ကလေးများဖျားနာလျှင်ရေပတ်တိုက်ခြင်း
ကလေးတွေဖျားနာရင် လူကြီးတွေထက်ပိုပြီး ဂရုစိုက်ရသလို ပိုပြီးလည်းအန္တရာယ်များတတ်ပါတယ်။ အရွယ်ရောက်ပြီးလူကြီးတွေတောင် မိမိရဲ့ရောဂါဝေဒနာကို တိတိကျကျမဖော်ပြနိုင်တဲ့ အချိန်တွေရှိတတ်ပါတယ်။ ကလေးတွေဖျားနာပြီဆိုရင်တော နေကောင်းမကောင်းလည်းမသိကြသလို သိရင်လည်းမပြောပြတတ်ကြပါဘူး။ လူကြီးတွေကပဲ ဂရုစိုက်ပြီးကြည့်ပေးရပါတယ်။ ကလေးတွေဖျားနာလာရင်၊အဖျားတာရှည်လာရင်၊ ခြစ်ခြစ်တောက်ပူနေရင်ဆေးရုံပြဖို့လိုပါတယ်။
ဆေးရုံမပြနိုင်သေးခင်မှာတော့ ရေပတ်တိုက်ပြီးယာယီကုသထားလို့ရပါတယ်။
ကလေးတွေအဖျားတက်ရင် ရေပတ်တိုက်ကြဖို့လမ်းညွှန်တာတွေ ကြားဖူးကြမှာပါ။ ဆေးမသောက်ခြင်တဲ့ကလေးတွေဖျားရင်၊ ဆေးမသောက်နိုင်ရင်၊ ဆေးမတိုက်နိင်သေးတဲ့အချိန်တွေကို ရေပတ်တိုက်ခိုင်းကြပါတယ်။ တခြားရေပတ်တိုက်နိုင်တဲ့ အချိန်တွေကတော့ အဖျားအရမ်းကြီးနေရင်(104F)ထက်များနေရင်၊ အဖျားကျဆေးသောက်ပြီးလို့မှမသက်သာသေးရင် ရေပတ်တိုက်လို့ရပါတယ်။ ရေပတ်တိုက်ရာမှာတော့ အဖျားကျရင်ပြီးရော အေးစက်နေတဲ့ရေနဲ့ရေပတ်တိုက်လိုက်လို့မရပါဘူး။ အဖျားလည်း။ ကျအောင် ကလေးလည်းခံသာတဲ့အနေအထားဖြစ်အောင် မှန်မှန်ကန်ကန်လုပ်နိုင်ဖို့လိုပါတယ်။
ရေပတ်တိုက်ရင်သုံးရတဲ့ရေကတော့ ရေပူလည်းမဟုတ်၊ ရေအေးလည်းမဟုတ်ပဲ သာမန်အနေအထားရှိတဲ့ရေကိုသုံးရပါမယ်။ ရေပတ်တိုက်ရင် အချိန်မိနစ် 20-30 လောက်ယူပြီးတိုက်ရပါမယ်။ တစ်ခေါက်နှစ်ခေါက်နဲ့ မပြီးပဲ ကိုယ်အပူချိန်ကျသွားတဲ့ထိ တိုက်ပေးရပါမယ်။ 20-30 မိနစ်ကျော်လာရင်ဖြစ်ဖြစ်၊ ကလေးကချမ်းလာတာ၊ တုန်လာတာတွေရှိရင်ဖြစ်ဖြစ်၊ အပူမကျသေးရင်ဖြစ်ဖြစ်ရပ်လိုက်ရပါမယ်။ ဆက်ပြီးတိုက်နေရင်လည်း အကျိုးမရှိတော့သလောက်သာဖြစ်ပါလိမ့်မယ်။
ရေပတ်တိုက်တဲ့အခါမှာကိုယ်ပေါ်ကို ပွတ်သပ်သုတ်သင်လိုက်ရုံနဲ့လည်း မပြီးသေးပါဘူး။ ချိုင်းကြား၊ ပေါင်ကြား၊ လည်းပင်းနေရာ၊ ဂုတ်စတဲ့နေရာတွေကိုပါအချိန်ယူပြီးသေသေချာချာတိုက်ပေးရပါမယ်။ ရေပတ်တိုက်လို့ဝသွားပြီဆိုရင်တော့ ခြောက်သွေ့အောင်ထားရပါမယ်။ ရေတွေကုန်အောင်သုတ်ပြီး နွေးနွေးထွေးထွေးထားရပါမယ်။
