲ့အျခားအေၾကာင္ယေတြကိုစဥ္းစားရပါမယ္။
ဆီးစစ္တံမွာအေျဖထြက္တာမ်ိဳးစုံျဖစ္ႏိုင္ၿပီး အနည္းဆုံးတစ္ေၾကာင္းေတာ့ ေသခ်ာေပါက္ေပၚရမွာျဖစ္ပါတယ္။ အဆိုပါlineကို control line လို႔ေခၚၿပီး ဆီးစစ္တာနဲ႔ေပၚလာပါတယ္။ တစ္ေၾကာင္းမွမေပၚရင္ေတာ့ မွားေနတာျဖစ္လို႔ထပ္စစ္ရပါမယ္။ ႏွစ္ေၾကာင္းေပၚေနရင္ေတာ့ ကိုယ္ဝန္ရွိႏိုင္ပါၿပီ။ တစ္ခါတစ္ေလcontrol lineကမေပၚပဲ ေနာက္ line က ေပၚေနပါတယ္။ ထိုအေျဖကေတာ့ ကိုယ္ဝန္မရွိဘူးလို႔မေျပာႏိုင္သလိုရွိတယ္လည္းမေျပာႏိုင္လို႔ ျပန္စစ္ရမွာပဲျဖစ္ပါတယ္။
ဆီးစစ္တာကေတာ့ လြယ္ကူၿပီးျမန္ဆန္တယ္ဆိုေပမယ့္ ေသခ်ာစြာသုံးစြဲမွသာ မွန္ကန္ၿပီးစိတ္ခ်ရမွာျဖစ္ပါတယ္။
Dr. ZZ