သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းပြန်လည်ထုတ်ယူရာတွင် သိရှိရမည့် အချက်များ
ခေတ်ကြီးဟာ တစ်ဆတစ်ဆတိုးတက်လာတာနဲ့အညီ စီးပွားရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေး တင်မက မျိုးဆက်ပြန့်ပွားရေးမှာပါ လိုအပ်သလို ပြုလုပ်နိုင်တဲ့ထိ အဆင်ပြေလှပါတယ်… ဒီလို မျိုးဆက်ပြန့်ပွားခြင်းနဲ့ ပတ်သတ်လို့.. အမျိုးသမီးတွေမှာ မလိုအပ်တဲ့ ကိုယ်ဝန်ကို မရရှိစေဖို့ရာ birth control pills ၊ injections ၊ sterilization၊ IUDs အစရှိတဲ့ သန္ဓေတားမှု ပုံစံတွေကို အသုံးပြုလာကြပါတယ်…
ဒီထဲမှာက IUDs လို့ ခေါ်တဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ပြန်လာ ထုတ်ယူရာမှာ သိရှိရမယ့် အချက်များကို ပြောပြချင်ပါတယ်…
IUD ဆိုတာ အားလုံးသိကြတဲ့ အတိုင်း သေးငယ်တဲ့ သန္ဓေတား ပစ္စည်းလေး တစ်ခုပါပဲ…ပုံစံအားဖြင့် အင်္ဂလိပ် အက္ခရာ T (တီ) ပုံလေး ဖြစ်ပါတယ်.. ဒီလို IUD တွေဟာဆိုရင် Copper IUD နဲ့ hormonal IUD ဆိုပြီး အမျိုးအစားကွဲပြားပါတယ်..သူတို့တဲ့ လုပ်ဆောင်ချက်ကတော့ မျိုးဥနဲ့သုတ်ပိုးကို ချေဖျက် သေစေနိုင်အောင် ပြုလုပ်ခြင်းပါပဲ…
ဒီလို IUDsကို ပြန်လည် ထုတ်ယူဖို့ရာက ဘာအကြောင်းတရားတွေ ကြောင့်ပါလိမ့်?…
– ရင်သွေးယူဖို့ရာ အဆင်သင့်ဖြစ်ခြင်း
– IUDsနဲ့ ဓာတ်မတည့်ခြင်း
– သားအိမ်တွင်းထဲ ရောဂါတွေ့ရှိခြင်း
– မိမိကိုယ်၌က IUD ကို သဘောမကျခြင်းတွေအပြင်
– IUD တစ်ခုရဲ့ သက်တမ်းဟာ ၁၀ နှစ် ၅ နှစ် ၃နှစ် အစားစား ရှိတာမို့ သက်တမ်းကုန်သွားတဲ့အခါမှာတော့ ပြန်လည် ထုတ်ယူကာ အသစ် တစ်ခုကို အသုံးပြုခြင်းတို့ ဖြစ်ပါတယ်..
ဘယ်လို ထုတ်ယူမလဲ?
– IUD တွေဟာ ကြိုက်နှစ်သက်တဲ့ အချိန်မှာ ပြန်လည် ထုတ်ယူလို့ရပါတယ်… သို့သော် တိကျတဲ့ ထုတ်ယူမှုတော့ လိုအပ်ပါတယ်…မိမိကိုယ်တိုင် ထုတ်ယူတာမျိုး မပြုလုပ်သင့်ပါ.. လေ့လာမှုများအရ သင့်ရဲ့ ရာသီသွေးဆင်းချိန်မှာ သားအိမ်တွင်းသားနံရံတွေဟာ ပိုမိုပျော့ပျောင်းနေတတ်တာမို့.. ဒီလိုအချိန်မျိုးတွေမှာ ထုတ်ယူခြင်းဟာ ပိုလွယ်ကူပါတယ်..
