မေမေတို့ဗိုက်ထဲကရင်သွေးလေးတွေ ဘယ်လိုကြီးထွားကြသလဲ

ဒီတစ်ခါဆောင်းပါးမှာတော့ မေမေတို့ ဖေဖေတို့သိချင်ကြမယ့် ရင်သွေးလေးတွေဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းရေးသားထားပါတယ်။ ကိုယ်ဝန်ပထမဆုံးလမှာ သန္ဓေအောင်ပြီးတဲ့သားဥဘေးမှာ ရေအိတ်လေးပေါ်လာပါတယ်။ အဲဒီအိတ်လေးကိုရေမြွာအိတ်လို့ခေါ်ပြီး အထဲမှာသန္ဓေသားကို ကူရှင်လို အထောက်အပံ့အကာအကွယ်ပေးတဲ့ ရေမြွာရေတွေရှိပါတယ်။ မိခင်ဆီက အစာအာဟာရတွေကိုသန္ဓေသားဆီကို ပို့ဆောင်ပေးတဲ့ အချင်းလည်းစတင်ဖြစ်ပေါ်လာပါတယ်။ မျက်လုံး၊ ပါးစပ်၊ အောက်မေး၊ လည်ပင်း စသည်တို့လည်း ဖြစ်ပေါ်လာပါတယ်။ သွေးလည်ပတ်မှုစတင်ပြီး နှလုံးလို့ပြောရမယ့် အရာသေးသေးလေးဟာ တစ်မိနစ်ကို ခြောက်ဆယ့်ငါးခါနုှန်းနဲ့စခုန်ပါတယ်။။ ကိုယ်ဝန်တစ်လမှာ ရင်သွေးလေးဟာ ဆန်စေ့အရွယ်လေးပဲရှိပါသေးတယ်။

ကိုယ်ဝန်နှစ်လမှာ သန္ဓေသားရဲ့ မျက်နှာအစိတ်အပိုင်းတွေပိုဖွံ့ဖြိုးလာပါတယ်။လက်၊ခြေထောက်အပြင် ဦးနှောက်အာရုံကြောအဖွဲ့အစည်း၊အစာခြေစနစ်၊ အာရုံခံစနစ်တွေလည်းဖွံ့ဖြိုးလာပါတယ်။ အရွယ်အစားကတော့ တစ်လက်မလောက်ရှိလာပြီး တစ်အောင်စရဲ့ သုံးဆယ်ပုံတစ်ပုံလောက် အလေးချိန်ရှိပါတယ်။

ကိုယ်ဝန်သုံးလမှာ မေမေတို့ရဲ့ ရင်သွေးလေးဟာ အတော်ရုပ်လုံးပေါ်လာပါတယ်။ကိုယ်ဝန်လေးလမှာတော့ မျိုးပွားအင်္ဂါအဖွဲ့အစည်းဟာ ပြည့်စုံစွာ ဖွံ့ဖြိုးပါတယ်။ဒါကြောင့် Ultrasound ကနေ သားလေးလား သမီးလေးလားဆိုတာကို မြင်နိုင်ပါတယ်။ နှလုံးခုန်သံကိုလည်း Doppler ကိုအသုံးပြုပြီး နားထောင်လို့ရပါပြီ။ ကလေးရဲ့ အရိုးတွေ သွားတွေလည်းပိုခိုင်လာပါတယ်။ ကလေးဟာ သူ့လက်မလေးသူစုပ်နိင်၊လက်ကလေးကိုဖြန့်ချည်ဆုပ်ချည်လုပ်နိုင်၊ သမ်းဝေနိုင်လာပါတယ်။