ရေပတ်တိုက်ပြီးအဖျားမကျသေးရင်တော့ ဆေးသောက်သင့်ရင်သောက်ရပါမယ်။ တစ်ခုသတိထားရမှာက ဆေးသောက်တာက ရေပတ်တိုက်တာထက်ပိုပြီးထိရောက်နိုင်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဆေးသောက်သင့်တာကို ဆေးမသောက်ပဲ ရေပတ်တွင်တွင်တိုက်နေတာကအဖျားမကျနိုင်သလို ဆေးရုံသွားဖို့နှောင့်နှေးနေရင်လည်း အန္တရာယ်ရှိပါတယ်။ ဆေးမတိုက်နိုင်သေးခင် ရှေးဦးပြုစုနည်းအနေနု့ပဲသုံးသင့်ပါတယ်။
အဖျားတက်နေရင် အဖျားကျအောင်တတ်နိုင်သမျှကြိုးစားပေးရမှာပါ။အဖျားအရမ်းကြီးလာရင် ရေဓာတ်ခန်းခြောက်တာတွေဖြစ်လာနိုင်ပါတယ်။ ကယောင်ကတမ်းပြောတာတွဖြစ်နိုင်သလို သတိလစ်တာတွေနဲ့တွဲ နေနိုင်ပါတယ်။ အဖျားကြီးလွန်ရးင်တော့ တက်တာတွေဖြစ်နိုင်ပြီးအချိန်မှီမကုသနိုင်ရင်တော့ အသက်ပါဆုံးနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေဖျားနေရင် တတ်နိုင်သလောက်အဖျားကျအောင်လုပ်သင့်ပါတယ်။ ဆေးအရင်တိုက်ပြီးစောင့်ကြည်ကာ အဖျားမကျရင်တော့ရေပတ်တိုက်သင့်ပါတယ်။ ရေပတ်တိုက်ပြီးမှမသက်သာရင်တော့ ဆေးရုံမှာကုသမှုခံယူပြီးနောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားကြရမှာဖြစ်ပါတယ်။
Dr. ZZ
ကေလးမ်ားဖ်ားနာလွ်င္ေရပတ္တိုက္ျခင္း
ကေလးေတြဖ်ားနာရင္ လူႀကီးေတြထက္ပိုၿပီး ဂ႐ုစိုက္ရသလို ပိုၿပီးလည္းအႏၲရာယ္မ်ားတတ္ပါတယ္။ အရြယ္ေရာက္ၿပီးလူႀကီးေတြေတာင္ မိမိရဲ႕ေရာဂါေဝဒနာကို တိတိက်က်မေဖာ္ျပႏိုင္တဲ့ အခိ်န္ေတြရိွတတ္ပါတယ္။ ကေလးေတြဖ်ားနာၿပီဆိုရင္ေတာ ေနေကာင္းမေကာင္းလည္းမသိၾကသလို သိရင္လည္းမေျပာျပတတ္ၾကပါဘူး။ လူႀကီးေတြကပဲ ဂ႐ုစိုက္ၿပီးၾကည့္ေပးရပါတယ္။ ကေလးေတြဖ်ားနာလာရင္၊အဖ်ားတာရွည္လာရင္၊ ျခစ္ျခစ္ေတာက္ပူေနရင္ေဆး႐ံုျပဖို႔လိုပါတယ္။
ေဆး႐ံုမျပႏိုင္ေသးခင္မွာေတာ့ ေရပတ္တိုက္ၿပီးယာယီကုသထားလို႔ရပါတယ္။
ကေလးေတြအဖ်ားတက္ရင္ ေရပတ္တိုက္ၾကဖို႔လမ္းၫႊန္တာေတြ ၾကားဖူးၾကမွာပါ။ ေဆးမေသာက္ျခင္တဲ့ကေလးေတြဖ်ားရင္၊ ေဆးမေသာက္ႏိုင္ရင္၊ ေဆးမတိုက္နိင္ေသးတဲ့အခ်ိန္ေတြကို ေရပတ္တိုက္ခိုင္းၾကပါတယ္။ တျခားေရပတ္တိုက္ႏိုင္တဲ့ အခ်ိန္ေတြကေတာ့ အဖ်ားအရမ္းႀကီးေနရင္(104F)ထက္မ်ားေနရင္၊ အဖ်ားက်ေဆးေသာက္ၿပီးလို႔မွမသက္သာေသးရင္ ေရပတ္တိုက္လို႔ရပါတယ္။ ေရပတ္တိုက္ရာမွာေတာ့ အဖ်ားက်ရင္ၿပီးေရာ ေအးစက္ေနတဲ့ေရနဲ႔ေရပတ္တိုက္လိုက္လို႔မရပါဘူး။ အဖ်ားလည္း။ က်ေအာင္ ကေလးလည္းခံသာတဲ့အေနအထားျဖစ္ေအာင္ မွန္မွန္ကန္ကန္လုပ္ႏိုင္ဖို႔လိုပါတယ္။