ပထမဆုံး ထုတ်ယူတော့မယ်ဆိုပါက…
– ဆရာဝန်မှ သင့်ရဲ့ သားအိမ်လမ်းကြောင်းကို စမ်းသပ်ကြည့်ပါမယ်..
– speculum လို့ ခေါ်တဲ့ သင့်သားအိမ်ဝကို တွေ့စေနိုင်တဲ့ ပစ္စည်းဖြင့် မိန်းမကိုယ်ကို ချဲ့ထားပါမယ်..
– IUD strings ခေါ် ကြိုးစလေးကို ရှာရပါမယ်
– တွေ့ရှိပါက ညှပ်ဖြင့် ညင်သာစွာ နောက်သို့ ဆွဲယူ ထုတ်ခြင်းဖြင့်.. IUD ဟာ သားအိမ်ဝကနေ ဖြည်းညင်းစွာ ထွက်လာပါလိမ့်မယ်…
ဒီလို ပြန်လုပ်ထုတ်ယူတာဟာ နာကျင်မှုလည်း မရှိသလို အချိန်ခဏသာ ကြာပါတယ်.. သို့သော် တချို့သော အမျိုးသမီးတွေမှာ.. ကြိုးကို တိုတို ညှပ်လိုက်ခြင်းကြောင့် ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် သားအိမ်တွင်းထဲ ကြိုးပါ ဝင်သွားပြီး ရှာမတွေ့ တတ်တာမျိုး ဖြစ်တဲ့အခါမှာတော့ ပိုမိုသေးငယ်တဲ့ forceps တွေ clamps တွေ အသုံးပြုပြီး ထုတ်ယူရတတ်ပါတယ်…
ဒ့ါပြင် ရှားရှားပါးပါး တခါတရံမှာ IUD က အရမ်းကြပ်ပြီး ထုတ်ယူမရတတ်တာမျိုး ဖြစ်တတ်ပါတယ်… ဒီအခါမှာ သားအိမ်တွင်းတွင် ပစ္စည်းကျန်သေးကြောင်း သေချာအောင် ultrasound ၊ X ray ၊ သားအိမ်တွင်း မှန်ပြောင်းဖြင့် ကြည့်ခြင်း စတဲ့ လိုအပ်တာတွေ ပြုလုပ်ရပါမယ်… ထိုမှ တဆင့် IUD အား တွေ့ရှိပါက အထက်မှာ ပြောခဲ့သလို သေချာစွာ ပြန်လည် ထုတ်ယူနိုင်ပါပြီ..လိုအပ်ပါက နာကျင်ခြင်း မရှိစေရန် လိုအပ်တဲ့ ထုံဆေးကို အသုံးပြုပေးပါလိမ့်မယ်..
အကယ်၍ မိမိဟာ IUD မှ တခြားသော သန္ဓေတားမှု ပုံစံပြောင်းခြင်း(သောက်ဆေးသို့ ပြောင်းခြင်း) (သို့) ရင်သွေးရဖို့ ကြိုးစားခြင်း စတဲ့ အရာတွေကိုတော့ သက်ဆိုင်တဲ့ ဆရာဝန်ဆီမှာ schedule အချိန်ဇယားကို သေချာစွာ ဆွေးနွေးနိုင်ပါတယ်…
သာယာလှပတဲ့ အိမ်ထောင်မှုနှင့် ကျန်းမာပျော်ရွှင်သော အမျိုးသမီးများဘဝကို ပိုင်ဆျုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….
ပိုင်နီမောင်
သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းျပန္လည္ထုတ္ယူရာတြင္ သိ႐ွိရမည့္ အခ်က္မ်ား
ေခတ္ႀကီးဟာ တစ္ဆတစ္ဆတိုးတက္လာတာနဲ႔အညီ စီးပြားေရး၊ ေနထိုင္စားေသာက္ေရး၊ သြားလာေရး တင္မက မ်ိဳးဆက္ျပန္ ့ပြားေရးမွာပါ လိုအပ္သလို ျပဳလုပ္ႏိုင္တဲ့ထိ အဆင္ေျပလွပါတယ္... ဒီလို မ်ိဳးဆက္ျပန္႔ပြားျခင္းနဲ႔ ပတ္သတ္လို႔.. အမ်ိဳးသမီးေတြမွာ မလိုအပ္တဲ့ ကုိယ္ဝန္ကုိ မရ႐ွိေစဖို႔ရာ birth control pills ၊ injections ၊ sterilization၊ IUDs အစ႐ွိတဲ့ သေႏၶတားမႈ ပံုစံေတြကို အသံုးျပဳလာၾကပါတယ္...
ဒီထဲမွာက IUDs လို႔ ေခၚတဲ့ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း ျပန္လာ ထုတ္ယူရာမွာ သိ႐ွိရမယ့္ အခ်က္မ်ားကို ေျပာျပခ်င္ပါတယ္...
IUD ဆိုတာ အားလံုးသိၾကတဲ့ အတိုင္း ေသးငယ္တဲ့ သေႏၶတား ပစၥည္းေလး တစ္ခုပါပဲ...ပံုစံအားျဖင့္ အဂၤလိပ္ အကၡရာ T (တီ) ပံုေလး ျဖစ္ပါတယ္.. ဒီလို IUD ေတြဟာဆိုရင္ Copper IUD နဲ႔ hormonal IUD ဆိုၿပီး အမ်ိဳးအစားကဲြျပားပါတယ္..သူတို႔တဲ့ လုပ္ေဆာင္ခ်က္ကေတာ့ မ်ိဳးဥနဲ႔သုတ္ပိုးကို ေခ်ဖ်က္ ေသေစႏိုင္ေအာင္ ျပဳလုပ္ျခင္းပါပဲ...
ဒီလို IUDsကို ျပန္လည္ ထုတ္ယူဖို႔ရာက ဘာအေၾကာင္းတရားေတြ ေၾကာင့္ပါလိမ့္?...
- ရင္ေသြးယူဖို႔ရာ အဆင္သင့္ျဖစ္ျခင္း
- IUDsနဲ႔ ဓာတ္မတည့္ျခင္း
- သားအိမ္တြင္းထဲ ေရာဂါေတြ႔႐ွိျခင္း
- မိမိကုိယ္၌က IUD ကို သေဘာမက်ျခင္းေတြအျပင္
- IUD တစ္ခုရဲ႕ သက္တမ္းဟာ ၁၀ ႏွစ္ ၅ ႏွစ္ ၃ႏွစ္ အစားစား ႐ွိတာမို႔ သက္တမ္းကုန္သြားတဲ့အခါမွာေတာ့ ျပန္လည္ ထုတ္ယူကာ အသစ္ တစ္ခုကို အသံုးျပဳျခင္းတို႔ ျဖစ္ပါတယ္..
ဘယ္လို ထုတ္ယူမလဲ?
- IUD ေတြဟာ ႀကိဳက္ႏွစ္သက္တဲ့ အခ်ိန္မွာ ျပန္လည္ ထုတ္ယူလို႔ရပါတယ္... သို႔ေသာ္ တိက်တဲ့ ထုတ္ယူမႈေတာ့ လိုအပ္ပါတယ္...မိမိကုိယ္တိုင္ ထုတ္ယူတာမ်ိဳး မျပဳလုပ္သင့္ပါ.. ေလ့လာမႈမ်ားအရ သင့္ရဲ႕ ရာသီေသြးဆင္းခ်ိန္မွာ သားအိမ္တြင္းသားနံရံေတြဟာ ပိုမိုေပ်ာ့ေပ်ာင္းေနတတ္တာမို႔.. ဒီလိုအခ်ိန္မ်ိဳးေတြမွာ ထုတ္ယူျခင္းဟာ ပုိလြယ္ကူပါတယ္..
ပထမဆံုး ထုတ္ယူေတာ့မယ္ဆိုပါက...