ကိုယ်ဝန်ငါးလမှာ ကလေးစလှုပ်ပါတယ်။ မေမေတို့အနေနဲ့ ကလေးလှုပ်တာကို ခံစားသိလာရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကြွက်သားလေးတွေပိုဖွံ့ဖြိုးလာလို့ပါ။ ဆံပင်လေးတွေလည်းစပေါက်လာပါတယ်။ ကိုယ်ဝန်ငါးလလောက်မှာ ကလေးဟာ ဆယ်လက်မအရွယ်လောက်ရှိနေပါပြီ။ ကိုယ်ဝန်ခြောက်လမှာတော့ ကလေးရဲ့မျက်လုံးလေးတွေစဖွင့်နိုင်ပါပြီ။ လက်ချောင်းလေးတွေ ခြေသည်းလေးတွေကအစ အသေးစိတ်ဖွံ့ဖြိုးလာပါတယ်။ ကိုယ်ဝန်ခြောက်လမှာ ကလေးဟာ ဆယ့်နှစ်လက်မလောက်အရွယ်အစားရှိပြီး နှစ်ပေါင်ဝန်းကျင် အလေးချိန်ရှိပါတယ်။

ကိုယ်ဝန်ခုနစ်လမှာ ကလေးရဲ့အကြားအာရုံကောင်းစွာ ဖွံ့ဖြိုးပါတယ်။ အပြင်က အသံ၊ နာကျင်မှု၊အလင်းရောင် စတဲ့လှုံ့ဆော်မှုတွေကို တုန့်ပြန်နိုင်ပါတယ်။အမေ့ရဲ့ ဗိုက်ထဲမှာပုံစံတစ်မျိုးကနေတစ်မျိုးပြောင်းပြီးနေတတ်နေပါပြီ။ ကိုယ်ဝန်ရှစ်လမှာတော့ ကလေးဟာ ပိုရင့်ကျက်ကြီးထွားလာပါတယ်။ ဦးနှောက်လည်းပိုမိုဖွံ့ဖြိုးလာပါတယ်။ ကလေးကလည်းပိုလှုပ်လာ ကန်လာတာကို ခံစားရပါလိမ့်မယ်။ အဆုတ်ကတော့ကောင်းစွာ မဖွံ့ဖြိုးသေးပါဘူး။ ကိုယ်ဝန်ရှစ်လမှာ ကလေးဟာ ဆယ့်ရှစ်လက်မအရွယ်အစားနဲ့ ငါးပေါင်လောက် အလေးချိန်ရှိလာပါပြီ။

ကိုယ်ဝန်ကိုးလမှာတော့ ကလေးငယ်ဟာ လောကကြီးထဲ တိုးဝင်ဖို့ အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ။ အဆုတ်ကလည်း အားလုံးပြည့်စုံလုနီးပါးဖွံ့ဖြိုးနေပါပြီ။ ရေမြွာတွေတဖြည်းဖြည်းနည်းပြီး နေရတာကြပ်လာတာကြောင့် အရင်ကလောက်တော့ ကလေးဟာ လှုပ်မှာမဟုတ်တော့ပါဘူး။ ပုံမှန်အားဖြင့်
မွေးဖွားချိန်နီးလာရင် အောက်ကိုတဖြည်းဖြည်းဆင်းလာပြီး မွေးလမ်းကြောင်းဘက်ကို ခေါင်းဦးတည်တဲ့အနေအထားနဲ့ရှိပါတယ်။ မွေးဖွားချိန်နီးတဲ့အထိ ကလေးဟာ ဆုံပိုင်းနဲ့ ဖြစ်နေရင်တော့ ရိုးရိုးမွေးရဖွားရမလွယ်ကူနိုင်ပဲ ခွဲစိတ်ပြီးမွေးရတတ်ပါတယ်။ ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်ကို မျှော်လင့်ပြီးတန်ဖိုးထားကြတဲ့ မိဘများအတွက် သန္ဓေသားကြီးထွားပုံအဆင့်ဆင့်ကို ခြုံငုံရေးသားလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်နိုင်ကြပါစေ…။

မောင်(ဆေး-၁)