ေရပတ္တိုက္ရင္သံုးရတဲ့ေရကေတာ့ ေရပူလည္းမဟုတ္၊ ေရေအးလည္းမဟုတ္ပဲ သာမန္အေနအထားရိွတဲ႔ေရကိုသံုးရပါမယ္။ ေရပတ္တိုက္ရင္ အခ်ိန္မိနစ္ 20-30 ေလာက္ယူၿပီးတိုက္ရပါမယ္။ တစ္ေခါက္ႏွစ္ေခါက္နဲ႔ မၿပီးပဲ ကိုယ္အပူခ်ိန္က်သြားတဲ့ထိ တိုက္ေပးရပါမယ္။ 20-30 မိနစ္ေက်ာ္လာရင္ျဖစ္ျဖစ္၊ ကေလးကခ်မ္းလာတာ၊ တုန္လာတာေတြရိွရင္ျဖစ္ျဖစ္၊ အပူမက်ေသးရင္ျဖစ္ျဖစ္ရပ္လိုက္ရပါမယ္။ ဆက္ၿပီးတိုက္ေနရင္လည္း အက်ဳိးမရိွေတာ့သေလာက္သာျဖစ္ပါလိမ့္မယ္။
ေရပတ္တိုက္တဲ့အခါမွာကိုယ္ေပၚကို ပြတ္သပ္သုတ္သင္လိုက္႐ုံနဲ႔လည္း မၿပီးေသးပါဘူး။ ခ်ဳိင္းၾကား၊ ေပါင္ၾကား၊ လည္းပင္းေနရာ၊ ဂုတ္စတဲ့ေနရာေတြကိုပါအခ်ိန္ယူၿပီးေသေသခ်ာခ်ာတိုက္ေပးရပါမယ္။ ေရပတ္တိုက္လို႔ဝသြားၿပီဆိုရင္ေတာ့ ေျခာက္ေသြ႕ေအာင္ထားရပါမယ္။ ေရေတြကုန္ေအာင္သုတ္ၿပီး ေႏြးေႏြးေထြးေထြးထားရပါမယ္။
ေရပတ္တိုက္ၿပီးအဖ်ားမက်ေသးရင္ေတာ့ ေဆးေသာက္သင့္ရင္ေသာက္ရပါမယ္။ တစ္ခုသတိထားရမွာက ေဆးေသာက္တာက ေရပတ္တိုက္တာထက္ပိုၿပီးထိေရာက္ႏိုင္တယ္ဆိုတာကို သိထားဖို့လိုပါတယ္။ ေဆးေသာက္သင့္တာကို ေဆးမေသာက္ပဲ ေရပတ္တြင္တြင္တိုက္ေနတာကအဖ်ားမက်ႏိုင္သလို ေဆး႐ံုသြားဖို႔ေႏွာင့္ေႏွးေနရင္လည္း အႏၲရာယ္ရိွပါတယ္။ ေဆးမတိုက္ႏိုင္ေသးခင္ ေရွးဦးျပဳစုနည္းအေနႏု႔ပဲသံုးသင့္ပါတယ္။
အဖ်ားတက္ေနရင္ အဖ်ားက်ေအာင္တတ္ႏိုင္သမွ်ႀကိဳးစားေပးရမွာပါ။အဖ်ားအရမ္းႀကီးလာရင္ ေရဓာတ္ခန္းေျခာက္တာေတြျဖစ္လာႏိုင္ပါတယ္။ ကေယာင္ကတမ္းေျပာတာတြျဖစ္ႏိုင္သလို သတိလစ္တာေတြနဲ့တြဲ ေနႏိုင္ပါတယ္။ အဖ်ားႀကီးလြန္ရးင္ေတာ့ တက္တာေတြျဖစ္ႏိုင္ၿပီးအခ်ိန္မီွမကုသႏိုင္ရင္ေတာ့ အသက္ပါဆံုးႏိုင္တာျဖစ္ပါတယ္။
ဒါေၾကာင့္ ကေလးေတြဖ်ားေနရင္ တတ္ႏိုင္သေလာက္အဖ်ားက်ေအာင္လုပ္သင့္ပါတယ္။ ေဆးအရင္တိုက္ၿပီးေစာင့္ၾကည္ကာ အဖ်ားမက်ရင္ေတာ့ေရပတ္တိုက္သင့္ပါတယ္။ ေရပတ္တိုက္ၿပီးမွမသက္သာရင္ေတာ့ ေဆး႐ံုမွာကုသမႈခံယူၿပီးေနာက္ဆက္တြဲ ဆိုးက်ဳိးေတြကို ေရွာင္ရွားၾကရမွာျဖစ္ပါတယ္။
Dr. ZZ