- ဆရာဝန္မွ သင့္ရဲ႕ သားအိမ္လမ္းေၾကာင္းကို စမ္းသပ္ၾကည့္ပါမယ္..
- speculum လို႔ ေခၚတဲ့ သင့္သားအိမ္ဝကို ေတြ႔ေစႏိုင္တဲ့ ပစၥည္းျဖင့္ မိန္းမကိုယ္ကို ခ်ဲ့ထားပါမယ္..
- IUD strings ေခၚ ႀကိဳးစေလးကို ႐ွာရပါမယ္
- ေတြ႔႐ွိပါက ညႇပ္ျဖင့္ ညင္သာစြာ ေနာက္သို႔ ဆဲြယူ ထုတ္ျခင္းျဖင့္.. IUD ဟာ သားအိမ္ဝကေန ျဖည္းညင္းစြာ ထြက္လာပါလိမ့္မယ္...
ဒီလို ျပန္လုပ္ထုတ္ယူတာဟာ နာက်င္မႈလည္း မ႐ွိသလို အခ်ိန္ခဏသာ ၾကာပါတယ္.. သို႔ေသာ္ တခ်ိဳ႕ေသာ အမ်ိဳးသမီးေတြမွာ.. ႀကိဳးကို တိုတို ညႇပ္လိုက္ျခင္းေၾကာင့္ ျဖစ္ေစ၊ အေၾကာင္းအမ်ဳိးမ်ိဳးေၾကာင့္ သားအိမ္တြင္းထဲ ႀကိဳးပါ ဝင္သြားၿပီး ႐ွာမေတြ႔ တတ္တာမ်ိဳး ျဖစ္တဲ့အခါမွာေတာ့ ပိုမိုေသးငယ္တဲ့ forceps ေတြ clamps ေတြ အသံုးျပဳၿပီး ထုတ္ယူရတတ္ပါတယ္...
ဒ့ါျပင္ ႐ွား႐ွားပါးပါး တခါတရံမွာ IUD က အရမ္းၾကပ္ၿပီး ထုတ္ယူမရတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္... ဒီအခါမွာ သားအိမ္တြင္းတြင္ ပစၥည္းက်န္ေသးေၾကာင္း ေသခ်ာေအာင္ ultrasound ၊ X ray ၊ သားအိမ္တြင္း မွန္ေျပာင္းျဖင့္ ၾကည့္ျခင္း စတဲ့ လိုအပ္တာေတြ ျပဳလုပ္ရပါမယ္... ထိုမွ တဆင့္ IUD အား ေတြ႕႐ွိပါက အထက္မွာ ေျပာခဲ့သလို ေသခ်ာစြာ ျပန္လည္ ထုတ္ယူႏိုင္ပါၿပီ..လိုအပ္ပါက နာက်င္ျခင္း မ႐ွိေစရန္ လိုအပ္တဲ့ ထံုေဆးကို အသံုးျပဳေပးပါလိမ့္မယ္..
အကယ္၍ မိမိဟာ IUD မွ တျခားေသာ သေႏၶတားမႈ ပံုစံေျပာင္းျခင္း(ေသာက္ေဆးသို႔ ေျပာင္းျခင္း) (သို႔) ရင္ေသြးရဖို႔ ႀကိဳးစားျခင္း စတဲ့ အရာေတြကိုေတာ့ သက္ဆိုင္တဲ့ ဆရာဝန္ဆီမွာ schedule အခ်ိန္ဇယားကို ေသခ်ာစြာ ေဆြးေႏြးႏိုင္ပါတယ္...
သာယာလွပတဲ့ အိမ္ေထာင္မႈႏွင့္ က်န္းမာေပ်ာ္ရႊင္ေသာ အမ်ိဳးသမီးမ်ားဘဝကို ပိုင္ဆ်ဳင္ၾကပါေစလို႔ ေတာင္းဆုေမတၱာျပဳလ်က္....
ပိုင္နီေမာင္