ေမေမတို႔ဗိုက္ထဲကရင္ေသြးေလးေတြ ဘယ္လိုႀကီးထြားၾကသလဲ

ဒီတစ္ခါေဆာင္းပါးမွာေတာ့ ေမေမတို႔ ေဖေဖတို႔သိခ်င္ၾကမယ့္ ရင္ေသြးေလးေတြဘယ္လိုျဖစ္လာလဲဆိုတဲ့အေၾကာင္းေရးသားထားပါတယ္။ ကိုယ္ဝန္ပထမဆံုးလမွာ သေႏၶေအာင္ၿပီးတဲ့သားဥေဘးမွာ ေရအိတ္ေလးေပၚလာပါတယ္။ အဲဒီအိတ္ေလးကိုေရႁမြာအိတ္လို႔ေခၚၿပီး အထဲမွာသေႏၶသားကို ကူရွင္လို အေထာက္အပံ့အကာအကြယ္ေပးတဲ့ ေရႁမြာေရေတြရွိပါတယ္။ မိခင္ဆီက အစာအာဟာရေတြကိုသေႏၶသားဆီကို ပို႔ေဆာင္ေပးတဲ့ အခ်င္းလည္းစတင္ျဖစ္ေပၚလာပါတယ္။ မ်က္လံုး၊ ပါးစပ္၊ ေအာက္ေမး၊ လည္ပင္း စသည္တို႔လည္း ျဖစ္ေပၚလာပါတယ္။ ေသြးလည္ပတ္မႈစတင္ၿပီး ႏွလံုးလို႔ေျပာရမယ့္ အရာေသးေသးေလးဟာ တစ္မိနစ္ကို ေျခာက္ဆယ့္ငါးခါႏုွန္းနဲ႔စခုန္ပါတယ္။။ ကိုယ္ဝန္တစ္လမွာ ရင္ေသြးေလးဟာ ဆန္ေစ့အရြယ္ေလးပဲရွိပါေသးတယ္။

ကိုယ္ဝန္ႏွစ္လမွာ သေႏၶသားရဲ႕ မ်က္ႏွာအစိတ္အပိုင္းေတြပိုဖြံ႕ၿဖိဳးလာပါတယ္။လက္၊ေျခေထာက္အျပင္ ဦးေႏွာက္အာရံုေၾကာအဖြဲ႕အစည္း၊အစာေျခစနစ္၊ အာရံုခံစနစ္ေတြလည္းဖြံ႕ၿဖိဳးလာပါတယ္။ အရြယ္အစားကေတာ့ တစ္လက္မေလာက္ရွိလာၿပီး တစ္ေအာင္စရဲ႕ သံုးဆယ္ပံုတစ္ပံုေလာက္ အေလးခ်ိန္ရွိပါတယ္။

ကိုယ္ဝန္သံုးလမွာ ေမေမတို႔ရဲ႕ ရင္ေသြးေလးဟာ အေတာ္႐ုပ္လံုးေပၚလာပါတယ္။ကိုယ္ဝန္ေလးလမွာေတာ့ မ်ိဳးပြားအဂၤါအဖြဲ႕အစည္းဟာ ျပည့္စံုစြာ ဖြံ႕ၿဖိဳးပါတယ္။ဒါေၾကာင့္ Ultrasound ကေန သားေလးလား သမီးေလးလားဆိုတာကို ျမင္ႏိုင္ပါတယ္။ ႏွလံုးခုန္သံကိုလည္း Doppler ကိုအသံုးျပဳၿပီး နားေထာင္လို႔ရပါၿပီ။ ကေလးရဲ႕ အ႐ိုးေတြ သြားေတြလည္းပိုခိုင္လာပါတယ္။ ကေလးဟာ သူ႔လက္မေလးသူစုပ္နိင္၊လက္ကေလးကိုျဖန္႔ခ်ည္ဆုပ္ခ်ည္လုပ္ႏိုင္၊ သမ္းေဝႏိုင္လာပါတယ္။

