ချက်ကလေးကြွေချိန်တန် ပုံမှန်ဂရုစိုက်နိုင်စေဖို့
မွေးကင်းစကလေးများရဲ့ချက်မှာ မိခင်နဲ့ဆက်သွယ်တဲ့ချက်ကြိုးကိုဖြတ်ပြီးတဲ့အခါ ချက်ကြိုးအပိုင်းအစကလေး ကျန်နေခဲ့ပါတယ်။ ဒီချက်ကြိုးအပိုင်းလေးဟာ ပထမတစ်ရက်နှစ်ရက်မှာ စိုတိုတိုလေးဖြစ်နေပြီး တစ်ဖြည်းဖြည်းမည်းခြောက်လာပြီးနောက်ကြွေကျသွားမှာပဲ ဖြစ်ပါတယ်။
အဲ.. ဒီလိုအချိန်မှာ ချက်ကိုသန့်ရှင်းစွာမထားတဲ့အခါမှာ ချက်ကြိုးနေရာမှတစ်ဆင့် ပိုးဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ချက်နှင့်ချက်ကြိုးသန့်ရှင်းရေးကို ရေးသားတင်ပြလိုက်ပါတယ်။
ချက်ကြိုးအပိုင်းကလေးဟာ မွေးဖွားပြီ ၃ရက်မှ နှစ်ပတ် (၁၄ရက်) အတွင်းကြွေကျတတ်ပါတယ်။ ဒီကြားထဲမကြွေခင်အချိန်လေးမှာ ချက်ကိုသန့်ရှင်းအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။
၁။ ဘာမှ (ဘာမှ) မထည့်ပါနဲ့
ကြားဖူးနားဝအယူအဆအလွဲတွေအကြား မိခင်တို့ဗျာများပြီး နနွင်းသိပ်ခြင်း၊ အရက်ပျံလောင်းခြင်း၊ ဆေးမီးတိုများထည့်ခြင်း ပြုမိမယ်ဆိုရင် ပိုးဝင်ခြင်း၊ အနာကျက်နှေးခြင်းစသည်တို့ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်ကိုထိခိုက်နိုင်ပါတယ်။
၂။ ချက်ကြိုးလေးခြောက်သွေ့နေပါစေ
ချက်ကလေးကို စိုစွတ်ခြင်း အညစ်အကြေးပေရေခြင်းရှိပါက ချက်ချင်းသန့်စင်ပေးပါ။ ခြောက်သွေ့ခြင်းဟာ ချက်ကြိုးမြန်မြန်ဆန်ဆန်ကြွေခြင်းကို အားပေးစေမှာပါ။
၃။ ရေပတ်လောက်တိုက်ရင် လုံလောက်ပါပြီ။
အချို့မိဘများဟာ စိတ်လောပြီး ရေမြန်မြန်ချိုးပေးချင်တတ်ကြပါတယ်။ ဒီလိုချက်ကြိုးမကြွေခင်မှာတော့ တော်ရုံရေပတ်တိုက်ခြင်းအပြင်ပို၍မပြုလုပ်သင့်ပါဘူး။
၄။ သန့်ရှင်းသောရေ
ချက်ကြိုးဖုလေးဟာ စိုစွတ်ကပ်စေးနေတဲ့အတွက်သန့်ရှင်းချင်တယ်ဆိုရင် သန့်ရှင်းသောရေ၊ ရေကျက်အေးကဲ့သို့ ပွက်ပွက်ဆူအောင်ကျိုပြီးမှအအေးခံထားသောရေဖြင့်သာ သန့်ရှင်းပေးပါ။
၅။ မိခင်နို့ရည်
မိခင်နို့ရည်ရဲ့ အံ့မခန်း အစွမ်းတွေထဲမှာ ပိုးမွှားများအန္တရာယ်မှကာကွယ်နိုင်စွမ်းလဲရှိတယ်အတွက် ချက်ကလေး စီးကပ်စိုစွတ်နေတဲ့အခါ မိခင်နို့ရည်အနည်းငယ်ညှစ်ချ၍လည်း သန့်စင်ပေးနိုင်ပါတယ်။
အကယ်၍များ ကလေး၍ချက်ဟာ
၁။ နီရဲ ရောင်ရမ်းပြီးပူနေမယ်ဆိုရင်
၂။ ဝါဝါစိမ်းစိမ်း ပြည်တွေရှိနေရင်
၃။ အနံ့ဆိုးဆိုးများထွက်နေရင်
၄။ ကလေးငယ်မှာ အထက်ပါများနှင့်တကွ အဖျားတွဲလျက်ရှိနေမယ်ဆိုရင်တော့ နီးစပ်ရာကျန်းမာရေးဌာနမှာ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ခ်က္ကေလးေႂကြခ်ိန္တန္ ပံုမွန္ဂ႐ုစိုက္ႏိုင္ေစဖို႔
ေမြးကင္းစကေလးမ်ားရဲ့ခ်က္မွာ မိခင္နဲ႔ဆက္သြယ္တဲ့ခ်က္ႀကိဳးကိုျဖတ္ၿပီးတဲ့အခါ ခ်က္ႀကိဳးအပိုင္းအစကေလး က်န္ေနခဲ့ပါတယ္။ ဒီခ်က္ႀကိဳးအပိုင္းေလးဟာ ပထမတစ္ရက္ႏွစ္ရက္မွာ စိုတိုတိုေလးျဖစ္ေနၿပီး တစ္ျဖည္းျဖည္းမည္းေျခာက္လာၿပီးေနာက္ေႂကြက်သြားမွာပဲ ျဖစ္ပါတယ္။
အဲ.. ဒီလိုအခ်ိန္မွာ ခ်က္ကိုသန္႔႐ွင္းစြာမထားတဲ့အခါမွာ ခ်က္ႀကိဳးေနရာမွတစ္ဆင့္ ပိုးဝင္ၿပီး အသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိ ဒုကၡေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်က္ႏွင့္ခ်က္ႀကိဳးသန္႔႐ွင္းေရးကို ေရးသားတင္ျပလိုက္ပါတယ္။
ခ်က္ႀကိဳးအပိုင္းကေလးဟာ ေမြးဖြားၿပီ ၃ရက္မွ ႏွစ္ပတ္ (၁၄ရက္) အတြင္းေႂကြက်တတ္ပါတယ္။ ဒီၾကားထဲမေႂကြခင္အခ်ိန္ေလးမွာ ခ်က္ကိုသန္႔႐ွင္းေအာင္ ဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။
၁။ ဘာမွ (ဘာမွ) မထည့္ပါနဲ႔
ၾကားဖူးနားဝအယူအဆအလြဲေတြအၾကား မိခင္တို႔ဗ်ာမ်ားၿပီး နႏြင္းသိပ္ျခင္း၊ အရက္ပ်ံေလာင္းျခင္း၊ ေဆးမီးတိုမ်ားထည့္ျခင္း ျပဳမိမယ္ဆိုရင္ ပိုးဝင္ျခင္း၊ အနာက်က္ေႏွးျခင္းစသည္တို႔ျဖစ္ေပၚလာၿပီး အသက္အႏၲရာယ္ကိုထိခိုက္ႏိုင္ပါတယ္။
၂။ ခ်က္ႀကိဳးေလးေျခာက္ေသြ႔ေနပါေစ
ခ်က္ကေလးကို စိုစြတ္ျခင္း အညစ္အေၾကးေပေရျခင္း႐ွိပါက ခ်က္ခ်င္းသန္႔စင္ေပးပါ။ ေျခာက္ေသြ႔ျခင္းဟာ ခ်က္ႀကိဳးျမန္ျမန္ဆန္ဆန္ေႂကြျခင္းကို အားေပးေစမွာပါ။
၃။ ေရပတ္ေလာက္တိုက္ရင္ လံုေလာက္ပါၿပီ။
အခ်ိဳ႕မိဘမ်ားဟာ စိတ္ေလာၿပီး ေရျမန္ျမန္ခ်ိဳးေပးခ်င္တတ္ၾကပါတယ္။ ဒီလိုခ်က္ႀကိဳးမေႂကြခင္မွာေတာ့ ေတာ္ရံုေရပတ္တိုက္ျခင္းအျပင္ပို၍မျပဳလုပ္သင့္ပါဘူး။
၄။ သန္႔႐ွင္းေသာေရ
ခ်က္ႀကိဳးဖုေလးဟာ စိုစြတ္ကပ္ေစးေနတဲ့အတြက္သန္႔႐ွင္းခ်င္တယ္ဆိုရင္ သန္႔႐ွင္းေသာေရ၊ ေရက်က္ေအးကဲ့သို႔ ပြက္ပြက္ဆူေအာင္က်ိဳၿပီးမွအေအးခံထားေသာေရျဖင့္သာ သန္႔႐ွင္းေပးပါ။
၅။ မိခင္ႏို႔ရည္
မိခင္ႏို႔ရည္ရဲ႕ အံ့မခန္း အစြမ္းေတြထဲမွာ ပိုးမႊားမ်ားအႏၲရာယ္မွကာကြယ္ႏိုင္စြမ္းလဲ႐ွိတယ္အတြက္ ခ်က္ကေလး စီးကပ္စိုစြတ္ေနတဲ့အခါ မိခင္ႏို႔ရည္အနည္းငယ္ညႇစ္ခ်၍လည္း သန္႔စင္ေပးႏိုင္ပါတယ္။
အကယ္၍မ်ား ကေလး၍ခ်က္ဟာ
၁။ နီရဲ ေရာင္ရမ္းၿပီးပူေနမယ္ဆိုရင္
၂။ ဝါဝါစိမ္းစိမ္း ျပည္ေတြ႐ွိေနရင္
၃။ အနံ႔ဆိုးဆိုးမ်ားထြက္ေနရင္
၄။ ကေလးငယ္မွာ အထက္ပါမ်ားႏွင့္တကြ အဖ်ားတြဲလ်က္႐ွိေနမယ္ဆိုရင္ေတာ့ နီးစပ္ရာက်န္းမာေရးဌာနမွာ ျပသၿပီး ကုသမႈခံယူသင့္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