ကိုယ္ဝန္ငါးလမွာ ကေလးစလႈပ္ပါတယ္။ ေမေမတို႔အေနနဲ႔ ကေလးလႈပ္တာကို ခံစားသိလာရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ႂကြက္သားေလးေတြပိုဖြံ႕ၿဖိဳးလာလို႔ပါ။ ဆံပင္ေလးေတြလည္းစေပါက္လာပါတယ္။ ကိုယ္ဝန္ငါးလေလာက္မွာ ကေလးဟာ ဆယ္လက္မအရြယ္ေလာက္ရွိေနပါၿပီ။ ကိုယ္ဝန္ေျခာက္လမွာေတာ့ ကေလးရဲ႕မ်က္လံုးေလးေတြစဖြင့္ႏိုင္ပါၿပီ။ လက္ေခ်ာင္းေလးေတြ ေျခသည္းေလးေတြကအစ အေသးစိတ္ဖြံ႕ၿဖိဳးလာပါတယ္။ ကိုယ္ဝန္ေျခာက္လမွာ ကေလးဟာ ဆယ့္ႏွစ္လက္မေလာက္အရြယ္အစားရွိၿပီး ႏွစ္ေပါင္ဝန္းက်င္ အေလးခ်ိန္ရွိပါတယ္။

ကိုယ္ဝန္ခုနစ္လမွာ ကေလးရဲ႕အၾကားအာရံုေကာင္းစြာ ဖြ႕ံၿဖိဳးပါတယ္။ အျပင္က အသံ၊ နာက်င္မႈ၊အလင္းေရာင္ စတဲ့လွံု႔ေဆာ္မႈေတြကို တုန္႔ျပန္ႏိုင္ပါတယ္။အေမ့ရဲ႕ ဗိုက္ထဲမွာပံုစံတစ္မ်ိဳးကေနတစ္မ်ိဳးေျပာင္းၿပီးေနတတ္ေနပါၿပီ။ ကိုယ္ဝန္ရွစ္လမွာေတာ့ ကေလးဟာ ပိုရင့္က်က္ႀကီးထြားလာပါတယ္။ ဦးေႏွာက္လည္းပိုမိုဖြံ႕ၿဖိဳးလာပါတယ္။ ကေလးကလည္းပိုလႈပ္လာ ကန္လာတာကို ခံစားရပါလိမ့္မယ္။ အဆုတ္ကေတာ့ေကာင္းစြာ မဖြံ႕ၿဖိဳးေသးပါဘူး။ ကိုယ္ဝန္ရွစ္လမွာ ကေလးဟာ ဆယ့္ရွစ္လက္မအရြယ္အစားနဲ႔ ငါးေပါင္ေလာက္ အေလးခ်ိန္ရွိလာပါၿပီ။

ကိုယ္ဝန္ကိုးလမွာေတာ့ ကေလးငယ္ဟာ ေလာကႀကီးထဲ တိုးဝင္ဖို႔ အဆင္သင့္ျပင္ဆင္ထားၿပီးပါၿပီ။ အဆုတ္ကလည္း အားလံုးျပည့္စံုလုနီးပါးဖြံ႔ၿဖိဳးေနပါၿပီ။ ေရႁမြာေတြတျဖည္းျဖည္းနည္းၿပီး ေနရတာၾကပ္လာတာေၾကာင့္ အ႐င္ကေလာက္ေတာ့ ကေလးဟာ လႈပ္မွာမဟုတ္ေတာ့ပါဘူး။ ပံုမွန္အားျဖင့္
ေမြးဖြားခ်ိန္နီးလာရင္ ေအာက္ကိုတျဖည္းျဖည္းဆင္းလာၿပီး ေမြးလမ္းေၾကာင္းဘက္ကို ေခါင္းဦးတည္တဲ့အေနအထားနဲ႔ရွိပါတယ္။ ေမြးဖြားခ်ိန္နီးတဲ့အထိ ကေလးဟာ ဆံုပိုင္းနဲ႔ ျဖစ္ေနရင္ေတာ့ ႐ိုး႐ိုးေမြးရဖြားရမလြယ္ကူႏိုင္ပဲ ခြဲစိတ္ၿပီးေမြးရတတ္ပါတယ္။ က်န္းမာဖြံ႕ၿဖိဳးတဲ့ ရင္ေသြးငယ္ကို ေမွ်ာ္လင့္ၿပီးတန္ဖိုးထားၾကတဲ့ မိဘမ်ားအတြက္ သေႏၶသားႀကီးထြားပံုအဆင့္ဆင့္ကို ျခံဳငံုေရးသားလိုက္ပါတယ္။

က်န္းမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ…။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *